မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label MOBILE APK များစုစည်းမှု. Show all posts
Showing posts with label MOBILE APK များစုစည်းမှု. Show all posts

Saturday, November 2, 2013

စိတ်ကြိုက်ဖြစ်စေမယ့် ဖုန်းဆော့ဖ်ဝဲလေးများ Good Apk

ကဲ ကိုယ်လည်းထုတ်တတ်တာမဟုတ်တော့ သူများဟာလေးတွေဒေါင်းပြီး တင်ပေးလိုက်တယ်။ စမ်းသုံးပေါ့
ကွယ်။ ကြိုက်တာတွေ့ရင် ယူထား မကြိုက်တာသွား အစီအစဉ်လေးပါဘဲ။ ဘယ်လောက်ကောင်းတဲ့ ဆော့ဖ်
ဝဲဆိုစေကာမူ သုံးစွဲဖန်များလာတော့ ရိုးသွားတာပါဘဲ။ ကဲခုလည်း မရိုးသေးတဲ့ ဆော့ဖ်ဝဲလေးနဲ့ လန်းလိုက်
ကြပါဦးဗျာ။ iPhone 5S ထွက်လာတော့ iPhoe 5 က အလိုလိုနေရင်း ရိုးသွားသလိုပါဘဲ။ သို့သော်လည်း သုံး
ကောင်းတာကတော့ သုံးစွဲနေကြရတာဘဲ မဟုတ်လား။ ပုံလေးကြည့်လိုက်ပါ။ ဒီပုံလေးဖြစ်လာဖို့ ကိုယ့်ညီ
ကွန်ပျူတာမှာ သွားလုပ်လိုက်ရတယ်ဗျာ။ ကိုယ့်စက်က Window 8.1 တင်တာ Apk ပုံတွေ မပြနိုင်ဘူးဖြစ်နေ
တယ်။ ကဲ ဘာပဲဆိုဆို ဒေါင်းပြီးတော့ စမ်းသုံးလိုက်ကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ လိုင်းကောင်းရင်
တော့ မများပါဘူး 27MB ဘဲ ရှိပါတယ်။ အားလုံး လိုင်းကောင်းကောင်းနဲ့ ဒေါင်းနိုင်ပါစေ...
DOWNLOAD SOLIDFILES        OR       DOWNLOAD DROPBOX

အကြိုက်တွေ့စေမယ့် ဆော့ဖ်ဝဲလေးများ

ကဲ ညီတစ်ယောက်က ဆော့ဖ်ဝဲတွေ မတင်ပြန်တော့ဘူးနော်တဲ့။ ဟုတ်ကဲ့ ခုက အတော်များများ Google Play Store ၀င်လို့ရနေတာကြောင့်ရယ် နောက်ပြီး 1mobile မှာလည်း ဆွဲကြတာကြောင့်ပါလို့ နောက်ပြီး Black Market မှာလည်း ဆွဲလို့ ရနေတာကြောင့် မတင်ဖြစ်တာပါလို့ ဖြေလိုက်တယ်။ ဟုတ်ပါတယ် အတော်
များများက ဆွဲလို့ရနေတော့ ကိုယ်လည်း ဘာတင်လို့ တင်ရမှန်းပင် မသိတော့လေပြီ။ ကဲ ခုတော့ ကိုယ်ရ
ထားတာလေး တင်လိုက်တယ်။ များနေမှာစိုးလို့ ဒေါင်းတဲ့သူတွေကို ငဲ့ကွက်သောအားဖြင့် 7 မျိုးလေးဘဲ ထည့်လိုက်တယ်။ 24 MB ထဲ ရှိတာပါ။ ဒေါင်းပြီး စမ်းသုံးကြည့်ကြပေါ့ဗျာ။ ကောင်းတာထား မကောင်းသာ
သွားပေါ့။ ကဲ လိုချင်ရင် ယူသွား မလိုချင်ရင်ထား စကားလုံးတွေက ကဗျာတွေလိုဗျ။ ဟဲ ဟဲ...။

Tuesday, October 29, 2013

Myanmar News V4

ကဲဗျာ ဒီနေ့တော့ ကျုပ်လည်း မနေ့က Google Play Store ကို ၀င်ကြည့်လိုက်တယ်။ ဦးလေးတစ်ယောက်က
သတင်းဆော့ဖ်ဝဲက ငွေနှစ်ထောင်တောင်းနေလို့ သတင်းလည်းမတက်ဖူးလို့ ပြောတာနဲ့ ကောင်းမယ့်ဟာ
လေး Free ဆော့ဖ်ဝဲလေး လိုက်ရှာကြည့်တယ် ကိုယ်ကြည့်နေတဲ့ သတင်းတွေထဲကလည်း သိပ်မကြိုက်တာ
နဲ့ မပေးတာပါ။ ဒါနဲ့ ရှာလိုက်တော့ အတော်လေးလန်းတဲ့ သတင်းစုံဆော့ဖ်ဝဲလေးတစ်ခု တွေ့လိုက်တယ်
 ဒေါင်းပြီး ထည့်သုံးစမ်းကြည့်တော့ အတော်လေး သဘောကျတယ် သတင်းကလည်း စုံနေတာဘဲဗျာ။ မယုံ
ဘူးလာ အောက်မှာ ပုံလေးတွေ ထည့်ပေးလိုက်တယ်နော်။ ကြည့်ကြည့် ကြိုက်သွားမယ်။ တစ်ခုတည်းနဲ့ သတင်းတွေရော နည်းပညာရော အလှအပ မော်ဒယ်တွေရော ။ ဒေါ်လာဈေး ရွှေဈေး အိမ်ခြံမြေသတင်း
ဘောလုံးသမားတွေအတွက်ကလည်း ဘောလုံးသတင်းတွေတောင်ပါသေးတယ်ဗျာ။ နည်းပညာကတော့
ဆော့ဖ်ဝဲမြို့တော်နဲ့ MyanmarMobileapp နည်းပညာစာမျက်နှာလေးတွေလည်းပါတယ်။ ကားသမားအတွက်
လည်း ကားသတင်းတွေပါပါတယ်။ Media မှာ facebook က အလွတ်တမ်းကော်ပီ မီဒီယာတွေလည်း ပါပါ
တယ်။ တော်ကီထည့်တာတော့မဟုတ်ပါဘူး ကိုယ်လည်း ကော်ပီတွေလုပ်နေတာဘဲ ကော်ပီဖြစ်ဖြစ်ပေါ့ဗျာ
အဓိကကတော့ သတင်းတိကျမှုရှိဖို့နဲ့ Update ဖြစ်မှုအပေါ် မူတည်ပါတယ်။ သူတို့လည်း ကော်ပီပေမယ့်
လခစားနဲ့ လုပ်နေတာတွေမှ မဟုတ်တာ။ ကဲ သတင်းစုံဆော့ဖ်ဝဲပါဘဲ။ ဥုံလိုတော့ နည်းပညာဦးစားပေး
မဟုတ်ဘူးပေါ့ သူကတော့ သတင်းဆိုက် ဦးစားပေးပေါ့ဗျာ။ ကဲ ဒီလောက်ကြော်ငြာပေးနေမှတော့ဖြင့်..
ကောင်းပြီလို့ ယူဆလိုက်ကြတော့.....။
Google Play Store Link to Copy  လင့်ကို ကော်ပီကူးပါ     
http://apps.evozi.com/apk-downloader/  Link to Paste  ဒီဆိုက်မှာ လင့်ကိုထည့်ဒေါင်းပါ။ 






