မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label 1 Mobile မှာ ဒေါင်းလော့ချနည်း. Show all posts
Showing posts with label 1 Mobile မှာ ဒေါင်းလော့ချနည်း. Show all posts

Sunday, October 20, 2013

Google Play Store က Apk တွေကို ကွန်ပျူတာနှင့်ဒေါင်းဖို့ အကောင်းဆုံးလင့်လေး

Google Play Store က Apk တွေကို ကွန်ပျူတာနဲ့ ဒေါင်းလော့ချလို့ရတဲ့ ဆိုက်လင့်လေးကို IT Helper ဆိုက်
မှာတွေ့လို့ တစ်ကယ်ဒေါင်းစမ်းကြည့်တော့လည်း အဆင်ပြေတာကြောင့် ကြော်ငြာလေးဝင်လိုက်ပြီနော်။ တစ်ကယ်အဆင်ပြေပါတယ်။ နောက်ပိုင်းကျရင် ဒီထက်ကောင်းလာမယ်လို့ ကျုပ်ပြောခဲ့ဖူးပါတယ်။ ဒီထက်
ကောင်းဦးမှာပါ လိုချင်တဲ့ Apk ဖိုင်နာမည်သိဖို့က အဓိကပါ။ သို့မဟုတ် ရှာတတ်ဖို့အဓိကပါ။ ရှာတတ်ရင် ကိုယ်လိုချင်တဲ့ Apk ကို အင်တာနက်လည်းရှိမယ် လိုင်းလည်းကောင်းမယ်ဆို အချိန်မရွေး ဒေါင်းလော့ချပြီး
အသုံးပြုနိုင်နေပါပြီ။ ကဲ အသုံးပြုပုံလေးကတော့ https://play.google.com/store ကို ၀င်လိုက်ပါ ရချင်တာတွေ့ ရင် အပေါ်က https:// စတဲ့လင့်လေးကို ကူးပြီးတော့ http://apps.evozi.com/apk-downloader/ ဒီဆိုက်ကို
ဝင်ပါ။ Package name or Google Play URL ဆိုတဲ့နေရာမှာ ကူးထည့်လိုက်ပါ။ Dowload link လေးပေါ်လာ
မယ်။ Click Here to Download ဆိုတာလေး နှိပ်လိုက်ရင် ရပါပြီ။ အဆင်ပြေပါစေ..။ ပုံနှစ်ပုံနှင့် ရှင်းပြထား
တယ် မရှင်းသူများ ဆက်ကြည့်နိုင်တယ်...။
ဒီဒေါင်းလော့ချတဲ့ ဆိုက်လေးကတော့ မလေးရှားက ဆိုက်လေးဖြစ်ပါတယ်။ မလေးရှားက ပညာရှင်တွေ
ပြုလုပ်ထားတယ်ပေါ့။ အဲတော့ ဒို့တော့ ဘယ်သူဘဲလုပ်လုပ် အဆင်ပြေတာကို လိုချင်တာဆိုတော့
အဆင်ပြေရင် ပြီးတာဘဲ။ ကောင်းတာမှ ကြိုက်တာကိုး..။ ကဲ ဒို့တော့ တင်စရာလည်း ရှားတော့မယ်ပေါ့။
မိုဘိုင်း ဆော့ဖ်ဝဲတွေလည်း မိုလိုပေါက်နေတယ်။ ဒေါင်းစရာတွေကလည်း အလျှံပါယ်ဘဲ မြန်မာဆိုက်တွေ
တင် နဲတာမဟုတ်ဘူးနော်။ ကဲဘာပဲဆိုဆို ကွန်ပျူတာနဲ့ ဒေါင်းတာဆိုတော့ ပိုပြီးတော့ လျှင်မြန်တာပေါ့ဗျာ။
ရှာရတာလည်း လွယ်သွားပြီ ဒေါင်းဖို့လည်း လွယ်သွားတော့ အိုကေ စိုပြေပြီပေါ့ဗျာ။ ကဲ ကျုပ်လည်း မိုဘိုင်း
ဆိုက်လင့်လေးတွေ ညွန်ပြရတော့မှာဆိုတော့ ပိုပြီးတော့ သက်သာမှာပေါ့နော်...။ ကဲ အဆင်ပြေပါစေ...


Saturday, August 31, 2013

ALL Mobile Market သို့မဟုတ် App Store လေးများ

ဒီနေ့လည်း မိုဘိုင်းဆော့ဝဲ တင်ပေးတဲ့ free download လုပ်လို့ရတဲ့ ဆော့ဝဲလေးတွေ တင်ပေးလိုက်ပါတယ်.။ ကျုပ် Blackmart Alpha လို့နာမည်ပေးထားတဲ့ Black Market မှာ လိုက်ရှာကြည့်တာ အတော့်ကို များပါတယ်။
နိုင်ငံကို ကိုယ်စားပြုတဲ့ APP Store တွေရောပေါ့။ ကျုပ်ကတော့ ဒေါင်းထားတာလေးကိုဘဲ တင်ပေးလိုက်တော့ တယ်။ လိုအပ်လို့ လေ့လာလိုရင် အဲဒီ Black Market လေးမှာဘဲ ဒေါင်းကြတော့ဗျာ။ ကျုပ်အနေနဲ့ နောက်ပိုင်းမှာ
သူတို့ Market တွေထဲက သုံးလို့ ကောင်းတာလေးတွေ ဆိုရင်တော့ တင်ပေးမယ်။ သိပ်မလိုအပ်တာတွေတော့ မတင်ပေးတော့ဘူး။ ခုတင်ပေးတဲ့ အထဲမှာလည်း စိတ်တိုင်းကြဖြစ်တာလည်း ပါတယ် မပါတာလည်း ပါတယ်။
သို့သော်လည်း အကြိုက်ခြင်း မတူတော့ စမ်းကြည့်ပေါ့ ကိုယ်ကြိုက်တာသုံးရုံပါဘဲ။ ဒါနဲ့ တစ်ဆက်တည်း ပြောချင်
တာက  thz: Panda Antivirus ကီးလေးများရှိရင် တင်ပေးပါလားခင်ဗျာ..တဲ့ အဲဒါလေးပါ။ ကျုပ်ရှာကြည့်ပါတယ်။
မတွေ့ဘူးဗျာ။ Patch file ရော keygen ပါ ရှာကြည့်တယ်။ မနေ့က လိုင်းကလည်း သိပ်မကောင်းလို့ Youtube က ဗွီဒီယိုလည်း မဒေါင်းနိုင်ဖြစ်နေလို့ လိုင်းကောင်းရင် အဲဒီမှာလည်း ဘယ်လိုလုပ်ရမယ်ဆိုတာတွေ တင်ပေးထား
တယ်။ တစ်နှစ်စာတို့ သုံးလ ခြောက်လ free တို့တော့ တွေ့ပါတယ်။ နောက်ပြီး 2012 ကဟာတွေကလည်း မတင်
ပေးချင်ဘူး Update မဖြစ်တော့ဘူးလေ။ ဒါကြောင့်ပါ..ကဲ စမ်းသုံးလိုရင် ယူသွားကြပေါ့ဗျာ..

