မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label ဘလော့နှင့်ပါတ်သက်တာလေးများ. Show all posts
Showing posts with label ဘလော့နှင့်ပါတ်သက်တာလေးများ. Show all posts

Saturday, November 2, 2013

Internet Speed မြန်အောင် Add-ons လေးတွေ ထည့်သုံးကြည့်ရအောင်

ကဲ Google ကပေးတဲ့  Add-ons နဲ့ Mozilla Friefox မှာ ပေးထားတဲ့ Meet the Speed DNS Developer ဆိုတဲ့
ကောင်းလေးကို မနေ့ညက လိုင်းကောင်းချိန်ထည့်သုံးစမ်းကြည့်တော့ အတော်အဆင်ပြေပါတယ်။ ညည့်
နက်မှဆိုတော့လေ ကောင်းမှာပေါ့။ ကဲခုညနေပိုင်းလေးလည်း မဆိုးပါဘူးဗျာ။ အတော်များများကတော့
ထည့်သွင့်အသုံးပြုတတ်မယ်လို့ထင်ပါတယ်။ ဘာမှ ထွေထူးလုပ်စရာမလိုပါဘူး။  Google Add-ons ကတော့
ရွေးပေးရမယ် ကိုယ်သုံးနေတာက Friefox ဆိုရင်တော့ firefox ကိုရွေးပေါ့ ။ Chrome ဆိုရင် Chrome ကိုရွေး
ပြီးတော့ Add-ons ဆိုတာလေး နှိပ်ပေးလိုက်ရင် ဒေါင်းလော့ချနေပါလိမ့်မယ် ပြီးသွားရင်တော့ Install လုပ်
ပေးပေါ့။ Install လုပ်ပြီးပြီဆိုရင်တော့ Restart ချခိုင်းမယ် ချပေးလိုက်ပေါ့ ပြန်တက်လာရင်တော့ အတော်
လေး မြန်ဆန်နေတာကို တွေ့ရပါလိမ့်မယ်။ နှစ်ခုထည့်သုံးလိုက်တယ်ဗျာ။ Meet the Speed DNS Developer
ဆိုတဲ့ကောင်ကလည်းကောင်းပါတယ်။ ကဲ အဆင်ပြေလား အဆင်ပြေရင် စလုပ်လိုက်ကြစို့ မရှင်းတဲ့သူများ
ကတော့ အောက်မှာ လှမ်းရှိုးကြည့်လိုက်ပါဦးနော်.။ မေးစရာရှိတာများရှိရင်တော့https://www.facebook.com/Mr.MoeKaungKin မှာ မေးကြပါနော်။ တတ်နိုင်သမျှ တတ်သမျှတော့ ဖြေပေးပါ့မယ် မတတ်ရင်တော့ မဖြေ
ပေးဘူး။ သို့သော် အကြံဥာဏ် ဘယ်မှာမေးဆိုတာလေး အကြံပေးမယ်။ အရာအားလုံးကိုတော့ ဘယ်သူမှ
မသိပါဘူး ဒါကြောင့်ပါ မိတ်ဆွေတတ်ထားတဲ့ ပညာက လွယ်နေပေမယ့် ကိုယ့်အတွက် အခက်တွေ ဖြစ်နေ
တတ်သလို ကိုယ်သိထားတဲ့ ပညာကလည်း မိတ်ဆွေအတွက် အခက်အခဲ ဖြစ်နေတတ်တယ်လေ...။




ကဲ ပထမဆုံး  https://addons.mozilla.org/  ဒီလင့်ကို သွားလိုက်ပါ။ ရောက်သွားရင် အောက်က ပုံလေးအတိုင်း
နှိပ်ပါ ။ Add to Firefox ဆိုတာကိုပေါ့။
ကဲ နှိပ်လိုက်ရင် ဒုတိယ ပုံလိုမျိုးလေး ဒေါင်းလော့ချနေမယ်ဗျာ။ ဘယ်ဘက်ခြမ်း အပေါ်မှာ ဒေါင်းလော့ချ
နေမယ်။  ခဏလောက်စောင့်ပါ။ ဒေါင်းပြီးရင် အောက်ကပုံလိုပေါ့။ Install လုပ်ရုံဘဲ။

 Install လုပ်ပြီးပြီဆိုရင်တော့ဖြင့်။ အောက်ပုံအတိုင်းဘဲ Restart Now ဆိုတာ နှိပ်ပေးပါ။

 နှိပ်ပေးပြီးရင်တော့ တစ်ခု ရသွားပါပြီနော်။ နောက်တစ်ခုကတော့။ Google က ထုတ်ကုန်တစ်ခုလို့ဘဲ
ဆိုပါတော့ဗျာ။ အဲဒါကိုလုပ်မယ်။
  

    ပထမဆုံး https://developers.google.com/speed/pagespeed/insights_extensions  ဒီလင့်ကို သွားမယ်။
နောက်ပိုင်း မသွားတတ်ရင်တော့ Search Box မှာ Google Page Speed လို့ ရိုက်လိုက်ရင် ပထမဆုံးဖော်
ပြတဲ့ ဆိုက်ဟာ အပေါ်က လင့်ပါဘဲ။ ကဲ ရပြီ။ ဆိုတော့ ထည့်သွင်းနည်းကတော့ အပေါ်ကအတိုင်းပါဘဲ။
မခက်ဘူး ။

 ဒီနေရာလေးကို ရောက်မယ်ပေါ့ဗျာ။ ကိုယ်က Firefox သုံးနေတယ်ဆိုရင်တော့ Firefox အောက်က install Firefox Extension ဆိုတာလေး နှိပ်ပေးပါ ကျန်တာတော့ အပေါ်ကနဲ့ တူပြီ။ Chrome ဆိုရင်လည်း သူ့အောက်
က ကောင်လေးနှိပ်ပြီးတော့ ထည့်သွင်း အသုံးပြုရုံပါဘဲ မခက်ပါဘူး။
 ကဲဗျာ အခုဆိုရင် နှစ်ခုလုံး ထည့်သွင်းပြီးပြီဆိုရင်တော့ Firefox အပေါ်တန်းက Tools>> Add-ons>> Extensions မှာ ၀င်ရောက် ကြည့်ရှု ပြင်ဆင်နိုင်ပါပြီနော်။ အားလုံး အဆင်ပြေကြပါစေ....။


ကဲ ဒီလောက်ဆိုရင်တော့ အတော်လေး Website တွေ ဖွင့်ရတာ အတော်လေး မြန်သွားတော့မှာပါ။ မြန်သွား
ရင်တော့ ပတ်မွှေပေတော့။ အလည်အပတ်များများသွားပါ။ ဒါမှ ပညာများများ ရမှာပါ။.....
အဆင်ပြေရင်တော့ ကိုယ့် facebook FanPage လေးကိုလည်း Like လေး နှိပ်ပေးပါဦးနော်..။
မိုးကောင်းကင် ဖောင်းပြင်...https://www.facebook.com/Mr.MoeKaungKin

Monday, October 28, 2013

HTML5, CSS3 ဖြင့် website ရေးနည်း အပိုင်း (၇)building website with html5 css3 part 7 (လူခါး)

ကဲဗျာ ကိုလူခါး ခေါ် ကိုမျိုးဝင်းရဲ့ Web Desing ဆွဲပုံနည်းပညာ သင်ခန်းစာလေးတွေ ရှယ်ထားပါတယ်။
သူတော့ စိတ်ဆိုးနေမလားမသိဘူး။ ပိုကျယ်ပြန့်အောင်လို့ ဖြန့်လိုက်တာပါ။ ဒီသင်ခန်းစာတွေက ကျုပ်
တင်ထားတာလည်း မဟုတ်ပါဘူး ကိုမျိုးဝင်း Youtube မှာ တင်ထားတာလေးတွေပါ အဲဒါကို ဘလော့ကို
ရှယ်လိုက်တာပေါ့ ။ လူအများမြင်တော့ လူတွေအများကြီး ဗဟုသုတရတာပေါ့ဗျာ။ ကျုပ်ကတော့
အကုန်လုံး ဒေါင်းထားပြီးပါပြီ။ အကုန်လုံးကို ဒီမှာ လင့်လေး ထည့်ပေးလိုက်ပါဦးမယ် သင်ခန်းစာ ခုနှစ်ခုရဲ့
လင့်လေးတွေပေါ့ဗျာ။
သင်ခန်းစာ ( ၁ ) http://youtu.be/rTauCxTkTd8
သင်ခန်းစာ ( ၂ ) http://youtu.be/yNVoJyJ2qnU
သင်ခန်းစာ ( ၃ )  http://youtu.be/kscCr58IQN0
သင်ခန်းစာ ( ၄ ) http://youtu.be/oXQsUsoEf5g
သင်ခန်းစာ ( ၅ ) http://youtu.be/whPJ9YOgdBo
သင်ခန်းစာ ( ၆ ) http://youtu.be/3kWJ3d37n9A
သင်ခန်းစာ ( ၇ ) http://youtu.be/N_Lq3LND8SQ

