မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label အိုင်တီနည်းပညာ သတင်းများ. Show all posts
Showing posts with label အိုင်တီနည်းပညာ သတင်းများ. Show all posts

Friday, November 1, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို လပေးအခ ကြေးငွေဖြင့် နိုဝင်ဘာမှ စတင်ကာ ၀န်ဆောင်မှုပေးမည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြိုတင်ငွေဖြည့် စနစ်သုံး GSM, WCDMA မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ လပေးအခကြေးငွေဖြင့် ၀န်ဆောင်မှု ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ၀န်ဆောင် မှု ပေးသွားမည့် ထပ်တိုး ၀န်ဆောင်မှုများတွင် ဖုန်းပြောဆိုမှုအား နှစ်ဦး ပြောဆိုမှုထက် ထပ်မံဝင်ရောက် လာသော ဖုန်းခေါ်ဆိုလာသူကိုပါ လက်ခံပြောဆိုနိုင်မည့် CW(Call Wait Service)၊ မိမိ၏ဖုန်းအား အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ဖုန်းပိတ်ထားချိန်တွင် ဖုန်းသို့ ၀င်ရောက်ခဲ့သည့် Missed Call များကို မက်ဆေ့ခ်ျဖြင့် အကြောင်း ကြားပေးမည့် MCA(Missed Call Alert) ၀န်ဆောင်မှုနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာအင်ဖိုတက်ခ်ျတို့ ပူးပေါင်းဝန်ဆောင်မှုပေးမည့် VMS(Voice Mail Service) နှင့် လပေးအခကြေးငွေ အများဆုံး ပေးဆောင်ရမည့် CF(Call Forwarding Service) တို့ပါဝင်ကြောင်း သိရသည်။ VMS စနစ်သည် ယခုလ အတွင်းတွင် ၀န်ဆောင်မှု ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ကြေညာ ထားသော်လည်း အသုံးပြုရန် အဆင်မပြေသေးကြောင်း သိရသည်။ CF ၀န်ဆောင်မှုတွင် ထပ်ခွဲဝန်ဆောင်မှု သုံးမျိုး ပါရှိမည်ဖြစ်ပြီး၊ ၎င်းတို့တွင် ဖုန်းတစ်လုံးအား လက်ခံပြောဆို နေခြင်းကြောင့် အခြားတာဝန်ရှိသူ တစ်ဦးဦး၏ ဖုန်းအား လက်ခံပြောကြားစေမည့် Busy Forward ၀န်ဆောင်မှု၊ မိမိ၏ဖုန်း အခြားတာဝန်ရှိသူဖုန်းအား တိုက်ရိုက်ချိတ်ဆက်ထားပြီး တိုက်ရိုက် လွှဲပြောင်းပေးနိုင်သည့် Direct Forward ၀န်ဆောင်မှုနှင့် မဖြေကြားလို၍ အခြားဖုန်းအား လွှဲပြောင်းပေးမည့် No Answer Forward ၀န်ဆောင်မှုတို့ ပါဝင်ကြောင်း သိရသည်။

CW (Call Wait Service) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၅၀၀ ဖြင့် လည်းကောင်း၊ MCA (Missed Call Alert) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၁၀၀၀၊ VMS(Voice Mail Service) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၁၀၀၀ ဖြင့်၊ အခကြေးငွေ အများဆုံး ၀န်ဆောင်မှုအဖြစ် CF(Call Forwarding Servie) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၉၀၀၀ အထိ ဖုန်းဘေလ်များထဲမှ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group  facebook က လာတယ်
 

Friday, October 4, 2013

ယခုလကုန်တွင် အင်တာနက် ပိုမို မြန်လာမည်ဟု ဆို (ဧရာဝတီ )

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကနိုင်ငံတကာနှင့် ဆက်သွယ်ထားသော ဖိုင်ဘာဆက်ကြောင်းတခု၏ Bandwidth ကို နှစ်ဆ တိုးလိုက်သည့်အတွက် ယခုလကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများသည် သတင်း အချက်အလက်များကို ပိုမိုလျှင်မြန်စွာ ပေးပို့ ရယူနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ Bandwidth ဆိုသည်မှာ အင်တာနက်ဆက်ကြောင်း တလျှောက်တွက် သယ်ယူပို့ဆောင်ပေးနိုင်သည့် အချက်အလက် ပမာဏကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းကို တစက္ကန့် အချိန်အပိုင်းအခြားအတွင်း စီးဆင်းနိုင်သည့် သတင်းအချက်အလက် ပမာဏကို မူတည်၍ တိုင်းတာဖော်ပြပြီး ကွန်ရက်၏ စွမ်းဆောင်ရည်ကို ကိုယ်စားပြုသည်။ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများ လိုင်းကြပ်ခြင်း၊ နှေးကွေးခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရခြင်းသည် လက်ရှိ Bandwidth ကျဉ်းမြောင်းနေသည့်အတွက် ဖြစ်သည်။ လူသုံးများသည့် နေ့ခင်း အချိန်များတွင် အင်တာနက် ပို၍နှေးသည်။

အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အဆိုအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ သွယ်တန်းထားသော အင်တာနက် ဆက်ကြောင်းသည် Bandwidth 2.5 Gbps (gigabytes per second)၊ SEAMEWE-3 ဟု သိကြသော ပင်လယ် ရေအောက် ဆက်ကြောင်းက Bandwidth 6.2 Gbps နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ထားသော ဆက်ကြောင်းက Bandwidth 8.5 Gbps ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ထိုင်းနိုင်ငံဖက်သို့ ဆက်သွယ်ထားသော ဆက်ကြောင်းကို ယခုလအတွင်းတွင် Bandwitdh 20 Gbps အထိ တိုးမြှင့်မည်ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။ စမ်းသပ်ခြင်းလုပ်ငန်းများ မည်သည့်နေ့တွင် ပြီးဆုံးမည်ကို တိကျစွာ မပြောနိုင်သေးသော်လည်း “အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ ဖြစ်ပါလိမ့်မယ်” ဟု သူကဆိုသည်။ ဒေသတွင်း အားကစားပြိုင်ပွဲဖြစ်သည့် အဆိုပါ အားကစားပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပတော့မည် ဖြစ်သည်။

ထိုင်းနိုင်ငံ နှင့်ဆက်သွယ်ထားသည့် ဆက်ကြောင်းကို အဆင့်မြှင့်နိုင်ခြင်းမှာ အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ကြီး ၃ မြို့ဖြစ်သော နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များတွင် အင်တာနက်အမြန်နှုန်းကို 20 Gbps အထိရှိအောင် လုပ်ဆောင်ပေးမည့် ဂျပန်အစိုးရမှ ကူညီသော စီမံကိန်းအရ ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ အဆင့်မြှင့်တင်ရေး အကူညီဖြင့် ဆီးဂိမ်း အားကစားပွဲ ကာလအတွင်းတွင် 4G မိုဘိုင်းကွန်ရက်ကို ယာယီ အသုံးပြုနိုင်ရန်လည်း နောက်တဆင့်အဖြစ် မျှော်မှန်းထားကြောင်း သိရသည်။

Bandwidth ကို တိုးမြှင့်လိုက်ခြင်းအားဖြင့် ကွန်ရက်တခုလုံး၏ စွမ်းဆောင်ရည် တိုးတက်လာမည်ဟု သာမန်အားဖြင့် ဆိုနိုင်သော်လည်း ကွန်ရက်အတွင်း အချက်အလက်များ စီးဆင်းရန် ကြာမြင့်ချိန် (မြန်နှုန်း) နှင့် သုံးစွဲသူ ပမာဏ စသည့် အချက်များသည်လည်း စွမ်းဆောင်ရည်အပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

မည်သည့်အချိန်တွင် စတင် အသုံးပြုနိုင်မည်ကို တိကျစွာ မသိသေးသော်လည်း အဆင့်မြှင့်မှုများ မည်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဆိုသည်ကို အင်တာနက် အသုံးပြုသူများအား အသိပေးထားသင့်ကြောင်း၊ သို့မှာသာလျှင် သူတို့ နောက်တကြိမ် အင်တာနက် ဖွင့်လိုက်တိုင်း ထူးခြားမှုကို ခံစားသိနိုင်ကြမည် ဖြစ်ကြောင်း အင်တာနက် သုံးစွဲသူများက ဆိုသည်။
 ဧရာဝတီမှ ကူးယူဖော်ပြထား http://burma.irrawaddy.org/news/2013/10/04/49070.html

Thursday, September 12, 2013

အသက် ၁၂ နှစ် သို့သော် စက်ရုပ် တီထွင်ပညာရှင် (TSJ team)