Thursday, August 29, 2013

Black Market Alpha 2013 ကိုယ်တိုင် ရှာဖွေထားတာလေးပေါ့

Black Market 2013 လေးကတော့ လိုက်ရှာထားတာလေးပါ ANDROID Black Market2013 နဲ့ Blackmart Alpha 2013 ဆိုပြီး နှစ်ခုတွေ့တာ နာမည်တာ ကွဲတာပါ ဆော့ဖ်ဝဲက အတူတူဘဲ ဒါကြောင့် Black Market Alpha 2013 လေးကို တင်ပေးလိုက်တယ်ဗျာ။ ကဲ Market ထဲမှာတော့ သူက နံပါတ်သုံးပေါ့။ ပထမ အကောင်းဆုံးက (1) Google PlayStore (2) ကတော့ 1Mobile Market (3) Black Market ပေါ့ အခြားသော Market တွေလည်း ရှိပါ
သေးတယ် သို့သော်လည်း ဒီသုံးခုလောက် သဘောမကျတာမို့ မထည့်တာပါ။ နောက်ပိုင်းမှာ 1Mobile Market ရဲ့ အားသာချက် PlayStore ရဲ့ အားနဲချက် ။ PlayStore ရဲ့ အားသာချက် 1Mobile Market ရဲ့ အားနည်းချက်လေး
ရေးရင် ကောင်းမလားလို့ စဉ်းစားနေတယ်.။ နိုင်ငံတိုင်း လူတိုင်းအတွက်ကောင်းတာကတော့ 1Mobile Market
လေးပါ မည်သည့်နိုင်ငံ မဆို Gmail Account / facebook Account နဲ့ ၀င်ပြီး ဒေါင်းလော့ချနိုင်တယ်လေ။ ဒါက ကွန်ပျူတာနဲ့ သုံးသူများအတွက်ပေါ့။ ဖုန်းနဲ့ကတော့ အကောင့်ဝင်စရာလိုပါဘူး.။


 ဒီ Black Market လေးရှိမယ် အင်တာနက်လည်း လိုင်းကောင်းကောင်းနဲ့ သုံးလို့ရမယ်ဆိုရင် လိုချင်တဲ့ဆော့ဝဲကို ရှာဖို့ မခဲယဉ်းပါဘူးဗျာ။ သူတို့မှာ အတော်များများ ရှိပါတယ်။ မရှိမှာကတော့ မြန်မာပြည်က ထုတ်တဲ့ ရေးသားတဲ့ APK တွေဘဲ မရှိမှာပါ ။ ကျန်တဲ့ နိုင်ငံတစ်ကာက ထုတ်လုပ်တာတွေကတော့ ရရှိမှာပါ။ ကဲ ဒီနေ့တော့ Myanmar IT Helper လည်း လူယုံသတ်လို့ အထိနာသွားပြီ။ သတိရှိကြပေါ့ဗျာ ဒါကြောင့် ကျုပ်စဉ်းစားနေတာပေါ့ ။ မေတ္တာရှင် ရွှေပြည်သာရဲ့ ယုံမှတ်လို့ ပုံအပ်မိသူများ အကြောင်းဆိုသလိုပါဘဲ..။ နိုးထလာလိမ့်မယ်လို့ ထင်ပါတယ် Backup လုပ်ထားရင် မကြာပါဘူး။ လုပ်ချင်စိတ်လည်း ရှိသေးတယ်ဆိုရင်ပေါ့..။ အားလုံး အဆင်ပြေကြပါစေ..။
ဒါလေးတော့ နဲနဲ စာရှည်သွားလို့ ခေါက်လိုက်တယ် ကျုပ်အနေနဲ့ တစ်နေရာတည်း ပြီးတဲ့အရာကို တစ်နေရာ
တည်းနဲ့ အပြီးသတ်ရေးသားပြီး လင့်လေးပါ တစ်ပါတည်း ထည့်ပေးတာက များပါတယ်။ အချို့သောပို့စ်တွေမှာ
လူတွေ ဘယ်လောက် စိတ်ဝင်စားလည်း ဆိုတာ စမ်းသပ်လိုတဲ့အတွက် ခေါက်တာလည်း ပါပါတယ်။ အဲလို ခေါက်ထားတဲ့ ပို့စ်တွေက လူကြည့် သိပ်မများတာကိုလည်း သိပါတယ်။ ဘာပဲပြောပြော မိမိတို့ လိုအပ်တာ
လေးတွေကို ယူဆောင်ကြ လာကြ အားပေးတာကိုပင် အထူး ကျေးဇူးတင်ပါကြောင်း...

ကျုပ်ဆိုက်လေးကို မတိုက်ခိုက်ပေးဖို့လည်း မေတ္တာရပ်ခံအပ်ပါကြောင်း ပညာမပြည့်သေးသူမို့ နားလည်ပေးပါ။
Hacking ပိုင်းကို သင်ပေးလိုက သင်ပေးနိုင်ကြောင်း..။ အသိပေးအပ်ပါတယ်ခင်မျာ..။ ပညာခြင်းတူရင်တော့
Level တူခြင်းဖြစ်ရင်တော့ တစ်မျိုးပေါ့ ခုက ဘာမှ မသိသေးတဲ့သူမို့ပါ..။

Black Market နောက်ဆုံးထွက်

မိုဘိုင်း နည်းပညာ သို့မဟုတ် ဆော့ဝဲလေးတွေ လိုက်ကလိချင်သူများ သို့မဟုတ် ဆော့ဝဲများကို ကိုယ်တိုင် ရှာဖွေ မွှေနှောက်ချင်သူများအတွက် ဒီနေ့ဖေ့ဘုတ်မှာ တွေ့တဲ့ ဆော့ဝဲလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ Mobile Market APK လေးတွေ စုနေပါတယ် စုပြီး တင်ဖို့ဆိုတာ ခုလောလောဆယ် အနေအထားက လိုင်း မကောင်းတော့ အလုပ်မဖြစ်လို့ပါ။ တစ်ခုစီ တင်သာတောင်မှ နှစ်ခါ သုံးခါ ကြိုးစား တင်ရပါတယ်။ ဖိုင်ကြီးလို့ လား ဒီလိုလည်း မဟုတ်ပါဘူ။ 2MB လေးပါ ဖုန်းနဲ့ Google PlayStore မှာ ဒေါင်းတာ 1Mobile မှာ ဒေါင်းလော့ ချတာ မကြာပေမယ့် တင်တဲ့အခါတော့ ကြာတယ်ဗျို့။ ဒီကောင်လေးက PlayStore ရှာကြည့်တာ မရပါဘူး။
ဘာကြောင့်လည်း ဆိုတော့ Black Market က PlayStore မှာ ရောင်းတဲ့ဆော့ဝဲတွေ Free ပေးလို့တဲ့ဗျာ။ အဲဒါ
ကြောင့်လား မသိဘူး Myanmar Mobile App တောင် သုံးမရတော့ပါဘူး သူများတွေတော့ ရလားမသိဘူး။ ဒို့
တော့ မရတာကြာပြီ.။ နောက်တစ်မျိုး ကျန်ပါသေးတယ်။ 2013 ထွက်လေး တစ်မျိုးပါ အဲဒါလေးလည်း တင်
ပေးပါ့မယ်။ Google ကတော့ ကိုယ့်ကို မုန်းနေမလားမသိဘူး ကျုပ်သုံးနေတာက သူတို့ရဲ့ အကောင့်နဲ့လေ။ တတ်နိုင်ဘူးဗျာ သူ့ကို တင်တဲ့အခါလည်း သူ့ကောင်းကြောင်းပေါ့ ခုတော့ Black Market ကောင်းကြောင်းပေါ့
ဟုတ်ဘူးလား။ ဒါပါဘဲ အဆင်ပြေပါစေ ခိုက်ရန်ပြုခြင်း ဘေးမှ ကင်းဝေးကြပါစေ...။ လောလောဆယ်မှာ ဒေါင်းဖို့
တစ်လင့်ထဲဘဲ ပေးနိုင်တယ်ဗျာ အားနာစရာကြီး.။ ကဲ dropbox ကလည်း ရှယ်ပေးဖို့ ဘာဖြစ်နေတယ် မသိပါဘူး ကျုပ်ကိုယ်တိုင် ဒေါင်းပြီး အဲဒီဒေါင်းတဲ့လင့်ကို ထည့်ပေးလိုက်ပြန်တယ်။  အဆင်ပြေပါစေလို့တာ ဆုတောင်း ရမှာဘဲ...