HTML5, CSS3 ဖြင့် website ရေးနည်း အပိုင်း (၆ )building website with html5 css3 part 6 (လူခါး)

Singapore Web Design website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ အသံသွင်းတုန်းက mic ပြဿနာ နည်းနည်းရှိသွားလို့ အသံက တိုးနေပါတယ်။ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။
Video download လုပ်ဖို့ အခက်အခဲရှိတဲ့သူတွေအတွက်လည်း download လုပ်နည်း ကို ပြောပြပြီးပါပြီ။ အခု ဒီ video တွေအထိ လိုက်လုပ်နိုင်တဲ့လူကတော့ ဒီသင်ခန်းစာတွေ ပြီးတာနဲ့ website တစ်ခု လုပ်တတ်သွားမှာ ဖြစ်သလို၊ website တစ်ခုလည်း လုပ်ပြီးနေမှာပါ။ တစ်ခြား အဆင်မပြေတာလေးတွေ ရှိရင်တော့ မေးနိုင်ပါတယ်။ နောက်တစ်ခေါက် သင်ခန်းစာမှာတော့ နောက်ထပ် စာမျက်နှာတွေကို အလွယ်တကူ ဘယ်လိုလုပ်မလဲဆိုတာ သင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီသင်ခန်းစာပြီးရင်တော့ ကျွန်တော် ရေးထားတဲ့ ဖိုင်တွေကို တင်ပေးပါမယ်။
Video တွေကတော့ အောက်မှာပါ -

Website ရေးနည်း အပိုင်း (၅) html5 and css3 building website with html5 css3 part 5 (လူခါး)

မိုးအေးအေးနဲ့ WebDesingner ကိုမျိုးဝင်းရဲ့ သင်ခန်းစာလေးတွေပါ မဒေါင်းရသေးတဲ့သူတွေ ဒေါင်းနိုင်အောင်
ရှယ်လိုက်တယ်ဗျာ။ ကျုပ်တော့ သင်ခန်းစာ (၇) ခုလုံး ဒေါင်းပြီး သွားပါပြီ။ ကြည့်ပြီးတော့ လှုပ်ရှားလို့
အဆင်ပြေပါလိမ့်မယ်...http://www.myanmarwebdesigner.com/blog/page/2
အပေါ်ကလင့်ကတော့ ကိုမျိုးဝင်းရဲ့ လင့်လေးပါ ။

Website ရေးနည်း အပိုင်း (၄ ) html5 and css3 building website with html5 css3 part4 (လူခါး)

မင်္ဂလာပါ၊
Singapore Web Design website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ CSS sprite ရေးနည်းကိုလည်း ဒီတစ်ပတ် သင်ခန်းစာမှာ သင်ပေးထားပါတယ်။ video နှစ်ဖိုင်မှာ တစ်ဖိုင်က အရမ်းတိုးနေပါတယ်။ အသံသွင်းနေတုန်း mic က ဘာဖြစ်သွားလဲ မသိဘူး၊ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။

Website ရေးနည်း အပိုင်း (၄ + ၅) – html5 and css3

HTML5, CSS3 နဲ့ Website ရေးနည်း အပိုင်း (၃) building website with html5 css3 part 3 (လူခါး)

Singapore Web Design website ကို နမူနာထားပြီး website ရေးနည်းကို သင်ပေးထားသော သင်ခန်းစာဖြစ်ပါတယ်။ ဒီနေ့ တင်ပေးမှာကတော့ website ရေးနည်း အပိုင်းသုံး ဖြစ်ပါတယ်။ စာအဖြစ်နဲ့တော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး၊ အားလုံး video ထဲမှာ ပြောပြပေးထားပါတယ်။ ဒီတစ်ခေါက် video ကတော့ နည်းနည်းလေး ရှည်ပါတယ်။ တစ်ကယ်လို့ youtube က video တွေ download လုပ်လို့ မရဘူးဆိုရင် http://www.downvids.net/ ကိုသွားပြီးတော့ video ရဲ့ လိပ်စာကို paste လုပ်ပြီး download လုပ်နိုင်ပါတယ်။ http://www.myanmarwebdesigner.com/blog/page/2 ဒီလင့်လေးက သင်ခန်းစာလေးတွေပါ။

Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ building website with html5 css3 part 2 (လူခါး)

http://www.myanmarwebdesigner.com/blog/page/3
ဒီလင့်က သင်ခန်းစာလေးတွေ အကျိုးများမယ်ထင်လို့ ရှယ်ထားတယ်။

HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁) (လူခါး)

မင်္ဂလာပါ၊
အရင်တစ်ခေါက်တုန်းကတော့ html4 နဲ့ css2 ကို အသုံးပြုပြီး website ရေးနည်း ကို video recording နဲ့ တင်ပေးဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ နောက်ဆုံးပေါ်ဖြစ်တဲ့ HTML5 နဲ့ CSS3 ကိုသုံးပြီးတော့ website ရေးတာကို video recording လုပ်ထားပေးပါတယ်။ Singapore Web Designer website ရဲ့ design ကို ကြည့်ပြီးတော့ HTML5 နဲ့ CSS3 coding ကို ပြန်ရေးပြတာ ဖြစ်ပါတယ်။ video ကို download လုပ်ရတာအဆင်ပြေအောင်၊ video လည်း ဝါးတားတားမဖြစ်အောင် အကောင်းဆုံး size ကို ချိန်ပြီးတော့ တင်ထားပေးပါတယ်။ ကြည့်ရတာ အဆင်မပြေဘူး သေချာမရှင်းဘူးဆိုရင်တော့ video ကို full screen ပြောင်းပြီး ကြည့်ပါ။ full screen ကို အောက်ကပုံမှာ ဝိုင်းပြထားတာလေးကို နှိပ်လိုက်ရင် အကျယ်မြင်ရပါပြီ။

Tuesday, October 22, 2013

Website (or) Blog တွေ ဒေါ်လာငွေနဲ့ ဘယ်လောက်တန်လဲ တွက်ကြည့်မယ်...

blog တွေ Website တွေကို အမေရိကန်ဒေါ်လာနဲ့ ဘယ်လောက်တန်နေပြီလဲဆိုတာ တွက်ချက်နိုင်မယ့်
ဆိုက်လေးတစ်ခုကို တွေ့လာလို့ အမှတ်တရဖြစ်အောင် တင်လိုက်တယ်။ ကိုယ့်ဘလော့လေး ထည့်စမ်း
ကြည့်တာတော့ 250 တန်ဆိုဘဲ။ နာမည်တော်တော်လေး ရနေတဲ့ဆိုက်လေးတွေကိုလည်း စမ်းကြည့်တယ်။
ဒေါ်လာ 2000 တန် 1000 တန်စသဖြင့် တွေ့ရပါတယ်။ ကျုပ်ဆိုက်ထဲမှာ ဆိုက်လင့်တွေအများကြီးဘဲ ကူး
ထည့်ပြီးတော့ ဘယ်လောက်တန်လဲ စမ်းကြည့်ကြပေါ့ဗျာ။ ရောင်းစားလို့တော့ မတန်ဘူးထင်တာဘဲ။ 250
ဆိုတော့ နဲနဲလေးလေ။ ကဲပါ အပျင်းပြေပေါ့။ ဒီလင့်လေးကတော့ မောင်ပေါက်ဆီမှာ တွေ့တဲ့လင့်လေးပါ။
အပျင်းပြေ စမ်းကြည့်လို့ ရတာပေါ့။ ဗဟုသုတလည်း ဖြစ်တာပေါ့ဗျာ။ အောက်က လင့်မှာ စစ်ပါ။

Friday, October 18, 2013

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်းဆိုရာတွင် မိမိရဲ့ blogspot.com က လိပ်စာ နဲ့ မိမိ ၀ယ်ယူထားတဲ့ Domain Name ကို ချိတ်ဆက်ပြီး yourdomainname.blogspot.com အစား yourdomainname.com ဆိုတဲ့ လိပ်စာကို ပြောင်းလဲအသုံးပြုခြင်းပါပဲ။
ဒီနေရာမှာ အပိုင်း ၄ ခုလောက် ခွဲပြီးအဆင့်လိုက်လုပ်ဆောင်ပြသွားပါမယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
၎။ Ownership အား Verify လုပ်ခြင်း
တို့ဖြစ်ကြပါတယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
မိမိမှာ blogspot ရှိတယ်ဆိုရင် ပထမဦးစွာ http://www.blogger.com/ ထဲကို ၀င်လိုက်တာနဲ့ မိမိရဲ့ blogspot site က ပေါ်နေပါလိမ့်မယ်… ပုံမှာပြထားတဲ့ အတိုင်း Setting > Basic ဆိုတဲ့အထဲကိုသွားပါ။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း


