မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label Downloadmanager. Show all posts
Showing posts with label Downloadmanager. Show all posts

Tuesday, November 5, 2013

Youtube and Facebook Video Download Website

Youtube နှင့် facebook က ဗွီဒီများကို ဒေါင်းလော့ချလိုရင်ဖြင့် ဒီ Website လေးက သင့်ကို ကူညီပါလိမ့်မယ်။
တစ်ခါတစ်လေမှာ Youtube က ဗွီဒီယိုတွေကလည်း ဒေါင်းရတာ နဲနဲကတ်သီးကတ်သတ်နေတတ်တယ်။ အဲဒီ
လို အခါမျိုးမှာ ဒီဆိုက်လေးကတော့ အတော်ဟန်ကျပါတယ်။ IDM ရှိသော်လည်း တစ်ခါတစ်လေပေါ့ဗျာ။
ဒေါင်းမရတဲ့ အခက်အခဲလေးတွေ ဖြစ်ဖူးမှာပါ။ အဲဒီလို ဖြစ်တဲ့အခါ ဒီဆိုက်လေးသိထားတော့ ပိုကောင်းတာ
ပေါ့။ ဒေါင်းလော့ချလိုတဲ့ Youtube က လင့်ကို ကော်ပီကူးပြီးတော့ ဒီ Website က URL နေရာမှာ ကူးထည့်ပါ
ပြီးရင် DOWNLOAD ဆိုတာလေးနှိပ်။ ခဏလောက်စောင့်ပါ ခဏကြာရင်တော့ Download this Video ဆို
တဲ့ လင့်လေးကျလာလိမ့်မယ်။ ကဲ ဒါဆိုရင်တော့ ဒေါင်းလော့ချလို့ရပါပြီ။ Download this Video ဆိုတာကို နှိပ်
လိုက်ရင် ဒေါင်းလော့ချတော့တာဘဲ ဘာမှ မခက်ပါဘူး။ ကဲ အဆင်ပြေပါစေ....။ facebook က ဗွီဒီယိုတွေ ဘယ်လို ဒေါင်းသလဲ မသိသေးရင် Readmore နဲ့ ကြပါ...။



facebook Vidoe Download ချနည်း

ပထမဆုံး မိမိဒေါင်းလိုတဲ့ ဗွီဒီယိုကို တစ်ချက် ကလစ်လိုက်ပါ ပိုပြီးတော့ ကြီးလာမယ်ပေါ့။ ကြီးလားရင်တော့
အပေါ်ဘား URL လို့ခေါ်တဲ့ လင့်လေးကို ကော်ပီ ကူးပါ အောက်ပုံကို ကြည့်ရင် သိနိုင်တယ်..။

ကဲ ဒီအောက်ကပုံကတော့ဖြင့် အပေါ်က ကူးလာတဲ့လင့်လေးကို ထည့်လိုက်ပါ။ Paste လုပ်တယ်ပေါ့။
ဒါပြီးရင် Download နှိပ်ပါ ခနစောင့် Download this Video ဆိုတာ ကျလာရင် ဒေါင်းလို့ ရပါပြီ။


ကဲ အဆင်ပြေတယ် မဟုတ်လား ဒါပါဘဲ အပျင်းပြေပေါ့....
downvids.net ဆိုတာလေး မှတ်မိရင် အဆင်ပြေတယ်နော်...

Friday, November 1, 2013

Premium Speed Dowload Website

ကဲဗျာ ဒီနေ့တော့ဖြင့် ဟိုတစ်လောက facebook FanPage မှာ မှတ်ထားတာလေး ပြန်ရှာပြီး တင်လိုက်တယ်။
အမှတ်တရလေးတွေပြောက်ပျက်သွားမှာစိုးလို့ပါ။ ဘယ်သူရှာဖွေထားတယ်ဆိုတာတော့ မမှတ်မိဘူးကွယ်။
ဒေါင်းလော့ချတဲဆိုက်လင့်တွေပါ။ ပရီမီယမ်ဒေါင်းလော့ Premium Speed နဲ့ ဒေါင်းနိုင်တယ်ဆိုဘဲ မိမိဒေါင်း
လော့ချတဲ့ဖိုင်က အင်တာနက်ဒေါင်းလော့မန်နေဂျာနဲ့ ဒေါင်းတာတောင်မှ လိုင်းကောင်းလျှက်နဲ့ နှေးနေလို့
ရှိရင် ဒေါင်းလော့ချနေတဲ့လင့်လေးကို ဒီအောက်က ဆိုက်တွေမှာ လင့်လေးထည့်ပြီး ဒေါင်းရင် ပိုမြန်တယ်
ဆိုဘဲ။ ကဲ မြန်လား မမြန်လားဆိုတာကတော့ မိမိတို့ သုံးနေတဲ့ အင်တာနက်လိုင်းပေါ်မှာ မူတည်ပါလိမ့်မယ်
အချစ်တော်ကြီး MPT က ကောင်းရင်တော့ ကောင်းမှာပါဘဲ...။
www.rapid8.com       OR     www.generatorlinkpremium.com      OR    www.gigaleecher.com
www.leechtube.com  OR     www.leechking.com                OR              www.hlusoe.info/hotfile
www.rapidrar.com     OR     www.premiumgenerator.eu     OR               www.rsplg.com
www.atayalay.info