Sunday, August 25, 2013

Moborobo နာမည်ကြီး အသုံးများနေတဲ့ မိုဘိုရိုဘို MoboMarket

ဒီကောင်လေးကတော့ အတော်လေးကို အသုံးဝင်ပါတယ် ။ Market အနေနဲ့လည်း သုံးနိုင်သလို။ ဖုန်းတွေကို
Backup လည်း လုပ်လို့ရတယ် Viber နဲ့ချက်နေသူများအတွက်လည်း မက်ဆေ့တွေ များများရိုက်ပြီး ပို့နိုင်သ
လို.။ ရိုးရိုး Message ကိုလည်း ကွန်ပျူတာကနေ တစ်ခါတည်း လှမ်းပို့နိုင်တော့ ပိုမြန်တာပေါ့ဗျာ.။ ကွန်ပျူတာ
နဲ့ တစ်ခါတည်း စာတစ်စောင်လောက် ရေးပြီး ပို့လိုက်တော့ နှစ်ဆယ့်ငါးကျပ်နဲ့ ပြီးရော သို့မဟုတ်လျှင် တစ်
ခဏအတွင်း နှစ်ရာသုံးရာပေါ့.။ အဲလိုပြောရတာ အရေးမကြီး နောက်ကနေလိုက်လိုက်ပိတ်နေတာ ဆိုးတယ်
ကွယ့်။ ရှေ့ကကောင်းစေချင်လို့ပြော သူတို့က ငွေရပေါက်ရှာ။ အတော်ဟုတ်တဲ့လူတွေ။ ကိုယ့်မှာ မရှိတဲ့ဟာ
တွေကိုလည်း အဲဒီ Moborobo ဆော့ဝဲနဲ့ တစ်ခါတည်း တစ်ပါတည်း ကွန်ပျူတာနဲ့ဘဲ ဒေါင်းလော့ချမလား သို့
မဟုတ် မိုဘိုင်းဖုန်းနဲ့ဘဲ ဒေါင်းလော့ချမလား အများကြီးဘဲဗျာ သုံးလို့ရတာတွေကလေ.။ သူ့ကိုယ်ပိုင် Market
လေးကလည်း ရှိပြန်တော့ ပိုအဆင်ပြေတာပေါ့ဗျာ.။ ဖုန်း Screenshot ရိုက်ဦးမလား.။ ရိုက်လို့ ရတယ်..


ROM တွေ ဒေါင်းလော့ချမလား  ဂိမ်းတွေကလည်း အမျိုးမျိုး အဖုံဖုံ စသဖြင့် ကောင်းသတင်းတွေ ဝေ ဝေ။
ကောင်းခြင်းတွေ ဖြာနေတဲ့ http://www.moborobo.com/ ကိုတော့ လက်မလွတ်သင့်ပါဘူးဗျာ.။ Playstore ကို
မရမက ၀င်နေခြင်းထက် ဒီလို Market တွေမှာလည်း Playstore လောက်နီးနီး ကောင်းနေလေတော့ သင့်
ဘာကို ရွေးမလဲ ဖြစ်တော့တာပေါ့ဗျာ.။ ဟိုသီချင်းလိုဘဲ မီးနဲ့ ရေ ဘာကိုရွေးမလဲဆိုသလိုပေါ့ဗျာ..။
ခုတော့ Playstore နဲ့ MoboMarket ဘယ်ဟာ ရွေးမလဲ သို့မဟုတ် 1MobileMarket ဘယ်ဟာရွေးမလဲ သို့မဟုတ် BlackMarket ဘယ်ဟာရွေးမလဲ..။

ဒီကောင်လေးကို ကွန်ပျူတာထဲ ထည့်သွင်းပြီးတော့ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ချိတ်ဆက်ကာ တစ်ပါတည်း
ဒေါင်းလော့ချကာ တစ်ခါထဲ Install ပြုလုပ်နိုင်တယ်။ Uninstall လည်း ပြုလုပ်နိုင် ပါတယ်..။ Themes တွေက လည်း လန်းမှလန်းပါဘဲဗျာ..။ တစ်ကယ်ပါ ကောင်းလို့ ကောင်းသတင်းမွှေးတာပေါ့ ဟုတ်ဘူးလား..။ မယုံရင် လက်တွေ့တာ စမ်းကြည့်ပေတော့ဗျို့....


ကဲဗျာ Upload တင်ရတာ စိတ်ဆင်းတာဗျာ.။ တစ်ကယ်ပါ 1MB လေး
တင်တာကို အ၀ိုင်းလေးက လည်နေလေတော့ အတော့်ကို စိတ်ပျက်သွားတယ် စိတ်လည်း တိုတယ်ဗျာ။
ငွေကုန်ပြီး အဖတ်မတင်လို့။ ကုန်ရကျိုးမနှပ်လို့ ကောင်းကောင်းသုံးပြီး ကောင်းကောင်းကုန်တာက အရေး
မကြီးဘူး လိုင်းမကောင်းတာ သုံးပြီး ကောင်းကောင်းကြီး ကုန်နေတာကို မကြေနပ်တာဟေး...။
မူရင်းလင့်လေးမှာဘဲ ဒေါင်းလိုက်ပါတော့ဗျာ..။



Tuesday, August 20, 2013

Google Play Store က ဒေါင်းထားတဲ့ ဆော့ဝဲတွေကို Zapya နဲ့ Backup ယူပြီးတော့ သုံးမယ် မျှဝေမယ်..

