မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label Antivirus သတ်မယ့်ဆော့ဝဲများ. Show all posts
Showing posts with label Antivirus သတ်မယ့်ဆော့ဝဲများ. Show all posts

Friday, October 18, 2013

Smadav 2013 Rev.9.4.1

Virus သတ်ရာမှာ အတော်လေး အသုံးများလာတဲ့ကောင်လေးပေါ့ဗျာ။ အတော်များများကတော့ သိနေကြပြီ
ကြော်ငြာအားကောင်းတာကိုးဗျ။ ကျုပ်လည်း နှစ်ခါလောက်ရှိပြီလေ တင်ပေးတာ ကြော်ငြာပေးတာပေါ့။ ကဲ
ခုတော့ အသစ်လေးပါ ဟိုတစ်နေ့ကတည်းက ရတာပါ။ ခုမှ တင်ပေးဖြစ်တာလေ။ ကဲဗျာ သူကတော့ floder
Hide တဲ့ ကောင်လေးတွေရော အခြားသော Virus တွေကိုပါ သတ်ပေးပါတယ်။ အသုံးပြုလိုရင်တော့ သုံးကြ
ပေါ့ဗျာ။ ကျုပ်တော့ ထည့်သွင်း အသုံးပြုထားတယ်။ ဒီနေ့ သီတင်းကျွတ်ပြီနော် ညနေပိုင်းတော့ ဘုရားဖူး သွားဦးမယ်။ လိုက်ကြဦးမလား..ညပိုင်းကျရင်တော့ 5000 ထောင်တန်ဖုန်းကဒ်လေးတစ်ကဒ်လောက် လှူရ မလားလို့ပါ။ ကိုယ့် ဒီဘလော့လေးမှာ တင်ပေးမှာပါ။ လာလည်တဲ့သူထဲက မြန်မာပြည်က လူတွေ အသုံးပြု
လို့ ရမယ့် GSM ငွေဖြည့်ကဒ်လေး တစ်ခုလောက်ပေါ့ဗျာ။ အမှတ်တရလေးလည်း ဖြစ်အောင်ပေါ့။ ကံကောင်းတဲ့သူ ရမှာဘဲ သို့မဟုတ် အရင်လာတဲ့သူ ရမှာဘဲနော်..။ ဒီတိုင်း ဓါတ်ပုံရိုက်ပြီး ဓါတ်ပုံလေး တင်ပေးမယ်နော်..။ ကဲ အဆင်ပြေကြပါစေ...
DOWNLOAD SOLIDFILES  OR  DOWNLOAD DROPBOX   OR  DOWNLOAD DE-HOST

Monday, September 30, 2013

AutorunKiller နှင့် Shortcut Virus Remover လေးပါ

AutorunKiller နှင့် ကွန်ပျူတာဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလေးနှင့် Shortcut Virus တွေကို ဖျက်ပေးမယ့် သတ်ပေး
မယ့် Virus Remover နှစ်မျိုး တင်လိုက်တယ်။ မရှိသေးလို့ပါကွယ်။ Autorun Killeer ကိုတော့ နဲနဲ သတိထားပါ။
သူပြတိုင်း ဗိုင်းရပ်မဟုတ်ပါဘူး။ အထူးသဖြင့် မင်မိုရီ စတစ်တွေထဲမှာပါတဲ့ Autorun ဆိုတဲ့ဖိုင်လေးတွေ ကုမ္မဏီ
က ထုတ်တုန်းကတည်းက ထည့်ပေးထားပါတယ်။ အဲဒါလေးကို ဖျက်မိရင် စတစ်တို့ ကဒ်တွေ ကြောင်တတ်တယ်
ဗျ။ ဒါက ကိုယ်တွေ့တွေမို့ပါ ။ မဖျက်ရပါဘူး ဥပမာ ဖုန်းထဲမှာလည်း မင်မိုရီး ကဒ်လေးတွေ ထပ်စိုက်ကြရတယ် မဟုတ်လား အဲဒီမှာလည်း Autorun.inf ဆိုတဲ့ Text ဖိုင်လေးပါတယ် အဲဒါ ဖျက်စရာမလိုပါဘူး ဖျက်မိမှာစိုးလို့
ပြောတာပါကွယ်။ ဘယ်လောက်စွမ်းတယ်ရယ်တော့ မသိပါဘူးဗျာ။ သူလည်း သူ့နည်းသူဟန်နဲ့ စွမ်းမှာပါဘဲ။ DVD Drive တွေ ခွေထည့်တဲ့အခါမှာလည်း သူက ပေါ်လာတယ်။ ဖုန်းနဲ့ ချိတ်တဲ့အခါမှာလည်း သူက ပြပေးတာ
ပါဘဲ။ နောက်တစ်ခုကတော့ Shortcut Virus တွေ ရှိနေရင် ရှာဖွေပြီး ဖျက်နိုင်တဲ့ ကောင်လေးပါ။ အသုံးဝင်ပါတယ်
ဆောင်ထား မမှားပါဘူး။ Facebook Like လေး မလုပ်ရသေးရင် Like လေး ကလစ်သွားပါဦးနော်..။
DOWNLOAD SOLIDFILES       OR         DOWNLOAD DROPBOX