Thursday, October 24, 2013

IDM Latest 7.1 Full Version

ကဲ အသစ်လေးတွေ့လာလို့ သို့မဟုတ်ရလာလို့ ပြန်လည် တင်ပေးလိုက်ပါတယ်။ ကျုပ်တင်ပေးလိုက်တဲ့
ဆော့ဖ်ဝဲက မြန်မာနာမည်လေးပါတယ်။ Install လုပ်လို့ ရမှာမဟုတ်ဘူး မြန်မာနာမည်လေးကို ဖျက်လိုက်မှ
Install လုပ်လို့ရမယ်နော်။ ဒီကောင်လေးကတော့ Pacth ဖိုင်မလိုဘူး ဆော့ဖ်ဝဲတစ်ခုတည်းနဲ့တင် ပြည့်စုံတယ်
ဒါကြောင့် တင်လိုက်တာ။ နောက်ဆုံးထွက်လည်း ဖြစ်ပြန်ဆိုတော့ ကောင်းလေမလားလို့ပေါ့ဗျာ။ ကဲ လိုချင်
ရင် ယူသွား။ ဒီနေ့ နဲနဲ စိတ်အိုက်နေတယ်ဗျာ။ တစ်ကယ့် လူတွေနဲ့ တွေ့နေတယ်..။ စာဖတ်ပါ ကိုယ့်ကိုကို
အအောင် နအောင် မလုပ်ပါနဲ့လို့ဘဲ ပြောလိုက်ချင်တယ်။ လေ့လာပါ လေ့မှ လာမှာပါ။ သူများအားကိုး ကိုယ့်
အားငြိုးပါလိမ့်မယ်။ မြန်မာလူမျိုး မြန်မာစာ ဖတ်တတ်ရင် အတော်ဟန်ကျပါတယ်။ စာမဖတ်တတ်ရင်တော့
ဖြင့် သို့မဟုတ် ဖတ်ပျင်းရင်တော့ဖြင့် သူ့လမ်းနှင့် သူပေါ့ဗျာ...။ ကဲ ဒါပါဘဲ...

Sunday, October 6, 2013

Download Manager 6.18 လေးပါ.

ကဲဗျာ Download Manager လည်း 6.18 တောင်ရောက်သွားပြီလား သြော် မြန်လိုက်တာနော်။ ကျုပ်ကတော့
Update ထွက်တိုင်း မတင်နိုင်ပါဘူးဗျာ။ မနေ့ကမှ သူများဆီက ဒေါင်းထားတာလေး ပြန်တင်ပေးလိုက်တယ်။
ကိုယ်တိုင်တောင် မထည့်စမ်းရသေးပါဘူးဗျာ။ မနေ့ကမှ ၀င်းဒိုးတင်ပြီး အဟောင်း 6.16 လေးဘဲ ထည့်သုံး
နေတုန်းပါ။ ဒါကြောင့်ပါကွယ်.သူကလည်း တစ်လနှစ်ကြိမ် သုံးကြိမ်ဆိုတော့ မဆွဲအားတော့ပါဘူးဗျာ။ ကျုပ်
အထင်တော့ သိပ်ပြီး ထူးခြားလာတာ မတွေ့ရပါဘူး။ ကိုယ်ဘဲ မသုံးတတ်လို့လားတော့ မသိ ဒေါင်းလော့ချ
တဲ့ကောင်ဆိုတော့လည်း ဒေါင်းလော့ချတဲ့အခါဘဲ သုံးတာလေ။ ကျန်တာတွေ ကိုယ်မှ မသုံးတတ်တာ။ ကဲ
ဗျာ ဘာပဲဆိုဆို 6.16 နဲ့ နဲနဲ အဆင့်လေးကွာသွားပြီဆိုတော့ ဆွဲထားလိုက်တာဘဲ။ သုံးကြည့်ရဦးမှာဘဲဗျာ။
သို့မဟုတ်ရင် ဒီကောင်က အသစ်ထွက်နေပြီဆရာဆိုပြီး ခဏခဏ လာပြောနေမှာ သေချာတယ်။ ကဲ ကိုယ့်
လူတွေလည်း မရှိသေးရင် ဆွဲသွားကြပေတော့။ ဒီတစ်ခေါက်တော့ Patch ဖိုင်က တစ်ခုထဲဘဲ ထည့်လိုက်
တယ်ဗျာ။
DOWNLOAD SOLIDFILES      OR      DOWNLOAD BOX

Thursday, August 1, 2013

IDM နဲ့ ဘာဖိုင်ဖြစ်ဖြစ် အမြဲတမ်းဒေါင်းလော့ချလိုရင်..