Monday, September 30, 2013

Barcode Scanner

ဘားကုဒ်တွေကို ဖတ်ပေးမယ့်  ကောင်လေးပါ။ ဘယ်မှာ အသုံးဝင်လည်းဆိုတော့ Gmail အကောင့်ကို သုံးထပ်
ကွင်း လုံခြုံရေး တိုးမြင့်တဲ့အခါမှာ ဒီကောင်လေးကို ထည့်ပြီးတော့ အဲဒီဘားကုဒ်ကို ဓါတ်ပုံရိုက်ရမှာပါ။ကိုယ့် Gmail အကောင့်ကိုပြီးရင် အပြောက်လေးတွေနဲ့ လုပ်ထားတာလေးကို တွေ့မယ် အဲဒါလေးကို ကင်မရာနဲ့ ချိန်လိုက်ရင် သူ့အလိုလို ရိုက်ပေးပြီးတော့ ဖော်ပြပေးမှာပါ။ ဒီအကောင့်ဟာ ဘယ်Gmail အကောင့်ဖြစ်တယ်ဆို
တာ ပြသပေးမယ် အဲဒါလေးကို Save browser လုပ်လိုက်ရင် Authenticator ဆိုတဲ့ ဆော့ဝဲလေးမှာမှတ်သားထား
မှာပါ။ အပေါ်ကပို့မှာ ကြည့်နိုင်ပါတယ်။ ကုဒ်လေးတွေကတော့ အချိန်နှင့်အမျှ ပြောင်းနေမှာပါ။ Gmail အကောင့် ကို ၀င်လိုက်ပြီးရင် ဒီကုဒ်လေးတွေကို တောင်းနေမှာပါ။ Passwrod မှန်နေရင်တောင် ဒီကုဒ်လေး မဖြည့်သမျှ ဖွင့်လို့ ရမှာ မဟုတ်ပါဘူး။ ဒီအကြောင်းကို နောက်မှ ပြည့်2 စုံစုံလေး ရေးပေးဖို့ စိတ်ကူးထားပါတယ်။ အင်္ဂလိပ်လို လေ့လာလိုရင် စမ်းကြည့်လိုရင်တော့ ဒီလင့်လေးမှာ https://support.google.com/accounts/answer/180744?hl=en&rd=1 လေ့လာကြည့်ပါနော်။
Description
Scan barcodes on products then look up prices and reviews. You can also scan Data Matrix and QR Codes containing URLs, contact info, etc.Also share your contacts, apps, and bookmarks via QR Code. This is why contacts permissions are needed. See FAQ below.

Sunday, September 29, 2013

AppLok Call Black Listt GANGAM STYLE International News manage.network Premier League Speed test.net

ကဲ Apk 7 ခုနှစ်မျိုး တင်ပေးလိုက်တယ်။ အသုံးလိုမယ့်လိုထင်ပါတယ်။ GANGAM STYLE ကတော့ သုံးနည်း မသိတော့ သုံးကြည့်တာ အဆင်မပြေဘူး။
(1) AppLok = ဆိုတာ မိမိ သော့ခတ်ထားလိုတဲ့ Apk ကို သောခတ်နိုတယ်။
(2) Call Black Listt = ဆိုတာ မိမိဖုန်းသို့ မဆက်သွယ်စေလိုတဲ့ ဖုန်းကို ပိတ်ထားနိုင်တယ်။
(3) GANGAM STYLE = ကတော့ ဂိမ်းသီချင်းလေး။
(4) International News = ဆိုတာ သတင်းကြည့်စရာ Apk လေးပါ။
(5) manage.network = Wifi ဆွဲအားကောင်းစေတဲ့ Apk လေးပါ။
(6) Premier League = ဘောလုံး သတင်းတွေ ကြည့်ဖို့ Apk လေးပါ။
(7) Speed test.net = ဆိုတာ အင်တာနက် မြန်နှုန်းမြင့်တဲ့ Apk လေးပါ။
မြန်မမြန်တော့ မသိဘူး ဖိုင်ကတော့ 10 MB ကျော်တယ်။ စုစုပေါင်း 20MBပေါ့။ သဘောကျရင် ယူသွား ။ မကြိုက်ရင် ထားခဲ့ပေါ့။ အဆင်ပြေကြပါစေသော်ဝ်..။ နောက်တတ်တယ်နော် သတိထား..။
ခေါင်းစီးနာမည်လေးတွေကတော့ ရှာရတာများ လွယ်လေမလားလို့ ကောက်ရေးလိုက်တာလေ.။ Search အင်ဂျင်
ကတော့ နှစ်လုံးကို တပ်ပေးထားတယ်နော်။ ဒီအင်ဂျင်တွေက Loading တက်တာနှေးတယ် သို့သော် အတော်
သုံးကောင်းတာမို့ တပ်ဆင်ထားတာပါ။ သဘောရှိသလို ရှာဖွေနိုင်ဖို့အတွက်ပါ...။

DOWNLOAD SOLIDFILE LINK    OR     DOWNLOAD DROPBOX LINK

Sunday, September 22, 2013

Zuma Legend ဖားနဲ့ တူရာ အလုံးလေးတွေကို ပြစ်မယ်..