 
ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့  အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ စက်ရုပ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ Agrawal လို့ အမည်ရတဲ့ ကလေးငယ် ပါ။ အသက် ၄ နှစ်သားအရွယ်ကို ဝဘ်ဆိုဒ်တွေကို စတင်ထိတွေ့မိပြီး ဘာလို့စာတွေမြင်နေရလဲလို့ သူ့အမေ ကို မေးပါတယ်။ ဒါနဲ့ HTML နဲ့ ရေးထားတာ ဖြစ်ကြောင်း ပြောတာမို့ သူဟာ HTML ကို ၄ နှစ်သားက စလို့ စတင် လေ့လာခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်မှာ ကိုယ်ပိုင်ဝဘ်ဆိုဒ်တစ်ခု တည်ထောင်သွားနိုင်ခဲ့ ပါတယ်။ သူ့ရဲ့  မိဘ ၂ ပါးလုံးက အင်ဂျင်နီယာတွေပါ။ သူ့အသက် ၉ နှစ်ပြည့်မွေးနေ့မှာ ဝေါကီတော်ကီလို စကားပြောလို့ ရတဲ့ ရေဒီယို တစ်လုံး ကို လက်ဆောင်ရတော့ ဟာ့ဒ်ဝဲ ပစ္စည်းတွေကို စတင်စိတ်ဝင်စားပါတော့တယ်။ ဒါနဲ့ စက်ရုပ်တွေကို တီထွင်တဲ့အခါမှာ အခြေခံ အသုံးပြုတဲ့ Arduino လို့လို့ Mini Computer Controller ကို လေ့လာခွင့် ရရှိခဲ့ပြီး စိတ်ကြိုက် လေ့လာ ပါတော့တယ်။ အသက် ၁၀ နှစ်အရွယ်မှာ သူဟာ Hacker Dojo လို့ အမည်ရတဲ့ Creative Group ကို ချိတ်ဆက်ဝင်ရောက်ခဲ့ပါတယ်။ ဒီအတွက်လည်း Test အလုပ်ခံရပေမယ့် သူ့ရဲ့  အရည်အချင်းကြောင့် အဖွဲ့မှာ စိန်ခေါ်မှုတိုင်းကို အောင်နိုင်ပါတယ်။

ပညာသင်ကြားခွင့်လည်းရနေတော့ အဖွဲ့ကနေ သူဟာ ဟာ့ဒ်ဝဲပစ္စည်းများ လေ့လာခြင်း၊ စက်ရုပ်တီ ထွင်ခြင်းတို့ ကို ပြုလုပ် ပါတယ်။ အသက် ၁၂ နှစ်သားအရွယ်ရောက်တော့ OLogic အမည်ရ ကုမ္မဏီသို့ သူ့အဖေ ပို့ပေးခဲပါ တယ်။ Disney နဲ့ Apple ကုမ္မဏီတို့ လိုအပ်တဲ့ စက်ရုပ်နဲ့ ကိရိယာ တန်ဆာပလာများကို တီထွင်ရောင်း ချပေးနေတဲ့ ကုမ္မဏီဖြစ်ပါတယ်။ ယင်းကုမ္မဏီမှာ နွေရာသီကျောင်းပိတ်ရင် ကလေးများ လေ့လာခွင့်ရအောင် Internship များခေါ်ပါတယ်။ Agrawal ဟာ အလုပ်သင် ဝင်ရောက်ခဲ့ပြီး ပစ္စည်းများကို စိတ်ကြိုက်လေ့လာခွင့်ရ ပါတယ်။

ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး စက်ပစ္စည်းများကို လေ့လာဖို့အတွက် ကုမ္မဏီက ပရောဂျက်ပေးပေမယ့် သူကိုယ်တိုင် စက်ရုပ်တစ်ကောင်ကို စိတ်ကြိုက်ဖန်တီးပါတယ်။ ယင်းစက်ရုပ်အတွက် လိုအပ်တဲ့ ပရိုဂရမ် (Firmware, software) နဲ့ ဟာ့ဒ်ဝဲများကို စိတ်ကြိုက်တပ်ဆင်လိုက်တော့ စေခိုင်းလို့ရတဲ့ ရုံးဝန်ထမ်း တစ်ဦး ဖြစ်လာ ပါတယ်။ လောလောဆယ်ကတော့ မုန့် နဲ့ ပစ္စည်း တိုလီမုတ်စ သယ်ဖို့အတွက်ပဲ စေခိုင်းလို့ရပါသေးတယ်။ သို့ပေမယ့် အဲ့ဒီလောက်လုပ်ခိုင်းလိုက်နိုင်တာတင် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

သူ့အနေနဲ့ ရှေ့ ဆက်ပြီးတော့ ဟင်းချက်နိုင်တဲ့ စက်ရုပ်ကို တီထွင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်က အမေရိ ကန်ဒေါ်လာ ၁ သိန်းရှိမယ်လို့တောင် အင်တာဗျူးမှာ ခန့်မှန်းပေးသွားပါတယ်။ အလုပ်သင် လေ့လာ ကာလပြီးလို့ ကျောင်းပြန်ဖွင့်ရင် သူ့အိမ်မှာပဲ ဆက်လုပ်မှာ ဖြစ်ပါတယ်။ စတူဒီယို အသေးစား ပြုလုပ်ထားပြီး ပစ္စည်းအဟောင်းများနဲ့ စက်ရုပ်တွေ ဖန်တီးမှာ ဖြစ်ပါတယ်။ ကောလိပ်တက်တဲ့အခါ စက်ရုပ် ပညာ ရပ် သို့မဟုတ် ကွန်ပြူတာ ပရိုဂရမ် ပညာရပ် ၂ ခုထဲက တစ်ခုခုကို အထူးပြု လေ့လာသွားမယ်လို့ ဆိုပါတယ်။

Agrawal ဟာ အသက်ငယ်ပေမယ့် သူ့ရဲ့  ကြိုးစားဖန်တီးမှုကြောင့် နေ့ချင်းညချင်း လူသိများလာခဲ့ပါတယ်။ သူတီထွင်တဲ့ စက်ရုပ်အကြောင်းကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။ 
ဗွီဒီယို ကြည့်ရန် http://youtu.be/cyUp39ZWP2Y ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ်
http://blog.techspace.com.mm/2013/09/blog-post_12.html က နေ ကူးယူဖော်ပြထားတယ်

Saturday, August 31, 2013

မမြင်နိုင်တဲ့ စပီကာ ထုတ်လုပ်ရောင်းချတော့မည်ဆိုဘဲ..

 
တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်းချတော့ မှာ ဖြစ်ပါတယ်။  Saltwater Gel နဲ့ လုပ်ထားတဲ့ ယင်းစပီကာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ထိုးဖောက်မြင်နေ ရမှာ ဖြစ်ပါတယ်။ ဒီတော့ အသံဘယ်လိုဖြတ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီလိုရှိပါတယ်။ အီလက်ထရောနစ် ဗို့အားတစ်ခု သက်ရောက်စေပြီး ယင်းသက်ရောက်မှုကြောင့် တုန်ခါမှုတစ်ခုဖြစ်ပေါ်ပြီး အသံလိုင်း ထုတ်လုပ်ပေး မှာ ဖြစ်ပါတယ်။ ယင်းအသံလိုင်းကနေပဲ အသံ မျိုးစုံ ထွက်ရှိနိုင်ပြီး စပီကာလိုမျိုးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ယင်း Gel ရဲ့  ထူးခြားချက်က အသားတု အစားထိုးမှုမှာလည်း အသံးပြု လို့ ရပါတယ်။ နောက်ဆိုရင် စပီကာနဲ့ အီလက် ထရောနစ် ပစ္စည်းမှာပါ မဟုတ်တော့ပဲ Human အစိတ်အပိုင်းမှာပါ အသုံးဝင်မယ့် နည်းပညာ အစိတ်အပိုင်း တစ် ခုဖြစ်လာမယ်လို့ ဆိုပါတယ်။ ယင်း Transparent speakers အလုပ်လုပ်ပုံကို အောက်ပါ ဗီဒိယို လခ့်မှာ ဝင်ရောက်   လေ့လာကြည့်ရှု နိုင်ပါတယ်။     http://youtu.be/5K5KSDL1gXE     Aung Kham (TSJ team)

Wednesday, August 28, 2013

တရုတ်အင်တာနက်ဆာဗာများအား အကြီးမားဆုံး ဆိုက်ဘာ တိုက်ခိုက်မှု ကြုံတွေ့ရ

 
တရုတ်နိုင်ငံတွင် သြဂုတ်လ ၂၅ရက်နေ့ အစောပိုင်းက အကြီးမားဆုံး DDoS အင်တာနက် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး တရုတ်၏ .cn ဆာဗာများ တိုက်ခိုက်ခံခဲ့ရကာ အင်တာနက် အသုံးပြုသူအချို့ နာရီအ နည်းငယ်ကြာ အသုံးပြု၍ မရခဲ့ကြောင်း တရုတ်အင်တာနက် ကွန်ရက်သတင်းအချက်အလက် စင်တာ(China Internet Network Information Centre (CNNIC)က ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ ၎င်းတိုက် ခိုက်မှုသည် .cnနှင့် ဆုံးသော ဝက်ဘ်ဆိုက်များကို ပစ်မှတ်ထားကာ ဒေသစံတော်ချိန် နံနက် ၂နာရီနှင့် နံနက် ၄နာရီတွင် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒုတိယအကြိမ် တိုက်ခိုက်မှုသည် တရုတ်အ တွက် အကြီးမားဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုမူ မထုတ်ပြန်ခဲ့ပေ။ တရုတ်တွင် DDoS တိုက်ခိုက်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာကြောင်း သိရသည်။ DDoS တိုက်ခိုက်မှုများမှာ ဆာဗာ၏ လုပ်ဆောင်မှုများကို နှောင့်ယှက်ဟန့်တားသည့် တိုက်ခိုက်မှု ဖြစ်သည်။ အမေရိကန် အစိုးရဌာနများနှင့် စီးပွားရေး လုပ်ငန်းများ၏ ဝက်ဘက်ဆိုက်များအား ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန်အစိုးရက တရုတ်အား အကြိမ်ကြိမ် စွပ်စွဲထားသည်ဟု သိရသည်။  Myanmar ICT 
 
