မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label Root ဆော့ဝဲနှင့် Root လုပ်နည်းများ. Show all posts
Showing posts with label Root ဆော့ဝဲနှင့် Root လုပ်နည်းများ. Show all posts

Sunday, September 1, 2013

One Click Recovery ၀င်တဲ့ဆော့ဝဲ (Mobile House)

အခုပြောပြပေးမှာကတော့ Android ဖုန်း အားလုံးအတွက် Recovery Mode ၀င်နည်း ဖြစ်ပါတယ်။ အရင်က Recovery mode ကို ၀င်ဖို့ဆိုရင် ဖုန်းအမျိုးအစားပေါ်လိုက်၍ သက်ဆိုင်ရာ ခလုပ်များကိုနှိပ်ရပါတယ်။ အခုပြောမည့် နည်းကတော့ ဘာခလုပ်မှ နှိပ်စရာမလိုတော့ပါဘူး။ လိုအပ်သော One Click Recovery ဖိုင်ကိုဒေါင်းပါ။ One Click Recovery ကို ဒီမှာဒေါင်းပါ ။ DOWNLOAD MDF  OR DOWNLOAD DROBOX
phone ရဲ့ Setting > apps > development > debugging mode ကို အမှန် ခြစ် ပါ ။ ics မှာ တော့ setting ထဲမှာ development ဆိုတဲ့ ထဲ မှာ ၀င် ရမှာ ပါ ။ Driver မသိရင် မရ တာ မလို့ Driver သွင်းထားပါ ။ဒေါင်း၍ရလာသော One Click Recovery.rar ကို ဖြေချလိုက်ပါ။ အဲဒီထဲမှာ ပါလာတဲ့ One Click Recovery.exe ကို ကွန်ပျူတာပေါ်မှာ install လုပ်လိုက်ပါ။ desktop ပေါ်မှာ One Click Recovery ဆိုတဲ့ Icon လေး တွေ့ရပါလိမ့်မယ်။Recovery mode ၀င်ချင်တဲ့ ဖုန်းကို power ဖွင့်ပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ပြီးလျှင် desktop ပေါ်က One Click Recovery ကို run လိုက်ပါ။ အောက်ပါပုံက box ကလေး တွေ့ရပါလိ့မ်မယ်။

Click To Enter Recovery ကို နှိပ်လိုက်ပါ။ ကဲ အခု ဖုန်းလေးကို ကြည့်လိုက်ပါ Recovery mode ထဲ ရောက်သွားတာ တွေ့ရပါလိ့မ်မယ်။

အားလုံးပဲအဆင်ပြေကြပါစေ....... ။

မှတ်ချက် - သွင်းထား သော recovery ထဲ သာ ရောက် မယ် ။ ဘာ မှ မသွင်း ထား ပါ က နဂို recovery ထဲ သာ ရောက် ရှိ ပါ မယ် ။ ခေါ် မရ ပါ က မူရင်း recovery ပျက် နေ ခြင်း ၊မပါ ခြင်း ကြောင့် ဖြစ် တက် ပါ တယ် ။


adb နဲ့ cmd သုံးခေါ် ချင် ရင် တော့ adb devices ဆို ရိုက် ပြီး enter ခေါက် လိုက်ပါ ။။ သိ ရင် a2012vae01e0a device ဆို ပြီး ပေါ် ပါ မယ် ။ ရှေ့ က ပေါ်ချင်တာ ပေါ် ပါမယ် ။

ပြီးရင် adb reboot recovery ဆို ရိုက် ပြီး enter ခေါက် လိုက်ပါ ။ခဏ စောင့်ပါ ။သူဘာ သူ reboot ကျ ပြီါ် ၀င်သွားပါမယ် ။
 MOBILE HOUSE ဖေ့ဘုတ်မှ ကူးယူဖော်ပြထား
https://www.facebook.com/MobileHouseServiceCentre?ref=stream&hc_location=stream

Sunday, August 18, 2013

Huawei တွေ Firmware ရှာရာမှာ ကူညီပေးမယ့် Huawei Firmware Search Engine (Ko Ko Wynn Pyay)

Firmware ရှာတာ Pro တွေအတွက်တော့ လွယ်ကူတယ်ဆိုပေမယ့် ကျွန်တော်တို့လို မိုလ်ဘိုင်းလောကထဲဝင်ကစ လူတွေအတွက်တော့ ခက်ပါတယ်... ပြီးခဲ့တဲ့နှစ်ရက်လောက်က Y320-U01   လေးကို Firmware ရှာတာ မူးနောက်သွားလို့ ဆိုပြီးတော့ လွယ်ကူစွာ ရှာဖွေပေးနိုင်ပြီး ဒေါင်းယူနိုင်တဲ့ Search engin လေးကို  Developer Ko Kyaw Swar Thwin နှင့် Designer Green Like Orange တို့ဖန်တီး ထားသော ဆော့ဝဲလ်လေးကိုပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။အသုံးပြုပုံနည်းလမ်းလေးကလည်း
လူကွယ်ပါတယ်။ ကိုကျော်စွာသွင် ညွှန်ပြထားတဲ့အတိုင်းသာ လုပ်လိုက်ပါ အောက်မှာ တစ်ခါတည်းဖော်ပြ   ပေးထားပါတယ်။ ရှာပုံရှာနည်းကတော့ တရုတ်ဘက်ကသွင်းတဲ့ အလုံးတွေအတွက်ဘယ်ဘက်အပေါ်ဘက် က ComboBox လေးကို Click ပြီး China ကိုရွေးပါ... Singapore နဲ့ တစ်ခြားအလုံးတွေဆိုရင်တော့ Global ကိုရွေးပါ ထို့နောက် SearchBox မှာ ဖုန်းအမည် ဥပမာ Ascend P6 (သို့) ဖုန်းမော်ဒယ် ဥပမာ G610-U00 အစရှိသဖြင့် ရိုက်ပြီးရှာနိုင်ပါတယ်ခင်ဗျား...

Wednesday, August 7, 2013

Huawei C8813 official Rom + Root ( သစ်ဆန်းခန့် )

ကဲ Huawei C8813 Root  လုပ်နည်းကတော့ သစ်ဆန်းခန့်က ယူခဲ့ပြီဗျာ.။ ရှာတတ်မှာ မဟုတ်တော့ တစ်ခါထဲ
လှုပ်ရှားထားလိုက်တာ အဆင်ပြေမယ်.။ ညီလေးသစ်ရေ ခွင့်ပြုနော်.။ ဒီမှာတော့ ကိုကြီးကို အပူကပ်လာလို့ ပြေး
ပြီးတော့ လာခဲ့ရတာဘဲဗျာ.။ ကဲမောင်သစ်ရဲ့ အကူအညီနဲ့ ဖြေရှင်းလိုက်တယ်လို့ဘဲ ဆိုပါတော့ဗျာ.။ နားတောင်
ပူလာပြီ.။ ဒါပါဘဲဗျာ.။ သူ့က C8813 ကို Root ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပါလိမ့်မယ့်.။ Google ရှိနေသ၍ ရှာရဖွေရတာ လွယ်ပါတယ်ကွယ်.။ ကိုယ်တိုင် ရှာစမ်းကြည့် Seach ဘောက်လေးမှာ ကိုယ်လိုချင်တဲ့ အရာကို
နာမည်လေးရိုက်ပြီး ရှာရုံဘဲ ကိုယ်မသိတာကို အမေးသဘောလေး How to ဆိုပြီး ထည့်ပြီးရိုက်ရှာလိုက်ရင် အဆင်ပြေတာကို ဥပမာပေါ့ဗျာ How to c8813 framware install ဆိုလို့ရှိရင် သူ့နဲ့ ပါတ်သက်တာတွေ ကျလာ
မယ် အဲဒီမှာ လိုက်ကြည့်ရုံဘဲ အဆင်ပြေရင်ယူရုံဘဲလေ.။ မောင်သစ်ဆန်းခန့် ရေးသားပုံ....
Huawei C8813 Root ဖို့ လိုအပါဒါလေးကိုအောက်မှာဒေါင်းပါ
Huawei C8813 Root zip ကိုဒီမှာဒေါင်းပါ http://www.mediafire.com/?kq8t1b2fsfmksa3
official Rom ကို ဒီမှာဒါင်းပါ http://www.huaweidevice.com/cn/downloadCenter.do?method=toDownloadFile&flay=software&softid=NDIyNDE=
Root နည်ကိုပြောပါမယ် Unlock Bootloader ကိုအရင်ဆုံးလုပ်ရပါမယ် အောက်ကလင့်မှာသွားလုပ်လိုက်ပါ
မိမိ gmail ထဲကို Unlock Code ရောက်လာပြိးဆိုရင် Root လုပ်ဖို့ ဒေါင်းထားတဲ့ Zip ကိုဖြည်လိုက်ပါ
C8813 Unlock.exe . C8813 USB Driver. C8813_OneKeyTools .C8813Root.zip လေးမျိုးလုံးပေါင်းထည့်ပေးထာပါတယ် 
၁ မိမိ ဖုန်း ကို Unknown Soures & USB debugging ကို အမှန်ချစ်ပေးထားပါပြီးရင်ဖုန်းကိုပိတ်ပါ
  ဘက်ထရီဖြုတ်ပါ 10 စက္ကန့် လောက်ထားပါ ဘက်ထရီပြန်တတ်ပါ VOL Down + power နိပ်ပေးပါ
Huawei Logo မှရမ်နေပါမယ် C8813 Unlock.exe ကို Runလိုက်ပါ ဖုန်းကို pc နဲ့ ချိတ်လိုက်ပါ
မိမိ gmail ထဲ ကိုရောက်လာတဲ့  Code ကိုဖြည့်ပေးပြိး Enter နိပ်လိုက်ပါ Unlock လုပ်သွားပါမယ် 
2 မိမိ Reboot လုပ်ပြီးပြန်တက်လာပါမယ် ဖုန်းကိုပြန်ပိတ်ပါ C8813Root.zip ကို SD Card ထဲ Copy ကူးထည့်လိုက်ပါ ဘက်ထရီဖြုတ်ပါ 10 စက္ကန့် လောက်ထားပါ ဘက်ထရီပြန်တတ်ပါ VOL Down + power နိပ်ပေးပါ logo မှာ ရမ်နေပါမယ် pc နဲ့ ပြန်ချိတ်လိုက်ပါ C8813_OneKeyTools ကို Run လိုက်ပါ ဘယ်ဘက် ဘေးက နံပါတ် 3 အကွက်မှာ  Bootloader & Recovery ဆိုတဲ့ စာပါဒါကို နိပ်လိုက်ပါ 
3 မိမိ ဖုန်း Reboot လုပ်သွားပါမယ် ပြန်တက်လာရင် Recovery Mode ကိုရောက်သွားပါမယ်
  အဲလောက်ဆိုရင် သိလောက်ဘာပြီးနော် ဘာကျန်လဲ ဆိုဒါ  ကို install sd ကိုရွေးပေးလိုက်ပါ 
  C8813Root.zip ကို install လုပ်ပေး
လိုက်ပါ ပြီး၇င် Reboot လုပ်ပေးလိုက်ပါ ပြန်တက်လာရင် 
 အမြစ်တူးပြီးသွားပါပြိ 
 အားလုံးအစဉ်ပြေပါစေ
ကဲ အဆင်ပြေပါစေ...