ဖားဂိမ်းကတော့ သိပြီးသားပါ။ Zuma ကတော့ နာမည်ကြီးပါဘဲ။ ကွန်ပျူတာအတွက်လည်း အများကြီး ရှိပါ
တယ်။ ထုတ်ထားတာတွေပေါ့ ကွန်ပျူတာကတော့ မောက်ကိုင် ကျွမ်းအောင် လေ့ကျင့်တာဆိုလည်း မမှား
ပါဘူး။ ခုကောင်လေးကတော့ ဖုန်းအတွက်ပေါ့ဗျာ တစ်ခါတစ်လေ ပျင်းရင် ဆော့ရတာပေါ့။ ခုန ပို့စ်မှာ ပြော
ခဲ့သလိုဘဲ။ ဒီမှာ ဒေါင်းလို့ မရဘူးဆိုပြီး စိတ်အားမငယ်ပါနဲ့ ကျုပ်အနေနဲ့ Google Playstore 1Mobile Market
Black Mark စသဖြင့် Market လေးတွေ တင်ပေးထားပါတယ်။ အဲဒီမှာ Search ဘောက်မှာ ကိုလိုချင်တဲ့ APK
ကို ရိုက်ရှာလိုက်ရင် ရပါတယ်။ ဥပမာ ခု Zuma ဆိုပါတော့ Search အ၀ိုင်းလေးကို တစ်ချက်နှိပ်ပြီး  Zuma လို့
ရိုက်ထည့်လိုက်ရင် Zuma နဲ့ ပတ်သက်တာတွေ ကျလာမယ် ကြိုက်နှစ်သက်တာလေးတွေ ဒေါင်းရုံပါဘဲ..။
ကဲ အပြင်းပြေပေါ့ဗျာ။ နည်းပညာပိုင်းကတော့ ခုတစ်လော ဘာမှ မလေ့လာမိဘူး ကြိုက်တာလေးတွေလည်း
နဲနဲ ရှားလာတယ်။ အဲဒါကြောင့်ပါ ခုလို ပို့စ်မျိုးတွေကိုတော့ သိပ်မတင်ချင်ပါဘူး သိပ်အကျိုးမများဘူးလေ.။
သို့သော်လည်း တင်စရာမရှိတော့ ကြံဖန်တင်ရတာပေါ့ဗျာ.။ ကျုပ်အနေနဲ့ကတော့ ပျက်လည်း မပျက်လွယ်
တဲ့ နည်းပညာမျိုးလေးတွေ ဘာဆော့ဝဲမှလည်း မတင်ရတဲ့ နည်းပညာမျိုးလေးတွေ တင်ချင်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီကောင်တွေကမှ ပိုကောင်းလို့ပါ။ ခုဟာမျိုးက ဖိုင်ဖျက်ခံရရင် ဒုက္ခလေ.။ အဲ
ဒါကြောင့်ပါ..။ ကဲ အဆင်ပြေပါစေ....။

Jewel Crush စိန်တုန်းလေးတွေ စီရအောင် ဂိမ်းကစားရအောင်

ဂိမ်းကစားချင်တဲ့သူတွေအတွက်ပေါ့ဗျာ။ ကျုပ်လည်း ပို့စ်မတင်တာ နှစ်ရက်တောင် ရှိသွားပြီ။ အလုပ်ရှုတ်နေ
တာဗျာ။ တစ်နေ့က facebook အကောင့်လျှောက်ခိုင်းလို့ လျှောက်တာ တစ်ညလုံးဘဲ ဒုက္ခဖြစ်နေတာလေ။ ည ၃ နာရီထိုးပြီးမှ အိပ်လိုက်ရတယ်။ ဒါတောင် မရပါဘူး။ Gmail အကောင့် လေးခုတောင် ကျတယ်ပေါ့။
အတော်လေး ခက်လာတယ်ဗျာ။ မနေ့ညကတော့ ဘုရားကို တစ်အားတပြီး လျှောက်လိုက်မှ အဆင်ပြေလာ
တယ်။ လေးခုမြှောက် Gmail အကောင့်နဲ့မှ အဆင်ပြေတော့တယ်။ ဖုန်းဘေမရှိဘူး ပြောတာတောင် ဖုန်းဘေ
ထည့်ပေးပြီး ခိုင်းတာဆိုတော့ ကိုယ့်ခေါင်းပေါ် ၀န်ထုတ်ကြီး တစ်ခုပိနေသလို ဖြစ်သွားတာပေါ့။ ကဲ ဒီနေ့ဖြင့်
အကောင့်လည်း ပေးပြီးပြီ အဆင်ပြေသွားပြီဆိုတော့ တာဝန်ကျေသွားပြီပေါ့။ နောက်ဆိုရင်တော့ မလျှောက်
ပေးတော့ဘူးလို့ စိတ်ကူးထားတယ်။ Google ကို သိပ်အားနာစရာ ကောင်းတယ်ဗျ။ ဘာကြောင့်လည်းဆိုရင်
ဖြင့် သူတို့အကောင့်တစ်ခုလျှောက်ရင် 15GB ပေးတယ်။ နောက်ပြီးတော့ အင်တာနက်ကမ္ဘာမှာ ကိုယ့်လိပ်
စာလေး တစ်ခုဖြစ်သွားတယ်။ ဒီ Gmail နဲ့ ဘလော့တွေ ရေးနိုင်တယ်။ သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်တယ်
အကျိုး ကျေးဇူးက မနည်းဘူးလေ။ အဲတော့ ဒီ Gmail အကောင့်တွေ လေးငါးခုဆိုတော့ သူတို့ရဲ့ ပေးရတဲ့ ဒေ
တာ ၀င်ဆန့်မှုကလည်း တစ်ယောက်တည်းနဲ့တင် 60 GB ဖြစ်သွားပြီလေ။ အဲတော့ မကောင်းဘူးပေါ့ဗျာ။
အားနာစရာကောင်းတာပေါ့ အပြင်မှာ 4GB တစ်ချောင်းကို 7000 လောက်ရှိတယ်လေ။ တွက်ကြည့်ရင် သိနိုင်ပါတယ်..။



ကဲ Gmail အကောင့်တစ်ခုတော့ ဖျက်ထားလိုက်ဦးမယ် တစ်ကောင့်ဆိုလည်း တစ်ကောင့် သက်သာသွား
တာပေါ့ ။ ကိုယ်လည်း မသုံးဘဲ ဒုက္ခပေးသလို ဖြစ်နေမှာ စိုးရတယ်။ ခုကျုပ်ရေးနေတဲ့ ဘလော့ကလည်း
ဒါ Google ရဲ့ ကျေးဇူးပါဘဲ။ သူ့ကျေးဇူးတွေ ကိုယ့်ဆီမှာ မနည်းပါဘူး။ ဒီတော့ မသုံးတဲ့ အကောင့်လေးတွေ
ဖျက်ပြစ်လိုရင် ဖျက်ပြစ်ကြပါ..။ ဒါမှသာ သူတို့လည်း အဆင်ပြေ ကိုယ်လည်း အဆင်ပြေမှာပါ...။

ကဲ ဂိမ်းအကြောင်းလေးကတော့ သိပ်ပြောစရာ မရှိပါဘူး..။ ဘာကြောင့်လည်းဆိုတော့ ဒီကောင်လေးက
တော့ အပြင်းပြေ ကစားရတာမျိုး အချိန်ဖြုန်းချင်တဲ့အခါမျိုးတွေမှာတော့ အတော်လေး ကောင်းပါတယ်။
အဖော်ပေါ့ဗျာ..။
ကဲ အောက်မှာ ဒေါင်းသွားလိုက်ပါ။ ဒေါင်းလို့ မရဘူးဆိုလည်း အားမငယ်ပါနဲ့...။ 1mobile market လေးတွေ
တင်ပေးထားတယ်။ အဲဒီမှာ Jewel  လို့ ရိုက်ထည့်လိုက်တာနဲ့ သူတို့ ထုတ်ကုန်တွေကို ပြသပေးမှာပါ။
ကြိုက်သလောက် ကြိုက်တာ ဒေါင်းလို့ ရပါတယ်နော်..။ အားလုံး အဆင်ပြေပါစေ...