Google Play Store က ဒေါင်းလော့ချတဲ့ အခါ ဖုန်းထဲမှာ လိုက်ရှာလို့ မရပါဘူး။ တစ်ခါတည်း ထည့်သွင်းအသုံး
လိုက်တဲ့အတွက် ဆော့ဝဲ မကျန်ဘူးပေါ့ဗျာ.။ အဲဒီတော့ တစ်ခြားဖုန်းတစ်လုံးကို  Zapya နဲ့ပို့ပြီး ပြန်ယူရတော့
နဲနဲတော့ တိုင်ပါတ်တာပေါ့ ။ အဲဒီလို အခက်အခဲမျိုးတွေ ဘလော့ကာ ဆရာကြီးတွေလည်း ခံရမှာပါ။ ကျုပ်
လည်း ဒီနည်းကို မသိတော့ ခံရတယ်ပေါ့။ ဒီနည်းလေးကို ကျုပ်ညီ ကိုပိန်လေးဆီကနေ မေးမြန်းထားရတာပါ
ကဲ Zapya နဲ့ Backup လုပ်နည်းပြောမယ်.။ Zapya ကိုဖွင့်လိုက်ပါ ဖွင့်ပြီးရင်တော့ apps ဆိုတဲ့နေရာလေးကို သွားလိုက်ပါ.။ ကဲ အဲဒီမှာ ကိုယ် Backup လုပ်ပြီး သိမ်းထားလိုတဲ့ ဆော့ဝဲလေးကို တစ်ချက်ထောက်လိုက်ပါ။
...More ဆိုတာလေးကို နှိပ်ပြီး Backup ဆိုတာလေးကို ထပ်နှိပ်ပါ ။ အ၀ိုင်းလေး သုံးစက္ကန့်လောက် လည်ပြီး
ရင်တော့ ပြီးပါပြီ.။ ဖိုင်တည်ရှိတဲ့ နေရာကတော့ Zapya သုံးဖူးသူတိုင်း သိပါလိမ့်မယ်.။ SD Card ထဲက Zapya
ဆိုတဲ့ Floder ထဲမှာ  Backup  floder လေးရှိပါတယ် အဒီအထဲကို ရောက်နေမှာပါ.။ ဒါဆိုရင်တော့ ယူပြီးတော့
သူများကို ဝေမျှလို့ ရပြီပေါ့ဗျာ..။ အကျဉ်းလေး ထပ်ရေးလိုက်ရရင်တော့.။
Zapya ဖွင့် လိုအပ်တဲ့ဆော့ဝဲကိုထောက် ...More >> Backup  ဒါပါဘဲ အဆင်ပြေပါစေ..

Wednesday, August 7, 2013

Welcome to www.myanmarmobilezone.org ဆိုက်ကြော်ငြာလေးပါ (ညီနေမင်း)

ခု ဖုန်း website အသစ်တစ်ခု အနေနဲ့ MMZ Group ခေါ် www.myanmarmobilezone.org ၀ဘ်ဆိုက်ကို အဖွဲ့ကိုယ်စား ကျနော်ပြုလုပ်ပေးထားပါတယ်။ မည်သူမဆို အခမဲ့ လိုအပ်တဲ့ software တိုင်း application တိုင်း Game တိုင်းကို လွယ်ကူတဲ့ Direct Download link ဖြင့် တင်ပေးထားပါတယ်။ နှိပ်တာနဲ့ တန်းပြီးတော့ Download link တန်းကျလာဖို့ စီစဉ်ပေးထားပါတယ်။ Direct link တွေ ထည့်ထားရတဲ့ အကြောင်းရင်းကတော့ ဖုန်းဖြင့် အင်တာနက်ချိတ်ပြီးတော့ ဆိုက်ကို ကြည့်လို့ရအောင် စီစဉ်ထားပါတယ်။ ဖုန်းဖြင့် ၀င်ကြည့်ရင်းနဲ့ Download လုပ်နိုင်ဖို့အတွက် Direct link တွေ ထည့်ထားပေးတာပါ။ အဆိုပါadf.ly link လုံးဝ မခံထားတာကြောင့် Download လုပ်မည့်သူများ အဆင်ပြေပြေဖြင့် လွယ်လွယ်ကူကူ ရယူနိုင်မှာ ဖြစ်ပါတယ်။ ၀ဘ်ဆိုက်လိပ်စာကို အဖွဲ့ရဲ့ ကိုယ်စား ကျနော်ကပဲ ကြေငြာပေးလိုက်ပါတယ်။ ၀ဘ်ဆိုက်နဲ့ ပတ်သက်ပြီး မည်သူမဆို ၀င်ရောက် အကြံပေးနိုင်ပါတယ်။ ဒါ့အပြင် MMZ Group ၀ဘ်ဆိုက်တွင် Member ၀င်ချင်လျှင် 

ဆက်သွယ်နိုင်ပါတယ်။ ကျနော်တို့ Myanmarmobilezone ၀ဘ်ဆိုက်မှ နွေးထွေးစွာ ကြိုဆိုလိုပါတယ်။ Admin 2 ဦးရဲ့ မေးလ်လိပ်စာကို အောက်မှာ ဖော်ပြပေးထားပါတယ်။ အဖွဲ့ဝင် တစ်ဦးဖြစ်လာလျှင် ကျနော်တို့ အနေဖြင့် သိသင့်သိထိုက်သည်များ၊ ဖိုင်တင်သည့် နည်းလမ်းတစ်ချို့နှင့် FTP အကောင့်တစ်ခု ပေးမှာ ဖြစ်ပါတယ်။ တင်ပုံတင်နည်းကိုလည်း သင်ပေးမှာ ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် MMZ Group ထဲသို့ ၀င်ရောက်ကြပါရန် နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ။

ဆက်သွယ်ရန်
{Member တစ်ဦးဖြစ်ရန် သိလိုသည်များကို invite လုပ်ပြီးမေးမြန်းနိုင်ပါတယ်}

  • myanmarmobilezone@gmail.com
  • zawidevice@gmail.com
Website Member ဖြစ်ရန် လိုအပ်ချက်များ။
  1. အနည်းဆုံး ပို့စ်တင်တတ်ရမည်။
  2. Download လုပ်ခြင်းနှင့် upload လုပ်ခြင်းကို နားလည်ရမည်။
  3. upload လုပ်ရာတွင် File Name တွင် By Myanmarmobilezone.org ထည့်ပေးရမည်။
  4. မိမိ website  ရဲ့လိပ်စာထည့်သွင်းပြီး မိမိဆိုက်အတွက် ကြော်ငြာသလို မဖြစ်စေရ။
  5. မိမိတင်သည့် ပို့စ်တိုင်းကို တာဝန်ယူရမည်။ တစ်ခြားဆိုက်မှ ကူးယူထားသောပို့စ် မဖြစ်စေရ။
  6. Tutorial post များအား တစ်ခြားဆိုက်မှ ကူးယူထားသည်ဖြစ်ပါက ကူးယူခဲ့သော မူရင်းရေးသားသူအား Refer လုပ်ပေးရမည်။ 
ကဲကြော်ငြာပေးလိုက်ပြန်ဦးမယ် ဒါမှ နဲနဲပြန့်သွားမှာလေ..ဟုတ်တယ်မဟုတ်လား..ဒါလေးဖွဖို့ယူလာတာ..
သိထားတော့ ပိုကောင်းတာပေါ့ဗျာ..။ အဆင်ပြေကြပါစေ...

Monday, July 29, 2013

Voga360 Mobile Market လေးပါ..