ကျုပ် Myanmar Online News က ယူခဲ့တာ...လိုင်းမကောင်းလို့  Softwar APK တွေ မတင်နိုင်တော့ သတင်းလေး ရှာတင်လိုက်တယ်ဗျာ..ငါ့ညီက တစ်နေ့လာလည်း ပို့စ်မတင်ဆိုပြီး အပြစ်မြင်နေလို့...ငါ့မှာလည်း ဒုက္ခ..ဆော့ဝဲလေး လုပ်ခိုင်းမိတာက မဟာအမှား.. သို့မဟုတ်ရင်  သူတို့ တစ်လနေလို့ တစ်ခေါက်မရောက် ခုတော့...Update မဖြစ်ဘူး ပြောသူကပြော..လေ့လာပါဦး လိုသေး တယ်ဆိုသူကဆို လိုအပ်တာတော့အမှန်ပါ.။ ကျုပ်ရှေ့မှာပြောခဲ့တယ်..ရှေ့လည်း မတိုးတာ နောက်လည်း မဆုတ်သာ..ရပ်ပြန်မယ်ဆိုလည်း.။ တစ်မျိုး စိတ်ညစ်စရာတွေချည်း များနေတယ် ဒီကြားထဲ လိုင်းက စုတ်နေ သေးတယ်...သြော် ငါ့ဘ၀ကလည်း..ဘာလုပ်လုပ် အဆင်မပြေပါလားနော်...

မြန်မာတွေ့ အသဲစွဲနိုင်မယ့် မာစီးဒီးကား E-Class 400

မြန်မာတွေ အသဲစွဲ ဂျာမနီ နိုင်ငံမှ ကမ္ဘာကျော် မာစီးဒီး ကားများမှာ အများနှင့်မတူ တမူထူးခြားသော ဂုဏ်ပုဒ်နှင့် အဆင့်အတန်းတခု အတွက်နာမည်ကျော် ကားများဖြစ်နေသည် မှာ အထွေထူး ပြောစရာပင် မရှိပေ။ ယခု မိတ်ဆက်ပေးချင်သော မာစီးဒီးကားမှာ သာမန်မြင်တွေ့နေကျ ပုံစံမှ ခွဲပြားစွာ ဖန်တီး ထားသော E-Class 400 ဖြစ်ပါတယ်။ ၄င်းတွင် သုံးဖက်ကြယ်ပုံ အမှတ်တံဆိပ်ကို ရှေ့ လေတိုး ဘန်ဘာ တွင်တပ်ဆင် ထားပြီး ရှေ့ရှဲများများတွင် မည်သည့်မီးလုံး ကိုမှ တပ်ဆင်မထားသော ပုံစံဖြင့် ဖောင်းကြွသော အသွင်က ရပ်နေချိန်မှာ တောင် အရှိန် အဟုန်ဖြင့် သွားနေသလို ထင်မှတ်မှားစေ လောက်သည်။ခန့်ညားသော ကိုယ်ထည် နှင့် အမြန်နူန်းမြင့် ကားပေါင်းစပ်ထားမူတွေဟာ ယခုကား ကို ၄.၇ စက္ကန့်အတွင်း 0 မှ ၁၀၀ ကီိလိုမိတာကို အရောက်ပို့ဆောင်ပေးနိုင်ပါတယ်။အင်ဂျင်အား ၃၃၃ မြင်းကောင်ရေ နှင့် ဖြစ်ပေမဲ့ ဆီစားနူန်းသက်သာစေသော အီကို စနစ်ပါဝင်တာကြောင့် ကား ပိတ်နေတဲ့ အချိန် သို့ မီးပွိုင့် လိုနေရာမျိုးမှာ အင်ဂျင်ကို အနားပေးထားပြီး ကျန်သော လုပ်ဆောင် ချက်များကို ဆက်လက် လုပ်ဆောင်ပေးသွားပါလိမ့်မယ်။

ရှေ့ ဂီယာ ၇ချက် နှင့် ထူးခြားစွာ နောက်ဘက်မောင်း ၂ချက်ပါ ပါတယ်။ ယနေ့လို့မြို့ ပြတွေမှာ ကားပါကင်ထိုးဖို့ အင်မတန်မှ ခက်ခဲသော နေရာများတွင် အော်တို ပါကင်ထိုးသောစနစ် က သင့်ကို ဘာတခုမှ လုပ်ဆောင်ရန်မလိုပဲ အလိုအလျေက် ပါကင်ရှာပြီး လုပ်ဆောင်ပေးသွားပါလိမ့် မယ်။

အဆိုပါလုပ်ဆောင်ချက်များ အပြင် မိမိ ကားမှာ အရှိန်မြှင့်မားစွာ မောင်းနှင်နေချိန် ဘေးသို့ ရုတ်တရတ် ဆွဲကွေ့မိသော အခြေအနေများကြောင့်ဖြစ်တက် သော မတော်တဆမူများ ကာကွယ် သောစနစ်များ၊ လမ်းပေါ်သိုရုတ်တရက် ဖြတ်ကူးသူ သို့ ကားများဖြတ်မောင်းလာမူ များအတွက် အန္တရယ်မဖြစ် စေရန် အော်တို ဘရိတ်အုပ်ပေးမပါလိမ့်မယ်။

၂၀၁၅ ခုနှစ်ရောက်မှ ကားထုတ်လုပ်သူများ အားလုံး ကျင့်သုံးရန်သတ်မှတ် ထားသော EU-6 စံသတ်မှတ်ချက် တခုဖြစ်သော သဘာဝပတ်ဝန်းကျင် အားထိခိုက်မူအနည်းဆုံး နှင့် ညစ် နွမ်းသော အခိုးငွေ့ ထုတ်လွှတ်မူ အနည်းဆုံး စံနစ်ကို ၂၀၁၄ တွင် မော်ဒယ်ဖြစ်သော ယခုကား
တွင် ပါဝင်လာပါတယ်။

ကားများတွင် သာမန်လေအိတ် ၂လုံးသာ ပါလေ့ရှိပေမဲ့ ယခုကားတွင် စုစုပေါင်း ၉ လုံးပါ ရှိမှာ ဖြစ်ကာ သင့်ကိုထောင့်ပေါင်းစုံက နေကာကွယ်ပေး နိုင်မှာဖြစ်တယ်။ ကားသော့ခလုပ်တွင်သင့် နေ့စဉ်လုပ်ဆောင်ချက်များကို မှတ်တမ်းတင်သောစနစ်ပါဝင်သည်။

ကားတွင် bluetooth ဖြင့် သင့်ဖုန်းကို ချိတ်ဆက်ထားနိုင်ကာ အန္တရယ် ကင်းကင်းဖြင့် ကား မောင်းနေရင်း လိုအပ်သော ဆက်သွယ်မူများက သင့်ကို ဘ၀င်ခိုက်စေမှာ ဖြစ်တယ်။ ကားတံခါးကို ပိတ်ဖို့မေ့နေရင် တောင်မှ ကားမှာ ပေ၂၀ ကျော် အကွာသင်ရောက်ရှိရင် အလိုအလျောက် လော့ချ
ထားပေးပါလိမ့်မယ်။

ယခု မြန်မာနိုင်ငံတွင် ကြိုတင်မှာယူသော စနစ်ဖြင့် သင့်စိတ်ကြိုက် ပစ္စည်းများ ကိုထည့် သွင်းပြီးမှာ နိုင်ပြီးဖြစ်ကြောင်းတင်ဆက်လိုက်ပါတယ်။


အသေးစိတ်လေ့လာလိုပါက www.mercedes-benz.com.mm
https://www.youtube.com/watch?v=bN1VEo2SKfk

ကချင်း ( MM Social Sky )
Myanmar Online News က ကူးယူဖော်ပြထားတယ်...
 
လိုင်း မကောင်းသောကြောင့် Apk များ မတင်နိုင် လိုင်းပေါ်တက်ရန် အခက်အခဲလေးတွေ ရှိနေသဖြင့်..
ခွင့်လွတ်နားလည်ပေးကြပါဦးလို့....ပြောချင်ပါတယ်...
လိုင်းကလည်း လေးကျပ်တာပေးရတယ်...နှစ်ကျပ်တန်လောက်တောင် အဆင်မပြေဖြစ်နေတယ်...
ဘာဖြစ်တာလဲ...ပြင်ဆင်မှုတွေ လုပ်နေတာလား...
ပြောချင်တော့ပါဘူးဗျာ..လက်ညောင်း အာညောင်းတာ အဖတ်တင်ပါတယ်....
ငွေတော့ လျှော့ကောက်ဖို့ စိတ်ကူးလေးတော့ ထည့်ကြဦး....