Saturday, September 14, 2013

အတော်လေး လန်းတဲ့ဆော့ဝဲလေးများပေါ့

ကဲ အတော်လေးသုံးကောင်းတဲ့ ကျုပ်ကိုယ်တိုင်လည်း သုံးနေတဲ့ ဆော့ဝဲအချို့နဲ့ အခြားသော ဆော့ဝဲလေးတွေ
တင်ပေးလိုက်ပါတယ်။ နောက်နေ့များတွင် ကျုပ်အလုပ်လေးတွေ ရှိနေတာမို့ ဒီဘက်ကို လှည့်ဖြစ်နိုင်မယ်တောင်
မထင်ဘူးဗျာ။ Driver တောင်းထားတဲ့ glaxypinku ရေ ကျုပ်လည်း မအားဘူးဖြစ်နေတယ်။ လောလောဆယ်
အခက်အခဲဖြစ်နေရင်တော့။ ကျုပ်ဆိုက် အောက်မှာ Lenovo Driver နှင့် ပတ်သက်လို့ ဆိုက်လင့်လေးတွေ ထည့်သွင်းပေးထားပါတယ်။ အဲဒီဆိုက်လေးမှာ ရှာကြည့်ပါ။ သို့မဟုတ် Google မှာ ရှာကြည့်ပါနော်။ တစ်ကယ်
ပါ ကျုပ်ရွာက အခက်အခဲဖြစ်နေသူတွေ ရောက်နေလို့ လိုက်ကူညီရဦးမှာ အဲဒါကြောင့် မအားဘူးဗျာ။ ကဲခုတော့
သုံးကောင်းတာလေးရော စမ်းမသုံးရတာလေးတွေရော တင်ပေးထားပါတယ်။ လိုင်းကလည်း မနေ့က ဖုန်းအင်
တာနက် တစ်လသုံးရင် ဘယ်လောက်ကုန်မလဲ တွက်ကြည့်လိုက်လို့လားတော့မသိ အတော့်ကို Upload Speed
က နဲသွားတယ်။ ခု12 ကျော်မှ ပြန်တက်လာလို့ တင်လိုက်တာ။ သဘောကျတယ်ဆိုရင်တော့ ယူသွားကြပေါ့ဗျာ
လင့်လေး မသေခင်ပေါ့။ ဖုန်းနဲ့ ပတ်သက်လို့ကတော့ မြန်မာဆိုက်တွေလည်း အများကြီးပါဘဲ ကိုယ်ဒေါင်းလော့
ချနိုင်ရင် ချနိုင်သလောက် ရနိုင်ပါတယ်။ ကျုပ်အနေနဲ့ Market လေးတွေ တင်ပေးထားတယ် အဲဒီမှာ စိတ်ကြိုက်
ဒေါင်းမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ သို့သော် ကိုယ်တိုင် ဒေါင်းပြီး ကိုယ်တိုင်လေ့လာရမှာပေါ့။ နေ့တစ်ဓူဝ
ထွက်နေသမျှကိုတော့ ဘယ်လိုက်နိုင်မှာလည်းဗျာ။ အဆင်ပြေကြပါစေ..
DOWNLOAD SOLIDFILES         OR          DOWNLOAD MEDIAFIRE

Sunday, September 8, 2013

ခုနောက်ထပ် ရလာတဲ့ အများဆုံး အသုံးပြုနေကြတဲ့ ကလိဝဲများ

ကဲနောက်ထပ် ရရှိလာပြန်တဲ့ ကလိဝဲလေးတွေ တင်ပေးထားပြန်တယ်။ ကျုပ်လည်း လိုက်ရတာနဲ့ကို မလွယ်ဘူး
နေ့တစ်ဓူဝ အသစ်တွေ အဆန်းတွေချည်းဆိုတော့ လိုက်လေဝေးလေများ ဖြစ်နေမလားတောင် မပြောတတ်ဘူး
ကောင်းတယ်ဆို ဆွဲပြန် ဆွဲပြီးသားလေးတွေတောင် မသုံးစမ်းမိ ဖြစ်နေတယ်ဗျာ။ ကဲကောင်းမကောင်း စမ်းသုံး
ကြည့်ပါ ကောင်းတယ်ဆို ပြောဦးနော် ဘာကောင်းတယ် ဘယ်အရာက အားသာတယ်ဆိုတာကိုပေါ့။ ကဲဗျာ ဒီ
ထဲမှာ မကောင်းတာ တစ်ခုပါသွားတယ်။ အဲဒီအတွက် သီးခံပေးကြပါ။ အထူးသဖြင့် အစ်မများပေါ့။ 18 နှစ်ရဲ့
အထက်မှ ကြည့်သင့်တာဆိုဘဲဗျာ။ ကဲအဲဒါလေး ပါသွားတယ်။ တစ်ကယ်တော့ ဒါတွေဟာ လူတွေအတွက် ဒုက္ခ
ကြီးပါဘဲ။ ဒါကိုစွဲလန်းနေကြတဲ့အတွက် သံသရာထဲက မလွတ်နိုင်ကြဘူးလေ..။ ကဲဗျာ ဒါတွေထားပါတော့ အတော်များများက သိပြီးသားတွေပါ တရားသဘောကိုပေါ့။ တရားအကြိုက်မဆောင် မယားအကြိုက်ဆောင်ကြ
ရင်ဖြင့် မီးမွှေးတာနဲ့ တူတယ်လို့ ဆိုတာဘဲဗျာ။ ကလေးတွေမွှေးတာကလည်း မိဘတွေအတွက် ပူပင်သောက
ရောက်ရတာမို့ မီးမွှေးတာနဲ့ တူတယ်တဲ့။ မိဘအတွက် မီးမဟုတ်ဘဲ ထီးဖြစ်ကြပါစေ။ မိဘအတွက် ထီးလိုနေပူ
ဒဏ် မိုးရဲ့အအေးဒဏ် စိုစွတ်စေတဲ့ မိုးဒဏ်တွေကို ဒဏ်ခံပေးတဲ့ ထီးဥပမာနဲ့ တူတဲ့ သားကောင်း သမီးမြတ်များ
ဖြစ်ကြပါစေ..။