Huawei Official Framware များ (Mobile House)

ကဲဗျာ အလိုရှိတာကို ရှာတတ်အောင်လုပ်ပါဆိုနေ မရှာတတ်ဘူးတဲ့ ကဲကျုပ်ရှာလိုက်တာ။ Official Framware
တွေနဲ့ ပါတ်သက်ရင် Mobile House ကတော့ အတော်လေးပြည့်စုံတဲ့ဆိုက်ပါ.။ အဲဒီမှာ ကိုယ်ရချင်တဲ့ ဆော့ဝဲ
ကို ရိုက်ထည့်ပြီး ရှာရုံဘဲ ခုလည်း လင့်နှစ်နဲ့ လိုအပ်တဲ့ Framware နှစ်မျိုးတော့ လင့်ယူခဲ့တယ် ဒီလိုမဟုတ်ရင်
လည်း သူ့မူရင်းဆိုက်ကိုသွားဖို့ ညွန်းရတော့မှာဘဲ။ ဘာကြောင့်လည်းဆိုတော့ ဆိုက်ပိုင်ရှင်က ကူးခွင့် မပေးလို့
ပေါ့။ ဒေါင်းစရာလင့်တွေတော့ ပေးထားပါတယ်.။ ဒီလိုတင်နိုင်ဖို့ဆိုတာ လွယ်မှ မလွယ်တာကိုးဗျ အဲတော့ ကူးယူ
ခွင့်ပေးရင် သူ့ဆိုက်ကို လူဘယ်လာတော့မလဲ ။ အဲဒါကြောင့်သူက ကူးခွင့်မပေးတာဖြစ်လောက်ပါတယ်။ သို့သော်လည်း သူ့ရဲ့စေတနာကိုတော့ လေးစားပါတယ်။ သူတို့အများကြီးကြိုးစားထားရတယ်လေ။ဒီလို ဖိုင်ဆိုက်
အများကြီးကို တင်ပေးတာဆိုလို့ ကျုပ်တော့ ဒီတစ်ဆိုက်လောက်မြင်ဖူးတာဘဲ.။ အဲတော့ ကျုပ်ရဲ့ဆိုက်ညာဘက်
ခြမ်းမှာ သူ့ဆိုက်လင့်လေးထည့်ပေးထားပါတယ်.။ Mobile နှင့်ဆိုင်ရာဆိုတဲ့အထဲမှာပေါ့ ။ Mobile House ဆိုပြီး
တော့ပေါ့.။ ကဲလိုအပ်တဲ့ဆော့ဝဲတွေကို အဲဒီမှာ လှမ်းယူကြပါ နဲတာမဟုတ်ဘူးဗျာ တင်ပေးထားတာကို အားပါး
တစ်ရကြီးဘဲ။ ကဲမယုံဘူးလား မယုံရင် သွားကြည့်ကွာ..။
 http://moiblehouse.blogspot.com/2013/04/huawei-official-firmware_4.html

Sunday, August 4, 2013

MMAS Changer 2 ကြောင့် တိုင်ပတ်နေသူများအတွက်..

MMAS Zawgyi Changer 2.1.0 လေး ထည့်လိုက်လို့ မြန်မာဖောင့်တွေ အဆင်မပြေသူများအတွက် ဖုန်းအများ
စုနဲ့ ကိုက်ညီတဲ့ ဆော့ဝဲလေးနှစ်မျိုးကို တင်ပေးလိုက်တယ်.။ နှစ်မျိုးမဟုတ်ဘူး သုံးမျိုးပါ Changer 2 လေးပါ ထည့်ပေးထားတယ် စမ်းချင်ရင်ပေါ့။ ကျုပ်တော့ စမ်းလိုက်ပါ ဘာစာမှ မပေါ်ဘဲနေလို့ Zawgyi Installer Root
ဆိုတဲ့ကောင်လေး ပြန်မောင်းပေးရတယ်ဗျာ.။ ကီးဘုတ်ကလည်း Update တော့မဟုတ်ဘူး သို့ပေမယ့် အတော်
လေး ရိုက်ရတာ အဆင်ပြေလို့ထည့်ပေးထားတယ်.။ မြန်မာစာရိုက်ရင် အတော်ကောင်းတယ်။ ဥပမာ အကြောင်း
ဆိုတာလေး ရိုက်ချင်ရင် အကြောင်းလို့ ရိုက်လိုက်တာနဲ့ အဆင်ပြေတယ်လေ.။ သူ့အလိုလို ပြောင်းပေးသွားတာ
အတော်လေးကောင်းပါတယ့်  နောက်ပစ်ရိုက်ရင်လည်း အတွင်းကို မသွားဘဲ (ြ   ) နေရာလေးကို ခဏဖိထား
ရင် (ဲ ) ဖြစ်သွားတယ် တစ်ကယ်ကောင်းပါတယ် သဘောကျမယ်လို့ ထင်ပါတယ်နော်..။ ကျုပ်လည်းဆော့ဝဲ
လေးတွေ မတင်ပေးလို့လားမသိဘူး သိပ်တောင် မလာကြတော့ဘူး.။ ဟုတ်ပါ့ဗျာ ကျုပ်လည်း ငွေရှာဆိုက်လေး
ဘက်ကို ဦးတည်နေတာနဲ့ သိပ်မတင်ဖြစ်တာပါ..။ အဆင်ပြေပါစေ..4.8.2013 အမှတ်တရ...

Friday, July 19, 2013

HUAWEI U8825 Firmware

ကဲဗျာ ကျုပ်လည်း HUAWEI U8825 လေးဝယ်ထားတော့ သူ့အတွက် လိုလိုမယ်မယ် ဆောင်ထားရအောင်ဆိုပြီး
Firmware လေး ရှာကြည့်လိုက်တော့ Mobile House မှာ တွေ့တာနဲ့ ဒေါင်းလော့ချလိုက်တယ် ကိုယ်တိုင်တော့
မတင်နိုင်ပါဘူးဗျာ.။ ဖိုင်ဆိုက်က နည်းတာကြီးမှ မဟုတ်တာ 378 MB တောင် ရှိတယ်လေ.။ Update ဖိုင်ကလည်း
772 MB ရှိတယ် အဲတော့ ကိုယ့်လိုဘဲ လိုလိုမယ်မယ် ဆောင်ထားလိုသူများအတွက် လင့်လေးကိုဘဲ လမ်းညွန်ခဲ့
ပါရစေတော့ဗျာ..။ မူရင်း တင်တဲ့ Mobile House မှာဘဲ ဒေါင်းရမှာဘဲ သူက အဆင်ပြေအောင် လုပ်ပေးထားပါ
တယ် ကျုပ်ဒေါင်းတာတော့ အဆင်ပြေတယ် ကဲ လိုအပ်ရင်အောက်မှာ ဒေါင်းပါ..။ သူရေးသားထာပုံလေးကတော့
HUAWEI U8825-1 Offical Firmware ကိုဒေါင်းပြီး ခါတိုင်းလို dload ထဲ နဲ့ တင်လိုက်ပါ.။ Download Anyway
နှိပ်ပြီးဒေါင်းပါတဲ့ဗျာ..။ အဆင်ပြေပါစေ...။ http://moiblehouse.blogspot.com ဒါက ကျုပ်ယူခဲ့တဲ့ လင့်နေရာ.။။

Wednesday, July 10, 2013

Root လုပ်နည်းများနှင့် ဖုန်းနည်းပညာများစုစည်းမှုလေးပါ

ကဲဗျာ ကျုပ်အနေနဲ့ ကြော်ငြာလေးတစ်ခု ပြုလုပ်လိုက်ပါတယ်.။ ချစ်ခင်လေးစားအပ်ပါသော မိတ်ဆွေကြီး Mutual Friend (ပြည်) တင်ထားတာလေးကို ဒီနေရာကနေ ကြည့်နိုင်ဘို့ပါ.။ ဘယ်လိုဖုန်းတွေကို ဘယ်လို Root လုပ်ရ
မယ်ဆိုတာ ကျုပ်ထက်အများကြီး သိတဲ့သူပါ ကျုပ်ကတော့ Root ကလည်း ကိုယ့်ဖုန်းနဲ့ကိုဘဲ တစ်ခါလေးလုပ်ဖူး
တာပါ.။ အဲဒီတော့ လုပ်တတ်သူများရဲ့ လင့်လေးကိုဘဲ ကူးယူရတော့တာပါဘဲဗျာ.။ Root လုပ်နည်းများကို နောက်
ပိုင်းမှာ လင့်တွေ စုပါဦးမယ် ခုတော့ ဒါလေးနဲ့ ကျေနပ်ကြပါဦးနော်...။ 
ANDROID ROOT လုပ်နည်းများ ကြည့်ရန်  ဒီနေရာကို သွားလိုက်ပါနော်...
MOBILE PHONE နည်ပညာများ အပြည့်အစုံ ကြည့်ရန် ဒီနေရာလေးကို သွားကြည့်လိုက်ပါ..ကွယ်...။
ANDROID ဖုန်း နည်းလမ်းများကိုတော့ ဒီနေရာမှာ ကြည့်ပါနော်..။ ကဲ ကြော်ငြာကတော့ ဒီလောက်ပါဘဲဗျာ..။ 

Samsung GALAXY GRAND Duos GT – I9082 ကို Zawgyi ပါသော firmware တင်ကြမယ် (Mutual Friend (ပြည်)

မင်္ဂလာပါခင် ခုနောက်ပိုင်းထွက်ဖုန်းတစ်လုံးဖြစ်တဲ့ GT-I9082 တွက် samsung က myanmar စာ ပါတဲ့ firmware ကိုထုတ်ပေးလိုက်ပါပြီခင်ဗျာ။ Root လုပ်စရာလဲလိုတော့ဘူး မြန်မာစာလည်းမှန်သွားပြီ setting ထဲမှာပါ မြင် ရပြီဆိုတော့ စိတ်ချမ်းသာရပါပြီခင်ဗျာ။ ဒါဆိုရင်တော့ အဲဒီ firmware ကိုတင်ဖို့ လုပ်မယ်လေ မလုပ်ခင်လိုတာ   လေးတွေ ဒေါင်းမယ်နော်....