Publishing ရဲ့ အောက်နားမှာ Add Custom Domain ဆိုတာကို ရွေးချယ်လိုက်ပါ။
ပြီးရင် Advanced settings ဆိုတဲ့အထဲကို ရောက်သွားပါလိမ့်မယ်။
ပုံမှာဖော်ပြထားတဲ့အတိုင်း မိမိဝယ်ယူထားတဲ့ Domain name ကိုရိုက်ထည့်ပြီး Save ကိုနိုပ်လိုက်ပါ။
“We have not been able to verify your authority to this domain. Error 12. Please follow the settings instructions.” ဆိုတဲ့ error ထွက်လာပါလိမ့်မယ်။

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
စောစောတုန်းက အဆင့် ၁ မှာ ပြခဲ့သလို Custom Domain ရယူပြီးတဲ့အချိန်မှာ Save Button နိုပ်ရင် Error Code နဲ့အတူ CNAME ၂ ခုထွက်လာသလို အဲ့လိုမှမဟုတ်ရင် Settings Instructions ဆိုတဲ့နေရာမှာ နိုပ်ရင်လည်း အောက်ပါပုံမှာ ပြထားသလို CNAME ၂ ခုကို ရယူနိုင်ပါတယ်။
Point လုပ်ရန် CNAME နှစ်ခုထွက်လာပါလိမ့်မယ်။
1. www ဆိုတဲ့ “name/label/host” ဆိုတဲ့ တစ်ခုနဲ့ “Address/Destination/Target” က ghs.google.com ဆိုပြီးဖြစ်ပါတယ်။
2. နောက်တစ်ခုကတော့ verification code ဖြစ်ပါတယ်။ သူကတော့ တစ်ဦးနဲ့တစ်ဦးတူမှာမဟုတ်ပါဘူး
ဥပမာ – “name/label/host”  ဆိုတဲ့နေရာမှာ SFEFA52A22 ဆိုပြီးဖြစ်နိုင်ပြီး “Address/Destination/Target” က gv-HRAABJZSDDD33D2DD2DLNUYTDU2.MA.domainverify.googlehosted.com. ဆိုပြီးဖြစ်ပါတယ်။
အထက်ဖော်ပြပါ CNAME နှစ်ခုစလုံးကို မှတ်သားထားဖို့လိုပါတယ်။
နောက်တစ်ခုက အကယ်၍ User တွေက မိမိရဲ့ domain ကို www မရိုက်ထည့်ပဲ ၀င်ခဲ့မယ်ဆိုရင် error တွေကျလာတတ်ပါတယ်.. အဲ့အတွက် “A Records” ၄ ခုလည်း မှတ်သားထားရန်လိုပါတယ်။
216.239.32.21
216.239.34.21
216.239.36.21
216.239.38.21
တွေဖြစ်ပါတယ်။

၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
မိမိရဲ့ ဒိုမိန်း Control Panel ထဲကို ၀င်ပါ။
CNAME နဲ့ A Record ကို ပုံမှာပြထားသည့်အတိုင်း ထည့်သွင်းရန်သာဖြစ်ပါတယ်။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း

























 မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : DNS Management
မိမိ Domain အား Blogspot ဖြင့် 
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
ချိတ်ဆက်အသုံးပြုခြင်း : A Record ထည့်သွင်းထားပုံ
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ပထမ CNAME ထည့်သွင်းပုံ
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ဒုတိယ CNAME ထည့်သွင်းပုံ

၎။ Ownership အား Verify လုပ်ခြင်း
နောက်ဆုံးအဆင့်ကတော့ မိမိရဲ့ DNS မှာ စောစောတုန်းက A Record and CName တွေထည့်သွင်းပြီးလို့ နာရီဝက်ခန့်အကြာ DNS Active ဖြစ်ပါက Blogspot ထဲကိုဝင်၍
Add custom domain မှနေ၍ မိမိရဲ့ domain အမည်ကို (e.g www.yourdomainname.com) ဟူ၍ ရိုက်ထည့်ပြီး Save လုပ်လိုက်ရင် ရပါပြီ။

http://www.myanmarmobilesoftwaredeveloper.com/?p=8475
ဒီလင့်က ယူခဲ့တယ် ၀ယ်လို့လည်း ရပါတယ်..။ ကျုပ်လည်း ၀ယ်တော့ ၀ယ်ချင်တယ် အဆင့်မမှီသေးဘူးလို့
ထင်လို့...။ သို့မဟုတ် ငွေ မရှိသေးလို့ သို့မဟုတ် အတိအကျ မသိသေးလို့ တစ်နှစ်စာ တစ်သောင်း တစ်သောင်း နှစ်ထောင်ဆို သုံးနှစ်စာလောက်တော့ ၀ယ်ချင်ပါတယ်..။

Friday, October 4, 2013

ဝက်ဆိုက်ရေးသားလိုကြတဲ့ သူများအတွက် အကောင်းဆုံး သင်ခန်းစာပေးနေတဲ့ ဆိုက်လေးများ (MWD)

Beginner, Intermediate နဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ လူတွေပါ လေ့လာသင့်တဲ့ website တွေကို အဆင့်အလိုက် စုစည်းပေးလိုက်ပါတယ်။ Myanmar Web Desingner.com ကနေ ကူးယူဖော်ပြထား.။
1. Myanmar IT Pro
ဒီဆိုက်နာမည်ကတော့ Myanmar IT Professional ပါ၊ မြန်မာနိုင်ငံမှာရှိတဲ့ IT လောကသားတွေ စုပေါင်းအသုံးကြတဲ့ social network ပေါ့၊ ဒါကြောင့် ဒီ ဝဘ်ဆိုက်မှာ member ဝင်ထားခြင်းအားဖြင့် တစ်ကယ့်လုပ်ငန်းခွင်ဝင်နေကြတဲ့ အိုင်တီသမားတွေ ဘာအခက်အခဲတွေ တွေ့နေကြလဲ၊ ဘယ်လိုတွေ ဖြေရှင်းကြလဲ၊ လဲ လဲ လဲ .. (အဲ ဆောရီး..) အဲဒါတွေ သိနိုင်တဲ့အပြင်၊ မြန်မာက အိုင်တီသမား အားလုံးကို ချည်တုပ်ပြီး တစ်နေရာတည်း စုထားတဲ့အတွက် ခင်ဗျားအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။ အဲ … တစ်ခုတော့ ရှိတယ် အဲ့ဆိုက်မှာ မန်ဘာမဝင်ခင် ဆိုက်ရဲ့ စည်းကမ်းလေးတွေကိုတော့ သေချာဖတ်ပေါ့၊ မဟုတ်ရင် လူကြီးတွေဆိုတော့ ခင်ဗျားကို ဝိုင်းဆူကြလိမ့်မယ် .. :)

2. Myanmar Tutorials
Tutorials ဆိုတာကတော့ အကြောင်းအရာတစ်ခုကို ကိုယ်တိုင် ပြန်လေ့လာနိုင်ဖို့အတွက် ရှင်းပြခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဒီဆိုက်မှာတော့ ခင်ဗျားကို ကိုယ်တိုင် ပြန်လုပ်ရမယ့် လက်ချာတွေကို အဆင့်တွေ အဆင့်တွေနဲ့ ရှင်းပြထားပါတယ်။ လုပ်ရင် လုပ်သလောက် ခင်ဗျားအတွက် အကျိုးရှိပါတယ်။ တစ်ချိန်ကတော့ ဒီဆိုက်က အုန်းအုန်းကြွက်ကြွက် ရှိတဲ့ ဆိုက်ပါ။ ခုနောက်ပိုင်းတော့ ဆိုက်ပိုင်ရှင်က သိပ်မအားတော့လို့ထင်တယ်၊ သိပ်ပြီးတော့ ထပ်မတင်ဖြစ်သေးပါဘူး။ ဒါပေမယ့် ခင်ဗျားလေ့လာမယ်ဆိုရင်တောင် အရင်က တင်ထားတဲ့ tutorial အဟောင်းတွေကိုတောင် မနည်းကုန်အောင်လေ့လာရမှာမို့လို့ ခင်ဗျားအတွက် အကျိုးရှိပါတယ်။

3. Myanmar IT
ဒီဆိုက်ကတော့ အခု ခင်ဗျားဝင်ဖတ်နေတဲ့ website ပါပဲ၊ အချိန်ရရင် ရသလို သင်ခန်းစာတွေကို တင်ပေးထားတာ၊ အခုဆိုရင် Web Design Tutorials တွေရော၊ Web Development Tutorials ရော SEO Tutorials တွေရော များစွာ ရှိနေပါပြီ၊ နောက်ပိုင်းမှာ အချိန်တွေရဦးမယ်ဆိုရင် Graphics Design Tutorials တွေကော တင်ပေးသွားဖို့ ရှိပါတယ်။

4. Myanmar Web Development
Myanmar Web Development ဆိုတဲ့အတိုင်း web development တွေကို အမြဲတမ်း ရေးသားပေးနေတဲ့ website တစ်ခုဖြစ်ပါတယ်၊ အခုပေးလိုက်တဲ့ဆိုက်တွေထဲမှာ update အဖြစ်ဆုံး website တစ်ခုပါ။