Saturday, September 7, 2013

frozen keyboard အလန်းလေးများ

ကဲ ဒီနေ့တော့ ဟိုတစ်လောက သူများတွေ တင်ပြီးသားလေး နောက်မှ ကောက်တင်လိုက်တယ်ဆိုပါတော့။ ကိုယ်
လည်း ဆွဲတာ ဆွဲထားတယ် သုံးမစမ်းကြည့်မိဘူးဗျာ။ အရောင်လေးတွေ အမျိုးမျိုးနဲ့ သုံးလို့ ရတယ်ဆိုတာဘဲ။
frozen keyboard နောက်ဆုံးထွက်တာလေးက မနေ့က တင်ပေးတဲ့ဆီမှာ ပါတယ်။ ခုဟာက Themes တွေပေါ့။ ကာလာ အရောင်အမျိုးမျိုးနဲ့ တစ်မူထူးခြားကာ လန်းနိုင်အောင်ပေါ့ဗျာ။ ကဲ သုံးစမ်းလိုရင် ယူသွားကြပါ အပိုလို့
ထင်ရင်တော့ ထားလိုက်ပေါ့.။ အဆင်ပြေပါစေ..။

Friday, September 6, 2013

နောက်ဆုံးရ သိပ်ကို အသုံးဝင်တဲ့ ကလိဝဲလေးတွေပါ

ကဲ နောက်ဆုံးရရှိထားတဲ့ ဆော့ဝဲလေးတွေ ထပ်တင်ပေးလိုက်ပြန်တယ်..။ တစ်ခုချင်း မတင်ပြန်ဘူး လိုင်းလေးက
နဲနဲ သွက်လာလို့ စုပေါင်းပြီး တင်ပေးလိုက်ပါတယ်။ တစ်ခါဒေါင်းလိုက်တာနဲ့ ဆယ်မျိုးရမှာပါ.။ ဖိုင်ဆိုက်ကလည်း
ခြုံထားတာဆိုတော့ 13 ထဲပါ။ ကဲ သဘောကျကြမယ်လို့ ထင်ပါတယ်။ ကောင်းမကောင်းကတော့ မပြောတော့ဘူး
သုံးကြည့်ရင် သိမယ် ဟုတ်ဘူးလား။ ကြိုက်ရင်ကောင်းတယ်။ မကြိုက်ရင် မကောင်းဘူး ဒါပါဘဲ။ အကြိုက်ချင်းတူ
လို့ ကောင်းရင်တော့ ဒေါင်းသွားပေါ့။ အားလုံး အဆင်ပြေပါစေ..။

Saturday, August 31, 2013

ALL Mobile Market သို့မဟုတ် App Store လေးများ

ဒီနေ့လည်း မိုဘိုင်းဆော့ဝဲ တင်ပေးတဲ့ free download လုပ်လို့ရတဲ့ ဆော့ဝဲလေးတွေ တင်ပေးလိုက်ပါတယ်.။ ကျုပ် Blackmart Alpha လို့နာမည်ပေးထားတဲ့ Black Market မှာ လိုက်ရှာကြည့်တာ အတော့်ကို များပါတယ်။
နိုင်ငံကို ကိုယ်စားပြုတဲ့ APP Store တွေရောပေါ့။ ကျုပ်ကတော့ ဒေါင်းထားတာလေးကိုဘဲ တင်ပေးလိုက်တော့ တယ်။ လိုအပ်လို့ လေ့လာလိုရင် အဲဒီ Black Market လေးမှာဘဲ ဒေါင်းကြတော့ဗျာ။ ကျုပ်အနေနဲ့ နောက်ပိုင်းမှာ
သူတို့ Market တွေထဲက သုံးလို့ ကောင်းတာလေးတွေ ဆိုရင်တော့ တင်ပေးမယ်။ သိပ်မလိုအပ်တာတွေတော့ မတင်ပေးတော့ဘူး။ ခုတင်ပေးတဲ့ အထဲမှာလည်း စိတ်တိုင်းကြဖြစ်တာလည်း ပါတယ် မပါတာလည်း ပါတယ်။
သို့သော်လည်း အကြိုက်ခြင်း မတူတော့ စမ်းကြည့်ပေါ့ ကိုယ်ကြိုက်တာသုံးရုံပါဘဲ။ ဒါနဲ့ တစ်ဆက်တည်း ပြောချင်
တာက  thz: Panda Antivirus ကီးလေးများရှိရင် တင်ပေးပါလားခင်ဗျာ..တဲ့ အဲဒါလေးပါ။ ကျုပ်ရှာကြည့်ပါတယ်။
မတွေ့ဘူးဗျာ။ Patch file ရော keygen ပါ ရှာကြည့်တယ်။ မနေ့က လိုင်းကလည်း သိပ်မကောင်းလို့ Youtube က ဗွီဒီယိုလည်း မဒေါင်းနိုင်ဖြစ်နေလို့ လိုင်းကောင်းရင် အဲဒီမှာလည်း ဘယ်လိုလုပ်ရမယ်ဆိုတာတွေ တင်ပေးထား
တယ်။ တစ်နှစ်စာတို့ သုံးလ ခြောက်လ free တို့တော့ တွေ့ပါတယ်။ နောက်ပြီး 2012 ကဟာတွေကလည်း မတင်
ပေးချင်ဘူး Update မဖြစ်တော့ဘူးလေ။ ဒါကြောင့်ပါ..ကဲ စမ်းသုံးလိုရင် ယူသွားကြပေါ့ဗျာ..

Friday, August 23, 2013

အလန်းစား APK ( ၁၂ ) မျိုးပေါ့..23 MB

ကဲ သဘောကျရင် ယူနိုင်ပါတယ် လိုင်းကောင်းရင် တစ်ခါတည်း တစ်ပါတည်း ဒေါင်းနိုင်မယ့် APK လေးတွေ
ထပ်တင်လိုက်တယ်ဗျာ..။ မနေ့က Mobile House နှင့် အမျိုးကောင်းသား ဖေ့ဘုတ်မှာ ပါတ်မွှေထားတာ ရရှိ
လာတဲ့ ဆော့ဝဲလေးတွေကို ပြန်လည် တင်ပေးလိုက်တယ်ဆိုပါတော့။ ငမိုးတို့ကတော့ အမှန်တွေပြော အ
ပြောတွေ မှန်ပေမယ့် ဒေါတွေကန်ခံရမယ်ဆိုလည်း မတတ်နိုင်ပေါင်.။ ဒေါကန်ခြင်းတွေရှောင် သဘောမှန်
ခြင်းတွေ ဆောင်ကြဖို့လည်း တိုက်တွန်းရမှာလည်း ဘလော့ကာသမားများ တာဝန်ရှိတယ်မဟုတ်လား..။
မနောဖြူတဲ့ တောသူမဟုတ်ပေမယ့် သဘောတရား အပြောစကားလေးတွေနဲ့ လုပ်စားနေတယ်လို့လည်း မထင်စေချင်ပါဘူးကွယ်..။ တစ်ကယ်တော့ အပျော်တမ်းကနေ စွဲလန်းခဲ့ရတဲ့ ဘလော့ကာ ဘ၀သမားတစ်
ယောက်ရယ်ပါ..။ ရယ်သုံးတာက မကွေးတိုင်း ညယ်သုံးတာက စစ်ကိုင်းတိုင်းပေါ့..။ ကိုယ်က ဒီနေရာမှာ ညယ်ဆိုတာကြီး ကောက်ထည့်လို့ မကောင်းလို့ မကွေးက စကားလုံးလေး ယူသုံးလိုက်တယ် မကွေးသား
တွေ ခွင့်လွတ်နော်..။ ကဲကဲ အဆင်ပြေကြပါစေ...23.8.2013