Wednesday, June 19, 2013

Deep Freeze Server Enterprise v7.61.270.4320 Final

Deep Freeze ကို အသုံးပြုလိုတဲ့သူများအတွက် တွေ့တာနဲ့ ကောက်တင်လိုက်တယ် မရှိသေးလို့ပေါ့ဗျာ..။ ဒီဆော့ဝဲကတော့ အင်တာနက်ဆိုင်တွေမှာ အသုံးများပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သိတဲ့အတိုင်းဘဲ
လူစုံတက်စုံ ကလိကြလေတော့ Virus သတ်ရတဲ့ ဒုက္ခမှ ကင်းအောင် ဖိုင်တွေ ရှုတ်ပွနေအောင် လုပ်ထားတာ
တွေ ဖြေရှင်းရတဲ့ ဒုက္ခမှ ကင်းအောင် တင်ကြရတယ်။ အင်တာနက်လိုင်းမမိ မြို့ပြနှင့်ဝေးတဲ့ နယ်မှာ နေတဲ့ သူတွေလည်း ဒီဆော့ဝဲလေးကို သုံးကြပါတယ်.။ ဒီဆော့ဝဲနှင့် ထိန်းချုပ်ထားပြီဆိုရင် ကွန်ပျူတာအတွင်းသို့
ဘာဆော့ဝဲမှ အတည်ထည့်ထားလို့ မရတော့ပါဘူး ဒီချင်းအသစ်တွေလည်း ထည့်လို့မရတော့ပါဘူး.။ မရဘူး
ဆိုတာတော့ မဟုတ်ပါ.။ ရတော့ရတယ် Restart ကျတာနဲ့ ထည့်သမျှ အကုန်ပျောက်တာပါ.။ ဒီတော့ စတစ်
တစ်ချောင်းတော့ ဆောင်ထားရပါလိမ့်မယ်။ သင်ဟာ အင်တာနက်ဆိုင်သွားသုံးရင် စတစ်ဆောင်ရမယ်ပေါ့
ကိုယ်လိုချင်တာလေးတွေ ဒေါင်းလော့ချပြီး စတစ်ထဲထည့်ထားရမယ်ပေါ့ မထည့်မိဘဲ Restart ကျသွားရင်
တော့ လူမလိမ္မာ နှစ်ခါပင်ပန်းဖြစ်ပြီပေါ့။ ကဲ အတော်များများ သိပြီးသားပါ.။ အကြောင်းမသိဘဲ ထည့်မသုံး
ပါနဲ့ ဖြုတ်ရတာ ခက်တယ်.။ ကိုယ့်အတွက် အရေးကြီးမှ သုံးပါ..။

Deep Freeze instantly protects and preserves baseline computer configurations. No matter what changes a user makes to a workstation, simply restart to eradicate all changes and reset the computer to its original state - right down to the last byte. Expensive computer assets are kept running at 100% capacity and technical support time is reduced or eliminated completely. The result is consistent trouble-free computing on a truly protected and parallel network, completely free of harmful viruses and unwanted programs.

Expensive computer assets are kept running at 100% capacity and technical support time is reduced or eliminated completely. The result is consistent trouble-free computing on a truly protected and parallel network, completely free of harmful viruses and unwanted programs. While Deep Freeze provides bulletproof protection, its non-restrictive approach also improves user productivity and satisfaction.