5. Mystery Zillion
Mystery (မသိခြင်းများ) Zillion (မြောက်များစွာ) ဆိုတဲ့အတိုင်း မသိတာမှန်သမျှ အကုန်မေးလို့ရတယ်၊ အဲဒီဆိုက်မှာလဲ သူများတွေ မေးထားကြတာ တစ်ကယ့် Zillion ပါပဲ၊ တစ်ခုတော့ရှိတယ် သူများဖိုရမ်ဝင်တော့မယ်ဆို သူ့စည်းကမ်းတော့ အရင်ဖတ်။ သူလည်း update တော့ သိပ်မဖြစ်ပေမယ့် သူများမေးထားတာတွေနဲ့တင် ခင်ဗျားလေ့လာလို့ မကုန်ဘူး။

အခုတော့ ဒီလောက်ပါပဲ၊ နောက်မှ တွေ့တာလေးတွေရှိရင် ဒီ post မှာပဲ လာဖြည့်ပေးပါမယ်။ အသုံးဝင်တဲ့ website တွေတွေ့ရင်လည်း comment ရေးခဲ့ပါ၊ တစ်ကယ်အသုံးဝင်တဲ့ website ဆိုရင် comment ကို ဖော်ပြပေးပါမယ်၊ ပြီးတော့ website ကိုလည်း အပေါ်က list ထဲ ထည့်ပေးပါမယ်။

နှင့် 
http://www.myanmarwebdesigner.com/blog/ များစွာ လေ့လာနိုင်ပါတယ်...

Website ရေးခိုင်းလိုသော စီးပွါးရေးသမားများအတွက် Myanmar Website Desingner လေးနဲ့ မိတ်ဆက်ပေးလိုက်တယ်

ကဲဗျာ ကျုပ်လည်း နည်းပညာနှင့်ဆိုင်သမျှ အခမဲ့ ကြော်ငြာပေးခဲ့တာလေးတွေလည်း အများကြီးပါ။ ကိုယ်ကြောင့်
သူတို့တွေ အဆင်ပြေတယ်ဆို ကိုယ့်အတွက် ပီတိဖြစ်စရာတွေဘဲ မဟုတ်လား။ နေ့စဉ်နှင့်အမျှ ထွက်သမျှ ဆော့ဝဲ
တွေကိုလည်း ကျုပ်အနေနဲ့ အသုံးပြုနည်းကအစ ကြော်ငြာနေရတာဆိုတော့ မဆန်းပါဘူး။ Myanmar IT ရဲ့ Admin ကိုမျိုးဝင်းက အကူအညီလေး တစ်ခု တောင်းလာတဲ့အတွက် ကြော်ငြာပေးလိုက်ပါတယ်။ ဒီဆိုက်ကတော့
စီးပွါးရေးသမားတွေမှာ မိမိတို့ရဲ့ ကုန်ထုတ်လှုပ်မှုကို ကြော်ငြာလိုတာဘဲ ဖြစ်ဖြစ် ဆိုက်တွေကို တည်ဆောက်ကြ
ပါတယ်။ မိမိတို့မှာ ဆိုက်မရေးတတ်သော်လည်း ပညာရှင်တွေနှင့် တိုင်ပင်ပြီး မိမိဘယ်လို ပုံစံဖြစ်ချင်တယ်။ ဘယ်
လိုလေး လုပ်ချင်တယ်ပေါ့ စသဖြင့် Website ရေးသားပေးသူနှင့် တိုင်ပင်ပြီးလုပ်မယ်ဆို ပိုကောင်းပါတယ်။ ခုလော
လောဆယ်မှာ ကော်ဖီကြော်ငြာတွေ ဖုန်းကြော်ငြာတွေ စသဖြင့် လူသိများအောင် ကြော်ငြာပေးတဲ့ ဥစ္စာတွေလည်း
ရှိပါတယ်။ ဒါ မိမိတို့ဆိုက်ရှိရင် ပိုညွန်းလို့ ကောင်းတာပေါ့ဗျာ။ ဆိုက်အတွင်းမှာ မိမိတို့ရဲ့ ဆိုင်မှာ ရနိုင်တာတွေ ဈေး
နှုန်းတွေကအစ အသေးစိတ်မေးနိုင်အောင် ဆက်သွယ်နိုင်အောင်ဆိုရင် ခုနကြော်ငြာတဲ့ ဥစ္စာထက် ဆိုက်ရှိရင် ပို
အဆင်ပြေတာပေါ့။ ဒါတွေကတော့ မပြောလည်း သိနေမယ့် အရာတွေပါ။ ကဲ ဒါကတော့ မြန်မာပြည်က WebDesi
ngner ပေါ့ Website တွေကို ဒီဇိုင်းဆွဲပေးတယ် ရေးပေးတယ်။ ကျုပ်တို့ထက်တော့ အများကြီး ကျွမ်းကျင်တာပေါ့
 

ကျုပ်တို့ရေးတဲ့ Blogspot ကတော့ လွယ်ပါတယ်။ သို့သော်လည်း နာမည်တစ်ခုရဖို့ လူသိများဖို့ကြတော့ မလွယ်
ပါဘူး။ အဲတော့ WebDesingner တွေနဲ့ တိုင်ပင်ပြီး ဆိုက်လေး တစ်ခုလောက်ရေးခိုင်း Ads ကြော်ငြာတွေမှာလည်း
ထည့်မယ်ဆို မိမိတို့ရဲ့ ကုန်ထုတ်လှုပ်မှုဟာ တိုးတက်လာမှာကတော့ မလွဲဧကန်ပေါ့ဗျာ။ ဒီလိုဆိုက်တွေဆိုတာ
မြန်မာပြည် တစ်ခုတည်း ကြည့်လို့ရတာမှ မဟုတ်တာ ဘယ်အရပ်ဘယ်နေရာကဘဲဖြစ်ဖြစ် အင်တာနက်ရှိရင်
ကြည့်နိုင်တာဆိုတော့ ကမ္ဘာတစ်ဝန်းလုံးကိုပါ ကြော်ငြာသလို ဖြစ်တာပေါ့ဗျာ။ လူသိများတော့ ပိုကောင်း ပိုအောင်
မြင်မှာပေါ့။ ဟုတ်ဘူးလား.။ အထူးသဖြင့်တော့ ကမ္ဘာအရပ်ရပ်ကို ရောက်နေကြတဲ့ မြန်မာတွေလည်းသိ ပြည်
တွင်းက လူတွေလည်းသိဆိုတော့ ပိုမကောင်းဘူးလားဗျာ။ ကဲ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ လက်မနှေးနှင့်နော်
လက်နှေးရင်တော့ ခွက်ဆေးရလိမ့်မယ်။ ခု အတော်လေးကို အင်တာနက်နှင့် လူတော်တော်များများ လှုပ်ရှားနေ
ကြပြီ ။ မျှက်စိကိုဖွင့် နှားကိုစွင့် ဆိုသလို လုပ်ကြပါလို့ တိုက်တွန်းရင်းဖြင့် အဆုံးသတ်လိုက်ပါတယ်...။

ကဲ Admin ကြီး ကိုမျိုးဝင်း ဒီလောက်ဘဲ ကျုပ်လည်း ရေးတတ်တော့တယ်ဗျာ။ တွေ့ရင်တော့ လက်ဖက်ရည်တိုက်
ပေါ့။ ကျေးဇူးတင်ပါတယ်....နော်...။


ကဲ ကိုမျိုးဝင်း အကူအညီတောင်းထားတဲ့ Email စာသားနှင့် လိပ်စာလေးတွေပါ ထည့်ပေးလိုက်တယ်...

 
မင်္ဂလာပါခင်ဗျ၊

ကျွန်တော်က Myanmar IT ရဲ့ admin မျိုးဝင်း ဖြစ်ပါတယ်ခင်ဗျ၊ လူကြီးမင်းတို့ website ကို ဝင်ကြည့်ဖြစ်ပါတယ်။ နည်းပညာအကြောင်းလေးတွေကို share ပေးနေတာတွေ့ရတော့ ကျေနပ်အားရမိပါတယ်။ ကျွန်တော် blog မှာလည်း နည်းပညာများကို သေးသေးလေးကစပြီး website တစ်ခုလုံး ရေးပုံရေးနည်းကို video များနဲ့ ကိုယ်တိုင် သင်ပြထားတဲ့ သင်ခန်းစာတွေ ရှိပါတယ်။ လူကြီးမင်းရဲ့ Website မှာ တစ်ခြား နည်းပညာ website များကို ဖော်ပြထားတာတွေ့ရလို့ ကျွန်တော်တို့ရဲ့ နည်းပညာ blog လေးကိုလည်း ဖော်ပြပေးဖို့ တောင်းဆိုလိုက်ပါတယ်။ လူတိုင်းအတွက် အကျိုးရှိပြီး လက်တွေ့ကျတဲ့ သင်ခန်းစာတွေ တင်ပေးထားတာမို့လို့ အသုံးဝင်တဲ့ website တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် link ချိတ်ပေးရင်ဖြင့် လူကြီးမင်းရဲ့ website ကို နေ့စဉ်လာကြည့်တဲ့ သူတွေ လူကြီးမင်းရဲ့ website ကို ပိုမိုကြိုက်နှစ်သက်စေမှာ သေချာပါတယ်။ တစ်ခြား အဆင်မပြေတာများရှိရင် သိပါရစေခင်ဗျ။ ထည့်ပေးဖြစ်လို့ မေးလ်လေးနဲ့ပြန်ပြီး အကြောင်းကြားပေးနိုင်မယ်ဆိုရင်လည်း ကျေးဇူးတင်မိမှာပါခင်ဗျ။
လေးစားလျှက်
မျိုးဝင်း


 

 

Tuesday, September 17, 2013

PageSpeed Insights Browser Extensions Loading Time လေး မြန်အောင် ဆိုက်တွေ ဖွင့်တာမြန်အောင်လုပ်မယ်..