 Firmware
>> Download <<
Odin
Driver
>> Download <<
ဒေါင်းပြီးသွားရင်တော့ တင်ဖို့စကြမယ်နော်....
အရင်ဆုံးဖုန်းကို အားပြည့်အောင်သွင်းပါ.. usb debug နဲ့ Unknow source ကို On ပြီးပါဝါပိတ်လိုက်ပါ။ ခဏနေရင် home + vol down + power နှိပ်ပြီး continue ပေါ်လာရင် vol up ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ Download mode တတ်လာပါပြီ။
ပြီးရင် ကွန်ပျူတာနဲ့ချိတ်ပေါ့ ခါတိုင်းတင်နေကြပုံစံအတိုင်းပါ။ Pdaဆို နေရာမှာ ဒေါင်းထားတဲ့ firmware လေးကို ဖြည်ပြီးI9082XXAMF5_I9082OLBAMG1_I9082XXAME2_HOME.tar.md5 ဆိုတဲ့ဖိုင်လေးထည့်ပေးပါ။ ပြီးရင် re-partition ကိုအမှတ်မခြစ်ပါနဲ့ မခြစ်ဘူးဆိုရင် odin က start သာနှိပ်လိုက်ပါ။ တင်နေပါလိမ့်မယ် pass ပြသွားပြီဆိုရင်လည်း ဖုန်းပြန်တတ်လာတဲ့အထိစောင့်ပြီးမှ ကြိုးဖြုတ်လိုက်ပါ။ မြန်မာစာပါသော firmware ကိုတင်လို့ပြီးသွားပါပြီ။
ပုံလေးနဲ့မပြတော့ဘူးနော် ပုံလေးကိုကြည့်ချင်ရင်တော့ ပထမ samsung ဟောင်းတွေမှာ တင်ထားတာနဲကအတူတူပါပဲခင်ဗျာ ။ လုပ်နေကြပုံစံလေးဖြစ်လို့ တင်မပေးတော့ပါဘူးခင်ဗျာ။
 

 Fimrware ဒေါင်းလို့အဆင်ပြေအောင်လို့ ကိုစိုင်းမောင်မောင် တင်ပေးထားသော mediafire လင့်လေးကိုထည့်ပေးထားပါတယ်ခင်ဗျာ။
 
မှ ကူးယူဖော်ပြထားတယ်နော်..

I-Phone Firmware စုစည်းမှုများ (မောင်ပေါက်)

မိတ်ဆွေညီအကိုအပေါင်းတို့ခင်ဗျာ I-Phone သမားများနှင့် I-Phone Service သမားများ အတွက်  I-Phone Firmware များကိုစုံလင်အောင်တင်ပေးလိုက်ပါတယ်နောက်ဆုံးပေါ်တွေလည်းပါပါတယ်.... လိုအပ်တာရှိရင် လည်းcomments ပေးခြင်းဖြင့်ကူညီပါ.... လိုအပ်သူများအောက်ကလင့်မှာ ဒေါင်းလော့
ချနိုင်ပါတယ်.။ Aung Koe ရဲ့ စုစည်းမှုလေးပါ 

Sunday, July 7, 2013

နာမည်ကြီး Brand မျိုးစုံကို Root နိုင်တယ်ဆိုတဲ့ Root Genius General v1.0.7 (မောင်ပေါက်)

နာမည်ကြီး Brand မျိုးစုံကို Root နိုင်တယ်ဆိုတဲ့ RootGenius General or SJRoot or root Wizard v1.0.7 ပါ.. အောက်မှာဖေါ်ပြထားတဲ့ နာမည်ကြီး Brand တွေ ကို Root အောင်မြင်တယ်လို့ ရေးထားပါတယ်.. ဖုန်းကို USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ထားပြီး Computer နဲ့ချိတ်ပါ.. Driver သိရမှာဖြစ်ပါတယ် .. ဒီကောင်ကို Run လိုက်ပြီး Root လို့ရပြီလို့ ရေးထားပါတယ်.. အောက်မှာ ဖေါ်ပြထားတဲ့ Brand တွေအပါ အဝင် ဖုန်းအမျိုးအစေားပေါင်း 300 ကျော်ကို Root လုပ်နိုင်တယ်လို့ ဆိုပါတယ်.. ခု ဗားရှင်းမှာတော့ ဖုန်း Model အမျိုးအစားပေါင်း 242 မျိုးကို Root လုပ်ဖို့ Tool ထပ်တိုးထားတယ်လို့ဆိုပါတယ်ခင်ဗျာ..

HTC
Huawei
ZTE
Sony
Google
Millet
Association
LG
Hisense
Amagatarai
Pantech
OPPO
Good domain
Quality rice
Cool
Zhuopu
Konka
Amoi

အဆင်ပြေပါစေ..

မောင်ပေါက်



RootGenius General or SJRoot or root Wizard v1.0.7 by www.maungpauk.org

Download : 2.50 MB



***

Thursday, July 4, 2013

Android Version 2 မှ 4 ထိ Root နိုင်တဲ့ 360 Root Tool New Version v4.0.1.0 (မောင်ပေါက်)

360 Root Tool ဟာ တရုတ် Root Tool တစ်ခုဖြစ်ပြီး Android Versin 2 ကနေ 4 ထိ   တော်တော်များများကို Root ပေါက်ပါတယ်.. လွယ်ကူပြီး လျှင်မြန်တယ်.. စာရင်းအရဆိုရင်တော့ တော်တော်များတယ်ဗျ.. ပြီးတော့ ဒီကောင်က Installer မဟုတ်ဘူး.. Portable လိုပါပဲ.. Just Run ဖြစ်ပါတယ်.. ဖုန်းမှာတော့ Driverထည့်ထား ရမယ်. မရှိရင်လည်း ရှာဒေါင်းပေးတယ်.. ဒါပေမယ့် Connection နှေးရင်တော့ Driver ဒေါင်းတာကို မစောင့်ဘဲ ကိုယ့်ဟာကိုယ် ထည့်ထားတာ ကောင်းတာပေါ့ဗျာ.. ပုံတွေကိုကြည့်ပြီး လုပ်တတ်သွားမယ်ထင်တယ်.. Root   နိုင်တဲ့ စာရင်းတွေထဲမှာတော့ Samsung, HTC, Huawei, ZTE, OPPO, Sony, MOTO, LG, Association, Cool, Backgammon, TCL, Haier, Amoi, Alcatel, Hisense, Taipower, Changhong, Amagatarai, Dell, Sharp စတဲ့ နာမည်ကြီးတာရော၊ မကြီးတာရော Brand တွေအပါအဝင် Brand Name ပျေက်နေတဲ့ အမျိုး အစားတွေ လည်းပါတယ်ခင်ဗျ...1. ဒေါင်းလို့ရလာတဲ့ 360 Root Tool ကိုဖြည်လိုက်ပြီး Run လိုက်ပါ..
2. ပြီးရင် အမှန်ခြစ်စရာတစ်ခုပဲရှိပါတယ်. အဲဒါကို အမှန်ခြစ်ပြီး အောက်နားက နှိပ်စရာ တစ်ခုပဲရှိပါတယ်.. ( စာက မဖတ်တတ်တော့ ဘယ်လိုခေါ်မှန်းမသိဘူးခင်ဗျ.. )

2. Driver ရှိတယ်ဆိုရင် Offline နဲ့ သူ့ဟာသူ အလုပ်လုပ်သွားပါတယ်.. ဘာမှ ထပ်နှိပ်စရာမလိုတော့ပါဘူး..



3. ဒီလိုဆိုရင်တော့ Root ပြီးပြီခင်ဗျ..


အဆင်ပြေပါစေ..

မောင်ပေါက်

Download Here !

Root လုပ်နည်းများကို ကြည့်လိုရင်တော့ မောင်ပေါက်ရဲ့လင့်လေး ထည့်ပေးလိုက်မယ်နော်...
http://www.maungpauk.org/search/label/Phone%20Application
ကဲ ကိုမောင်ပေါက်ကတော့ များသောအားဖြင့် Root လုပ်နည်းတွေ တင်ပေးထားတယ်..Mobile ဆိုတာလေး
ကို ကလစ်လိုက်ရင် ကိုလိုချင်တဲ့ Root လုပ်နည်းတွေ တစ်ခြားသောအရာတွေကို လေ့လာနိုင်မှာပါ....