Placing no restrictions on a user's ability to access all system resources, users avoid the frustration of downtime due to software conflicts, operating system corruption, virus attacks, and many other problems. Users are always assured of computers that are consistently operable and available. Building on the power of Deep Freeze Standard, Deep Freeze Enterprise offers centralized deployment and enhanced flexibility options for customizable management of large computing environments. Deep Freeze Enterprise is the best solution for keeping a large number of PCs in top notch state.

Security and Control:
· Encrypt all components with a unique Customization Code
· Preset multiple passwords to be used on a workstation or via the Command Line Control with varying activation and expiration dates
· Generate encrypted One Time or One Day Passwords
· Disable keyboard and mouse during maintenance periods or on demand
· Boot Control window provides ability for immediate reboot

Configuring Options:
· Create customized installation files using the Configuration Administrator
· Pre-select Frozen Drives and selectively Freeze or Thaw fixed drives
· Schedule automatic Restart/Shutdown times
· Restart computer on Logoff
· Schedule idle shutdowns or restarts after a preset length of time that the workstation has been inactive
· Schedule Thawed Maintenance periods to perform Windows updates through the Internet or a SUS/WSUS server or run a custom batch file to update your antivirus definitions
· Schedule Send Message tasks

Flexibility Options:
· Create a ThawSpace on a workstation that can be used to store programs, save files, or make permanent changes
· Specify the size and file system of the ThawSpace (up to 100GB using NTFS)
· Use Stealth Mode to hide the Deep Freeze system tray icon
· Override ongoing maintenance periods

Interoperability Options:
· Use Deep Freeze Command Line Control Utility (DFC) to manage Deep Freeze deployment remotely via command line interface
· Integrate Deep Freeze protection into any Desktop Management Solution capable of executing command line control
· Manage Deep Freeze protection through the LANDesk native console with Deep Freeze plug-in for LANDesk
· Enhanced Novell compatibility during Maintenance

Action Files:
· Create XML-based Deep Freeze Action Files to interact with other programs via the Deep Freeze Console
· Administrators will be able to create, edit, download and share Action Files with other users through Faronics Labs



Download Instructions By A.K
1. Click "Download Button".
2. Wait "5sec".
3. Click "Skip Ad".
Adf.ly
4. Download and Enjoy!.




Download

Friday, June 14, 2013

Multi Virus Cleaner 2013 For Pc 15MB

ကိုယ်စက်ထဲမှာ antivirus ဆောင်ထားပါလျှက်နဲ့ ဗိုင်းရပ်ဒုက္ခပေးနေသေးရင် Multi Virus Cleaner ကိုသာ အသုံးပြုလိုက်ပါ စက်ထဲက ဗိုင်းရပ်တွေ ကတ်ထဲမှာရှိတဲ့ ဗိုင်းရပ်တွေခွေးပြေးဝက်ပြေး ပြေးရမှာမှာပါ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးဆိုတော့ ကွန်နက်ရှင်းမကောင်းတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မှာ ပါ ပြီးတော့ ၀င်းဒိုး 8 မှာလည်း အသုံးပြုနိုင်ပါတယ် အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် ။
အမျိုးကောင်းသားမှ ကူးယူဖော်ပြထား.။
 Download>>>>Multi Virus Cleaner 2013 Portable
မူရင်းလင့် http://www.01net.com