ကဲဗျာ ကွန်ပျူတာနဲ့ ဖုန်းဆော့ဝဲတွေ ဒေါင်းလော့ချလိုရင်ဘဲဖြစ်ဖြစ် မိုဘိုင်းဖုန်းနဲ့ ဒေါင်းလော့ချလိုရင်ဘဲ ဖြစ်ဖြစ်  
လင့်ကောင်းလေးတစ်ခုတွေ့လို့ ညွန်လိုက်တယ်လို့ဘဲ ဆိုပါတော့.။ ဒီနေရာလေးကလည်း အတော်လေးကောင်း
ပါတယ်.။ ခုနတင်လိုက်တဲ့ ဆော့ဝဲနဲ့ ဘာတော်သလဲတော့ မသိဘူး တစ်ဦးတည်းပိုင်တာလားတော့ မသိဘူးဗျာ.။
သူ့မှာကြော်ငြာထားတာလေးတွေ့လို့ လိုက်ကြည့်လိုက်တော့ သြော်ဒါလေးလည်း အဆင်ပြေတာဘဲဆိုပြီး ပို့စ်တင်လိုက်တာပါ.။ Market လေးတစ်ခုပေါ့.။ ဆိုက်လိပ်စာတော့ မတူဘူးဗျ အဲတော့ ကိုယ့်အတွက်တော့ မှတ်စု တစ်ခုလို ဖြစ်သွားတာပေါ့ဗျာ.။ ကျုပ်ကတော့ ကောင်းမယ်ထင်တာလေးတွေကို မှတ်စုအနေနဲ့ သိမ်းသိမ်း
ထားတာပါ. သူများတွေလို ရည်ရွယ်ချက် ကြီးကြီမားမား မရှိပါဘူး ဒါကြောင့်လည်း မအောင်မြင်တာပေါ့.။ အောင်
မြင်လို့လည်း ခုလောလောဆယ် အနေအထားနဲ့က သိပ်မလွယ်ပါဘူးနော်။ ငွေရပေါက် မဟုတ်ဘဲ ကုန်ပေါက်
လေးတွေလေ..။ ဟုတ်တယ်မဟုတ်လား.ကဲဗျာ ဘာပဲပြောပြော မရောက်ဖူးသေးရင်တော့ တစ်ခါတစ်ခေါက် အလည်အပါတ် သွားကြပေါ့.ခုကတော့ ဟိုအရင်က ပြောသလိုဘဲ မိုဘိုင်းဆော့ဝဲတွေ ပလူပျံတဲ့ခေတ်လို့လေ..
အဆင်ပြေပါစေ..။

Mobo Genie for PC (15MB)

ကဲဗျာ ကွန်ပျူတာအတွက် ဆော့ဝဲကောင်းလေးတစ်ခုတွေ့လို့ တင်ပေးလိုက်ပါတယ်.။ ဘာသုံးရလဲဆိုရင်တော့ 
အများကြီး သုံးလို့ရတယ်ပေါ့ဗျာ.။ ကွန်ပျူတာကနေ ဖုန်းထဲကို တိုက်ရိုက်ဆော့ဝဲတွေ ထည့်နိုင် ဖြုတ်နိုင်တယ်
စသဖြင့် များစွာ အသုံးပြုနိုင်ပါတယ်.။ ဒါမျိုးဆော့ဝဲတွေကတော့ အများကြီးဘဲ သူ့ဟာနဲ့သူ ကောင်းကြတာဘဲဗျာ
ကိုယ့်အကြိုက် သူ့အကြိုက်ပေါ့ ဟုတ်ဘူးလား။ ဒီကောင်လေးမှာ ဆော့ဝဲတွေလည်း ဒေါင်းလော့ချနိုင်ပါတယ် ဂိမ်းတွေရော အခြားအသုံးဝင်တဲ့ဆော့ဖ်ဝဲတွေရောပေါ့ဗျာ.အများကြီးပါဘဲ..။ အဲတော့ အသုံးဝင်တယ်ပေါ့ဗျာ.
ကောင်းလည်းကောင်းပါတယ်.။ ကိုယ်မလုပ်တတ်လို့ ကောင်းတယ်ပြောတာတော့မဟုတ်ပါဘူး.မရှိတာ မသိတာ
ထက်တော့ ကောင်းတယ်ပေါ့.။ ကဲစိတ်ဝင်စားအောင်တော့ မရေးတတ်ဘူးဗျာ ကိုယ့်အတွက် လိုအပ်မယ်လို့ထင်
ရင်တော့ ဒေါင်းပြီး သုံးစမ်းကြည့်ပေါ့.။ 30.7.2013 အမှတ်တရ..
DOWNLOAD BOX.COM   AND မူရင်းလင့် DOWNLOAD MOBOGENIE.COM

Tuesday, July 9, 2013

အကောင်းဆုံး ALL MARKET ဆော့ဝဲများ စုစည်းမှု

ကဲဗျာ လူတိုင်းသိပြီးသားဆော့ဝဲလေးတွေပါ လူတိုင်းနီးပါး သုံးစွဲနေကြတယ်ဆိုရင်လည်း မှားလည်းမှားမယ်
မှန်လည်း မှန်မယ်ပေါ့ဗျာ.။ မြို့ကြီးတွေမှာတော့ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်ကြပြီဆိုတော့ အတော်များများက
သိပြီးသားတွေပေါ့ သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာနက်တွက်ရင်တော့ 10 ပုံတစ်ပုံလောက်တောင် မရှိ
လောက်သေးဘူးပေါ့ဗျာ..။ ကဲအဒီတော့ 1500 တန်းရမှ ဖုန်းကိုင်နိုင်တဲ့သူတွေလည်း အဆင်ပြေအောင်ပေါ့
နောက်ပြီး လာမယ့်1500 တန် ကိုင်ဆောင်ပြီး ခုမှ စကလိကြမယ့် သူတွေအတွက်လည်း အဆင်ပြေအောင်
ဆိုပြီးတော့ကာ တင်လိုက်တယ်လို့ သဘောထားပါတယ်.။ ကဲဒီနေ့တော့ ကျုပ်ဘ၀မှာ ဟာသလေးတစ်ခု
ဖြစ်ပေါ်သွားတယ်ပေါ့.။ အင်တာနက်လောကမှာတော့ ကြုံဖူးသူတွေလည်း ရှိမှာပါ.။ ဘာလဲဆိုတော့ကာ ကျုပ်က ဗုဒ္ဓဘာသာဖြစ်သည့်အလျှောက် ကိုယ့် Facebook Fan Page Like လုပ်ပေးကြတဲ့သူတွေက 786 
ယောက်မြောက်မှာ ရပ်တန့်နေလို့ အကူအညီတောင်းလိုက်တာလေးကိုပေါ့.။ ခုတော့ အဆင်ပြေသွားပါပြီ။
အဲဒီအတွက်လည်း ကျေးဇူးအထူးတင်ပါတယ်နော်.။



ကဲဆော့ဝဲအကြောင်း နဲနဲပြောပါရစေတော့ဗျာ.။ ဘာလဲဆိုတော့ကာ 1Mobile Market ဆိုတာကလည်း ဖုန်း
သုံးစွဲနေတဲ့ ခေတ်လူငယ်တွေကြား ရေပန်းအစားဆုံးဆော့ဝဲလေးပါ.။ ဒါကတော့ သုံးတတ်တယ်.။ နောက်ပြီး
Black Market ဆိုတဲ့ဆော့ဝဲကလည်း လူတိုင်းသိတယ် သုံးတတ်တယ်.။ နောက်ဆုံးတစ်ခုကတော့ ခုထိတိုင်
Google Play Store ကို ၀င်ရောက်လို့ ရတဲ့ဖုန်းရှိပေမယ့် မ၀င်ရောက်တတ်တာကြောင့်တစ်ကြောင်း အကောင့် မရှိတာကြောင့်တစ်ကြောင်း လေ့လာခြင်းမရှိတာကတစ်ကြောင်း အလိုအကြောင်း2 ကြောင့်
မ၀င်ဘဲနေကြသူများလည်း ရှိတယ်ဗျာ.။ ကိုယ်တွေ့လေးတွေပါ.။ ခုမှ ဖုန်းကိုင်ခါစဆိုတော့လည်း အပြစ်မ
တင်ရက်ပါဘူး ကိုင်တာကြာတဲ့သူများကလည်း တောသားတွေဆိုတော့ သိတဲ့အတိုင်း ဖုန်းဆက်လို့ ရရင်
ပြီးရော ဖုန်းဈေးကြီးတာ ၀ယ်ကိုင်ပေမယ့် နားလည်မှု မရှိတော့ သိပ်ကြီး ပြည့်ပြည့်၀၀ မခံစားကြရဘူးပေါ့
ဗျာ.။ အဲဒါလေးတွေ တွေ့နေရတယ် ကြုံလည်း ကြုံရပါတယ်..။ 