Thursday, August 22, 2013

အမေရိကန်တွင် ဖြစ်ပေါ်လာမည့် ပိုက်လိုင်း ပို့ဆောင်ရေး စနစ် ( Aung Kham)

 
အမေရိကန်အခြေဆိုက် လျှပ်စစ်ဓာတ်အားသုံး ကားသီးသန့် ထုတ်လုပ် နေတဲ့ Telsa ရဲ့  တရားဝင်ကြေညာ ချက် ဖြစ်ပါတယ်။ ၎င်းတို့ ကြေညာ၊ ထုတ်ဖော်ပြသချက်အရ ကမ္ဘာ့ပထမဆုံး ပိုက်လိုင်း ပို့ဆောင်ဆက် သွယ်ရေးနစ်ကို ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး မော်တာကို လည်ပတ်စေပါမယ်။ ပြီးတော့ ပိုက်လိုင်းထဲက လေကို ထုတ်ပြီး လေဟာနယ် ဖြစ်စေပါမယ်။ လေဟာ နယ် ဖြစ်သွားတဲ့ ပိုက်ထဲမှာ ယာဉ်တွေသွားလို့ရအောင် အားတစ်ခုနဲ့ တွန်းပို့ပေးမှာ ဖြစ်ပါတယ်။ တီထွင်သူ ပညာရှင်တို့ရဲ့  ထူးခြားဆန်းသစ်တဲ့ အိုင်ဒီယာကြောင့် ကမ္ဘာ တစ်ဝန်းက ဆက်သွယ်ရေး နည်းပညာသစ်   စောင့်ကြည့် သူတွေကို အံ့သြ စေခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဝါရှင်တန် ဒီစီအထိ ဆက်သွယ် မယ့်ပိုက်လိုင်းကို စတင်မှာ ဖြစ်ပါတယ်။ ပိုက်လိုင်းထဲမှာ စနစ်တကျ ပြုလုပ်ထားတဲ့ ယာဉ်တန်းများ ထည့်သွင်း ထားပြီး အလှည့်ကျ ခရီးသွားမှာ ဖြစ်ပါတယ်။ တစ်နာရီကို မိုင်ပေါင်း ဘယ်လောက်ထိ သွားနိုင်မယ်ဆိုတာ မသိသေးပါဘူး။ သေချတာ ကတော့ လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ အမြန်ပြေး သံလိုက်ရထားတွေရဲ့  ပြေးနှုန်း ထက်မလျော့စေရဘူးလို့ အာမခံထားပါတယ်။

စွမ်းအင်ကလည်း နေရောင်ခြည်ကို အသုံးပြုခြင်း ဖြစ်တဲ့အတွက် ကုန်ကျစရိတ် သက်သာမယ့် ပို့ဆောင်ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။ ယင်း ပိုက်လိုင်းပို့ဆောင်ဆက်သွယ်ရေးစနစ်ကို Hyperloop လို့ အမည်ပေး ထားပြီး အမှန်တကယ် ဖြစ်မြောက်လာရန် စတင်ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။

Stuff UK
Aung Kham (Stuff Myanmar)
TechSpace Journal

Wednesday, August 14, 2013

Call Center ၏ 1875 Hot Line မှ အလုပ်အကိုင် အခွင့်အလမ်း များအတွက် ဝန်ထမ်းရှာဖွေရေး ဝန်ဆောင်မှုကို ဆောင်ရွက်

Call Center ၏ 1875 Hot Line မှ အလုပ်အကိုင် အခွင့်အလမ်း များအတွက် ဝန်ထမ်းရှာဖွေရေး ဝန်ဆောင်မှု ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။ အလုပ်အကိုင် ရှာဖွေလိုသော ဝန်ထမ်းများ၊ ဝန်ထမ်းများ ရှာဖွေနေသော လုပ်ငန်းရှင်များအတွက် ဆောင်ရွက်လိုက်ခြင်း ဖြစ်ပြီး 1875 Hot Line လိုင်းခွဲနံပါတ် ၄ သို့ ဖုန်းခေါ်ဆို၍ အဆိုပါ ဝန်ဆောင်မှုကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ခေါ်ဆိုခ တစ်မိနစ်ကို ၁၀၀ ကျပ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်ကို Call Center ဆီကို လာပို့၊ ဒါမှမဟုတ် အီးမေးလ်က တစ်ဆင့်လည်း ပို့လို့ရပါတယ်” ဟု Call Center မှ တာဝန်ရှိသူက ပြောကြားသည်။ လာရောက်ပေး ပို့ထားသော ကိုယ်ရေးရာဇဝင် အချက်အလက်များ သိမ်းဆည်းထားမည် ဖြစ်ပြီး လုပ်ငန်းရှင်များက Call Center သို့ ချိတ်ဆက်ကာ ဝန်ထမ်းလာရောက် ရွေးချယ်ပါက သင့်တော်သူနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝန်ထမ်းများ အနေဖြင့် 1875 Hot Line သို့ ဖုန်းခေါ်ဆို၍သော် လည်းကောင်း၊ အီးမေးလ်ဖြင့် သော်လည်းကောင်း၊ ရုံးသို့ ကိုယ်တိုင်လာ ရောက်၍ဖြစ်စေ CV ဖောင်များကို တင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များ အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်၍ မိမိလိုအပ်သော ဝန်ထမ်းနှင့် ကိုက်ညီမည့် အချက်များကို ပြောပြပေးကာ 1875 Hot Line မှ ရှင်းလင်းဖြေကြားပေးမည် ဖြစ်ကြောင်းသိရသည်။ “ဝန်ဆောင်ခအတွက် အလုပ်လျှောက်ထားသူ ဝန်ထမ်းတွေဘက်က တစ်စုံတစ်ရာ ယူမှာမဟုတ်ပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ အလုပ်သွားရောက် လျှောက်ထားပြီးနောက် အင်တာဗျူး ဝင်ရောက်ရန် နေ့ရက်မှာ လာရောက်ချိတ်ဆက် သောလုပ်ငန်းရှင်များ အပေါ်မူတည်ကြောင်း သိရသည်။
လုပ်ငန်းရှင်များ လိုအပ်သော ဝန်ထမ်းအရေအတွက် အလိုက် ကိုယ်ရေးရာဇဝင် အချက်အလက်များနှင့် အတူ ဝန်ထမ်းများကို ရုံးသို့အရောက် ပို့ဆောင်၍ အင်တာဗျူး ပြုလုပ်နိုင်စေရန် 1875 Hot Line မှ
ဆောင်ရွက်ပေးသွားမည် ဟု ဆိုသည်။ အဆိုပါ ဝန်ဆောင်မှုအား ၂၄ နာရီ ဆောင်ရွက်ပေးမည်ဟု သိရသည်။ လုပ်ငန်းရှင်များဘက်မှ ခန့်ထားလိုသော ဝန်ထမ်း၏ ရာထူးနှင့် ကိုက်ညီသော အရည်အချင်း၊ လုပ်ခလစာတို့ကို ဖုန်းဆက်၍ ရှာဖွေနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းသိရသည်။
http://www.myanmarinternetjournal.com/content/7465
ဒီ အင်တာနက်ဂျာနယ် စာမျက်နှာက လာတယ်ပေါ့

Monday, August 12, 2013

အင်တာနက်သုံးစွဲသူ ဆယ့်တစ်သိန်းကျော်တွင် ဖုန်းဖြင့် သုံးသူ ကိုးသိန်းကျော်ရှိ (7Day Daily News )

မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လအထိ အင်တာနက် သုံးစွဲသူဦးရေ ၁၁ သိန်းကျော် ရှိပြီး မိုဘိုင်းဖုန်းနှင့် သုံးစွဲသည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ ပြည်တွင်း၌ အင်တာနက်သုံးစွဲသူ များပြားလာပြီး ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားမှုများမှာ လွယ်ကူပြီး တစ်သောင်းကျပ်သာ ကျသင့်ခြင်းကြောင့် လျှောက်ထားသူ ပိုမိုတိုးလာရာ နောက်လများတွင် ယခု အင်တာနက် သုံးစွဲသူထက် သိသိသာသာ ထပ်မံ တိုးလာဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “အခု ဇွန်လကုန်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းအရဆိုရင် လူဦးရေ ၁၁ သိန်းကျော်လောက်ရှိပြီ။ ဒါတောင် ဇူလိုင်လက စာရင်း မရသေးဘူး။ ပိုတော့ များလာမှာပါ” ဟု ၎င်းကပြော သည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများအရ မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲသူများတွင် GSM ဖုန်းများဖြင့် လျှောက်ထားသုံးစွဲသူ ရှစ်သိန်းကျော်ရှိပြီး CDMA အမျိုးအစား ဖုန်းများအားလုံး လျှောက် ထားသုံးစွဲသူ တစ်သိန်းနှစ်သောင်းကျော် ရှိကာ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ စုစုပေါင်း ကိုးသိန်းကျော် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ADSL ဖြင့် လိုင်းပေါင်း ၆၆၀၀ ကျော်ရှိရာ ADSL တစ်လိုင်းလျှင် ၁၀ ဦးနှုန်းဖြင့် တွက်ချက်ထားပြီး ထိုလိုင်းများ အားလုံးပေါင်း လူဦးရေ ၆၆၀၀ ကျော်ဖြင့် စာရင်းပြုစု ထားခြင်းကြောင့် လက်ရှိတွင် အင်တာနက် သုံးစွဲသူ စုစုပေါင်း လူဦးရေ ၁၁ သိန်းကျော် ရှိနေခြင်း ဖြစ်သည်ဟု အဆိုပါ အင်ဂျင်နီယာချုပ်က ပြောသည်။