အောက်မှာတော့ Root နိုင်တဲ့စာရင်း
 Samsung
Support Model    Supported version
Galaxy SIII (I9300, I9300T, I9308)    4.0.3-4.2.1
Galaxy Note II (N7100/N7102/N7105/N7108, BNM: SCH-N719)    4.0.3-4.2.1
Galaxy Note 10.1 (N8000)    4.0.4-4.2.1
Galaxy SII (I9100)    2.3.3-4.0.4
Galaxy Note (BNM: I9220, Hong Kong version: N7000)    2.3.5, 2.3.6 (build number ZSKK1) ,4.0.3-4 .2.1
Google Nexus S    2.3.4
GT-S5820 (mobile custom machine)    2.3.4-2.3.6 (internal version number ZMKH6, ZMKK1, ZMKK2, ZMKK3)
Galaxy Ace (S5830, S5830i, S5838)    2.2.1-2.3.6
Galaxy S (I9000, I9088), Galaxy S + (I9001)    2.1-update1 - 2.3.6
Galaxy SL (I9003)    2.2.1
GT-I9100G    2.3.5, ZNKI2 edition
GT-I9108 (mobile custom machine)    2.3.4
Galaxy Gio (S5660)    2.2.1-2.3.4
Galaxy Fit (S5670)    2.2.1-2.3.4
Galaxy W (I8150)    2.3.5 (build number DXKJ4, DXKJ5, ZCKJ5, ZCKJ6, ZSKJ1)
GT-I9008L (mobile custom machine)    2.2.2
Galaxy Mini (S5570, S5578)    2.2.1-2.3.4
SCH-i509    2.3.5
SCH-i559    2.2.1, 2.3.5
SCH-i569    2.2.2
SCH-i579    2.3.4
SCH-i809, SCH-i909    2.2.1-2.2.2
SCH-W899    2.2.1-2.2.2
SHW-M100S/M110S/M190S    2.3.4
SHW-M250L, SHW-M250S    2.3.4-2.3.5
SHV-E120S, SHV-E120L    2.3.6
Galaxy 5 (I5508)    2.2
Galaxy Tab (P1000, P1010)    2.2-2.3.4
Galaxy Player (YP-G70)    2.3.5
Sony
Support Model    Supported version
LT26i, LT26ii    4.0.4
LT15i, LT15a, MT11i, MT15i, MT15a    2.3.3-2.3.4, 58 version and previous versions
LT18i, WT19i    2.3.4 58 version and previous versions
SK17i    2.3.3-2.3.4, 58 version and previous versions
X10i    2.1-update1 - 2.3.3
Z1i    2.3.4
E10i, E15i, E16i    2.1-update1
MOTO
Support Model    Supported version
ME525    2.2.1, 2.2.2 (internal version 2.11.0 - 2.13.0)
MB525    2.1-update1 - 2.2.2
ME525 +, MB525 +    2.3.4
MB526    2.3.4, 2.3.6 (build number 4.5.1-134_DFP-132/137)
MT620    2.2.2
ME722    2.2.1-2.3.4 (internal version number 4.5.3-109_MS2-3)
ME811    2.3.6, 71 edition
MB860, ME860    2.3.4
ME863    2.3.5
MB855    2.3.4
XT702    2.2.1
XT316, XT319    2.3.5
XT531    2.3.4, 2.3.5, 4_48D_7009 previous version
XT800, XT800 +    2.1-2.3.4
XT883    2.3.4
XT910    2.3.5-2.3.6
HTC
Support Model    Supported version
HTC Magic (G2)    2.2.1
HTC Hero (G3)    2.2
HTC Legend (G6)    2.2
HTC Desire (G7)    2.2-2.3.3
HTC Wildfire (G8)    2.2, 2.2.1
HTC A9191 (G10, Desire HD)    2.2-2.3.3
HTC Incredible S (G11)    2.2.1-2.3.4
HTC Desire S (G12)    2.3.3, 2.3.4
HTC A510e (G13, Wildfire Wildfire S)    2.3.3, 2.3.4
HTC A510c (G13, Wildfire Wildfire S Telecom Edition)    2.3.3
HTC Sensation (G14, Z710e)    2.3.4
HTC Salsa (G15, C510e)    2.3.3
HTC A810e (G16 ChaCha)    2.3.3-2.3.4
HTC EVO 3D (G17, telecommunications Edition X515d)    2.3.4-2.3.6
HTC Sensation XE (G18, Z715e)    2.3.4
HTC Rhyme (G20, S510b)    2.3.5
HTC T328t (new desire VT, mobile custom machine)    2.3.4
HTC A6390 (Tianzi, mobile custom machine)    2.3
HTC A9188 (Cullinan, mobile custom machine)    2.3
HTC S610d (vertical and horizontal)    2.3.4
HTC Z510d (dual engine S, telecom custom machine)    2.3.4 (build number 195260)
HTC Rezound (Vigor)    2.3.4
LG
Support Model    Supported version
P920    2.2.2, 2.3.5 (build number V21a)
P970    2.2-2.3.3
P350, P355    2.2-2.2.1
P500    2.2-2.3.3
P690    2.3.4
P999    2.3.3
C550    2.2.1
C660    2.3.4
E510    2.3.4 (build number V10c)
Huawei
Support Model    Supported version
C8812    4.0.3
U8818    4.0.3
T8620, T8830, T8830 Pro (B108 version only), T8950    4.0.3-4.0.4
U8500, C8500, C8500S, C8600    2.1-update1 - 2.2.2
C8550, S8520    2.2.2
C8650, C8650 +    2.3.3-2.3.5
T8100, T8300, T8600    2.2.2
U8800 +    2.2.2
ZTE
Support Model    Supported version
V970    4.0.4
U930, U950, U970    4.0.3-4.0.4
N880E    2.3.6-4.2
U880E    2.3.7
T9    2.2.2
U802, U806    2.2.2
U812    2.3.5
U880, V880 (Blade)    2.2-2.3.7 (20,111,125 the previous version)
V889D    2.3.6-4.0.4
N600 +, N700    2.2 Telecom Edition
N606, U830, N880S    2.2.2
V788D    2.3.6
V960    2.3.5
Association
Support Model    Supported version
K860    4.0.4
S850e, S880, S899t    4.0.3
A580, A698t    4.0.3
A789    4.0.4
P700    4.0.3 (build number S138 previous version)
A390e    2.2.2
A500    2.3.5 (build number S120 ~ S124)
A520    2.3.5
A60, A65    2.3.3-2.3.5
A366t    2.3.6
A66t    2.2.2
A668t    2.3.7 (build number S139, S141)
A68e    2.3.4
P70    2.3.4
Music Phone S2    2.3.5
Music Phone S760    2.3.4
Music Phone A1    2.3.4
Music Pad A1    Version 2.3.4 07
3GW100, 3GW101    2.2.1
Cool
Support Model    Supported version
D530, D539    2.1 - 2.2.1
W706, W706 +, W708, W713    2.2.2
N930, N950    2.2.1-2.2.2
D5800    2.2.2
5855    2.2.2
5899    2.2.1
5820    2.2.2
8013    2.2.2
8150, 8180    2.3.7
8020, 8022    2.3.7
8810    2.2.2, 2.3.7
9100    2.2.1
OPPO
Support Model    Supported version
X903    2.2.2, 2.3.5
X905    2.3.6
Backgammon
Support Model    Supported version
V1, V2    2.3.3-2.3.5
S3    2.3.5
E1    2.3.5
Y1    2.3.5
TCL
Support Model    Supported version
OT 891    2.1-update1
A890 Dual Card Edition    2.2.2
A919    2.3.5
A916, A990    2.2.2
A996    Version 2.3.5 V69Q
C990, C995    2.3.4
Haier
Support Model    Supported version
E899    2.3.4
N6E    2.2.2
N710E, N720E    2.1-2.2.2
N620E    2.3.4
N87T    2.3.7
N88W    2.3.4
W801    2.3.5
Amoi
Support Model    Supported version
N821    4.0.4
N806    2.3.5
N79    2.2.2
N89    2.3.5
Alcatel
Support Model    Supported version
N806    2.3.5
N79    2.2.2
N89    2.3.5
Hisense
Support Model    Supported version
TG88, T92    2.2.2-2.3.7
U8    2.3.6
E860, E920    2.3.6
EG906    4.0.4
Taipower
Support Model    Supported version
P85, P85HD    4.0.4
P76TI, P76e    2.3.4-4.1.1
A10    4.1.1
Changhong
Support Model    Supported version
Z-me    2.3.4-2.3.7
V7/V7 mini    2.3.5-2.3.6
W3, W6    2.3.5
S818    2.3.6
W22    2.3.6
Amagatarai
Support Model    Supported version
E700    2.3.1
E800    2.2
W619    2.3.7 (build number V3110)
W700    2.2
Dell
Support Model    Supported version
Dell Streak    2.2, 2.2.1
Dell Streak Pro (V04B)    2.3.5
Philips
Support Model    Supported version
W626    2.3.5
W632    2.3.5
Sharp
Support Model    Supported version
SH8268U    2.2.2
SH320T    2.3.5
Other brands
Support Model    Supported version
Modern H6, H9    2.3.5
Noah's faith A700, A800, A808    2.3.4
Qi Yue A50, A70    2.3.4
BenWee 5100S    2.3.5
BROR W60    2.3.5
Yitong T700, T720, T800    2.3.5
Widely believed E920, EF68    2.3.4, 2.3.5
Gionee TD500    2.3.7
Gionee GN700W    4.0.4
Hedy H701    2.3.4
Mount to T16    2.3.5
O'Brien believed P818, iMO888    2.3.4-2.3.6
E sent W50L, W58, W66A, V6, N4    2.3.5
Gaoxinqi G1    2.3.4
Century Star G18    2.3.4
Cyber ​​Yuhua W108    2.3.4
DOOV D700, D720    2.3.5
Puledda F1    2.3.4-2.3.5
Monkey King TD818    2.2.2
Di 3M    2.3.4
Oral cool A66    2.3.5
HONGWEI G518    2.3.4
Easy to send Q3    2.3.5
CD music Vx910    2.3.5
Europe new U2, U3, U6    2.3.5
Pulse Teng U55    2.3.4
Beijing Kaida D3000    2.3.7
Confidant Xun GL9605    2.3.7
And the letter N300, N800    2.3.1-2.3.4
Ouchi OKA13    2.3.4
Gretel W90    2.3.5
Sa Inter-A6    2.3.6
Xinghuabao G998    2.3.4
Nietzsche X1    2.3.5
Friends Cinda Q7    2.3.4
The original road N12, N50, N70, N90    4.0.4-4.1.1
AUX M959P, 910 +    2.3.4-2.3.6
Volclay i628    2.3.6
HKC K3528 Cross Klose    2.3.7
Eastcom MTW20    2.3.4-4.0.4
Easytel A22W, N23    2.3.4-2.3.5
EKEN T01A    4.0.3
Newey C918    2.3.5
Yi Optical A700    2.3.4
Macro to A30    2.3.4
United Silver Pass SC998    2.3.5
Malata I5    2.3.6
Carbaryl N609, N611    2.3.5
Source P1000 EVA    2.3.4
Hong Kong Lee A9    2.3.4
Fei Ying IHD858    2.3.6
GOB A350Z    2.3.5
Bifer A5    2.3.6
Lange Z901    2.3.4
Cool A106    2.3.5
Five elements iFive X    4.0.4
Fitch products P880S    2.3.6
Ximu Ke I9300    2.3.6
With Wei S8510    2.3.6
HTT V599    2.3.6
Tong Lin T90    2.2.1
Country dry P98    2.3.5
Punaier MOMO11 Ultimate Edition    4.1.1
Blue Devils S18    4.0.4
Landscape QXL350    2.3.5
Venus V8 Note    2.3.5
Guohong T618    2.3.5
WPHONE8 et13-gb    2.3.4
You think W999, S6000    2.3.5-2.3.6
Hundred percent W9300A    4.0.4
PC936 Rockchip    4.1.1
Century Tianyuan TE800S    2.3.5-4.0.4
Star of the language TSC A3    2.3.5
Sophone T1301, T7303 high imitation IP4    2.3.4
i808 high imitation IP4    2.3.6
MC919LL high imitation IP4    2.3.6
Zhuo Feng I04 high imitation IP4    2.3.4
Birda high imitation IP4    2.3.5
High imitation IP4 4S    4.0.9
High imitation 9220    4.0.3
G02MCSS high imitation G2    2.2.1