ကဲ ကျေးဇူးရှင် Google ကပေးတဲ့ PageSpeed Insights Browser Extensions ဆိုတဲ့ကောင်လေးပေါ့
ဗျာ။ အဲဒီကောင်လေး Add on ပေါ့ Firefox အတွက်နှင့် Google Chrome နှစ်မျိုးအတွက်ပါ။ ကိုယ့်နိုင်ငံ အင်
တာနက်လိုင်းကလည်း သိတဲ့အတိုင်းဘဲ သုံးပန်လှ ကောင်းချင်ကောင်းမယ် မကောင်းချင် မကောင်းဘူး ။ မကောင်းတာက များလေတော့ ဒါမျိုးလေးတွေ အားကိုးနေရတယ်မဟုတ်လား။ ဒီကောင်လေးထည့်သွင်း အသုံး
ပြုမယ်ဆိုရင်တော့ ပုံမှန်ထက် ဆိုက်တွေဖွင့်ရတာ မြန်လာပါလိမ့်မယ်။ Facebook ဖွင့်တာတို့ အခြားသော နည်း
ပညာဆိုက်တွေ မိမိကြည့်ချင်တဲ့ ဆိုက်တွေကို ပုံမှန်ထက် မြန်ဆန်အောင် လုပ်ပေးနိုင်ပါတယ်။ မယုံရင်တော့
စမ်းကြည့်ကြဗျာ။ မကောင်းဘူးလို့ ထင်ရင်တော့ ဖြုတ်ထုတ်လိုက်ပေါ့..။ ကဲ လင့်လေးပေးမယ်။ စမ်းသုံးလိုရင်
တော့ အောက်က လိပ်စာအတိုင်း ကြွမြန်းလိုက်ပါ..။



PageSpeed Insights Browser Extensions

PageSpeed Insights is available as an open-source browser extension for Google Chrome and Firefox. Webmasters and web developers can use PageSpeed Insights to evaluate the performance of their web pages and to get suggestions on how to improve them.
PageSpeed Insights performs several tests on a site's web server configuration and front-end code. These tests are based on a set of best practices known to enhance web page performance. Webmasters who run PageSpeed Insights on their pages get a score for each page, as well as suggestions on how to improve its performance. By following the suggestions you can make your site faster, keep Internet users engaged with your site, reduce your bandwidth and hosting costs and improve the web!

Thursday, August 15, 2013

ဘလော့ Template ကို ဘယ်လို ပြင်ရမလဲ ( သတိ ) အင်တာနက်လိုင်းကောင်းမှ ပြင်ပါ..

ဆရာကြီးလေသံနဲ့ ပြောတာမဟုတ်ပါဘူးဗျာ.။ စာအုပ်တွေ တင်ပေးထားပါတယ် ကျုပ်ကတော့ အကျဉ်းချုပ်လေး
ဘဲ ရေးနိုင်တယ်ဗျာ..။ အရင်ဆုံး http://www.blogger.com>>Template>>Coustomize>> ကဲရောက်ပါပြီ
Template ဆိုတာ အိမ်နဲ့တူတယ်တဲ့ အဲတော့ တစ်ဆောင်လုံးကို ချိန်မှာလား Templates တွေ ညာဘက်ခြမ်းမှာ
ရှိပါတယ် စိတ်ကြိုက်ပြင်ပါ.။ Background မှာကတော့ ကိုယ့်ကွန်ပျူတာမှာရှိတဲ့ ဓါတ်ပုံနဲ့ လုပ်မလား သူ့မူရင်းမှာ
ပါတဲ့ Background လေးတွေနဲ့ လုပ်မလားပေါ့ ကိုယ့်စိတ်ကြိုက်ပြင်ပေါ့.။ (၃) ခုမြှောက်ကတော့ Adjust widths
ဆိုတာကတော့ ကိုယ့် Template ရဲ့ အကျဉ်းအကျယ်ကို ချိန်ညှိနိုင်ပါတယ် စိတ်ကြိုက်ပြုပြင်ပြီး Apply to Blog
နှိပ်ပေါ့.။ နံပါတ် (၄) နေရာမြှောက်ကတော့ Layout မှာ ဘယ်လို ပုံစံကြိုက်သလဲ Body Layout မှာ မိမိကြိုက်သ
လို ပြင်ပါ။ သူ့နောက်က Footer Layout ကျုပ်ဆိုက်မှာဆို အောက်မှာ တွဲလွဲဆွဲထားတာ သုံးခုရှိတယ် အဲဒါသုံးခု
ရွေးထားလို့ပေါ့။ တစ်ခုကြိုက်ရင် တစ်ခုကို မှတ်ခဲ့ နှစ်ခုကြိုက်ရင် နှစ်ခုမှတ် အဲဒါပြီးရင် Apply နှိပ်ပြီး အတည်ပြု
ပေးပါ။



ကဲနောက်ဆုံး တစ်ခုတာကျန်ပါတော့တယ်.။ ဒီမှာလည်း ကျုပ်ကတော့ တစ်ခုချင်းကို နှိပ်ပြီး ဘာထူးခြားသလဲ
ကြည့်တယ် ထူးခြားချက်လေးတွေ့ရင် သြော် ဒီကောင်လေးကတော့ အဖြူလေးနဲ့ဆို ကိုက်မယ် ကဲသူ့ကိုအဖြူ
ထားမယ်.။ သြော် ဒါလေးက စားလုံး Font လေး ဒီကောင်လေးကိုတော့ ကျုပ်က နဲနဲလောက်ကြီးထားတယ်
သူ့ကို ဘာအရောင်လေးနဲ့ ကိုက်မလဲ မျက်စိစူးစေတဲ့ အရောင်တွေနဲ့ လုပ်တာတော့ မကောင်းဘူးဗျ။ ကျုပ်လည်း
စာလုံးအရောင်တွေဟာ နဲနဲ မျက်စိစူးစေတယ် သိပ်တော့ သဘောမကျလှဘူး ပြင်လွန်းဖင်ချွန်းသွားမှာစိုးလို့
မပြင်တာ။

ကဲစမယ်ဗျာ နံပါတ်စဉ် (၅) ပေါ့ သူကတော့ Advanced မှာက အများကြီး ကွဲထွက်လာတယ်...။
(1) Background မိမိ စာရေးသားမယ့်နေရာ အပေါ်က ဘားတွေကအစပေါ့ သူ့နောက်ခံအရောင်ကို ဘယ်လို
ထားမလဲ နှိပ်ကြည့်ရင်သိပါလိမ့်မယ် ဘာပြောင်းသွားတယ်ဆိုတာကိုပေါ့...။

(2) Link ကလည်း သိတဲ့အတိုင်းဘဲနော် ကျုပ်ဆိုက်မှာဆိုရင် Blog last လေးတွေ ဆိုက်လိပ်စာလေးတွေ ထည့်
ထားတယ် အဲဒါလင့်လေးတွေဘဲ အဲဒီလင့် စာသားလေးတွေကို ဘယ်လိုအရောင်နဲ့ ထားမလဲစိတ်ကြိုက်ကလိပါ။

(3) Blog Title ကတော့ ခေါင်းစီးစာသားပေါ့ဗျာ.။ ကျုပ်ကတော့ အဲဒါလေးမြုတ်ထားလိုက်တော့ မမြင်ရဘူး
မိုးကောင်းကင် ဖောင်းပြင် ဆိုတဲ့ဟာက အဲဒါ ဘလော့ Title ပါဘဲ.။

(4) Tabs Text ကတော့ ကျုပ်ဆိုက်မှာဆို ဌာနချုပ်လို့ ရေးထားတဲ့ အတန်းလေးပေါ့ဗျာ အဲဒါ ဘယ်လိုအရောင်
နဲ့ ကိုက်မလဲ စဉ်းစားပြီးတော့ ထည့်ပေါ့ကွယ်..စာသား font တွေလည်း စိတ်ကြိုက်ပြောင်းပေါ့..။

(5) Tabs Background ကတော့ ခုန နံပါတ်လေးက ဥစ္စာကိုဘဲ ဘေးကဘောင်လေးပေါ့ အရောင်လေးနဲ့ ထည့်
တာလေ.။ စမ်းကြည့်ပေါ့ဗျာ.လိုင်းကောင်းဖို့ အရေးကြီးတယ်နော်..