ကဲဗျာ အဲဒါတွေထားပါတော့ ခုတော့ နည်းပညာလိုက်စားနေတဲ့ ခေတ်လူငယ်တွေအတွက် ပြောချင်တာ
လေးကတော့ ကျုပ် Google Play Store ကိုဝင်ရောက်နိုင်တဲ့ ဆော့ဝဲနှစ်မျိုးထည့်သွင်းပေးလိုက်တယ်..။ တစ်
ခုကတော့ Android Version 2.3 ဖုန်းတွေမှာ အထူးသဖြင့် Root လုပ်ထားပြီးတဲ့ ဖုန်းတွေအတွက်က တစ်မျိုး
ပါ.။ နောက်ပြီးတော့ Android Version 4.0 အတွက်ကတစ်မျိုးဆိုပြီး နှစ်မျိုး တင်ပေးလိုက်တယ်.။ ခုနောက် 4.0 ကတော့ ကျုပ်မစမ်းဖူးသေးတာ အမှန်ပါ စမ်းစရာ ဖုန်းတို့ တက်ဘလက်တို့ကလည်း ခုတစ်လော နဲနဲ
ရှားနေတာကြောင့်ပါ.။ အဲဒီတော့ ၀င်လို့မရသေးသူများ ဒီဆော့ဝဲလေးနဲ့ စမ်းကြည့်ပါ..။ 

ထည့်သွင်းပြီးရင်တော့ အင်တာနက်ဖွင့်ပြီးတော့ ဆော့ဝဲကို ဖွင့်ပါ မိမိဖုန်း Version ကိုရွေးခြယ်ပြီးတော့ 
နှိပ်လိုက်ပါ Restart ကျသွားလိမ့်မယ်. ပြီးရင် ပြန်တက်လာမယ်..။ အင်တာနက်ဖွင့်ထားပါ Market ဆိုတဲ့
Icon လေးပေါ်နေမယ် အဲဒါလေးကိုဖွင့်ပါ.ပြီးရင် Email လိပ်စာနဲ့ Password တောင်းရင် မိမိရဲ့ Email နဲ့
Password ကို ဖြည့်ပေးပါ အခြို့ဖုန်းက မတောင်းဘူး တောင်းရင်ဖြည့်ပေးပါ..။ ဖြည့်ပေးပြီးရင်တော့ အဆင်
ပြေပါပြီ.။ အဆင်မပြေတဲ့ ဖုန်းကတော့ Google Market Icon ပုံလေးပေါ်ပေမယ့် ဖွင့်လိုက်ရင် ခဏတာပေါ်
ပြီး ပြောက်သွားပါတယ်.။ အဲဒါဆို လက်မခံတဲ့ဖုန်းဘဲ ဒါကြောင့် အဆင်မပြေရင် အဲဒီဆော့ဝဲကို ဖြုတ်ထုတ်
လိုက်ပါ နောက်တစ်ခုနဲ့ စမ်းပေါ့ဗျာ..။ စမ်းလို့ အဆင်ပြေရင်တော့ အဲဒီကောင်ကို သိမ်းထားပေတော့ဗျို့

ကဲဗျာ ဒါပါဘဲ စာရေးလိုက်တာ အတော်များသွားတယ် သီးခံပါ..သို့မဟုတ် မဖတ်ချင်လျှင် ကျော်သွားပေါ့
ဒေါင်းစရာရှိတာ ဒေါင်းသွားပေါ့ ဟုတ်ဘူးလား..မသိသေးတဲ့သူတွေအတွက် ရေးလိုက်တာပါ...။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...ကျုပ် ၈ နာရီလောက်က ဒီဆော့ဝဲတင်သေးတယ် အဆင်မပြေဘူး ခု
တော့ ဖုန်းပြောင်းလိုက်တယ်..Huawei 8660 နဲ့က ကိုယ်သုံးနေကြဆိုတော့ အင်တာနက်သုံးရတာ အတော်
အဆင်ပြေတယ် မြန်ဆန်မှုရှိတယ်ပေါ့...။ Huawei 8825 နဲ့က ကံစမ်းမဲလိုဘဲ ချိတ်လို့ ရတဲ့အခါရ မရတဲ့အခါ
မရနဲ့ ဘ၀ခရီးကြမ်းလျှောက်လှမ်းနေရတယ်...ဗျာ...။ 10.7.2013 အမှတ်တရ..


 

Tuesday, July 2, 2013

ဘယ်လိုဖုန်း အမျိုးအစားကို ၀ယ်သင့်သလဲနှင့် Google Play Store ကိုအကောင်းဆုံး ၀င်ရောက်နည်း

ကဲဗျာ ဒီနေ့တော့ကျုပ်လည်း နည်းကောင်းလေးတစ်ခုပေးမယ်ဗျာ ဘာလဲဆိုတော့ ဖုန်းနဲ့ Google Play Store ကို ဘယ်လိုဝင်ရမလဲဆိုတော့.။ နံပါတ်တစ်အနေနဲ့ ငွေတစ်သိန်းကျော်လောက် ရှိဖို့လိုအပ်ပါတယ်.။
မရှိရင်လည်း စုပါ.။ စုပြီးရင် Android Version 4.0 နှင့်အထက်ရှိတဲ့ မိုဘိုင်းဖုန်းတစ်လုံးတော့ လိုအပ်တာ
ပေါ့ သြော်ဖုန်းဆိုလို့ ကိုယ့်အကြိုက်ကတော့ နောက်ကင်မရာကတော့ အနည်းဆုံး 5.0 လောက်တော့ ရှာပါ
ရှေ့ကင်မရာကတော့ 3.2 လောက်ပေါ့ဗျာ..။ မြန်မာပြည်အနေနဲ့ကတော့ ငွေမရှိတဲ့ခင်ဗျားတို့ ကျုပ်တို့လို
လူတွေအတွက်ပေါ့ဗျာ. ကောင်းတာတော့ ကိုင်ချင်တာပေါ့ နောက်ဆုံးပေါ်တာတွေချည်း ပစ်ကိုင်ချင်ပေ
မယ့် ကိုယ့်မှာငွေက အလုံအလောက်မရှိဘူးလေ.။ အဲတော့ ပေါချောင်ကောင်းလေးတွေ ၀ယ်ကိုင်မယ်ဆို
ရင်တော့ Huawei အမျိုးအစားထဲမှာ တစ်သိန်းနှစ်သောင်း တစ်သိန်းခွဲလောက်ရှိတဲ့ ဖုန်းကိုရွေးချယ်သင့်
ပါတယ်.။