Wednesday, June 19, 2013

HUAWEI U8660 ROOT AND FRAMWARE 155MB

ကဲဗျာ ဒါလေး တင်ထားတာရှိလို့ ပြန်လည်ဝေမျှလိုက်ပါတယ်.။ ကျုပ်ရှေ့တစ်လလောက်က ဖုန်းကလိလွန်လို့
ဖြစ်သွားတာလေး framware တင်လိုက်ရတယ်.။ framware ဆိုတာက ကွန်ပျူတာ Windows လိုဘဲ သူလည်း
Android စက်လည်ပါတ်မှု စနစ်လေးပေါ့ဗျာ.။ အဲဒါလေးတင်လိုက်မှ မူရင်းဖုန်းအတိုင်းလေး သုံးလို့ကောင်း
သွားတယ်.။ HUAWEI U8660 သမားများအတွက်ပေါ့ဗျာ.ဒီအထဲမှာ Root လုပ်နည်းရော framwareလုပ်နည်း
ရော ထည့်ပေးထားပါတယ်.။ အသုံးလိုရင်တော့ ယူသွားကြပေါ့.။ 155MB ဆိုတော့ တစ်နေရာလေးဘဲ တင်
လိုက်တယ်ဗျာ.။ ဖိုင်ကြီးတာဆိုတော့ သိပ်မတင်နိုင်ဘူးလေ.။ တစ်ဆိုက်ထဲမှာဘဲ တင်ထားတယ်နော်.။ လိုအပ်ရင်တော့ သိတဲ့အတိုင်းဘဲ..။ မိမိကိုင်ဆောင်ထားတဲ့ ဖုန်းနဲ့ အမျိုးအစားတူရင်တော့ ဆောင်ထားသင့်
တယ်ဗျာ.။ ကဲဘာပဲပြော အမှတ်တရလေးတော့ ဖြစ်သွားပြန်ပါပကောလားကွယ်.။ 19.6.2013

Wednesday, June 5, 2013

Sony xperia P S U Go Sola 2.3.7 root 128MB သန်းတိုးအောင်

ကျွန်တော့ကိုခင်တယ် ဆို ညာဘက်ထောင့် အောက်နားက မီးတောက်လေးကို နှိပ်ကြည့်ပေး ကျပါနော် ဟီးး ခိခစ်ခစ်ခစ် အကိုတို့ရေ xperia  P , S , U , Go , Sola ( 2.3.7 ) root လေးပါ အရင် unlockbootloader လုပ်ရပါမယ် , အဲ့အတွက် အပေါ်ဆုံးက unlock ဆိုတာလေးကိုသုံးပါ ပီးရင်တော့ မိမိ root ချင်တဲ့ဖုန်းနာမည် ကို နှိပ်ပီး root ပါ Root ဖို့ အတွက် ရေးပေးထားပါတယ် ဂျာ လုပ်နည်း အပြည့်အစုံကို ရေးပေးမထည့်လိုက် မိဝူး ( ညက နဲနဲ များသွားလို့  ဟီးးး ) unlockbootloader လုပ်ဖို့အတွက် က သေချာလေးဖတ်ကြည့်ပီး 1 , 2 , 3 အဆင့်တိုင်းသွားရင်ပီးပါတယ်ဂျာ (1)က ဖုန်း ရဲ့ imei ကြည့်ဖို့ ပါ (2) က unlockcode ယူဖို့ ဆိုဒ်ကိုသွားမှာပါ (3) ကတော့ unlock လုပ်မှာပါ ပထမဆုံး အကြိမ်တင်တာဖြစ်လို့ လိုအပ်တာတွေရှိခဲ့ရင် ခွှင့်လွှတ်ကျပါဂျာ ကျွန်တော်တော့ စမ်းသပ်ပြီးပါကြောင်းး ခိခိခိခိ  ကဲဗျာ ဒါလေးလိုချင်တယ်ဆိုလို့ လိုက်ရှာလိုက်တာ သန်းတိုးအောင် နည်းပညာမှတ်စု  က မလာတာလေးပါ စမ်းကြည့်ပါဦးဗျာ..ကျုပ်တော့ မသုံးဖူးတော့ မသိတာအမှန်ပါ..။  Download>> http://www.sendspace.com/file/ggfjgr
တစ်ခြားဆိုက်လေးမှာလည်း ကြည့်ချင်တယ်ဆိုရင် ထိုင်းရောက်မြန်မာသူငယ်ချင်းများသို့ သွားကြည့်ရန် Sony Xperia Sola ကို Unlockbootloader & Root လုပ်နည်း 
နောက်ထပ် တစ်ခြားဆိုက်လေးတစ်ခုပေါ့ဗျာ ပိုင်စုကို http://paingsuko.blogspot.com/p/rooting.html

Root Tool တွေထဲမှာ အောင်မြင်နေဆဲ SuperOneClick v2.3.3 Root Tool

ဒီ SuperOneClick Root Tool ကိုတော့ ပို့စ်အနေနဲ့ သီးခြားမတင်ဖြစ်ပါဘူး. လူတော်တော်များများလက်ထဲ မှာ ရောက်နှင့်နေပြီးသားထင်လို့ပါ.. Google မှာလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်.. ဒါပေမယ့် မိတ်ဆွေ တစ်ယောက်က တင်ပေးပါလို့ တောင်းဆိုလာတဲ့အတွက် နောက်ဆုံးထွက်ရှိခဲ့တဲ့ SuperOneClick v2.3.3 ကိုပဲ တင်ပေးလိုက်ပါတယ်..လုပ်နည်းကတော့. 1.မိမိဖုန်းနဲ့ကိုက်ညီပြီးမှန်ကန်တဲ့ Driver တင်ထားရပါမယ်.. မရှိရင် အောက်ကလင့်မှာ Driver တွေ တင်ထားပါတယ်.. Download Driver
2. ပြီးရင် ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ပေးပြီး Phone ကို Computer နဲ့ချိတ်ပါ..
3. SuperOneClick.exe ကို Run လိုက်ပါ.. ဒါဆိုရင် Donate လုပ်ဖို့အတွက် ဘောက်ကျလာပါမယ်.. လှူချင်ရင်လှူ၊ မလှူချင်ရင်တော့ Donate Later ကိုနှိပ်ပါ.. ဒါဆိုရင် SuperOneClick Root Box ကျလာပါမယ်..
4. ညာဘက်ဆုံးက Exploit မှာ ရွေးစရာ နှစ်ခုရှိပါတယ်.. HTC ဆိုရင်တော့ psneuter ကိုရွေးထားပြီး Root လုပ်ကြည့်ပါ. မရရင် zergRush ကိုရွေးပါ.. အခြားဖုန်းဆိုရင်တော့ zergRush ကိုရွေးထားပြီး Root Button ကိုနှိပ်ပါ..


5. တကယ်လို့များ " Autometic version check failed. Is your OS version 2.0 or higher? " လို့ Warning တက်လာရင် Yes ကိုရွေးလိုက်ပါ.. နောက်ထပ် "Device properties could not be read! (You should try rebooting your device)" လို့ Warning တက်လာရင် Ignore ကိုနှိပ်ပါ..
7. ဒါဆိုရင်တော့ Root လုပ်နေတာကို မြင်ရပါမယ်.. Root လုပ်ငန်းပြီးတာနဲ့ " Root install has completed! Would you like run a test? " ဆိုပြီး Root ပြီး မပြီး စစ်ချင်တာလား မေးပါတယ်.. စစ်မယ်ဆိုရင် တော့ Yes ပေါ့. ဒါဆိုရင်တော့ သေသေချာချာ ပြန်စစ်နေပါတယ်.. တကယ်ပြီးသွားရင်တော့ " Your device has been rooted! Would you like to donate now ?" ဆိုပြီး Root လုပ်တာတော့ပြီးသွားပြီ အလှူလေး မစ ချင်သလား. မေးပါတယ်.. လှူချင်ရင်တော့ yes ကိုနှိပ်ပြီး လှူနိုင်ပါတယ်.. လှူမယ်လည်း မထင်ပါဘူး.. ( Online Bank Account ) မှ မရှိတာနှော..
 SuperOneClick v2.3.3 Root Tool က 2012 မှာ နောက်ဆုံးထွက်ခဲ့တာပါ.. အဲဒီတုန်းက Android 4.0 လောက်ပဲ ထွက်အုံးမယ်ထင်ပါတယ်.. SuperOneClick v2.3.3 Root Tool နဲ့ Root လုပ်နိုင်တာတွေကတော့-
Samsung Glaxy S 4G
Samsung Glaxy S I9000
Samsung Glaxy S SCH-I500
Samsung Glaxy Tab
Samsung Captivate
Samsung Glaxy 551 (GT-I5510)
Samsung Glaxy Portal/Spica I5700
Samsung Transform M920
Samsung Vibrant
Sony Ericsson Xperia E51i X8
Sony Ericsson Xperia X10
Sony Ericsson Xperia Mini
Sprint Hero
Acer Liquid Metal
Dell Steak
HTC Magic (Sapphire) 32 B
HTC Bee
LG Ally
Motorola Atrix4G
Motorola Charm
Motorola Cliq
Motorola Droid
Motorola Flipside
Motorola Flipout
Motorola Milestone
Nexus One.

အဆင်ပြေပါစေ..

မောင်ပေါက်မှ ကူးယူဖော်ပြထားတယ်...


Download : 10.14 MB

Wednesday, May 15, 2013

SRS one Click Root Tools For Android ( 7 MB )

ကဲ...မိမိရဲ့ Android ဖုန်းလေးကို Root ဖောက်ချင်ပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက်Root Toolအလန်းလေး   နောက်ဆုံး Update တစ်ခုတင်ပေးလိုက်ပါတယ်ခင်မျ.. အယ်..ပထမဆုံးပြောကြားချင်တာက ဒီ Root Tool လေးကိုသုံးမယ်ဆိုရင် Internet ချိတ်ဆက်ထားဖို့တော့လိုမယ်နော့်... Huawei , Sony Xperia ,Samsung , HTC , ZTE စတဲ့ စတဲ့ဖုန်းအမြောက်အများကို Online Access ကနေ Root ပေးမှာပါ...ROOT လုပ်ဖို့အပြင် Feature အသစ်တွေပါလာတယ်ဘာလဲဆိုတော့ ADB Toolboxတဲ့ဗျအောက်ပုံလေးကြည့်ပါ ၀င်လေ့လာကြည့်တော့မှအားပါးးတကယ်အသုံးဝင်စရာပဲ…. Pattern LOCK,PIN LOCK,PASSWORD စတာတွေဖြုတ်နိုင်တယ်ဗျ….တခုရှိတာကတော့ USB Debug ON ထားဖို့နဲ့ Root Access ရှိနေဖို့ပဲ…တကယ်အသုံးဝင်တယ်နောက်တခုက Pattern LOCK မှာဆို Patternကိုဖြုတ်ရုံတင်မဟုတ်ဘူး