(6)  Post Title ကတော့ ခေါင်းစီးစာသားလေးကို စိတ်ကြိုက်ပြောင်းတာပေါ့ အရောင် စာလုံးဖောင့် စသဖြင့်
စိတ်ကြိုက် ကလိပါ ကလိပြီးတိုင်း Apply ကိုနှိပ်ပေးပါနော်..။

(7)  Date Time ကတော့ သိတဲ့အတိုင်းဘဲ သူ့ကိုလည်း ဘယ်လိုထားချင်လည်း လကို အရင်ထားမလား ရက်
ကို အရင်ထားမလား.။ အရောင်ကာလာတွေကိုလည်း စိတ်ကြိုက်ပြုပြင်ပေါ့ စိတ်ကြိုက်ဖြစ်ရင် Apply ပေါ့။။

(8) Post Footer ကတော့ အောက်ခြေက ကျုပ်ဆိုရင်တော့ ပို့တင်သူ မိုးကောင်းကင် အုန်းသာ ဆိုတဲ့ အတန်း
လေးကို ပြုပြင်တာဘဲ..။ စိတ်ကြိုက်ကလိပါ.။

(9)  Gadgets ကတော့ ကျုပ်ဆိုက်ကတော့ ညာဘက်ခြမ်းမှာ ထားထားတာဆိုတော့ အဲဒါလေးတွေကို အရောင်
လေး ချိန်ပေးထာဘဲ..ဖောင့်စာသားလေးတွေလည်း စိတ်ကြိုက်ပြင်ပေါ့ကွယ်.။

(10) Image ကတော့ ကိုယ့်ဆိုက်မှာ တင်မယ့်ပုံတွေကို နောက်ခံ အရောင် ဘေးသားအရောင်လေးတွေ ထည့်
တာပါဘဲ.။

(11)  Accents ကတော့ ဘာပြောရမလဲတောင် မသိပါဘူးဗျာ ။ သူ့မှာ တစ်ခုခြင်းစီး ဘာကိုပြင်တယ်ဆိုတာ
သင်္ကေတလေးတွေ ပါတာဘဲ ဘာကိုပြင်မယ်ဆိုတာလေ အဲဒါကြည့်ပြီးတော့ လှုပ်ရှားလိုက်တော့ဗျာ..။

(12) Mobile Button နဲ့ Add CSS ကတော့ ဘာမှ မပြင်ပါနဲ့ ။

အထူးမှာကြားလိုတာကတော့ လိုင်းမကောင်းဘဲနဲ့ မပြင်ဖို့ပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ ကျုပ်2011/ 2012
မှာ တည်ဆောက်ခဲ့တဲ့ ပထမဆုံး ဘလော့လေးဟာ လိုင်းမကောင်းဘဲ သွားပြင်ရာက ပျက်သွားဖူးလို့ပါ..။ အဲဒါ
ကြောင့် လိုင်းမကောင်းဘဲ မပြင်ဖို့ မှာကြားလို့ပါတယ်..။

မြင်းကြောင်းလေးနဲ့ ကာလာကတော့ Blog Description ဆိုတဲ့နေရာလား သို့မဟုတ်  Post footer လား အဲဒီ
နှစ်နေရာမှာ ပြင်ကြည့်ပါ Post footer ဆိုရင်တော့ သုံးခုရှိတဲ့နေရာမှာ နောက်ဆုံးကောင်လေးဖြစ်ပါလိမ့်မယ်

ခုလောလောဆယ်တော့ ကျုပ်ဆိုက်က ပြုပြင်လို့ မရဖြစ်နေတယ် အဒါကြောင့်ပါနော်..။
အဆင်မပြေဘူးဆိုရင်တော့ Templates ချိန်းလိုက်ပါ..။ ကျုပ်က Google ကပေးတာလေးကိုဘဲ သုံးနေတာ
သူများတွေကတော့ Templates လန်းတာလေးတွေကို ရှာပြီးတော့ ချိန်းကြတယ်..။ ကိုယ်သိချင်တာကို လိုက်
ရှာပါ။ ကျုပ်လည်း ဒီလိုဘဲ လိုက်ရှာရတာဘဲဗျာ..။ အဆင်ပြေပါစေ...

Blog Description ဆိုတာလေးတောင် ကျန်သွားတယ်..ခုနပြောသလိုဘဲ ကျုပ်ဆိုက်က ပြုပြင်လို့ မရလို့
အဆင်ပြေတာမို့ ခွင့်လွတ်နားလည်ပေးစေချင်ပါတယ်ဗျာ..

ဘလော့ တည်ဆောက်ပုံ စာအုပ်လေး လိုချင်ရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ..



15.8.2013 အမှတ်တရ....


Wednesday, July 17, 2013

Website Account Hacking ၀က်ဆိုက်အကောင့် ဟက်နည်းတဲ့..

ကြောက်စရာ လန့်စရာဘဲဗျာ..။ ကျုပ်တို့လို ဘလော့ကာလေးတစ်ခု တည်ဆောက်ထားသူအဖို့တော့ ဒါမျိုးဆို သိပ်လန့်ရတယ်နော်.။ ကိုယ်က အချိန်ကုန် ငွေကုန် လူပန်းလုပ်ထားတာလေး ဟက်ပြီး ဖျက်သွားရင်တော့ နား
ကားပြီပေါ့ဗျာ.။ Gmail အကောင့်ကို ဟက်လိုက်တာနဲ့ ရသွားပြီဆိုတာနဲ့ အားလုံးပိုင်သွားပြီပေါ့.။ Gmail အကောင့် ဟက်နည်းက ဂိုင်းထောင်တဲ့ နည်းလည်း ရှိတယ်ဗျ.။ သူများကို လင့်လေးပြီး Gmail အကောင့်နှင့် ၀င်
ခိုင်းတာ အဲဒါဂိုင်းထောင်တာဘဲ ၀င်လိုက်ရင် သူ့အကောင့်လည်း ကိုယ်မြင်ရ ကိုယ့်အကောင့်လည်း သူမြင်ရ ကြာ
ကြာတော့ မမြင်ရဘူး..။ ဒါမျိုးဂိုင်းထောင်တာတွေလည်း ရှိတယ် ဂိုင်းထောင်နည်းတွေက များပါတယ် ဒါပေမယ့် ကျုပ်တော့ များများ မသိပါဘူး.။ ကဲဗျာ စိတ်ဝင်စားရင်တော့ ဒေါင်းသွားကြပေတော့ ကျုပ်ဆိုက်ကိုတော့ မဟက်
ကြနဲ့နော် ခုကတည်းက တောင်းပန်ပါတယ်ဗျာ.။ ဟက်ချင်ရင် နာမည်ကြီးနေတဲ့ ဆိုက်တွေကိုဟက်ပေါ့ဗျာ..။ မြန်
မာပြည်က နာမည်ကြီး ဆိုက်တွေကို စမ်းကြပေါ့ ဟက်လို့ ရရင်လည်း မဖျက်ဆီးကြနဲ့ ဒီအတိုင်းလေးဘဲ ထားခဲ့
လိုက်ပါနော်..။ ဒါပါဘဲ..အဆင်ပြေပါစေ..။
DOWNLOAD SOLIDFILES.COM  OR  DOWNLOAD MEGA OR DOWNLOAD BOX.COM

Thursday, June 27, 2013

Website များ ဘလော့များ Virus စစ်ရန်အတွက်

ကဲ မိမိတို့ ဘလော့လေး ဆိုက်လေးကို Virus ရန်က ကင်းဝေးအောင် Virus စစ်ကြပါစို့လားကွယ်..။ စစ်လိုက ဒီအောက်ကလင့်လေးအတိုင်းသွားလိုက်ပါ.။ မိမိလိပ်စာ URL လေးထည့်ပြီး စစ်ကြည့်ပေါ့ အဆင်ပြေလား မပြေ
လားဆိုတာကိုပေါ့..။ http://sucuri.net/ ဒီလင့်လေးမှာ စစ်ပါ..။