ယခင်က မိုဘိုင်းအင်တာနက် လျှောက်ထားမှုကို မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် သွားရောက် လျှောက်ထား ရသော်လည်း သြဂုတ်လမှ စတင်၍ မိုဘိုင်းဖုန်းမှတစ်ဆင့် မက်ဆေ့ခ်ျပို့ လျှောက်ထားနိုင်ရာ စတင်လျှောက်ထား ရသည့် နေ့၌ပင် လူဦးရေ ၇၀၀၀ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အင်တာနက် သုံးစွဲသူ လေးဦးသာ ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လတွင် အင်တာနက် သုံးစွဲသူ ၇၈၀၁၀ ဦး၊ ၂၀၀၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊ ၂၀၁၀ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉၀ ဦး သုံးစွဲမှုရှိပြီး ၂၀၁၁ ခုနှစ်တွင် အင်တာနက်သုံးစွဲသူ လေးသိန်းနီးပါး ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး၏ စာရင်းများအရ သိရသည်။
 
7Day Daily News

Nokia ဖုန်းများ နေရောင်ခြည်ဖြင့် အားသွင်းနိုင်မည် (မြ၀တီ)

nokiaကြိုးမဲ့ အားသွင်းစနစ်၊ ကင်မရာ Megapixel 44 အဆင့် အစရှိသဖြင့် ကမ္ဘာ့ ဦးဦးဖျားဖျားနည်းပညာ များ ဖော်ထုတ်ဖန်တီးပေးမယ့် Nokia ဟာ ဖုန်းတိုင်းကို နေရောင်ခြည်နဲ့ အားသွင်းလို့ရအောင် ဖန်တီးတော့
မယ်လို့ သိရပါတယ်။ အရင်ကတည်းက နေရောင်ခြည်နဲ့ အားသွင်းရတဲ့ ဖုန်းများ ရှိပါတယ်။ တောင်တက် ခရီးသွားသူများ၊ ပင်လယ်ခရီးသွားသူများ သုံးဖို့ ဆိုပြီး နိုကီယာတင်မကပဲ အခြားသော ကုမ္မဏီများကလည်း ထုတ်ပါတယ်။ သို့ပေမယ့် အဆင့်မြင့် Function ပါတဲ့ဖုန်းများ မဟုတ်ပါဘူး။ Nokia ကိုယ်တိုင် ကလည်း ဒီဂျစ်တယ်ဖုန်း အဆင့်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ အဆင့်မြင့် နည်းပညာသုံး Nokia ဖုန်းတိုင်းမှာ ဆိုလာစွမ်းအင် ဆုပ်ယူမယ့် နည်းပညာ ပေါင်းစပ်ဖို့ ဖြစ်ပါတယ်။ အလွှာလေး တစ်ခုထည့်ရုံပါပဲ။ သို့ပေမယ့် ယင်းအလွှာဟာ ဖုန်းမှာပါတယ်လို့တောင် မသိရလောက်အောင် ပါးလွှာမယ်လို့ ဆိုပါတယ်။ အခြား ဆိုလာပြား တပ်ဖုန်းများလို့ အခြပ်အကြီးကြီးတွေ မဟုတ်ပါဘူး။ ခပ်ပါးပါး ထိုးဖောက်မြင်ရတဲ့ ဆီလီကွန်လိုအလွှာတစ်ခုမျှ သာဖြစ်ပြီး နေရောင်ခြည်ကို ပြလိုက်တာနဲ့ အလိုအလျောက်စွမ်းအင်တွေ စွဲယူနေစေဖို့ ဖြစ်ပါတယ်။ ခန့်မှန်းခြေ အရကတော့ လာမယ့် Mobile World Congress မှာ Nokia က ယင်းနည်းပညာကို ဝင်ရောက်ပြသမှာ   ဖြစ်ကြောင်း သိရပါတယ်။  မြ၀တီ

Friday, August 2, 2013

မြန်မာ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည် (The Voice)

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲမှ ပြန် ကြားရေးအရာရှိ ဦးကျော်စိုးလင်းက The Voice သို့ ပြောကြားသည်။ ကမ္ဘာ့ဘဏ်က သုံးစွဲမည့် ယင်းငွေကြေး ပမာဏသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့မှ ၂၀၁၄ ခုနှစ် ဇူလိုင် လ ၃၁ ရက် နေ့အထိ စီမံကိန်းကာလ အတွက် အသုံးပြုရန် လျာထားခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအသင်း (Inter national Development Association) က အတိုးမဲ့ နှစ်စဉ်ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည် ။ ယင်းချေးငွေသည် နှစ်ပေါင်း ၄၀ ကြာမှ ပြန်လည် ပေးဆပ်ရမည် ဖြစ်ပြီး ကြားကာလတွင် ဆယ်နှစ် ဆိုင်းငံ့ခွင့် ရှိကြောင်း၊ အတိုးမဲ့ချေးငွေဖြစ်ကာ ဝန်ဆောင်ခအဖြစ် ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်ကြောင်း 


၎င်းက ပြောကြားသည်။ ကမ္ဘာ့ဘဏ်အနေနှင့် လျှပ်စစ်ကဏ္ဍတွင် ကူညီပံ့ပိုးပေးရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လူဦးရေ လေးဦးအနက် တစ်ဦးသာလျှင် လျှပ်စစ်ဓာတ်အား ရရှိနေခြင်း၊ ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေ   သော ဓာတ်ငွေ့တာဘိုင်များမှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်၍ လုပ်ငန်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် လျော့နည်းနေခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ၂၅ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်အား များသည် ဓာတ်အားပေးပို့ ဖြန့်ဖြူးခြင်း အဆင့်တွင် ဆုံးရှုံးနေရခြင်း တို့ကြောင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားရရှိမှု မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို စွမ်းအင်မြှင့်တင်ခြင်း၊ ဓာတ်အားပေးပို့ ဖြန့်ဖြူးရာတွင် လေလွင့်သည့်ပမာ ဏကို လျော့ နည်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို လျော့နည်းစေနိုင်   ကြောင်း ၎င်းကဆိုသည်။

ဓာတ်အားပေး စက်ရုံများရှိ ဓာတ်ငွေ့ တာဘိုင်များကို လဲလှယ် တပ်ဆင်ပေးရာတွင်လည်း ဝယ်ယူရေး ကန်ထ ရိုက် စာချုပ်များကို စနစ်တကျ ချုပ်ဆိုသွားမည်ဖြစ်ပြီး ကန်ထရိုက်ပေးရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များကို ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ ပစ္စည်းဝယ်ယူရေး စည်းမျဉ်း လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
မွန်ပြည်နယ် သထုံမြို့နယ်တွင် ယခင် ဓာတ်ငွေ့တာဘိုင် အဟောင်းများအစား ခေတ်မီနည်းပညာများဖြင့် အသုံးပြုထားသည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ပေါင်းစပ်ပတ်လည် ဓာတ်ငွေ့ တာဘိုင် နည်းပညာသုံး စက်သစ်များဖြင့် လဲလှယ်တပ်ဆင်ရန် စီစဉ်နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Khanthan Shankar က ပြောကြားသည်။ ကမ္ဘာ့ဘဏ်က ဆောင်ရွက်ပေးမည့် အဆိုပါ စီမံကိန်းများမှတစ်ဆင့် စက်ရုံအနီးရှိ ဒေသခံများ ရင်ဆိုင်ခံစားနေရသော စက်များလည်ပတ်မှုကြောင့် ထွက်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် အသံဆူညံမှုများ သိသိသာသာ လျော့ပါးစေမည့် အပြင် လျှပ်စစ်မီး မလုံလောက်မှုနှင့် ပြတ်တောက်မှုများကို အထိုက် အသင့် လျော့ပါးသွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြုလုပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မီးရမယ်ဆိုလို့ ဟာ ဒါသတင်းကောင်းလေးဘဲဆိုပြီးတော့ The Voice Weekly ကနေ ကူးလာတယ်..။
ဟုတ်မလားလို့ပေါ့..ဟုတ်ရင်တော့ ကောင်းပါတယ်....