ဗျ…Pattern ကိုဘယ်လိုပုံစံပေးထားလဲကြည့်လို့ပါရတယ်ဗျ….အဲလောက်နဲ့တင်မိုက်နေပြီမှတ်လားး…
Pattern ဖြုတ်မယ်ဆို Reset Gesture lock PIN,PASSWORDဖြုတ်မယ်ဆို Reset user lock ခလုတ်ပါ…Complete ပြရင်တော့ဆွဲချင်တာဆွဲထည့်ချင်တာထည့်ပြုတ်ပြီပဲ……..ရှိသေးတယ်ဗျ..နောက်ထပ်Gmail အကောင့်ဖျတ်တာ [Reset Gmail] ရယ်….Wipe Data [Factory Reset] ရယ်လဲရသေးတယ်….နောက်နှစ်ခုကတော့ Reboot ရယ် Reboot recoveryပါပါသေးတယ်ဗျာ .တော်တော်ကောင်းပြီးအသုံးဝင်ပါတယ်ခင်မျာ... Download ရယူနိုင်ကြပါပြီ

 ကဲဗျာ ဒါလေးကတော့ http://mmithelper.blogspot.com က ရေးသားထားမှုလေးပေါ့ဗျာ..။
သူ့ဒေါင်းလော့လင့်တော့ မထည့်ပေးလိုက်ဘူး မူရင်းဆိုက်ကိုဘဲ ညွန်းထားတာ ကောင်းမယ်ထင်လို့ပါ..။
ကျုပ်ကတော့ မတင်ပေးတော့ဘူး လင့်လေးညွန်ပြလိုက်တော့မယ် မူရင်းထုတ်လုပ်တဲ့ဆိုက်လေးမှာ ဒေါင်းပါ..။

DOWNLOAD >> www.srsroot.com/
 

Saturday, May 4, 2013

Samsung Glaxy MINI 2 GT-S6500D ကို Root လုပ်နည်း

GT-S6500 အတွက်ပါ ။ GT-S6500D အတွက်မဟုတ်ပါ ။ ဂရုစိုက်စေချင်ပါသည် ။ ကျွန်တော် ကိုယ်တိုင်မှားခဲ့ပြီး တိုင်ပတ်ခဲ့ပြီးမို့ပါ ။ အခုတင်တဲ့နည်းက GT-S 6500 အတွက်ပါ ။ ထုံးစံအတိုင်း လိုအပ်ချက်လေးတွေအရင်စုပါမယ် ။ပထမဆုံးနဲ့ အရေးအကြီးဆုံးလိုအပ်ချက်က သင့်မှာ Samsung Galaxy Mini2 ရှိရပါမည် ။ နောက်ထပ်လိုအပ်ချက်က ကွန်ပြူတာတလုံး ။ ထို့နောက် ဖုန်းနှင့်ဆက်သွယ် ရန် USB Cable ။ ထို့နောက် သင်၏ဖုန်းအား ကွန်ပြူတာမှသိစေရန် ကွန်ပြူတာတွင် Driver software ရှိနေရပါမည် ။ ကဲ . . . ဒါတွေရှိရဲ့လား ။ မရှိရင်တော့ ကိုယ့်ဟာကိုယ်သာ ရှာပြီးစုလိုက်ပါ ။း)) ကျွန်တော်က ဒုတိယပိုင်းကနေ စပြောပါမယ် ။ ဒေါင်းလုပ်ကနေပဲ စကြတာပေါ့ ။ အောက်မှာပေးထားတဲ့ ဖိုင်ကိုအရင်ဒေါင်းပါ...

ပထမဆုံး ဖုန်းကနေ USB Debuging ကို ဖွင့်ပေးရပါမယ် ။Setting >> Application >> Development  သွားလိုက်ပါ ။ USB Debuging တွေ့ပါမယ် ။ အမှန်ခြစ်ခဲ့လိုက်ပါ ။ ပြီးရင် ဖုန်းကို Shut Down ချပါမယ် ။ ပြီးတဲ့အခါ ဖုန်းရဲ့ Volume Down + Home + Power ခလုပ်သုံးခုကို စုံနှိပ်ပြီး Download Mode ထဲသို့ဝင်ပါမယ် ။ ပြီးရင် စောစောက ဒေါင်းထားတဲ့ Odin3 ကို Zip ဖြည်ပြီး Run လိုက်ပါ ။ Odin3 ဖွင့်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပြူတာနဲ့ကို USB Cable သုံး၍ ဆက်သွယ်လိုက်ပါ ။
ဆက်လိုက်တာနဲ့  ( Computer က Phone Driver သာမှန်မယ်ဆိုရင် ) Odin3 မှာ ဖုန်းဆက်သွယ် လိုက်ကြောင်း ပြပါလိမ့်မယ် ။ ဘယ်ဘက်အပေါ်ထောင့်နားကအကွက်လေးမှာအ၀ါရောင်လေးဖြစ်နေပါမယ် ။ အဲ့လိုဖြစ်နေပြီဆိုရင် PDA ကို နှိပ်၍ စောစောက ဒေါင်းထားတဲ့ CWM 5.0.2.8.tar.md5 ဖိုင်ကိုရွေးလိုက် ပါ ။ ပြီးရင် Start ကိုနှိပ်၍ ခဏစောင့်နေပါ ။ ဖုန်းက Auto Reboot ကျသွားပါမယ် ဖုန်းပြန်တက်လာရင်   နောက်တစ်ခါ Shut Down ချပါ ။ပြီးရင် ဖုန်းရဲ့ Vol Up + Vol Down + Home + Power ခလုပ်လေးခုလုံးကို ငါးစက္ကန့်ခန့်စုံနှိပ်ထားပါ ။ ဖုန်းပြန်တက်လာရင် Clock Work Mod Recovery ထဲရောက်ပါမယ် ။ Recovery Mode ထဲရောက်ပြီဆိုရင် စောစောက ဒေါင်းထားတဲ့ Root Me ဖိုင်ထဲမှ
Runme.bat ဖိုင်ကို နှိပ်လိုက်ပါ ။ အမဲရောင် Box တစ်ခုပေါ်လာပါမယ် ။ သူ့ဟာသူ စာတမ်းတွေ အများကြီး အော်တိုတက်နေပါမယ် ။ စာတန်းတွေတက်နေတာကုန်ရင် ALL Done !! ဆိုပြီးပေါ်ပါလိမ့်မယ် ။ အကယ်၍ All Done !! မပေါ်ခဲ့ရင် Runme.bat ကို နောက်တစ်ခါပြန်နှိပ်ပါ ။ Alldone ပေါ်လာပြီဆို ရင်တော့ ဖုန်းကို Reboot ချပါမယ် ။ Recovery Mode ထဲမှာ Reboot System Now ဆိုတာလေးတွေ့ပါမယ် ။ အဲ့ဒါကို ဖုန်းရဲ့ Home Key နဲ့ရွေးပြီး ဖုန်းကို Reboot ချလိုက်ပါ ။ ဖုန်းပြန်တက်လာရင် အ၀ါရောင် တြိဂံ Sign လေးပေါ်နေတတ်ပါတယ် ။ နောက်ပြီး ဖုန်းမော်ဒယ်က 7500
ဖြစ်နေတတ်ပါတယ် ။ ပြဿနာမရှိပါဘူး ။ ဖုန်းပွင့်လာပြီဆိုရင်တော့ Super User ဆိုတဲ့ပင်လယ်ဓါးပြ စက်ရုပ်အစိမ်း Icon လေးကို သင့်ဖုန်းမှာ မြင်နိုင်ပါပြီ ။ Root လုပ်ခြင်း ပြီးဆုံးသွားပါပြီ ။း) အဆင်ပြေကြပါစေ ။
အဆင်မပြေရင် ahluueain@gmail.com မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။း)

Credit To=> http://ahluueain.blogspot.com 
အဆင်ပြေမပြေတော့ မသိဘူးနော်..
ရှာပေးပါဦးဆိုလို့ လိုက်ရှာတာ တွေ့လို့ ကူးလာတယ်....

Wednesday, April 24, 2013

အားလုံး စိတ်ဝင်စားနေကြတဲ့ Root များ လာပါပြီ All Root ပေါ့ဗျာ (၈) မျိုးပါ 69 MB

ကဲ နောက်ဆုံးထွက် Root ဆော့ဝဲတွေနဲ့ ဖုန်းအမျိုးအစားပေါင်း တစ်ထောာင်ကျော်ကို Root ဖောက်ပေးနိုင်
တဲ့ ဆော့ဝဲတွေရော ရတတ်သမျှ Root ပြုလုပ်တဲ့ ဆော့ဝဲစုံကို တင်ပေးလိုက်ပါပြီဗျာ..စိတ်ကြိုက်တာ ဒေါင်း
ထားလိုက်ပါတော့.။ ဒါကတစ်ခါဆွဲရုံနဲ့ အားလုံးပြည့်စုံသွားမယ်နော်.။ ယူထားသင့်တဲ့ ဆောင်ထားသင့်တဲ့
ဆော့ဝဲတွေပါ လုပ်စားတဲ့သူတွေအတွက်တော့ အတော့်ကို ကောင်းမွန်တဲ့ ဆော့ဝဲတွေပေါ့.။ Root လုပ်မစား
လည်းဘဲ ဒါတွေဟာ တစ်ကယ်လိုအပ်ပါတယ်.။ မရှိရင် ဟိုမှာရှာမရ ဒီမှာရှာမရနဲ့ ဖြစ်နေမှာစိုးတယ်.။ ဒါဟာ
သီချင်းတစ်ပုဒ်စာ ပမာဏရှိတဲ့ ဖိုင်လေးပါ.။ ကိုယ်ထမ်းထားရတာမှ မဟုတ်တာ ကွန်ပျူတာထဲမှာ ထည့်ထား ရမှာကို ဘာဖြစ်လဲ အရေးကြီးတာနဲ့ အရေးမကြီးတာ အားလုံးသိပါတယ်.။ ဒီ Root လုပ်တဲ့ဆော့ဝဲတွေဟာ တစ်ကယ် အသုံးတည့်လား မတည့်ဘူးလားဆိုတာကို အားလုံးအသိပါ.။ ခုအခါမှာ ဖုန်းခေတ်လို့တောင် ပြော မယ်ဆို ပြောလို့ရတယ်ဗျာ လူတိုင်း ဖုန်းကိုင်နိုင်တော့မယ်လေအဲဒီတော့ မြန်မာစာဖောင့်ထည့်ဖို့အတွက်   ရော အခြားအကြောင်းတွေကြောင့်ပါ ဒီ Root လုပ်တဲ့ဆော့ဝဲတွေဟာ လိုအပ်လာပါတယ်.။ လိုအပ်တော့ ရှိသင့်တာပေါ့.ဟုတ်တယ်မဟုတ်လား..။