Friday, June 7, 2013

နည်းပညာဆိုက်တွေကို ဖုန်းထဲကကြည့်သလို မြန်မြန်လေးကြည့်ရအောင်

ကဲဗျာ ဒါလေးကတော့ ဘာရယ်မဟုတ်ပါဘူး လင့်လေးပါဘဲ သိတဲ့သူများကတော့ သိပါလိမ့်မယ် မသိသေး
တဲ့ သူတွေအတွက်ပေါ့ နည်းပညာဆိုက်တွေ ဖွင့်တဲ့အခါ လိုင်းမကောင်းရင် ကြာတယ် လိုင်းကောင်းသော်
လည်း ဆိုက်အပြင်အဆင်တွေ လင့်တွေကြောင့်မို့ Loading တက်နေတာနဲ့ မပြီးတော့ဘူး အဲလိုမျိုးဆိုရင်
တော့ ဒီနည်းလေးက မိတ်ဆွေတို့အတွက် လျှင်မြန်လွယ်ကူစေမှာပါ..။ ကျုပ်အတော်များများဆိုက်တွေ စမ်း
ကြည့်တာ အဆင်ပြေတယ် သမ္မတရုံးဆိုက်နဲ့ သီချင်းဆိုက်လေးတစ်ခုတာ အဆင်မပြေတာ.။ကျန်တာ အား
လုံး ဂွတ်ရှယ်ဘဲ မြန်တာပေါ့ဗျာ..။ ကဲစစို့ ဥပမာ ohnthar.blogspot.com ပေါ့ဗျာ သူ့နောက်မှာ ထည့်ရမှာက /?m=1 ဒါလေးပါဘဲနော် စမ်းကြည့်မယ် http://ohnthar.blogspot.com/?m=1 ကိုနှိပ်ကြည့် ဘာမှ ဘေးကလင့်
တွေ Flash တွေ Cboxတွေ စသဖြင့် စသဖြင့် မပါတော့  မြန်တာပေါ့ ဟုတ်ဘူးလား တစ်ကယ်ပြောတာ လွယ်
ကူ လျှင်မြန်စွာအသုံးပြုချင်တယ်ဆိုရင်တော့ ဒီနည်းလေးနဲ့ လေ့လာကြပါ.။ ဒီနည်းသုံးတာမကြိုက်ရင်တော့
ဥပမာ အနေနဲ့ http://ohnthar.blogspot.com/?m=1 ဖြစ်နေရင် /?m=1 ဒါလေးဖြက်ထုတ်လိုက်ပေါ့ ကဲမိတ်ဆွေ
များ ဒီလောက်ဆို အဆင်ပြေလောက်ပြီးနော်. .COM ဘဲဖြစ်ဖြစ် .NET ဘဲဖြစ်ဖြစ် အဆင်ပြေတယ်. ကဲ စမ်း
ကြည့်ကြစို့... အထူးသတိပေးရန်မှာ Computer နဲ့ သုံးသူများအတွက် မြင်ကွင်းကျယ်ချင်ရင် Ctrl နှင့် + ကိုနှိပ်
ပြီး ကြည့်နိုင်သည်..။ မြင်ကွင်းကျဉ်းချင်ရင်တော့ Ctrl and -ကိုနှိပ်ပြီး ကြည့်ပါ...။

Friday, May 24, 2013

Adinnwa မှ မြန်မာငွေများကို ရေလိုရအောင်ယူနည်း EBook - မြန်မာလို

ကိုယ်ပိုင် Website ရှိသူများအနေဖြင့် www.adinnwa.com ကိုသိကြမယ်ထင်ပါတယ်..အခု ဒီ Adinnwa.com
မှ မြန်မာငွေများကိုရေလို ယူနည်းစာအုပ်တင်ပေးလိုက်ပါတယ်...ဒီနေရာမယ် တစ်ခုသတိပေးချင်တာက.
စာအုပ်ထဲမယ် တစ်နေ့ကို 2000 ကျပ်လောက် ရအောင်ယူပါဆိုပြီး ပါပါတယ်..အဲဒီနေရာမှာ 1000 ကျပ်ဘဲ
ရအောင် ယူပါ လို့ပြင်ပေးပါ...ခဏလေးနဲ့ ငွေရတဲ့နည်းဖြစ်ပြီး လုပ်ရင်လုပ်သလောက် သောင်းဂဏန်းအထိ
ရပါလိမ့်မယ်..ဒါပေမယ့် တစ်နေ့ကို 1000 ကျပ် ထက်ပိုအောင် မလုပ်ပါနဲ့...ကျနော်ကိုယ်တိုင်တစ်နေ့ကို
တစ်ထောင် ကျော်မက တစ်နေ့အတွင်း 20000 ကျပ်အထိရအောင်လုပ်လိုက်မိလို့ Accounts Block ခံထိပြီး ရထားတဲ့ ငွေများလည်း ဆုံးရှုံးသွားခဲ့ဖူးပါတယ်..ဒါကြောင့် လောဘကိုသတ်ပြီး တစ်နေ့ကို 1000 ကျပ်ဘဲ ၇အောင်ယူပါ..ဒီနည်းလမ်းက ကိုယ်ပိုင် Website ရှိသူများနှင့် Website ပိုင်းဆိုင်ရာများကိုလုပ်ကိုင်
နေသူများအတွက် ငွေရှာနည်းဖြစ်ပါတယ်..တွေးရင်တွေးတတ်သလို ပိုက်ဆံအန္တရာယ်ကင်းကင်း နဲ့ပိုက်ဆံ
ရှာနိုင်ပါလိမ့်မယ်ခင်မျာ... Download ရယူနိုင်ကြပါပြီ။ http://www.mmithelper.com မှ ကူးလာတယ်..။

Thursday, May 23, 2013

ဘလော့မှာ Mp3 Player ထဲ့ နည်းတဲ့ဗျာ ရှာနေတာနဲ့ အတော်ဘဲ ကူးလာတာ




ဘလော့ထဲမှာMp3နားထောင်လို့ ရတာ  ကောင်းတယ်လို့ ဆိုလို့ ရတယ်ာလို့ လည်း ဆိုတော့ စာဖတ်တဲ့  ပရိတ်သတ်တွေက တစ်ချို့  ကြတော့ စာဖတ်ရင်း သီချင်း နားထောင်တတ်တယ် အချို့ ကြတော့ စာဖတ် ရင် သီချင်းနားထောင်တာ မကြိုက်ဘုး အားရုံလွဲသလိုဖြစ်တတ်တယ် အဲ့ တာကြောင့်သီချင်းထဲ့ မယ်ဆို အော်တို
မလာခိုင်းတာ ပိုကောင်းပါတယ် လေရှည်နေတာ လုပ်ငန်းစပါစို့ (1) Mp3 Player ဆိုဒ်ကိုသွားရမယ် ဒီမှာ   နှိပ်ပြီးသွားလိုက်ပါ (2)  facebook နဲ့ ဝင်လို့ ရပါတယ် .... 

 
                   ပုံမှာပြထားသလိုnew playlist နှိပ်လိုက်ပါ
ပေါ်က ပုံအတိုင်းထွက်လာပါလိမ့်မယ်  ပြီးရင် Youtube မှာလင့်သွားယူရပါမယ် ကြိုက်တဲ့ သီချင်းကိုဖွင့်လိုက်ပါ ပြီးလျှင်ပုံမှ
ပြထားတဲ့ တိုင်း လင့်ကို copy လုပ်ပါ
 ပြီးရင်တော့ ကော်ပီ လုပ်ထားတဲ့  လင့်ကို အောက်ပုံမှာ ပြထားတဲ့ 
တိုင်း Paste ချလိုက်ပါ
အောက်ပုံများပြထားတဲ့ တိုင်း  ထွက်လာပါလိမ့်မယ် တစ်ခုပြော
ချင်တာက မြန်မာစာ မထွက်ပါဘူး  + ပုံလေးကိုနှိပ်လိုက်ပါ အဲ့ လို
ပဲဆက်ပြီးတော့ သီချင်းတွေကို ရှာပြီး  ထဲ့ လိုက်ပါ
အာက်က ပုံထဲကလို မင်းတစ်ယောက်တည်း-ဟဲလေး အဲ့ မျိုး
တွေ ပါလိမ့်မယ် ဒါတော့ ကျတော် ထဲ့ ထားတာလေးပါ
            ကိုယ်ပြင်ချင်တာရှိရင်   Edit tracks ကိုနှိပ်လိုက်ပါ   
  အောက်ကပုံမှာကြည့်လိုက်ပါ နာမည်ပြောင်းမလား အပုံပြောင်းမလား
အစုံလုပ်လို့ ရပါတယ် စိတ်ကြိုက်ပြင်ပြီးရင်တော့ Done ပေါ့ဗျာ
ပြီးရင် Next ကိုနှပ်လိုက်ပါ
ကြိုက်တဲ့  ဒီဇိုင်း ရွေးလို့ ရတယ်  အရောင် ကာလာ ဆိုဒ် စာလုံးအရောင် အစုံလုပ်လို့ ရတယ်
ပြီးရင်တော့ ပုံမှာပြထားတဲ့ တိုင်း Finish ပေါ့
ပြီး ရင်ဒီနေရာရောက်သွားမယ် Embed ကိုနှိပ်လိုက်ပါ
အောက်က ပုံတိုင်းထပ်ထွက်လာပါလိမ့်မယ်  Use Free ကိုနှိပ်လိုက်
အောက်ကပုံထဲကတိုင်း ထွက်လာမယ် ကုဒ်တွေကို ကော်ပီလုပ်
►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက် လေးထဲမှာဘဲ ထဲ့ပေးလိုက်ပါ  ပြီးရင် Save အဆင်ပြေပါစေ။
နောက်ထပ်ဘာတွေလုပ်လို့ ရလည်း ဆိုဆက်လေ့လာလို့ လည်း
ရပါတယ် ဓာတ်ပုံစလိုက် ရှိုး အခြားဟာများလည်း အောက်ပုံမှာ
ပါသည့်တိုင်း လေ့လာကြည့်ကြပါဦး
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com 
ကဲဗျာ ကူးလာတာကတော့ ကိုလတ်ကျွဲဆင်းကပါ ရေးသားသူကတော့ ဘလော့ခရီးသည်ပေါ့..
တပ်စမ်းမလို့ ရှာနေတာ..ဒါလေးတွေ့လို့ အမှတ်တရလည်းဖြစ်အောင်ပေါ့ဗျာ ကူးထားတော့
နောက် သုံးချင်ရင် ရှာရတာလွယ်တာပေါ့...