အဓိကအချက်တွေကတော့ (၁) ဖုန်းကင်မရာရှေ့နောက်ပါတာကိုရွေးချယ်ပါ.။ (၂) အနေနဲ့ကတော့ ဖုန်း
ဝင်ဆံ့မှု ပမာဏကိုကြည့်ပါ 4GB လောက်ဝင်ဆံ့တာကို အနိမ့်ဆုံးထားရွေးချယ်ပါ.။ Vesion ကိုကြည့်ပါ.။
အနည်းဆုံး 4.0 လောက်ကိုဝယ်ပါ.။ ကဲဟုတ်ပြီ ဒါတွေတော့ပြည့်စုံပြီး မူရင်းပါလာတဲ့ဆော့ဝဲတွေကိုလည်း
ထည့်စဉ်းစားပါ.ခုနောက်ပိုင်းလာတဲ့ ဖုန်းလေးတွေမှာ Talk ဆိုတဲ့ ဆော့ဝဲလေးဟာ အင်မတန်ကောင်းပါ
တယ်.။ ဘာကောင်းတာလဲဆိုတော့ ရှေ့ကင်မရာပါသူချင်းဆို Video Call ပြောလို့ရတာကြောင့်ပါ.။ Gmail
account ရှိသူတိုင်းအတွက် အကောင်းဆုံးပေါ့ဗျာ.။ ဒါကြောင့် ရှေ့ကင်မရာပါဝင်မှုကိုရွေးချယ်ပေးရတာပေါ့
ရှေ့ကင်မရာ ပါလို့ အကျိုးကျေးဇူးကို ဒီလောက်ပြရင် သိလောက်ပြီး ရှေ့ကင်မရာမပါရင် ကိုင်ရတာပေါ့
ပြက်ပြက်ဖြစ်နေမယ်.။ ဒါကတစ်ချက် ခေတ်ကို ကြိုကြည့်ရတယ်လေ ကိုယ်ကနောက်တစ်လုံးဝယ်ဖို့ဆိုတာ
မလွယ်ကူတော့ ကြိုတွေးရတာပေါ့ အင်တာနက်မြန်နှုန်းတွေ တိုးလာမယ် နောက်ပြီး VideoCall ၀န်ဆောင်
မှုတွေ ပါလာတော့မယ် အလိုအရှည်ကိုကြိုကြည့်ပြီး ၀ယ်ရမှာပေါ့..။ ကဲဒါဆိုရပြီ ..

ကဲနောက်တစ်ခုကတော့ ဖုန်းRoot လုပ်ထားဖို့အရေးကြီးတယ် Root ဆိုတာကလည်း နောက်ပိုင်းမှာ ဒီလောက် မလုပ်ရလောက်တော့ပါဘူး ဖုန်းဝန်ဆောင်မှုတွေမှာ မြန်မာစာ တစ်ပါတည်းပါလာတော့မယ်.။
ကဲဒီတော့ Google Play Store ကိုဝင်ရောက်ချင်တယ်ဆိုရင် Google Play Store Market ဆော့ဝဲကို
ရတဲ့နေရာမှာယူပါ.။ 1Mobile ဘဲဖြစ်ဖြစ် မိမိတို့ သူငယ်ချင်းတွေထံမှာဘဲဖြစ်ဖြစ် ယူထားဆောင်ထားပါ.။
ကဲရပြီဆိုရင်တော့ Install လိုက်ပါ အင်တာနက်ဖွင့်ပါ.။ မိမိအသုံးပြုနေတဲ့ Gmail ကိုလည်း အသုံးပြုနေကြ
ဖြစ်တဲ့ မူရင်း Browser မှာ ၀င်ထားတာအကောင်းဆုံးပါ ၀င်ထားပါ.။ ဒီ Install လုပ်ခြင်း အင်တာနက်ဖွင့်
ခြင်းချိတ်ဆက်ခြင်း Gmailအကောင့်ဝင်ခြင်းကိစ္စပြီးရင်တော့ Google Play Store Market ဆော့ဝဲလေးကို
ဖွင့်လိုက်ပါ.။ Gmail အကောင့်တောင်းပါလိမ့်မယ် မိမိအသုံးပြုနေကြ Gmail account လေးကို ထည့်ပေး
လိုက်ပါ ကဲခဏစောင့်ပါ ကဲ Play Store ထဲရောက်ပါပြီ..။ နည်းတစ်ကာ့ နည်းထဲမှာ ဒီနည်းအကောင်းဆုံး
ပါဘဲ.။ ကျုပ်လည်း ကိုယ့်သူငယ်ချင်းဆီက 75000 ခွဲနဲ့ ယူလိုက်တာ ပေါချောင်ကောင်းလေး ခုတော့ Play
Store ထဲဝင်ရောက်လို့ ရသွားပါပြီး အခြားဆိုက်တွေမှာ ဒေါင်းလော့ချတာထက် အလွန်လျှင်မြန်တာကို
တွေ့ရပါတယ်.။

ကျုပ်ခုဝယ်လိုက်တာကတော့ စင်္ကာပူကိုပို့တဲ့ တရုတ် Huawei U8825 အမျိုးအစားပါ.။ ကွန်ပျူတာနဲ့ တွဲ
သုံးရတာတော့ သိပ်မမိုက်လှဘူးဗျ.။ ခုမှစသုံးတာဆိုတော့ အထာလေးတွေလိုနေသေးတယ်.။ သူ့မှာ စနစ်
တွေ ကျုပ်ပထမကိုင်တဲ့ Huawei U8660 ထက်သာတဲ့အချက်တွေအများကြီးဘဲ။ သို့သော်လည်း အားနည်း
ချက်လည်းရှိပါတယ်.။ အသံထွက်နှုန်းကတော့ U8660 ကိုမမှီဘူး နောက်ပြီး ဖုန်းကနေ၀ိုင်ဖိုင်လွင့်ပြီး ကွန်
ပျူတာနဲ့ ချိတ်မယ်ဆိုရင် အခက်အခဲဖြစ်နေခြင်း အဒါလေးတွေ အားနည်းချက်ရှိတယ်ပေါ့။ ဒါကလည်း ကိုယ်က အထာမနပ်သေးလို့ ဖြစ်ပါလိမ့်မယ်..။ ကဲအားလုံးဘဲ...ငွေစုပြီးတော့ 1သိန်းကျော်တန် ဟန်းဆက်
အမျိုးအစားလေးနဲ့ လန်းနိုင်ကြပါစေ..။ ဖုန်းဝယ်မယ်ဆို ကျုပ်ပြောခဲ့တာလေးတွေကို သတိယလိုက်ပါ.။
အနာဂါတ်ကိုကြိုမြင်ပြီး ၀ယ်သင့်တယ်နော်.။ ကဲမိတ်ဆွေတို့ဟာ ခေတ်လူငယ်တွေ ဖြစ်သည့်အလျှောက်
ဒါတွေကို ကိုယ့်ထက်သိပြီး ဖြစ်ပါလိမ့်မယ် ဒါကတော့ ကျုပ်လိုငွေမရှိတဲ့ သူတွေအတွက် နည်းကောင်းလေး
တွေပေါ့ဗျာ.။ ငွေကြေးတတ်နိုင်သူတွေအတွက်တော့ မပြောလိုပါဘူး..တစ်လုံးဝယ်ပြီးရင် နောက်တစ်လုံး
ဝယ်ယူဖို့ မလွယ်ကူသူများအတွက် အကောင်းဆုံး အကြံပေးခြင်းဆိုလဲ မမှားပါဘူး...