ကဲဗျာ ဖုန်းအကြောင်းလေး နဲနဲထည့်ပြောလိုက်ပါဦးမယ်..။ မနေ့ကတော့ နဲနဲ တော်ကီထည့်ထားတယ်ဗျာ.
လိုအပ်မှုတွေတော့ အများကြီးပေါ့.။ ဖုန်းတစ်လုံး ပိုင်ဆိုင်တာဟာ မိန်းမတစ်ယောက်ယူသလိုကို တော်တော်
လေး ငွေကုန်မှုများတယ်ဗျာ.။ အဲဒီတော့ ချွေတာပြီးတာ သုံးစွဲကြပေတော့လို့ ထပ်လောင်းပြောချင်တယ်.။
ကိုယ်စားမယ့် သောက်မယ့်အထဲက ဒီဖုန်းအတွက် ဖဲ့သုံးနေရတာဆိုတော့လေ..။ ခုဆို  ဒီနေ့ 24.4.2013 မှာ အစိုးရက 1500 တန် ဆင်းကဒ်တွေ ချပေးပြီဆိုတော့ ကဒ်တန်ဘိုးအနေနဲ့ကတော့ အဆင်ပြေလို့ ၀ယ်နိုင်
ပါပြီ နောက်က လိုက်ရမယ့်ငွေ ပမာဏကို ကိုယ့်ရဲ့ တစ်လလုပ်ခ လစာနဲ့ တွက်ကြည့်ပါ.။ တစ်ယောက်မှာ
တစ်လကို တစ်သိန်း ရတယ်ဆိုပါစို့ အိမ်မရှိသူများ အိမ်ငှါးခ မီးဘိုး ရေဘိုး စားသောက်မှု စသဖြင့် တွက်ကြည့်ရင် အရင်းတောင်စိုက်ရမလို ဖြစ်နေတယ်.။ အဲဒီတော့ ဖုန်းဘိုးကို မကုန်သင့်တာ မကုန်အောင်
တတ်နိုင်သမျှ ချွေတာ သုံးစွဲကြပါလို့ တိုက်တွန်းချင်ပါတယ်.။

ကျုပ်ဆိုရင် ဖုန်းပြောခတော့ မကုန်ဘူး အင်တာနက် သုံးစွဲခက 5000 တန်ဆိုရင် တစ်ပတ်တောင်မခံဘူးဗျ
လေးရက်လောက်ဆို ကုန်ပြီ တစ်လဆို အနည်းဆုံး နှစ်သောင်းလောက်ကျွတ်တယ်.။ အဲဒီတော့ကာ ဖုန်း
ဘိုး အင်တာနက်ဘိုးကို တတ်နိုင်သမျှ ချွေတာနိုင်မှ စားရေးသောက်ရေး အဆင်ပြေမယ်ပေါ့.။

ဒီလောက်ဆိုရင် ခေတ်မှီပညာတတ်တဲ့ သူတွေ သိလောက်ရောပေါ့ မကုန်သင့်တာမကုန်အောင် ချွေတာနိုင်
သမျှ ချွေတာကြပါ ဒါမှ တစ်ဖြည်းဖြည်းနဲ့ တိုင်းပြည်က တိုးတက်မှာပါ..သို့မဟုတ်လျှင် တစ်နေ့ရတာ တစ်နေ့
သုံးတာနဲ့ မကာမိရင်တော့ ဆင်းရဲမြဲ ဆင်းရဲနေကြမှာကတော့ ပြောစရာမလို..။ ကြက်သားဟင်းနဲ့ ထမင်း
စားရမယ့် အစား ဖုန်းဖိုးနဲ့ ကုန်ရင်တော့ ငတ်ပေါက်ဘဲ.။ ကဲ ဘာပဲပြောပြော ချွေတာစုဆောင်း သူဌေးလောင်းတဲ့ဗျာ ချွေတာနိုင်သမျှတော့ ချွေတာကြလို့ တိုက်တွန်းရင်းဖြင့် အားလုံးပြည့်စုံသွားအောင်
All Root လေးတင်ပေးလိုက်တယ် စိတ်ချမ်းစွာဖြင့် ဒေါင်းလော့ချနိုင်ကြပါစေလို့လဲ..ဆုတောင်းပေးလိုက်
တယ်နော် လိုင်းမကောင်းရင် စိတ်ဆင်းရဲနေမှာ စိုးလို့ ကျုပ်တောင် box.com မှာဘဲ တင်နိုင်လိုက်တာ
မီဒီဖိုင်းယားမှာတော့ တင်တာ အဆင်မပြေတတ်ဘူး ဒါကြောင့် လင့်လေးတစ်ခုထဲ ပေးနိုင်လိုက်တာပါ.
အားလုံးကို ခင်မင်စွာဖြင့် မိုးကောင်းကင် 24.4.2013 အမှတ်ရ

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

Friday, January 11, 2013

အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း

ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။ ကျနော် အခါ အားလျော်စွာ Facebook Wall မှာ Share ပေးလေ့ရှိပါတယ်။ အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။ ဒီနေရာကနေ ကူးလာတယ်..


  •  
  •  
  • ကျနော်တို့အနေနဲ့ ပထမဆုံး Android application အဖြစ်ဖန်တီးချင်တဲ့ ဆိုဒ် သို့မဟုတ် Facebook PageFacebook Group တို့ ၏ သက်ဆိုင်ရာ LOGO  ကိုအရင်ဆုံး ကြိုတင်ပြီး ထုတ်ထားလိုက်ရင် တော့ ပိုအဆင်ပြေတာပေါ့ ခင်ဗျာ။ ကျနော် နမူနာအနေဖြင့် http://buddhismbeams.blogspot.com ကို Android Apk ဖန်တီးပြပါမယ်။
  • အောက်ပါပုံမှာ ပြထားသလို ဆိုဒ်ရဲ့ Rss Feed or Atom Feed ကိုယူပါမယ်။ ပုံမှာ ပြထားသည့် အတိုင်း နှိပ်လိုက်ပါ။ (1) ဆိုတဲ့နေရာကို အရင်ဆုံး နှိပ်လိုက်ပါ။ ပြီးရင် More Information ဆိုတဲ့ (2) နေရာကို နှိပ်လိုက်ပါ။
 
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ပုံမှာပြထားသလို ကျနော်တို့အနေနဲ့ Atom Feed ကိုပဲယူယူ၊ Rss Feed ကိုပဲယူယူ အဆင်ပြေပါတယ်။ Click လိုက်ပါက Browser နဲ့ ပွင့်သွားပါမယ်။
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ အဲဒီ Feed လင့်ကို Copy ယူလိုက်ပါ။
  • ထို့နောက် အောက်ပါပုံမှာ ပြထားသည့်အတိုင်း ဒီနေရာမှာ Sign up လုပ်ပေးလိုက်ပါ။
  • Sign Up လုပ်ပြီးပါက အောက်ပါပုံအတိုင်း Create New Application ဆိုတဲ့ Page ကို ချက်ချင်းရောက်သွားပါမယ်။ ပုံမှာ ပြထားသလို မိမိရေးသားသော Application နှင့်သက်ဆိုင်ရာများကို ဖြည့်ပါ။အထက်မှာ Copy ယူခဲ့သော Atom Feed or Rss Feed ရဲ့ Link ကို သုံးခုမြောက် မျှားနေရာမှာ ထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Create App ကိုနှိပ်လိုက်ပါ။
  • ပုံမှာ မြင်ရသလို တွေ့မြင်ရပါမယ်။
  • Icon ကိုတော့ ဆိုဒ်နဲ့ သက်ဆိုင်ရာ ပုံ ကိုထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။
  • Icon ကိုထည့်သွင်းပြီးပါက အောက်ပါအတိုင်းတွေ့မြင်ရပါမယ်။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။ ပြီးရင် Menu > Tabs ကိုသွားပါ။
  • ပုံမှာ မျှားပြထားသည့်နေရာများအတိုင်း ဖြည့်ပေးပါ။ Check လုပ်ရမယ့်နေရတွေမှာ မသုံးချင်ရင် ဖြုတ်ထားနိုင်ပါတယ်။ Tab Icons ဆိုတဲ့နေရာမှာ မိမိစိတ်ကြိုက် Icon လေးတွေဖန်တီးပြီးထည့်နိုင်ပါတယ်။ ဒီနေရာမှာတော့ Default အတိုင်းပဲ လုပ်ပြပေးထားပါတယ်။ နောက်ပိုင်းမိမိစိတ်ကြိုက်ဖန်တီးကြည့်ပါ။
  • နောက်တစ်ဆင့်ကတော့ Settings ဆိုတဲ့ Tab ကိုသွားလိုက်ပါ။ အောက်ပါအတိုင်းမိမိစိတ်ကြိုက် Setting များကို ပြင်ဆင်နိုင်ပါတယ်။ အားလုံးထည့်သွင်းပြီးရင် Save Changes ကိုနှိပ်လိုက်ပါ။
  • Submit ဆိုတဲ့ Tab အောက် Submit to Build ဆိုတာကိုနှိပ်လိုက်ပါ။ မိမိရဲ့ Gmail ကို ကျနော်တို့အခု ဖန်တီးလိုက်သော Apk ဖိုင်ကို ပို့ပေးပါလိမ့်မယ်။ ဒေါင်းယူပြီး Android ပေါ်မှာ Testing လုပ်နိုင်ပါပြီ။
  • တစ်ခု သတိပြုစေချင်တာက ဒီလင့်ကနေ Android apk ဖန်တီးလိုက်တဲ့အခါမှာ မိမိရဲ့ Gmail ထဲသို့ Auto သို့မဟုတ် Default apk ဖိုင်တစ်ခုကို အရင်ဆုံးပို့လေ့ရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ မေးလ်ထဲမှာ AppYet (2) or (3) လို့ ဖြစ်မှာသာ မိမိဖန်တီးလိုက်သော application ရဲ့ Setting များအတိုင်းရရှိမှာ ဖြစ်ပါတယ်။
  • ပြည်ပမှာရှိနေတဲ့ Android Application ဖန်တီးချင်သူများကတော့ Google Play မှာ တိုက်ရိုက် မိမိဖန်တီးလိုက်သော Application များကို Market မှာ Publish လုပ်နိုင်ပါတယ်။
  • Facebook Page, Group နဲ့ Personal Facebook Profile များဖန်တီးရန် FB-RSS Feed ထုတ်ယူပုံကိုတော့ ဒီပို့စ်မှာ ဆက်ပြီး မရေးတော့ပါဘူး။ လိုအပ်ရင်ဆက်သွယ်နိုင်ပါတယ်။ :-) :-) :-) အားလုံး အဆင်ပြေပါစေ…
  • PDF ဖိုင်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ အခု နမူနာပြရင်းနဲ့ ထုတ်လိုက်တဲ့ Apk Download Link ပါ။ ပုံတွေကတော့ ဒီ app ရဲ့ Android Screenshot တွေပါ။
  •  ဒီနေရာကနေ သဘောကျလို့ ကူးလာတယ်  http://androidmyanmar.blog.com/?p=147