Thursday, August 22, 2013

Google PlayStore က ရတတ်သမျှ သတင်းဆော့ဝဲလေးများ

ကဲဗျာ PlayStore မှာ တစ်နေ့က လိုက်မွှေထားတာ ရတတ်သမျှလေး ကောက်တင်လိုက်တယ်.။ ဒီဆော့ဝဲ
လေးတွေက ကျုပ်တစ်ခါမှ မတင်းဖူးသေးပါဘူး.။ ဒါကြောင့်တင်လိုက်တာ မနေ့ကတည်းကတင်ထားတာ
လိုင်မကောင်းဘူးဗျာ မနေ့ကလည်း ပို့စ်လေး တင်မလို့ ကွန်ပျူတာနဲ့ ဖုန်းနဲ့က ရန်ဖြစ်ကြလို့ မတင်နိုင်တာပါ
အင်တာနက် ချိတ်လို့ မရဘူးဗျာ။ လိုင်းမကောင်းတဲ့အခါဆို အဲလိုဖြစ်တာလားမသိဘူး ဒီနေ့လည်း မနက်
ကလည်း ချိတ်ကြည့်တယ် မရဘူး ညနေလည်းချိတ်ကြည့်မရ ။ ခုည 10 နာရီထိုးပြီး 11 နီးတော့ ချိတ်လို့ရ
တဲ့အတွက် ကံကောင်းသွားတယ်.။ ဖိုင်ကတော့ တစ်နေရာတည်းမှာဘဲ တင်နိုင်တယ်ဗျာ.။ လိုင်းမကောင်းလို့
ပါ။ 40 KB လောက်ဆိုတော့ မဖြစ်နိုင်ဘူးလေ.။ ကဲ ဆော့ဝဲလေးအကြောင်းပြောပါ့မယ်..။ facebook Profile Hack ဆိုတာကတော့ ကျုပ်မလေ့လာရသေးလို့ မသိဘူး။ M M M ဆိုတာကတော့ မွတ်ဆလင်သတင်းလေး
ပေါ့ဗျာ.။ M Media က မြန်မာသတင်းတွေ.။ မြ၀တီသတင်း ၊ မြန်မာ့ အလင်း ၊ မြန်မာ့သတင်း ၊ အိမ်ခြံမြေ သတင်း ၊ စာအုပ်သတင်း စသဖြင့် သတင်းဆော့ဝဲလေးတွေ တင်ပေးလိုက်ပါတယ်.။ မရှိသေးလို့ သုံးစမ်းချင်
ပါတယ်ဆိုရင်ဖြင့် သဘောရှိတဲ့အတိုင်းပါဘဲဗျာ..။ အားပေးစကား ပြောကြားနိုင်ပါတယ်..။ ဆဲတော့ မဆဲပေး
ကြပါနဲ့နော်..။ ကြောက်လွန်းလို့ပါ ..။

Thursday, August 15, 2013

ခပ်လန်းလန်း ဆော့ဝဲလေးများပေါ့ဗျာ..

အလန်းဇယားလေးတွေ တင်ပေးလိုက်တယ်.။ ကြော်ငြာတာတွေက သဘောကျစရာမို့ပါကွယ် ကျုပ်ကိုယ်တိုင်
ကတော့ မစမ်းရသေးဘူးဗျာ.။ ပထမဆုံး ပုံမှာမြင်တွေ့ရတဲ့ဆော့ဝဲလေးကတော့ ကိုယ့်ဖုန်းလေး ဘယ်နှားထား
မိသလဲပေါ့ မေ့နေရင် ဆော့ဝဲလေးဖွင့်ထားတယ်ဆိုရင်ပေါ့ အဲဒါ လက်ခုပ်လေးတီးလိုက်ရင် အသံမည်တယ်ဆို
ဘဲ အသံကလည်း အမျိုးမျိုး ထားလို့ရတယ်ဆိုဘဲဗျို့။ ဒုတိယမြှောက်ဆော့ဝဲလေးကတော့ TV တွေ ဘာတွေ
ကြည့်တဲ့ကောင်တဲ့ဗျာ မသုံးဖူးသေးဘူး။ တတိယမြှောက်ဆော့ဝဲလေးကတော့ မောင်ပေါက်ရဲ့ တီထွင်ဆန်းသစ်
မှုလေးပေါ့.။ စတုတ္ထမြှောက်ဆော့ဝဲကတော့ တစ်နေ့က တင်ပေးပြီးသားလေးပါ သိလောက်ပြီနော်.။ ပဉ္စမမြှောက်
ဆော့ဝဲကတော့ လျှပ်စစ်ပစ္စည်းတွေကို တွက်ချက်ပေးတဲ့ဆော့ဝဲဆိုပြီး ရေးသားထားတာတွေ့လို့ ကောက်ဆွဲထား
တယ်.။ ဒါနဲ့ တစ်ဆက်တည်း ပြောလိုတာကတော့ kyawzinlin မေးမြန်းချက်လေးပါ.။ သူက ဘာကိုလိုချင်တယ်
မှန်း မသိလို့ မရေးဖြစ်တာပါ အဲဒီအတွက် ခွင့်လွတ်ပါနော်.။ Huawei U8661 က ၀င်ဆန့်မှု ပမာဏ နဲတဲ့အတွက်
Google Playstore ကို ၀င်လို့ ရမှာမဟုတ်ပါဘူးဗျာ.။ ကျုပ်ပထမသုံးတဲ့ Huawei U8661 လည်း Playstore ၀င်
မရတဲ့အတွက် ချိန်းလိုက်ရတယ်။ သို့သော်လည်း 1mobile ရှိတဲ့အတွက် အဆင်ပြေမှာပါ. လိုအပ်တာလေးတွေ
ကို 1mobile မှာလည်း ဆွဲနိုင်ပါတယ်နော်..။ ကဲ မေးမြန်းပေးတဲ့အတွက် အထူးဘဲ ကျေးဇူးတင်ပါတယ်ကွယ်.။
ခုတော့ လိုအပ်မယ့် ဆော့ဝဲလေးနဲ့ ကျေနပ်ကြပါဦးလို့....