အာလုံး နည်းပညာဗဟုသုပြည့်စုံကြပါစေ.မိုးကောင်းကင်..မှော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်..အုန်းသာစံပြ
ကျေးရွာ...လိုက်မေးနေလို့ အဲဒါထည့်ပေးလိုက်တာ...မကြည့်ဘဲနဲ့ မလေ့လာဘဲနဲ့မေးရင် ဟာသလိုဘဲဗျ
ဟုတ်တယ် တစ်ကယ်ပါ သေချာမကြည့်ဘဲနဲ့ မေးချင်တာကဇွတ်ဘဲ..ဒါပါဘဲ အမေးအမြန်းမထူကြဖို့လည်း
တိုက်တွန်းပါရစေ....3.7.2013 အမှတ်တရ...

Wednesday, January 2, 2013

1Mobile က ဖုန်းဆော့ဝဲ (၂) သိန်းကျော်ကို ကွန်ပျူတာနဲ့ အားရပါးရ ဒေါင်းလော့ချပြီး သုံးကြရအောင်လားဗျာ

ကဲဗျာကျုပ်လည်း 1Mobile ကို ဟိုအရင်က ၀င်ဖူးပါတယ်။ ဒါပေမယ့် ဆော့ဝဲတွေ ဒေါင်းမရလို့ နောက်ပိုင်းမ၀င်
ဖြစ်ဖူး။ ကဲအခုတော့ လူတိုင်းတော့ သိပြီးတော့မယ် ကျုပ်တော့ ဒီနေ့မထင်မှတ်ဘဲရောက်သွားတယ်။ အဲဒီမှာ
ဆော့ဝဲလေးတွေ ဒေါင်းချင်လို့ ဘယ်လိုလုပ်ရမလဲ သူများပြောတာတော့ gmail အကောင့်နဲ့ ၀င်ပြီးမှ ဆွဲလို့ရတယ်
ကြားတယ်။ ဒါနဲ့ ၀င်ကြည့်တယ် ရပါတယ်။ ဒီညနေမှ သေချာအောင်ပြန်လုပ်ကြည့်တော့ gmail အကောင့်မ၀င်ဘဲ
လည်း ရပါတယ်။ ဆွဲရတာလေးက မခက်ပါဘူးဗျာ လွယ်လွယ်လေးပါ။ ကျုပ်တို့က Install တွေချည်းနှိပ်မိနေလို့
တာ ဆွဲမရတာပါ။ သူ့နောက်မှာ ♥ ဒီလို အောက်စိုက်မြားလေးရှိပါတယ် အဲဒါလေးကိုနှိပ် နောက်ပြီး to PC ဆိုတာ
လေးကို နှိပ်လိုက်တာနဲ့ ဒေါင်းလော့ချ Save ဘောက်လေးကျလာမယ်။ ဒါဆို OK ပေါ့ဗျာ။ ဒါပါဘဲ လွယ်လွယ်လေး
နော်။ ကျုပ်ဆိုက်မှာ နောက်ပိုင်းမိုဘိုင်းဆော့ဝဲတွေ သိပ်မတင်ဖြစ်လောက်တော့ဘူး။ ဒီနေရာကတော့ အကောင်း
ဆုံးလို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ Software ပေါင်း နှစ်သိန်းကျော်ကို Free Download လုပ်လို့ ရတာပါဘဲ
ကဲ မိုဘိုင်းဆော့ဝဲလိုချင်ရင် အဲဒီမှာ သွားဆွဲကြရအောင်နော်။ ကောင်းတာလေးတွေတွေ့ရင်တော့။ တင်ပေးပါ့
မယ် ထူးဆန်းတာလေးတွေပေါ့။ ကဲ အပေါ်ကနည်းကတော့ အကောင်းဆုံးဘဲ ကိုယ်ရှာချင်တာကို Search မှာ ရိုက်ထည့်ပြီးရှာပါ။ ကြိုက်တာတွေ့ရင် ဒီနည်းအတိုင်းဒေါင်းကြပါတော့ဗျာ။ နောက်နည်းလေးတွေ ကြည့်ချင်သေး
ရင် အောက်မှာ ဆက်ကြည့်လိုက်ပါဦးနော်....။ www.1mobile.com
ဒေါင်းလော့ချရတာ ၀ါသနာပါနေသူများအတွက် 1mobile apk နောက်ဆုံးထွက်လေးပါ။ DOWNLOAD 






ဒါကတော့ မိမိကြိုက်တာလေးကို Right Click နှိပ်ပြီး စာမျက်နှာအသစ်ခေါ်ကာ ဒေါင်းလော့ချတဲ့ နည်းလေးပါ။


တစ်ကယ်လို့များ gmail နဲ့မှ ဒေါင်းလော့ချလို့ ရမယ်ဆိုရင်တော့ ဒီနေရာလေးနှိပ်ပြီးသွားလိုက်ပေါ့။


မိမိရဲ့ gmail အကောင့်နဲ့ ၀င်လိုက်ပါ။ တစ်ခုတော့ သတိထားပါ။ Sign in နောက်မှာ အမှန်ခြစ်လေးတော့ မချစ်ပါနဲ့
အဒါလုပ်ထားရင် အင်တာနက်ဆိုင်မှာဆို မင်းအကောင့်တော့ သူများနောက်ပါသွားပါလိမ့်မယ်။ ဒီအမှန်အမှတ်
သားက အမြဲတန်း ကိုယ်ပိုင်ကွန်ပျူတာနဲ့ အကောင့်ဝင်ရမှာ ပျင်းလို့သုံးတဲ့နည်းပါ။ ဒီအမှန်ခြစ်ထားရင်နောက်
ကွန်ပျူတာ ဘယ်လောက်ပိတ်ပိတ် နေ့တိုင်း အဲဒီမေးကို ဖွင့်လို့ ရနေလို့ပါနော်။ ဒါတော့ သတိထားပါ..


ဒါလေးကတော့ ဆော့ဝဲဖိုင်ဆိုက်ကြီးနေရင် တစ်ခြား Internet Download Manager နဲ့ ပြောင်းဆွဲတာပါ။ သိထား
သင့်လို့ တင်ပေးတာပါနော်။ သိတဲ့အတိုင်းဘဲ ကိုယ်ဆွဲတဲ့ လင့်လေးကို Right Click နှိပ်ပြီး Copy Download Link ကို နှိပ်ပါ။


ကော်ပီကူးတဲ့ သဘောပါဘဲကွယ် ဒါလေးကို Internet Download Manager ဖွင့်ပြီး တော့ အောက်က ပုံလေးလို
ဘဲ ပြုလုပ်လိုက်ပါနော်။
 ကဲ ဒီလောက်ဆို ရှင်းလောက်ရောပေါ့ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ အသိနောက်ကျတဲ့ ကျုပ်ကို ခွင့်လွတ်
ပေးပါ။ ကျုပ်ထက်သိတဲ့သူတွေတော့ များမှာပါ။ ကျုပ်လို မသိသေးတဲ့ သူများအတွက်ပေါ့ဗျာ။
2.1.2013 အမှတ်တရပေါ့ကွယ်။ 1Mobile မှာရှိတဲ့ နှစ်သိန်းကျော်တဲ့ ဆော့ဝဲတွေကို ကွန်ပျူတာနဲ့ အားရပါရ ဒေါင်းလော့ချပြီး သုံးကား ပြုံးပျော်နိုင်ကြပါစေ...