Saturday, May 11, 2013

SmadAV 9.3 2013 / 1MB Floder Hidden ဗိုင်းရပ်စ် တွေတော့ အတော်နိုင်တယ်ဗျာ

ဒီ Smad ဆိုတဲ့ဆော့ဝဲလေးကတော့ ကျုပ်အနေနဲ့ 2010 လောက်ကတည်းက သဘောကျခဲ့တဲ့ဆော့ဝဲလေး
ပါ.။ ဒီကောင်လေးနဲ့ ကျုပ်လက္ဖက်ရည်တော့ သောက်ခဲ့ရသေးတယ်.။ ကိုယ့်သူငယ်ချင်းက ဟေ့ကောင်
ငါ့ ကွန်ပျူတာ ဘာဖြစ်သွားကုန်ပြီလည်း မသိဘူးကွာ floder တွေလည်း ဘာဖြစ်ကုန်တာလည်း မသိဘူး
ဖွင့်လိုမရတော့ဘူး ဖွင့်လိုက်ရင် ဘာမှ မရှိကုန်ဘူးကွာတဲ့ အဲဒါနဲ့ မပူပါနဲ့ကွာ ကိုကြီးလုပ်ပေးမှာပေါ့ အဲလိုဘဲ
ပြောပြီးတော့ ဒီကောင်းလေးနဲ့ ရှင်းပြစ်လိုက်တာ.။ အဲဒီတုန်းက ကိုယ်ကအင်တာနက် သုံးနေပြီကိုး အဲတော့
တောင်နှိပ်မြောက်နှိပ် ရထားတာလေးကို လက်တွေ့စမ်းလိုက်တာ အဆင်ပြေသွားတယ်လေ.။ တစ်ခြား



ဆော့ဝဲတွေနဲ့ သတ်တာက ကျုပ်တို့ ပင်ပင်ပန်းပန်း ရှာထားတဲ့ Keygen ဖိုင်တွေ ဒုက္ခပေးတယ်ဗျာ။ ဖိုင်ချုပ်
ထားရင်ထား မထားလို့ကတော့ ရှိသမျှ ပြောင်မယ်.။ အကုန် ဆွဲဇိကုန်တာဗျ Avira နဲ့ သတ်ရင်တော့ အဲဒါ
သတိထားပေတော့.။ ဒီဖိုလ်ဒါ ဟိုက်တဲ့ ဗိုင်းရပ်စ်ကိုတော့ Avira လည်း သတ်ဖို့နေနေတာတာ သိတောင်
မသိဘူး..။  တစ်ခြားဆော့ဝဲတွေလည်း မသိဘူးဗျာ.။ ဒီကောင်လေးနဲ့မှ အဆင်ပြေတာ ကဲဒီလောက်ဆို သူ့
ကောင်းကြောင်း သိရောပေါ့ အဲဒီတော့ ဆောင်ထားသင့်တယ်မဟုတ်လား..ကိုယ်လည်း ရလာလို့ တင်ပေး
လိုက်တာပါ..။ ကျုပ်က ကီးဖိုင်တွေ သိပ်မရှာတတ်လို့ မတင်ဖြစ်တာဗျာ ခုတော့ သူများရှာထားတာလေးကို
ကောက်တင်လိုက်တာဘဲ....
۩۩۩۩   DOWNLOAD BOX  ۩۩۩۩
۩۩۩۩   DOWNLOAD MDF  ۩۩۩۩

Thursday, May 2, 2013

Microsoft Essential Security 10MB Virus သတ်ဖို့အတွက်ဆိုရင် ဒီကောင်လေး သဘောကျတယ်

۩۩۩۩ DOWNLOAD WINDOW.MICROSOFT.COM  ۩۩۩۩
 ကဲဗျာ Microsoft Essential Security ဆော့ဝဲလေးဟာ အတော်လေးကောင်းသတင်းတွေ ထွက်နေပါ
တယ်.။ ကိုယ်တိုင်သုံးစမ်းကြည့်တော့လည်း ကောင်းတယ်ကွယ့်.။ ဟိုအရင်ကတော့ Avira ကို သုံးခဲ့ပါတယ်
သို့သော်လည်း နာမည်လေးရလာတော့ ရောင်းတော့တာဘဲဗျာ.။ ခုနောက်ပိုင်းမှာ ဘာဆော့ဝဲများ အသုံးပြု
ရမလဲလို့ စဉ်းစားနေတာ ကိုယ့်ဘော်ဒါတွေကလည်း ဒီ Microsoft Security လေးတွေဘဲ သုံးနေကြတယ်
ဟိုတစ်လောကတော့ avast free antivirus ကိုသုံးပါတယ်။ နောက်ပိုင်းမှာလည်း Microsoft Security နဲ့
avast free antivirus နှစ်မျိုးသုံးဖို့ စိတ်ကူးထားပါတယ်.။ သူများစက်တွေလို Core i 3/ i 5 / i 7 တွေ မသုံးနိုင်တော့ အဲလိုလုပ်ရတော့မှာဘဲ.။ ကိုယ့်စက်က Core(TM) 2 Dou E7500 @2.93 GHz ဆိုတော့
ကိုးတူး ဂျူရယ်ဆိုတော့ ဒီခေတ်ထဲမှာတော့ နဲနဲနိမ့်သွားပြီပေါ့။ ဒီအမျိုးအစားတွေက ဈေးကွက်မှာ မရှိတော့
ဘူး.။ ဒါတွေထားပါ ကဲ ဗိုင်းရပ်စ်နဲ့ပါတ်သက်ရင် ဘာဆော့ဝဲ သုံးရမလဲ စဉ်းစားနေကြတဲ့ သူတွေအတွက်
စိတ်ကြိုက်ဖြစ်စေမယ့် ဆော့ဝဲလေးတစ်ခုပါနော် .......