Wednesday, July 31, 2013

၂၀၁၄ ခုနှစ်တွင် ASUS ကုမ္ပဏီ ဖုန်းထုတ်မည်ဟုဆို (The Voice)

နာမည်ကျော် ဟာ့ဒ်ဝဲ ပစ္စည်းများနှင့် ကွန်ပျူတာများ ထုတ်လုပ်သည့် ASUS ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဈေးကွက်အတွက် စမတ်ဖုန်းများကို ထုတ်လုပ်မည် ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဂျွန်နီရှီးက အင်တာဗျူး တစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ မိမိတို့အနေနှင့် စမတ်ဖုန်း လောကသို့ နောက်မှ ဝင်လာသော်လည်း ထိုလောကကို ပြုပြင်ပြောင်းလဲမှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း စမ်းသပ် ထုတ်လုပ်မှုများ ပြုလုပ်မည် ဖြစ်သော် လည်း ဈေးကွက်သို့ နောက်နှစ်မှ ရောက်ရန်မှာ ပိုပြီး သေချာကြောင်း ဂျွန်နီရှီးက ပြောကြားသည်။ ASUS သည် လက်ရှိ အခြေအနေတွင် PadFone ဆိုပြီး တက်ဘလက်နှင့် ဖုန်းကို နှစ်မျိုး ပေါင်းစပ် ထုတ်ထားကာ နှစ်မျိုးစလုံးတွင် ဖုန်းပြောနိုင်စေရန် စီစဉ်ထားသည်။ ယင်းကုမ္ပဏီထုတ် ပစ္စည်းများသည် အရည်အသွေး မြင့်သကဲ့သို့ ဈေးနှုန်း လည်း ကြီးမားသောကြောင့် ဈေးကွက်တွင် လူတန်းစား မရွေး သုံးနိုင်သည့် အဆင့် မဖြစ်ခဲ့ပေ။ ကုမ္ပဏီအနေနှင့် တက်ဘလက်များကိုသာ နောက်ပိုင်း တွင် အဓိက ထားပြီး ထုတ်ခဲ့ကာ Google နှင့် ပူးပေါင်းပြီး Nexus 7 တက်ဘလက်များကိုလည်း ထုတ်ခဲ့သည်။ နောက်ပိုင်း တက် ဘလက်များကို ထုတ်ရာတွင် Android OS များကိုသာမက Windows OS ကိုပါ ထုတ်လာခဲ့ခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဂျွန်နီရှီး က “ကျွန်တော်တို့အနေနဲ့ ဘာထုတ်ထုတ် အမြဲ တော်လှန် ပြောင်းလဲနေဖို့ လိုပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။ The Voice Weekly

ဂျာမနီဘားတစ်ခုတွင် အရက်စပ်ဆရာ စက်ရုပ်ထားရှိ

 
အရက်ဘားရှေ့တွင် ထိုင်နေသည့် အရက်သောက်မည့်သူ ၉ဦးအား အဆင်ပြေစွာ အရက်စပ်ပေးနိုင်သည့် စက်ရုပ်ကို ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ အီမီနူမြို့တွင် အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသော သူများ၏ မှာယူမှုကို အဆင်ပြေစေရန် ဖျော်စပ်နိုင်စွမ်းရှိပြီး စက်ရုပ်၏ အမည်မှာ ကားလ် ဖြစ်သည်။ ၎င်းစက်ရုပ်ကို ဂျာမန်နည်းပညာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကူကာမှ ဖန် တီးသော စက်ရုပ်အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တာဝန်ယူ တည်ဆောက်သည့် အဖွဲ့ အစည်းမှာ စက်ရုပ်ထုတ်လုပ်မှု နယ်ပယ်တွင် ၂၃နှစ်သက်တမ်းရှိပြီဖြစ်သည့် စက်မှုအီလက်ထရောနစ် အင်ဂျင်နီ ယာ ဘန်စချီဖာဦးဆောင်သော အင်ဂျင်နီယာအဖွဲ့ ဖြစ်သည်။ စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသည့် လူများနှင့်လည်း စကား အနည်းငယ် ပြောဆိုနိုင်စွမ်းရှိပြီး ထိုသို့ပြောဆိုနိုင်ရန်အတွက် မှတ်ဥာဏ်ထည့်သွင်း   ပေးထားသည်။ အရက်မှာရာတွင် အဆင်ပြေစေရန်အတွက် ထိုသို့ စကားပြော စွမ်းရည် ထည့်သွင်းပေး ထားသော်လည်း စကားများများ ပြောကြသည့်သူများအတွက် ၎င်းတို့၏ စကားသံများကို စက်ရုပ်က မှတ်မိနိုင်မည် မဟုတ်ကြောင်း သိရသည်။ Ref: Direct Marketing News  Myanmar ICT

Call Center မှ ၀န်ဆောင်မှု အသစ်

 
Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့်Mobile E-mail Service ၀န်ဆောင် မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံး   ပြုနိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။

သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Yee Shin Mobile
 

Friday, July 26, 2013

တရုတ်ဟက်ကာများ Android ကို ခိုးဖောက်မှုအတွက်သုံး ဝါရှင်တန်၊ ဇူလိုင် ၂၅

 
တရုတ်ဟက်ကာ များသည် အင်တာနက်နှင့် ကွန်ရက်ဆိုင်ရာ လုပ်ငန်းများတွင် မကောင်းမှုများ လုပ်ရန်အတွက် ခိုးဖောက် ဝင်ရောက်မှုများကို Android ဆော့ဖ်ဝဲများအား သုံးကာ အဓိက လုပ်ဆောင်နေ ကြကြောင်း ကွန်ပျူ တာလုံခြုံရေး ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Symantec ကပြောကြားသည်။ တရုတ်မှထွက်သည့် ဆော့ဖ် ဝဲနှစ်မျိုးကို လေ့လာသုံးသပ်ရာ၌ အခြား ကွန်ပျူတာ နှင့် မိုဘိုင်းလ်ပစ္စည်း များအား ကူးစက်ပြီး ခိုးဖောက် ဝင်ရောက်နိုင်ရန် စီစဉ်ထားသည် ကို တွေ့ရှိရကြောင်း ယင်းကုမ္ပဏီဝန်ထမ်း များက ဆိုသည်။ Google သည် ယင်းပြဿနာများကို ကြိုတင် သိရှိခဲ့သဖြင့် ဖယ်ရှားပေးခဲ့ပြီး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တ နှစ်ပတ်ခန့် ကတည်းက ယင်းဆော့ဖ်ဝဲများ မှတစ်ဆင့် လက်ကိုင်ဖုန်းများထံ ပျံ့နှံ့စေရန် စီစဉ်ထား သော်လည်း အကြံ မအောင်မြင်ခဲ့ကြောင်း Google က ထုတ်ဖော်ပြောကြားသည်။ မိမိတို့ပိုင် Google Play အွန်လိုင်း စတိုးမှတစ် ဆင့် ဆော့ဖ်ဝဲများကို Download ချယူပါက ခိုးဖောက်မှုများ ပြုလုပ်နိုင်သည့် ခြေရာခံမှု မလုပ်နိုင်ရန် ကာကွယ် တားဆီးနိုင် သော်လည်း အခြား Website များမှ Download ချယူခြင်းအတွက် အာမ မခံနိုင်ကြောင်း Google ကဆိုသည်။
 


Android ဆော့ဖ်ဝဲများတွင် Code များကို ဖြေနိုင်သည့် သင်္ကေတများ ပါနေသဖြင့် မိမိတို့ လုပ်ဆောင်ထား သည့် ဆော့ဖ်ဝဲ များကိုလည်း ဝင်ရောက်ကူးစက်မှု မရှိစေရန် သင်္ကေတ Code များကို ပြန်လည်ပြင်ဆင် ရေး သားခဲ့ရကြောင်း BlueBox အဖွဲ့က ထုတ်ဖော်ပြောကြားသည်။

ဟက်ကာများသည် Android အမည် တပ်ကာ Skullkey ဆိုသည့် ဗိုင်းရပ်စ် တစ်မျိုးကို ထုတ်လွှတ်နေကြောင်း၊ ယင်း ဗိုင်းရပ်စ်သည် ဖုန်းများအတွင်း ပျံ့နှံ့ဝင် ရောက်သွားပါက ဘာလုပ်လုပ် စောင့်ကြည့်နေကြောင်း၊ အထူးသဖြင့် စာပို့မှုများ၊ ဘဏ် လုံခြုံရေးဆိုင်ရာ နံပါတ်နှင့် Password များ ရိုက်ထည့်မှုကို ခြေရာခံနိုင်ကြောင်း Symantec အဖွဲ့က ထုတ်ပြန်ထားသည်။
TheVoice ကနေကူးလာတယ်နော်....