Monday, May 20, 2013

Dark Style Drop Down Menu Bar For Blogger

ဒီတစ်ခါတော့ Blog များအတွက် Menu Bar အလန်းလေးတင်ပေးလိုက်ပါတယ်။ အရင်ဆုံး ကိုယ့်ရဲ့ Blog ထဲ့ကို Log in ၀င်ပါ၊ပုံမှာပြထားတဲ့အတိုင်း Template ကိုနိုပ်ပါ.။ ကိုဝင်းထွဋ်တင်မှ ကူးလာ..


အောက်မှာပြထားတဲ့အတိုင်း Edit HTML ကိုနိုပ်ပါ၊

Ctrl + F အကူအညီနဲ ]]></b:skin> ကိုရှာပါ၊ တွေ့ပြီဆိုတာနဲ့ ]]></b:skin> ရဲ့

အပေါ်မှာ Cursor ချပြီး အောက်ပါ code ကိုကူးထဲ့ပြီး Save ပါ


/* Flying Css3 menu www.bloggertrix.com*/

.container {

margin: 30px auto;
width: 957px;}

#nav,#nav ul {
list-style: none outside none;
margin: 0;
padding: 0;}
#nav {
background: url('https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhltEgAPHHhbqZ2tXq7-SmyoLkls5JHbij2NLxKKJ-Sq5sR1dG64-jec3feI3E-IcWQQVrjt7Yla1uPPVy7dcKVYAFX34-sFOD9QS476GO7pdkwClB43fGdP2BGWh9hKJK7avRElb8Zinc/s1600/menu_bg.png') no-repeat scroll 0 0 transparent;
clear: both;
font-size: 12px;
height: 58px;
padding: 0 0 0 9px;
position: relative;
width: 957px;}
#nav ul {
background-color: #222;
border:1px solid #222;
border-radius: 0 5px 5px 5px;
border-width: 0 1px 1px;
box-shadow: 0 5px 5px rgba(0, 0, 0, 0.5);
left: -9999px;
overflow: hidden;
position: absolute;
top: -9999px;
z-index: 2;
-moz-transform-origin: 0 0;
-ms-transform-origin: 0 0;
-o-transform-origin: 0 0;
-webkit-transform-origin: 0 0;
transform-origin: 0 0;
-moz-transition: -moz-transform 0.1s linear;
-ms-transition: -ms-transform 0.1s linear;
-o-transition: -o-transform 0.1s linear;
-webkit-transition: -webkit-transform 0.1s linear;
transition: transform 0.1s linear;
}
#nav li {
background: url('https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxTeATv3guTWcjSyPTF0QigvN1dSuX4taofn3PtFaLl3Znlk8tKFRUaBmGnefNiocoJ5LcYL16h_e72DPE4QOhgCauV5vCbz40krscaOxUjjGmdqEvZ2os3Zuw0LhWZK2qZr2if9r7o0/s1600/menu_line.png') no-repeat scroll right 5px transparent;
float: left;
position: relative;}
#nav li a {
color: #FFFFFF;
display: block;
float: left;
font-weight: normal;
height: 30px;
padding: 23px 20px 0;
position: relative;
text-decoration: none;
text-shadow: 1px 1px 1px #000000;
}
#nav li:hover > a {
color: #00B4FF;
}
#nav li:hover, #nav a:focus, #nav a:hover, #nav a:active {
background: none repeat scroll 0 0 #121212;
outline: 0 none;
}
#nav li:hover ul.subs {
left: 0;
top: 53px;
width: 180px;
-moz-transform: scaleY(1);
-ms-transform: scaleY(1);
-o-transform: scaleY(1);
-webkit-transform: scaleY(1);
transform: scaleY(1);}
#nav ul li {
background: none;
width: 100%;}
#nav ul li a {
float: none;}
#nav ul li:hover > a {
background-color: #121212;
color: #00B4FF;}
#lavalamp {
background: url('https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMNIjLN3WNIbAFWgJqKf7RQgyEIT_xoVVqcavvSFMn10pvx1A-7uGYbXlSL9YqZOlwGTUl8tiONwZfYoGGCvUR7jrlTB4h49jgRIn963dW_8Rg5y4U5ikB9gsEQ9r6uMdlbbXDmj-PiPw/s1600/lavalamp.png') no-repeat scroll 0 0 transparent;
height: 16px;
left: 13px;
position: absolute;
top: 0px;
width: 64px;
-moz-transition: all 300ms ease;
-ms-transition: all 300ms ease;
-o-transition: all 300ms ease;
-webkit-transition: all 300ms ease;
transition: all 300ms ease;
}
#lavalamp:hover {
-moz-transition-duration: 3000s;
-ms-transition-duration: 3000s;
-o-transition-duration: 3000s;
-webkit-transition-duration: 3000s;
transition-duration: 3000s;
}
#nav li:nth-child(1):hover ~ #lavalamp {
left: 13px;
}
#nav li:nth-child(2):hover ~ #lavalamp {
left: 90px;
}
#nav li:nth-child(3):hover ~ #lavalamp {
left: 170px;
}
#nav li:nth-child(4):hover ~ #lavalamp {
left: 250px;
}
#nav li:nth-child(5):hover ~ #lavalamp {
left: 330px;
}
#nav li:nth-child(6):hover ~ #lavalamp {
left: 410px;
}
#nav li:nth-child(7):hover ~ #lavalamp {
left: 490px;
}
#nav li:nth-child(8):hover ~ #lavalamp {
left: 565px;
}

Save ပြီးပါက  Layout ကိုရွေးပါ

Add Gadget and select 'HTML/Javascript ကိုရွေးချယ်ပြီးအောက်ပါ Code ကိုကူးထဲ့ပါ

<div class="container">

<ul id="nav">
<li><a href="http://winhtuttin.blogspot.com">Home</a></li>
<li><a class="hsubs" href="#">Menu 1</a>
<ul class="subs">
<li><a href="#">Submenu 1</a></li>
<li><a href="#">Submenu 2</a></li>
<li><a href="#">Submenu 3</a></li>
<li><a href="#">Submenu 4</a></li>
<li><a href="#">Submenu 5</a></li>
</ul>
</li>
<li><a class="hsubs" href="#">Menu 2</a>
<ul class="subs">
<li><a href="#">Submenu 2-1</a></li>
<li><a href="#">Submenu 2-2</a></li>
<li><a href="#">Submenu 2-3</a></li>
<li><a href="#">Submenu 2-4</a></li>
<li><a href="#">Submenu 2-5</a></li>
<li><a href="#">Submenu 2-6</a></li>
<li><a href="#">Submenu 2-7</a></li>
<li><a href="#">Submenu 2-8</a></li>
</ul>
</li>
<li><a class="hsubs" href="#">Menu 3</a>
<ul class="subs">
<li><a href="#">Submenu 3-1</a></li>
<li><a href="#">Submenu 3-2</a></li>
<li><a href="#">Submenu 3-3</a></li>
<li><a href="#">Submenu 3-4</a></li>
<li><a href="#">Submenu 3-5</a></li>
</ul>
</li>
<li><a href="#">Menu 4</a></li>
<li><a href="#">Menu 5</a></li>
<li><a href="#">Menu 6</a></li>
<li><a href="http://www.bloggertrix.com/">Back</a></li>
<div id="lavalamp"></div>
</ul>

</div>
http://winhtuttin.blogspot.com ဆိုတဲ့နေရာမှာကိုယ့် Blog link ကိုထဲ့ပေးပါ
ဒါဆိုရင်နှစ်သက်ရာ Title တွေကိုပြောင်းလဲနိုင်ပြီး '#' နေရာမှာ Link ကိုထဲ့ပေးလိုက်ပါ။

စလုပ်ကာစမိတ်ဆွေများအတွက်အကြံပေးချင်တာကတော့ကိုယ့် Blog နဲ့ Tamplate တူ
တဲ့ အရံ Blog တစ်ခုမှာသေချာနားလည်အောင်စမ်းသပ်ပြီးမှ ကိုယ့် Blog မှာအသုံးချပါ

http://winhtuttin.blogspot.com မှ ယူလာခြင်း...