Wednesday, August 14, 2013

မိုဘိုင်းဆော့ဝဲလေးများ တင်ပေးလိုက်ပြန်တယ်..

ကဲဗျာ အသုံးလိုမယ့် ဆော့ဝဲလေးတွေ တင်ပေးလိုက်ပါတယ်.။ စမ်းသပ်အသုံးပြုကြပါလို့ဘဲ မှာလိုက်ပါရစေ ကျုပ်
ရဲ့ မိုဘိုင်းဆော့ဝဲလေးပါ ထည့်ပေးလိုက်တယ်.။ ဂိမ်းကတော့ နဲနဲဖိုင်ဆိုက်ကြီးတယ်ဗျာ အဲဒါကြောင့် အကြောင်း
ပြု ပေါင်းစုလိုက်တော့ ဆိုက်က 50MB လောက်ဖြစ်သွားတယ်.။ လိုင်းကောင်းရင်တော့ အဆင်ပြေမှာပါ လိုင်းမ
ကောင်းရင်တော့ အဆင်မပြေနိုင်ဘူး အားမငယ်ပါနဲ့ ဆော့ဝဲတွေ ပလူပျံနေတဲ့ ခေတ်ကြီးပါနော်.။ ကျုပ်ဆိုက်ကို
အားပေးကြတဲ့သူတွေကလည်း ဆော့ဝဲလိုချင်တာလည်း ဖြစ်ချင်ဖြစ်မယ် သတင်းလေးကြည့်ချင်လို့လည်း ဖြစ်
နိုင်ပါတယ်..။ ဘယ်လိုဘဲဖြစ်ဖြစ် ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ.။ တစ်ခုချင်းတင်ရမှာ စိတ်ထဲ
သိပ်မပါလို့ဗျာ.။ တစ်ပို့စ်ထဲနဲ့ အကျိုးများစေချင်တဲ့ စေတနာကြောင့် အဲလိုတင်လိုက်တာပါ.။ အဆင်မပြေဘူးဆို
လည်း ပြောပေါ့.ကြည့်စီစဉ်ကြတာပေါ့ဗျာ..။ အဆင်ပြေပါစေ..

Sunday, August 4, 2013

အနန္တောအနန္တငါးပါးကို ရည်ညွန်းပြီး APK 5 မျိုး တင်ပေးလိုက်တယ်..။

အနန္တောအနန္တငါးပါးကို ရည်ညွန်းပြီးတော့ ဆော့ဝဲ ငါးမျိုး တင်ပေးလိုက်တယ်ဗျာ.။ Air Call-Accept ကတော့ ဖုန်းလာရင် လက်လေးဖုန်းပေါ် ဝှေ့ရမ်းပြတာနဲ့ ကိုင်တဲ့ကောင်လေးပေါ့။ Flash Transfer ကတော့ ZaPya လိုဘဲ
ဖုန်းတစ်လုံးနဲ့ တစ်လုံး Data တွေပို့တဲ့ကောင် သူကZaPyaထက် နဲနဲမြန်တယ်။ iPhone 5 launcher ကလည်း
မဆိုးပါဘူး.။ အကြိုက်တွေ့စေမယ့် ဆော့ဝဲလေးဘဲ ကျုပ်စမ်းကြည့်တာတော့ မဆိုးပါဘူး.။ ကျုပ်အနေနဲ့ကတော့
မူရင်းပါတာလေးဘဲ သုံးတယ်.။ ရှုတ်ရှက်ခတ်လို့ လွတ်လပ်မှု ပေါ့ပါးမှုကိုဘဲ လိုချင်တာ။ လန်းတာတွေ ဘာတွေ
က ကိုယ့်အတွက် သိပ်မလိုအပ်ဘူးလေ အဲဒါကြောင့် မသုံးဖြစ်ဘူး။ Root Call Blocker Pro ကတော့ မစမ်းဖူး
တော့ မသိဘူး.။ เลขเด็ด ဒီကောင်လေးကတော့ ချဲဂဏန်း ကြည့်တဲ့ကောင်လေးပေါ့.။ ချဲဂဏန်းက အပေါ်ဆုံး
အကြောင်း ၆ လုံးရှိတာမှာ နောက်သုံးလုံးကတော့ မြန်မာပြည်အတွက် ဂဏန်းဘဲ.။ ရှေ့ဂဏန်းကတော့ ထိုင်း
ဂဏန်းနေမှာပေါ့ကွယ်..။ ချဲထွက်လို့ ဂဏန်းသိချင်ရင်တော့ ဒါလေး ကောက်ဆွဲပြီး ထည့်ထားပေါ့.။ ချဲထွက်တဲ့
နေ့ဆို အင်တာနက်လေးဖွင့်ပြီး ကြည့်လိုက်ရုံဘဲ အားလုံး အသုံးဝင်တာတွေချည်းပါဘဲ လိုအပ်သူအတွက်တော့
ရွှေတွေပေါ့..။ ကဲကဲ ဆောင်ထားကြ ယူသွားကြ တစ်ပြားတစ်ကျပ်မှ ပေးစရာမလိုပါဘူးကွယ်.။ တွေ့ရင်တော့
လက်ဖက်ရည် တိုက်ပေါ့နော်..။ 5.8.2013 အမှတ်တရ...။

MMAS Changer 2 ကြောင့် တိုင်ပတ်နေသူများအတွက်..