Friday, July 19, 2013

ကြီးကြီးကြိုက်သူများအတွက် ဈေးသက်သာ Huawei Ascend Mate

အရွယ်က ၆.၁ လက်မ အရွယ်ကြီး Ascend Mate ဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝရီလ ကတည်းက စတင်ဖြန့်ခဲ့တာ ဖြစ် ပါတယ်။ သို့ပေမယ့် ဗြိတိန်နဲ့  ဥရောပနိုင်ငံတွေကို ယခုရက်ပိုင်းအတွင်းပဲ ရောက်ရှိတာပါ။ သူ့ဈေးနဲ့ သူ့တန်ဖိုးက တွက်ကြည့်လိုက်ရင် တကယ်ကိုက် ပါတယ်။ မြန်မာကျပ်ငွေနဲ့ တွက်ရင် ၄သိန်း ဝန်းကျင်ပဲ ရှိပါမယ်။ ၅ သိန်းဆို
ဒီအချိန်မှာ Samsung ရဲ့  Galaxy Note 2 ရဖို့တောင် မလွယ်သေးပါဘူး။ Huawei ကတော့ ဈေးသက်သက်သာ သာနဲ့ Ascend Mate ကို ဈေးကွက်ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ ကောင်းကွက်ကိုပဲ အရင်ပြောရရင် ဘက်ထရီပါ။ 4050 mAh ဖြစ်ပြီး Talk Time က ၂၂ နာရီ ဖြစ်ပါတယ်။ ဖုန်းကလည်းကြီးတော့ ဘက်ထရီ အားကြီးကြီး အသုံးပြုထား   ခြင်း ဖြစ်ပါတယ်။ အခြား Feature များအနေနဲ့ ကတော့ Magic Touch, Guiding Wizard, Smart Reading, Easy Panel, One-Hand UI အစရှိသဖြင့် User အတွက် Support လုပ်ပေးထား ပါတယ်။

၆.၁ လက်မ အရွယ် 720p IPS+ LCD capacitive touchscreen ဖြစ်ပြီး ယနေ့ နောက်ဆုံးထွက် 1080P အရည်အသွေးမျက်နှာပြင်ပါ ဖုန်းကိုတော့ မမှီပါဘူး။ ကင်မရာ 8 megapixel ပါ။ ရှေ့  က 1 megapixel ဖြစ်ပါတယ်။

RAM 2GB Run နိုင်ပြီး built in မှာ 8GB memory , ထပ်ဖြည့်လိုက micro SD support ပေးထား၊ processor က Quad-core 1.5 GHz Cortex-A9 ဖြစ်ပါတယ်။ ဒီမှာ အားနည်းချက် တွေ့ပါပြီ။ Huawei ရဲ့  K3V2 chipset ကို အသုံးပြုထားပါတယ်။ Outdated CPU architecture ဆိုပြီး GSM Arena တို့လို ဖုန်းဝဘ်ဆိုဒ်ကြီးများက ဝေဖန် ထားပါတယ်။

ဘယ်အရာမှ Perfect ဆိုတာတော့ မရှိပါဘူး။ Huawei ကတော့ တရုတ်ဖြစ် ဖုန်းဖြစ်ပေမယ့် Ascend စီးရီးရောင်း အားက အနောက်တိုင်းမှာပါ မြင့်တက် နေပါတယ်။ အဓိက ကတော့ ဈေးသက်သာ လို့ပါ။ UI နဲ့ Processing မှာကျ iPhone, Samsung, HTC, Sony တို့လောက် လူကြိုက်မများပါဘူး။ သို့ပေမယ့် ဈေးသက်သက်သာသာနဲ့ High Class ဖုန်း အသုံးပြုနိုင်အောင် Huawei ရဲ့  ထောက်ပံ့မှု တစ်ခုကြောင့် အရောင်းသွက်နေခြင်း ဖြစ်ပါတယ်။

ယခု Ascend Mate ကတော့ အရွယ်ကြီး Phablet ပါ။ ဖုန်းနဲ့ Tablet နှစ်မျိုးလုံး အစား ပေါင်းစပ်ထားတဲ့ Samsung Galaxy Note ဖုန်းတို့လို အရွယ်ကြီး ဖုန်း ဖြစ်ပါတယ်။ စထွက်တုန်းက USD ၅၅၀ ဒေါ်လာဝန်းကျင် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Huawei Ascend Mate ကို ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ပေါက်ဈေးနဲ့ ရောင်းချပေးနေ
ကြောင်း သိရပါတယ်။
.


Quad-band GSM/GPRS/EDGE; penta-band 3G with HSPA
6.1" 16M-color 720p IPS+ LCD capacitive touchscreen with Gorilla Glass, Magic Touch, usable with gloves
Android OS v4.1.2 Jelly Bean with Emotion UI
Quad-core 1.5 GHz Cortex-A9, 16-core GPU; Huawei K3V2 chipset
2GB of RAM
8 MP autofocus camera with LED flash, 1080p video recording @ 30fps, continuous autofocus and stereo sound
1 MP front-facing camera, 720p video recording
Dual-band Wi-Fi a/b/g/n, Wi-Fi Direct and DLNA
GPS with A-GPS
8GB of built-in storage
microSD card slot, side-mounted, hot-swap
microUSB port with USB host and MHL 2.0
Bluetooth v4.0
FM radio
Standard 3.5 mm audio jack
Accelerometer and proximity sensor
Active noise cancellation with dedicated mic
Plenty of juice in the ample 4050 mAh battery

.
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal

Tuesday, July 16, 2013

မြန်မာ့အသံအစီအစဉ်များ မိုဘိုင်းဖုန်းပေါ်မှာ ကြည့်နိုင်မည်

မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို မိုဘိုင်းဖုန်းပေါ်မှ စတင် ကြည့်ရှုနိုင်မည့် အစီအစဉ်ကို ဇူလိုင် ၁၅ရက်တွင် စတင်မည်ဖြစ်သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင် မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

မိုဘိုင်းဖုန်းပေါ်မှ ကြည့်ရှုနိုင်သည့် သတင်းအစီအစဉ်တစ်ခုအား ပြသနေစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ)
ယင်းအစီအစဉ်ကို စတင်ချိန်တွင် Android OS သုံးမိုဘိုင်းဖုန်းများပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် iOS ပေါ်တွင်လည်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါ မိုဘိုင်းဖုန်း Application ကို ဇူလိုင် ၁၅ရက်တွင် ဂူဂဲလ်ပလေးမှတစ်ဆင့် အခမဲ့ဒေါင်းလုပ်ဆွဲယူနိုင်မည်ဖြစ်ပြီး ရုပ်မြင်သံကြားအစီအစဉ်များ အတွက် MTRV  Icon ပါ APK Software နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်အတွက် MRTV Radio Station Icon ပါ APK Software များကို ဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။

ဦးမျိုးမြင့်အောင်က “အဓိကကတော့ သတင်းတွေကို ဦးစားပေးကြည့်ရှုနိုင်မှာပါ။ နောက်ပိုင်းမှာ MRTV က လွှင့်သမျှ Live Streaming(တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်) ကို ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ အခု
မြန်မာနိုင်ငံမှာက  Android ဖုန်းတွေ သုံးတာများတဲ့အတွက် Android ဖုန်းတွေ အသုံးပြုနိုင်အောင် အရင်စီစဉ်
လိုက်တာပါ။ မကြာခင်မှာ iPhone တွေ အသုံးပြုနိုင်တော့မှာပါ’’ဟု ပြောသည်။

ယင်းကဲ့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များကို မိုဘိုင်းဖုန်းများပေါ်တွင် ကြည့်ရှုနိုင်ရန် စီစဉ်ပေးခြင်း
မှာ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးလာသည့်နှင့်အမျှ မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်များ အသုံးပြုမှု များပြား
လာချိန်တွင် မှန်ကန်သောသတင်း အချက်အလက်များ ရရှိစေနိုင်ရန်အတွက်ဖြစ်သည်ဟုလည်း ဦးမျိုးမြင့်အောင်
က ဆိုသည်။ ယင်းအပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များကို မကြည့်လိုက်ရပါကလည်း ပြန်လည်
ကြည့်ရှုနိုင်ရန်အတွက် ရည်ရွယ်၍လည်း Application အား ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ယခုနှစ် ဧပြီ ၁ရက်မှစပြီး “ပြည်သူတို့အတွက် မြန်မာ့အသံ’’
ဟူသော ဆောင်ပုဒ်နှင့် အညီ ပြောင်းလဲတင်ဆက်မှုများ လုပ်ခဲ့ပြီး သတင်းတင်ဆက်မှုနှင့် ဖျော်ဖြေရေးကဏ္ဍများ
ကို နေ့စဉ် ၁၇ နာရီ တင်ဆက်ဖျော်ဖြေလျက် ရှိသည်။

မိုဘိုင်းဖုန်းအသုံးပြုမှုများလာပြီးနောက်ပိုင်း မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် သတင်းများ ဖတ်ရှုနိုင်ခြင်းသည်လည်း လမ်းကြောင်းတစ်ခု ဖြစ်လာပြီး ဘီဘီစီသတင်းဌာနမှ ရေဒီယိုအစီအစဉ်များကို မိုဘိုင်းဖုန်းပေါ်မှ နားဆင်နိုင်ရန် ဘီဘီစီက မိတ်ဆက်ခဲ့ပြီးဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/12499-2013-07-11-07-56-45.html
မှ ကူးယူဖော်ပြထား

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည် (ဒီအေ၀ိုင်)

 
မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည် မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူတွေအတွက် သြဂုတ်လ ၁ ရက်နေ့က စပြီး မက်ဆေ့ နံပါတ် 1331 ကတစ်ဆင့် မိုဘိုင်းအင်တာနက်လျှောက်ထားနိုင်ပြီလို့   မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုးထံက သိရပါတယ်။ ကနဦးလျှောက် ထားမှုအတွက် ယခင်အင်တာနက်လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တစ်သောင်းရှိဖို့လိုပါတယ်။  လျှောက်ထား သူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 1331 ကို ရိုက်နှိပ်ပြီး Order Data Service လို့ Message ပို့ လျှောက်ထားရမှာပါ။ စက္ကန့်အနည်းငယ် အတွင်း အင်တာ နက်လျှောက်ထားမှုအတွက် လက်ခံရရှိကြောင်းကို စာတို မက်ဆေ့ခ်ျအနေနဲ့ “You have order data service successfully” ဆိုပြီး မက်ဆေ့ခ်ျပြန်ပို့ပေးလာခဲ့ရင် အင်တာနက်လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်။ မက်ဆေ့ခ်ျရောက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုအလျောက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အင်တာနက်အသုံးပြုခအတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး စီဒီအမ်အေနဲ့ သရီးဂျီဖုန်းအတွက်က တစ်မိနစ်ကို လေးကျပ် ကျသင့်မှာဖြစ်ပါတယ်။  ဒီအေ၀ိုင်