ဒီဆော့ဝဲလေးဟာ Microsoft Essential Security ဆော့ဝဲကို မူရင်း Microsoft ကုမ္မဏီကိုယ်တိုင်က ထုတ်
တာဖြစ်တဲ့အတွက် အတော်လေးစိတ်ချရတဲ့ အခြေအနေမှာ ရှိပါတယ်.။ ကိုယ်သုံးနေတဲ့ Windowကလည်း
Microsoft ကဘဲ ထုတ်တာဆိုတော့ အချိုပေါ် သကာလောင်းသလိုပါဘဲ..။ ဒီဇိုင်းရော မြန်ဆန်မှုရောပါ..
အတော်လေးကောင်းပါတယ်.။ ဆော့ဝဲ အမြဲတမ်း Update ဖြစ်နေတာကို သုံးချင်ရင်တော့ သူ့မူရင်းဆိုက်
လေးမှာ ဒေါင်းလော့ချပါ. Window အတွက် 32 ရော 64 ရော နှစ်မျိုးလုံး ရှိပါတယ်.။ ကိုယ့် Window နဲ့
ကိုယ့်မယ့် ဆော့ဝဲကို ရွေးပြီးတော့ ဒေါင်းလော့ချလို့ရပါတယ်နော်..။ ကျုပ်ခုသုံးနေတဲ့ ဆော့ဝဲလေးတော့
တင်ပေးလိုက်တယ် ဒေါင်းလော့ချပြီး သုံးစမ်းလိုရင်တော့ အောက်မှာဒေါင်းလော့ချပါ.။ မူရင်းဆိုက်မှာ စိတ်ကြိုက် ဒေါင်းလော့ချမယ်ဆိုရင်လည်း မိတ်ဆွေ သဘောပါဘဲ တစ်ကယ်ကောင်းလို့ ပြောတာပါ.။
သဘောရှိသလို ဒေါင်းလော့ချပြီး သုံးစမ်းကြည့်ပါ.။

۩۩۩۩ DOWNLOD BOX.COM ۩۩۩۩

۩۩۩۩ DOWNLOAD WINDOW.MICROSOFT.COM  ۩۩۩۩


Sunday, November 18, 2012

Avira Antivirus 2013 13.0.0.2761 (100MB)

  ကဲဗျာမိတ်ဆွေများ သူများတွေတော့မသိဘူးကျုပ်တော့ Virus သတ်သည့်ဆော့ဝဲဆိုရင် Avira Antivirus Perso nal အမျိုးအစားဘဲ သုံးဖူးတယ် သဘောလဲကျတယ်။ ကောင်းလဲကောင်းပါတယ် တစ်ကယ်ပါ။ သူမကောင်းတဲ့
နေရာကတော့ ကျုပ်တို့အင်တာနက်ပေါ်ကနေ Software ဒေါင်းလော့ချရင် Keygen တို့ Patch ဖိုင်တို့တွေ့ရင် ဗိုင်း
ရပ်ထင်ပြီး စားပြစ်တာဘဲ။ RAR ဖိုင်တွေဖြည်ရင် ထီးပုံလေးနဲ့ Avira ကို အမှန်ချစ်လေးတွေ ဖြုတ်ထားရတယ်ဗျာ။
သိတဲ့သူများမှာပါ။ ဒါကတော့ ကိုယ့်ဆိုက်မှာ Antivirus နှင့်ပါတ်သက်လို့ ဘာတစ်ခုမှမရှိသေးလို့ ပို့စ်တင်တာပါ။
ဆော့ဝဲတော့မတင်နိုင်ပါဘူး လင့်မသေနိုင်တဲ့ အမြဲဆွဲလို့ရမည့် နေရာလေးကိုဘဲတင်မှာပါ။ ကျုပ်တော့ဒီဆော့ဝဲကို
ပိုသဘောကျပါတယ်  Kaspersky ကိုတော့ သိပ်မတင်ဖြစ်ဘူး လေးလွန်းလို့ဗျာ။ ကြိုက်လည်းသိပ်မကြိုက်ဘူး။
တစ်ကယ်အရေးကြုံမှဘဲ ၀ယ်သုံးလိုက်မယ် သို့မဟုတ်ရင်တော့ မတင်တာကောင်းတယ်။ Core i 3 Core i 5
Core i 7 သမားတွေတော့ တင်လိုကတင်ကြပါ မိမိတို့စိတ်ကြိုက်ပေါ့ဗျာ။ ကိုယ်ကြိုက်တာကိုယ်ကောင်းတာဘဲ။