Saturday, December 29, 2012

Huawei U8825D Root လို့ ရပါပြီ from MMUC

U8825D Root လို့ ရပါပြီ ဒီနေ့ တနေ့ လုံး တရုတ်စာတတ်တဲ့ သူငယ်ချင်း(Google Translate)ကို အကူညီတောင်းပြီးတော့တင်ပေးလိုက်ပါတယ် bootloader Unlock လုပ်ဖို့ နည်းနည်းတော့ အချိန်ပေးရပါမယ်

bootloader Unlock  လုပ်ဖို့ အတွက် driver ကိုအရင်ဒေါင်းပါ ဒီမှာပါ 

https://www.dropbox.com/s/nvq2to78o71txfj/Handset%2BWinDriver.rar

ဒေါင်းပြီးရင်တော့ မိမိ pc ထဲ install လုပ်လိုက်ပါ ပြီးရင်တော့ မိမိ ဖုန်း ထဲက system settings>developer options> USB debugging ကို onထားပေးပါပြီးရင်  bootloader Unlock သွားလုပ်ရပါမယ် bootloader Unlock  လုပ်ဖို့  အောက်ကလင့်ကိုသွားလိုက်ပါဒီမှာပါ

 http://www.huaweidevice.com/cn/servicePolicy.do?method=preUnlock


အဲ့ ဒီကိုရောက်ပြီဆိုရင် ပထမ စာမျက်နှာ ရဲ့ အောက်ဆုံးမှာ အမှန်ချစ်ပေးဖို့  အကွက်လေးရှိပါတယ် အမှန်ချစ်ပေးလိုက်ပါ ပြီးရင် သူ့ အောက်မှာ အနီရောင် အကွက်မှာတရုတ်စာ 3လုံးပါတဲ့ အကွက်လေးကို နိပ်လိုက်ပါ ဘေးက 1 to 6 နံပါတွေကိုတော့ ကျွန်တော်ဖြည့်ထားဒါပါ

၁။  电子邮箱 ဒီနေရာမှာ မိမိရဲ့ Email ကိုထည့်ပေးပါ

၂။ 产品类别 ဒီနေရာမှာ မှာတော့ အကွက်လေးရဲ့ မျှားလေးကိုနိပ်လိုက်ရင် တရုတ်စာ 3 ကြောင်းတွေ့ ပါမယ် အောက်ဆုံးက စာကိုရွေးပေးပါ

၃။ 产品型号 ဒီနေရာမှာ မှာတော့ အကွက်လေး ကိုနိပ်လိုက်ရင် c8812 / c8812E / U8825D ဆိုပြီးပေါ်လာပါမာ် ဘာကိုရွေးရမယ်ဆိုဒါ အထူးပြောစရာမလိုပါဘူးနော် သိတယ်မဟုတ်လာ

၎။ 产品S/N号 ဒီနေရာမှာတော့ မိမိဖုန်းရဲ့  S/N number ကိုထည့်ပေးပါ

၅။ 产品IMEI/MEID ဒီနေရာမှာတော့ မိမိဖုန်းရဲ IMEI/MEID number ကိုထည့်ပေးပါ IMEI/MEID number ကိုတော့ မိမိဖုန်း ဘက်ထရီကိုဖြုတ်ပြီးကြည့်လိုက်ပါ စာရွက်ပေါ်မှာမှတ်ထားပေးပါ

၆။ 产品识别码  ဒီနေရာမှာတော့ Product ID ကိုထည့်ပေးပါ Product IDကိုသိဖို့ အတွက် ဖုန်းခေါ်တတဲ့ ခလုပ်ကိုနိပ်ပါ *#*#1357946#*#* ရိုက်ထည့်လိုပါ  Product IDပေါ်လာပါမယ်

  အားလုံးဖြည့်ပြီးပြီ ဆိုရင် အောက်က အနီရောင်အကွက်လေးကိုနိပ်ပေးလိုက်ပါ မိမိ Email ထဲကို Unlock code ပို့ ပေးပါလိမ့်မယ် Email ထဲကို Unlock     code ရောက်ဖို့ အချိန်နည်းနည်းတော့ကြာပါမယ် Unlock code ရပြီးဆိုရင်တော့ လိုအပ်ဒါတွေကို အောက်ကလင့်မှာဒေါင်းလိုက်ပါ
 ( Google Translate နဲ့.. ဖြည့်လို့ရပါတယ် )
G330D a key to unlock.rar
https://www.dropbox.com/s/pfhdbykms3imxr4/G330D%20a%20key%20to%20unlock.rar

recovery6.0.1.2_AscendG330D.rar
https://www.dropbox.com/s/61a0e0553cu7wwt/recovery6.0.1.2_AscendG330D.rar

Root Recovery.zip
https://www.dropbox.com/s/2ytam587dakpdp9/Root%20Recovery.zip

အားလုံးဒေါင်းပြီးပြီဆိုရင် Unlock အရင်လုပ်ရပါမယ် Unlock လုပ်ဖို့ အတွက် မိမိဖုန်းရဲ့  Settings>Application>Fast boot ကို ပိတ်ပေးပါပြီးရင် ဖုန်းကို ပိတ်လိုက်ပါ 10 စက္ကန့်လောက်စောင့်ပါ

၁။ vol down + power ကိုနိပ်ထားပေးပါ Bootloader မှာရမ်နေပါမယ် ပြီးရင် ဖုန်း နဲ့  pc ကိုချိတ်လိုက်ပါ

၂။ G330D a key to unlock file ထဲက G330D一键解锁.exe Run လိုက်ပါ box တစ်ခုပေါ်လာပါမယ် မိမိ Email  ထဲကိုးရောက်လာတဲ့ unlock coad ထည့်ပေးပြီး Enter နိပါလိုက်ပါ    auto Reboot လုပ်သွားပါမယ်

၃။ ဖုန်းပြန်တက်လရင် ဘက်ထရီကိုဆွဲဖြုတ်လိုက်ပါ 10 စက္ကန့် လောက်စောင့်ပါ ပြီးရင် vol down + power ကိုနိုပ်ထားပါ Bootloader မှာရပ်နေပါမယ်

    Recovery6.0.1.0_AscendG330D.rar file ထဲံက recovery6.0.1.2_AscendG330D.exe ကို Run လိုက်ပါ ပြီးရင် 1 ကိုရွေးပြီး Enter နှစ်ချက် နိပ်ပေးလိုက်ပါ auto Reboot လုပ်သွားပါလိမ့်မယ်

၎။  ဖုန်ကိုပြန်မိတ်လိုက်ပါ ပြီးရင် sd card ထဲကို Root Recovery.zip ကို ထည့်လိုက်ပါ ပြီးရင် vol up + power ကိုနိပ်ပေးထားပါ CWM-based Recovery ကိုရောက်သွားပါမယ်

    install zip from sdcard ကိုရွေးပေးပါ ပြီးရင် Root Recovery.zip ရွေးပေးလိုက်ပါ auto install လုပ်သွားပါမယ်

၅။ ပြီးရင် Reboot လုပ်ပေးလိုက်ပါ ဖုန်းပြန်တက်လာရင် superuser စက်ရုပ်လေးနဲ့ လန်းလို့ ရပါပြီ

အားလုံးအစဉ်ပြေပါစေ ကိုအောင်ထက်ထွန်း ရေဒါလေးထည့်ပေးလိုက်တယ်နော်။
အပေါ်က Root Recovery.zip အဆင်မပြေသူများ
ဒါလေးနဲ့သုံးလိုက်ပါ ကျွန်တော်စမ်းပြီးပါပြီးအဆင်ပြေပါလိမ့်မယ်။
Root Zip ယူရန် http://www.mediafire.com/?eq1s2selzixv4u2

Aung Htet Htun (MMUC) မှ ကူးယူဖော်ပြသည်။

Saturday, December 8, 2012

မိုဘိုင်းဖုန်း 1000 ကျော်ကို Root လုပ်နိုင်တဲ့ဆော့ဝဲနှင့် အသုံးပြုနည်းစာအုပ် အသုံးပြုနိုင်တဲ့ဖုန်းအမျိုးအစား


မိုဘိုင်းဖုန်းအတော်များများကို Root လုပ်ပေးနိုင်တဲ့ဆော့ဝဲနှင့် ဘယ်လို Root လုပ်ရမယ်ဆိုတဲ့စာအုပ်လေး
ရယ် နောက်ပြီး ဘယ်လို Mobile Phone Version တွေကို Root လုပ်နိုင်တယ်ဆိုတာကအစ စသဖြင့်ရေးသား
ထားတဲ့စာအုပ်လေးပါတင်ပေးလိုက်ပါတယ်။ သုံးမျိုးပါ အားလုံးကို စုပေါင်းပြီး တင်ပေးလိုက်ပါပြီ။ ကျုပ်ကိုယ်တိုင်တော့ Root မလုပ်ဖူးပါဘူး ဒါကြောင့်လည်း 3000 ကုန်သွားတာပေါ့။ တစ်ချို့ဆိုင်တွေက 6000$ တဲ့ဗျာ။ကိုယ်တိုင်စမ်းသပ် Root ဖောက်လိုတယ်ဆိုရင်တော့ ဒီကောင်လေးနဲ့တာ စမ်းကြည့်လိုက်တော့ဗျာ။ HUAWEI VERSION အမျိုး SamSaung / HTC / ZTE / Yulong /  Xiaomi /  WA / WIN / TCT / SXZ / Son- Ericsson / Motorola / Lenovo / Koobe / KTTech / Infotmic /GIBABITE / FIH / စသဖြင့် Version မျိုးစုံးကိုRoot လုပ်နိုင်ပါတယ်။ လုပ်နည်းလေးကလည်း အရမ်းကို ရိုးရှင်းပါတယ်နော်။ မိမိတို့ကိုယ်ပိုင်ဖုန်းများ Rootမလုပ်ရသေးရင် စမ်းကြည့်နိုင်ပါပြီ။ လိုချင်ရင် သဘောကျရင်တော့ သိတဲ့အတိုင်း ဒေါင်းလော့ချပြီး သုံးစမ်းရုံဘဲနော် ကိုယ့်လူ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။




۩۩۩۩  DOWNLOAD HERE  ۩۩۩۩
ဒေါင်းရန် နောက်တစ်လင့်
۩۩۩۩  DOWNLOAD HERE  ۩۩۩۩









မိုးကောာင်းကင်။ ဒီကုသိုလ်သည် နိဗ္ဗာန်ရဲ့ အကြောင်း အထောက်အပံ့ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။