Thursday, July 11, 2013

မြန်မာ့ မိုဘိုင်းဖုန်း ဘ၀ပြောင်းဖို့ အစပျိုးပြီ (ဧရာဝတီ)

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးဖြစ်တဲ့ Telenor နှင့် Ooredoo ကုမ္ပဏီတွေက ဖုန်းခေါ်ဆိုခတွေကို အသိပေး ကြေညာလိုက်ပါတယ်။ ဒါဟာ မြန်မာ့မိုဘိုင်းဖုန်းရဲ့ ဘ၀ပြောင်းမှု အစပျိုးလိုက် တာပါ။ 

နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီက တမိနစ် ဖုန်းခေါ်ဆိုခမှာ ၂၅ ကျပ် ဖြစ်ပြီး ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီက ကွန်ယက်တူ တမိနစ်ခေါ်ဆိုခ ၃၅ ကျပ်နဲ့ အခြား ကွန်ယက်တွေအတွက် တမိနစ်ခေါ်ဆိုခ ၄၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းတို့ကတော့ တမိနစ်ကို ကျပ် ၅၀ နှုန်း ကောက်ခံနေပါတယ်။ 

မြန်မာနိုင်ငံမှာ တလျှောက်လုံး ဆင်းမ်ကတ်က ဈေးအလွန်ကြီးခဲ့တာပါ။ မိုဘိုင်းဖုန်း စတင်ပေါ်ခါစကတော့ အစိုးရကို တရားဝင် ပေးသွင်းရတဲ့ ငွေကျပ် ၁၅ သိန်းကျော် ရှိပြီး အပြင်ပေါက်ဈေးက ဆင်းမ်ကတ်တခုကို ကျပ်ငွေ ၂၅ သိန်း ကနေ သိန်း ၃၀ ထိ ပေးဝယ် ခဲ့ကြရတာပါ။ 

အဲဒီကာလတွေက သာမန် လူတန်းစားတွေနဲ့ မိုဘိုင်းဖုန်းဆိုတာ အိပ်မက်ပင် မက်လို့ မရတဲ့ အခြေအနေပါ။ 

နိုင်ငံခြားက မြန်မာနိုင်ငံကို ဖုန်းခေါ်ဆိုခ ကလည်း ဈေးအကြီးဆုံး စာရင်းဝင် နိုင်ငံ အနည်းငယ်ထဲ မှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ 

အိမ်နီးချင်းနိုင်ငံတွေမှာတောင် ဆင်းမ်ကတ် အခမဲ့ပေးဝေမှုတွေ လုပ်နေချိန်မှာ မြန်မာပြည်က ဆင်းမ်ကတ် ဈေးနှုန်းက အလွန် မြင့်မားတာကြောင့် နိုင်ငံတကာက အံ့အားသင့်ရတဲ့ အဖြစ်ပါ။ 

မနှစ်ကတော့ ဆင်းမ်ကတ်တခုကို ၂ သိန်းနဲ့ ရောင်းချပေးလာခဲ့ပါတယ်။ ဒီအပြင် လွန်ခဲ့တဲ့ လပိုင်းကစပြီး ဆင်းမ်ကတ် တခုကို ၁၅၀၀ ကျပ်နဲ့ပဲ မဲစနစ်နဲ့ ရောင်းချပေးလာနေပါပြီ။ ဒီအတွက် သာမန်လူတွေ မိုဘိုင်းဖုန်း သုံးခွင့်တွေရလာနေပြီ။ ဒါပေမယ့် အပြင်ပေါက်ဈေးကတော့ ၇ သောင်းလောက် ဖြစ်နေတာတွေ ရှိတယ်။ 

အခုတော့ Telenor နဲ့ Ooredoo ကုမ္ပဏီတွေက ဆင်းမ်ကတ်တခုကို ၁၅၀၀ ကျပ်နဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ ဆိုပြီး နောက်ပိုင်း ဆင်းမ်ကတ်ကို အခမဲ့ပေးဖို့ အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။ 

အခုလို နိုင်ငံခြားက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာတော့မှ ပဲ ဈေးချိုချိုနဲ့ ဆင်းမ် ကတ်တွေ ၀ယ်သုံးလို့ရတော့မှာဖြစ်သလို ဖုန်းခေါ်ဆိုခနှုန်း သက်သက် သာသာနဲ့ အသုံးပြုရတော့မှာပါ။ 

တချိန်ကတော့ မိုဘိုင်းဖုန်းဆိုတာ လူချမ်းသာနဲ့ အာဏာရှိသူတို့ရဲ့ အဆောင်အယောင်တန်ဆာ တခုဖြစ်ခဲ့ပါတယ်။ အခုတော့ မိုဘိုင်းဖုန်းဆိုတာ လူတွေရဲ့ အသုံးတည့်တဲ့ သာမန်ပစ္စည်းတခုအနေနဲ့ ဘ၀ ပြောင်းရ ပါတော့မယ်။ 

အိမ့်သံစဉ် ~ 

ဆက်စပ်သတင်း

ဆက်သွယ်ခ ဈေးများ Telenor နှင့် Ooredoo တို့ ထုတ်ပြန်


ဧရာဝတီ Facebook / ဧရာဝတီ Twitter .

Wednesday, July 10, 2013

၂ဝ၁၄ ဒုတိယလေးလပတ်တွင် မိုဘိုင်းဖုန်းများ Telenor စတင်ရောင်းချမည်

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများ စတင်ရောင်းချခြင်းကို ၂ဝ၁၄ ဒုတိယလေးလပတ်တွင် ဆောင်ရွက်သွားမည်ဟု Telenor Group မှ သိရသည်။ မိုဘိုင်းဝန်ဆောင်မှုပေးရာတွင် Voice နှင့် Data နှစ်ခုစလုံးကို ပေးမည်ဖြစ်ပြီး မိုဘိုင်း ဖုန်းနှင့်ဆက်စပ် ဝန်ဆောင်မှုများအပြင် အပို ဝန်ဆောင်မှုများကိုလည်း အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ယင်း ကုမ္ပဏီမှ ထုတ်ပြန်ချက်အရ သိရသည်။မိုဘိုင်းစနစ်ကို အဆင့်မြင့်နည်းပညာဖြစ်သည့် HSPA နှင့် LTE-ready နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး မိုဘိုင်းကွန်ရက်ဖြန့်ကြက်ခြင်းကိုငါးနှစ် အတွင်း   ဆောင်ရွက်ပေးမည်ဟု သိရသည်။ မြန်ဆန်သော ကွန်ရက်ဖြန့်ကြက်မှု၊ ဈေးနှုန်းသင့်တင့်သည့်ဝန်ဆောင်မှုများ ကို ဆက်သွယ်ရေးဆိုင်ရာမဟာဗျူဟာလေးရပ်မှ တစ် ရပ်ဖြစ်သည့် ဖြန့်ချိရေးကွန်ရက်မှ ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း၊ဖုန်းဈေးနှုန်းနှင့်ခေါ်ဆိုခများကိုလက်ရှိဈေးကွက်အတွင်းမှ နှုန်းထားများထက် လျှော့ချသွား
မည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုပ်သားအင်အားလိုအပ် ချက်များကို မြန်မာ   နိုင်ငံမှ ဒေသခံများဖြင့်သာ ခန့်အပ်ဖြည့်တင်းသွား မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း Telenor နှင့် လုပ်ငန်းဆက်စပ်သည့် တစ်ဆင့်ရောင်းချပေးသူ၊ ပစ္စည်းတင်သွင်းသူ၊ ဖြန့်ချိသူတို့အပေါ် မူတည်၍ လုပ်ငန်းများ ထပ်ဆင့်ပေါ်ထွက်လာ မည်ဖြစ်ကြောင်း၊ လောလောဆယ်တွင်လည်း အလုပ်အကိုင်များ ခေါ်ယူရန် 


စီစဉ်လျက်ရှိပြီး မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် Telenor သည် မိုဘိုင်းဖုန်းဝန်ဆောင်မှုများပေးရန် အတွက် ဆက်သွယ်ရေးတင်ဒါ၏ နောက်ဆုံးအဆင့် ညှိနှိုင်းမှုများကို မြန်မာ အစိုး ရတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း၊ ယင်းအပြင်ရန်ကုန်အခြေစိုက်ရုံးနှင့် ဖွင့်လှစ်ရန် ဆောင်ရွက် မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းကိစ္စများပြီးမြောက်ပါက မိုဘိုင်း ဝန်ဆောင်မှုကို
စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

  အောင်ဇော် PopularNewsJournal မှ ကူးယူဖော်ပြထား