MMAS Zawgyi Changer 2.1.0 လေး ထည့်လိုက်လို့ မြန်မာဖောင့်တွေ အဆင်မပြေသူများအတွက် ဖုန်းအများ
စုနဲ့ ကိုက်ညီတဲ့ ဆော့ဝဲလေးနှစ်မျိုးကို တင်ပေးလိုက်တယ်.။ နှစ်မျိုးမဟုတ်ဘူး သုံးမျိုးပါ Changer 2 လေးပါ ထည့်ပေးထားတယ် စမ်းချင်ရင်ပေါ့။ ကျုပ်တော့ စမ်းလိုက်ပါ ဘာစာမှ မပေါ်ဘဲနေလို့ Zawgyi Installer Root
ဆိုတဲ့ကောင်လေး ပြန်မောင်းပေးရတယ်ဗျာ.။ ကီးဘုတ်ကလည်း Update တော့မဟုတ်ဘူး သို့ပေမယ့် အတော်
လေး ရိုက်ရတာ အဆင်ပြေလို့ထည့်ပေးထားတယ်.။ မြန်မာစာရိုက်ရင် အတော်ကောင်းတယ်။ ဥပမာ အကြောင်း
ဆိုတာလေး ရိုက်ချင်ရင် အကြောင်းလို့ ရိုက်လိုက်တာနဲ့ အဆင်ပြေတယ်လေ.။ သူ့အလိုလို ပြောင်းပေးသွားတာ
အတော်လေးကောင်းပါတယ့်  နောက်ပစ်ရိုက်ရင်လည်း အတွင်းကို မသွားဘဲ (ြ   ) နေရာလေးကို ခဏဖိထား
ရင် (ဲ ) ဖြစ်သွားတယ် တစ်ကယ်ကောင်းပါတယ် သဘောကျမယ်လို့ ထင်ပါတယ်နော်..။ ကျုပ်လည်းဆော့ဝဲ
လေးတွေ မတင်ပေးလို့လားမသိဘူး သိပ်တောင် မလာကြတော့ဘူး.။ ဟုတ်ပါ့ဗျာ ကျုပ်လည်း ငွေရှာဆိုက်လေး
ဘက်ကို ဦးတည်နေတာနဲ့ သိပ်မတင်ဖြစ်တာပါ..။ အဆင်ပြေပါစေ..4.8.2013 အမှတ်တရ...

Sunday, July 28, 2013

စပါယ်ရှယ်ဆော့ဝဲများ စုစည်းမှုလေးပေါ့ကွယ်..

တစ်ကယ်ပါ လူတိုင်းနီးပါး အသုံးပြုနေတဲ့ ဆော့ဝဲလေးတွေပါဘဲ Update ဖြစ်တာလေးတွေရော Update မဖြစ်
တာလေးရော တင်လိုက်တယ်.။ Update မဟုတ်တာကတော့ Viber ပေါ့ သို့သော်လည်း ဒီ Version က ပိုအ
ဆင်ပြေတယ်လို့ ပြောနေကြတာ မြင်လို့ ဒါလေးပါ တင်လိုက်တာပါ.။ လူတိုင်း Google Play Store ၀င်လို့ရရင်
အဆင်ပြေမယ်.။ အဲဒါဆို တင်ရလွတ်တာပေါ့.ကျုပ်လည်း ၀င်လို့တော့ရတယ်.။ သိပ်ကြီး မလေ့လာဖြစ်ပါဘူးဗျာ
သိပ်စိတ်မ၀င်စားတာလည်း ပါတာပေါ့.အဲတော့ ဒီဆော့ဝဲဟာ ဘာတွေ သုံးကောင်းတယ်ဆိုရင်တော့ လှမ်းဆွဲ
လိုက်တာဘဲ.။ ကိုယ်တိုင် လိုက်ပြီးမလေ့လာနိုင်တော့ဘူးလေ အချိန်တွေ အများကြီးပေးဆပ်ရတာကိုး.ဆော့ဝဲ
ကို ဆွဲရတယ် ကလိရတယ် သူ့မှာဘာအားသာချက်လေးတွေ ပါတယ်ကအစ ရေးရတာကိုး အဲတော့ ကျုပ်က
အဲလောက်ကြီး မလုပ်နိုင်ဘူးလေ.။ ခုဒီမှာ တင်လိုက်တာတွေကတော့ အတော်များများက ရင်းနှီးပြီးသားတွေပါ
ရှိပြီးသားတွေလည်း ဖြစ်ချင်ဖြစ်နေမှာပါ.။ အဲတော့မရှိသေးရင်တော့ ယူကြပေါ့ဗျာ..။ ဒါပါဘဲ အဆင်ပြေပါစေ..။

Saturday, July 27, 2013

အသစ်လေးတွေ တင်လိုက်ပါပြီ..အမည်မဖော်လိုသူရေ...

အမည်မဖော်လိုတဲ့ ချစ်အစ်ကိုကြီးလား ချစ်အမကြီးလားတော့ မသိဘူးဗျာ သူက အသစ်လေးတွေ တင်ပါဦးတဲ့
ဘာအသစ်လည်းတော့ သိဘူးဗျာ မိုဘိုင်းဆော့ဝဲမှတ်လို့ တင်လိုက်တာ အခြားဟိုဒင်းတွေဆိုရင်တော့ ရှိဘူးနော်
လက်ရှောင်နေတာကြာရောပေါ့..။ စိတ်တွေ ဘီလူးအစီးခံရမှာစိုးလို့ ဟုတ်တယ် ဒီစိတ်တွေဝင်လာရင် ဘီလူးစီးခံ
ရသလိုဘဲ..။ မိုးမမြင် လေမမြင်ဖြစ်တော့တာဘဲ ဒါကြောင့် ဒါတွေရှောင်နေတယ်..။ ကဲခုတော့ ဖုန်းဆော့ဝဲလေး
တွေ ကောက်သင်းကောက် စုထားတာလေး တင်ပေးလိုက်တယ်.။ ကွန်ပျူတာနဲ့ ဒေါင်းမယ်ဆိုရင်တော့ Firefox
မှာပါတဲ့ Download လေးနဲ့ Download ချနေရင်တော့ Dowload Manager ကိုပြောင်းဒေါင်းလိုက်ပါ မခက်ပါ ဘူး.။ ပြောင်းတာကတော့ ညာဘက်ခြမ်းမှာ မြှားအောက်စိုက်နေတာလေးကို ကလစ်ပြီး ဒေါင်းနေတဲ့ဟာလေးကို
Right Click နှိပ် Copy Download Link ဆိုတာလေးကိုနှိပ်ပါ.ပြီးရင် Inter Download Manager ကိုဖွင့် Add URL ဆိုတာကိုနှိပ်လိုက်ရင် သူအလိုလိုလင့်က ကော်ပီကူးထည့်ပြီးသား ဖြစ်သွားမယ် OK နှိပ် ခဏစောင့်ပါ ဟို Firefoxမှာ ဒေါင်းလော့ချတဲ့ ဖိုင်ဆိုက်နဲ့ ဒီ Download Manager မှာပြတဲ့ဆိုက်ကို တိုက်ကြည့် ဖိုင်ဆိုက်တူနေပြီ ဆိုရင်တော့ Start Download ကိုနှိပ်လိုက်.ဒီနည်းက ပိုမြန်တယ်.ဖိုင်ကြီးတာတွေ ဒေါင်းရင် အဲလိုဒေါင်းလော့ ချရတယ်နော် မှတ်မိလား မမှတ်မိရင် တိုက်ပြီး တစ်ခေါက်လောက်လုပ်ကြည့် သဘောပေါက်သွားမယ်။  49MB   တောင် ရှိတယ်နော် ဒေါင်းလော့ချတဲ့ စပိတော့ သိပ်မကျပါဘူး.လိုင်းကောင်းပါစေ...။