ကျုပ်ကတာသဘောသိပ်မကျတာ သဘောကျတဲ့သူတွေက များမှာပါ။ ကိုယ့်မှာဘာဘဏ်အကောင့်မှလည်းမရှိ
အရေးကြီးတာခိုးခံရအောင်ဘာမှမရှိတော့ ပေါ့ပါးတဲ့ဆော့ဝဲ နဲနဲကောင်းမယ်ထင်တဲ့ဆော့ဝဲလေးဘဲ သုံးဖြစ်တယ်။
ကျုပ်သုံးတာကတော့ Avira နှင့် Smadav ဒီနှစ်မျိုးဘဲသုံးဖြစ်တယ်။ Smadav  ကဘာကောင်းသလဲဆိုတော့ ဖိုလ်ဒါ
တွေ ဟိုက်တဲ့ဗိုင်းရပ် ပြန့်ပွါးစေတဲ့ ဗိုင်းရပ်ကတော့အတော်နိုင်တယ်ဗျာ။ Avira ဗိုင်းရပ်မှန်းတောင်မသိတာ ဒီ Smadav ဆိုတဲ့ကောင်နဲ့ သတ်မှအဆင်ပြေတယ် ဒါကြောင့်ကိုယ်သဘောကျတဲ့ ဗိုင်းရပ်သတ်သည့်ဆော့ဝဲကို အနည်းဆုံး သုံးမျိုးတော့ဆောင်ထားပါ။ install မောင်းချင်မောင်းမမောင်းချင်နေ ဆောင်တာတော့ဆောင်ထား
ကိုယ့်ကွန်ပျူတာမှာ ဗိုင်းရပ်ကိုက်နေတာသိတာနဲ့ ဆော်ပြစ်လိုက်ရုံဘဲ။ Avira နဲ့ဆို ကွစ်ကွစ်ကွစ်နဲ့တောင်နေသွား
မယ်။ ကဲAvira မှာလည်း အမျိုးမျိုးရှိပါတယ် အဲဒီထဲကမှ ကျုပ်တော့ Personal အမျိုးအစားဘဲသဘောကျတာပါ။
တစ်ချို့Avira ကတော့မကောင်းဘူးဘဲပြောရတော့မှာပေါ့ ကိုယ်မှမကြိုက်တာ။ ကဲဗျာ ဘာပဲပြောပြော မသုံးဖူးလို့
စမ်သုံးကြည့်ချင်တယ်ဆိုရင်ဖြင့် အောက်မှာဒေါင်းလိုက်ပါ။ ခုနောက်ပိုင်း 2012 နောက်ပိုင်းမှာ ကျုပ်မသုံးဖြစ်တော့ပါဘူး။ ဒါကြောင့် နဲနဲကွဲတာလေးတွေရှိနေမှာပါ။ Install ပြုလုပ်နည်း..





♣♣♣♣  Download Avira Software  ♣♣♣♣

♣♣♣♣  Download Update vdf and ivdf  ♣♣♣♣

AntiVirus နှင့်ပါတ်သက်လို့ အချိန်မရွေးဒေါင်းရန် မူရင်းဆိုက်များသို့




Update လို့ခေါ်တဲ့ VDF  and IVDF ကို ဒေါင်းရန်