ကိုယ့်နည်းလိုလိုနဲ့ ကောက်ရေးလိုက်တယ် ဖေ့ဘုတ်မှာတွေ့တာတော့ ကြာပါပြီ.။ မသိသေးတဲ့သူများလည်း ရှိပေ
ဦးမည်.။ ကဲစမယ် အင်တာနက်မှာ ဆော့ဝဲတွေဒေါင်းတဲ့အခါ မိုဘိုင်းအတွက် APK ဖိုင်တွေဒေါင်းရာမှာ Firefox
ကြီးနဲ့ ဒေါင်းနေရင် ကြာတယ်ပေါ့ အဲတော့ Firefoxနဲ့ မဒေါင်းဘဲ IDM နဲ့ အမြဲဒေါင်းနိုင်အောင်လုပ်ထားလို့ရတယ်
ပေါ့ဗျာ.။ သူများကတော့ IDM ဘာလာလာဒေါင်းမယ်ဆိုဘဲ ကဲအလိုပါဘဲ.။ ဘယ်လိုလုပ်ရမလဲ IDM ကိုဖွင့်ပါ.။
Option >> File type အထိသွားလိုက်ပါ.ရောက်ရင်တော့ APK GPK AVI စသဖြင့် Firefox ဒေါင်းနေတဲ့ ဖိုင်အ
မျိုးအစားတွေကို ကြည့်ပြီးတော့ ဒီနေရာမှာ ထည့်ပေးပါ.။ APK GPK AVI စတာတွေကို စာလုံးအကြီးနဲ့ရေးပါ. စပေ့ဘားခြားဖို့လည်း မမေ့နဲ့နော်..။ ဒါဘဲ ဘာမှတော့ မဟုတ်ဘူး..မသိရင်တော့ခက်တာပေါ့..။ အဆင်ပြေပါစေ။
အထူးသတိပြုရန်မှာ Firefox နဲ့ဒေါင်းသမျှ ဖိုင်နာမည်မှတ်သားပြီး ဖိုင်နာမည်များကို ထည့်ပေးလိုက်ပါ.။ ဖိုင်အမျိုး အစားက အများကြီးလေ.အဒါကြောင့် IDM မသိသေးတဲ့ဖိုင်တွေကို ထပ်ဖြည့်သွားပါလို့ မှာလိုက်ချင်တယ်..။

Tuesday, June 11, 2013

Internet Download Manager 6.16 လေးရလာလို့ တင်လိုက်တယ်

အင်တာနက်ဒေါင်းလော့မန်နေဂျာလေး ရလာလို့ တင်လိုက်တယ်ဗျာ.။ သူကလည်း အင်တာနက်သုံးသူတိုင်း
လက်စွဲတော်လေး ဖြစ်နေရှာပါပြီ အသစ်အသစ်တွေကို ကြိုက်နှစ်သက်ကြတဲ့ ကျုပ်တို့အတွက်တော့ မရိုးရ
အောင် ထုတ်ပေးနေသလားတောင် အောင့်မေ့မိပါတယ်..။ တစ်ကယ်ပါ သူကတစ်လကို နှစ်ကြိမ် သုံးကြိမ်
လောက်ထွက်တယ်လေ. အဲဒီတော့ အသစ်တွေ ဆွဲသုံးဆွဲသုံးလုပ်နေရတာပါဘဲဗျာ..။ ကဲကဲအသစ်ကြိုက်သူ
များ သုံးစမ်းကြပေတော့ဗျို့ ကျုပ်လည်း သုံးနေပါပြီ..။

Sunday, June 9, 2013

Internet Download Manager ကိုသုံးပြီး Website တစ်ခုလုံး ဒေါင်းယူနည်း (အိုင်တီမုဆိုး)

ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ နည်းပညာဆိုဒ်တွေကို လှည့်ပတ်လေ့လာရင်း ကိုယ့်အတွက် တစ်ဆိုဒ်လုံး နည်းပါး အသုံးဝင်တဲ့ နည်းပညာဆိုဒ်တစ်ချို့ကို အင်တာနက်ကွန်နက်ရှင် မလိုပဲ Offline လေ့လာနိုင်ဖို့ အဲဒီ Website တစ်ခုလုံးကို download ဆွဲယူထားတတ်ကြပါတယ် အဲဒီလို Website တစ်ခုလုံးကို ဒေါင်းယူ ဖို့အတွက် လိုအပ်တဲ့ ဆော့ဝဲတွေကို ရှာဖွေကြရပြန်ပါတယ် ဒီိပို့စ်မှာတော့ အင်တာနက်အသုံးပြုသူ တော်တော်များများ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ Internet Download Manager ကို အသုံးပြုပြီး Website တစ်ခုလုံးကို ဒေါင်း ယူနိုင်မယ့် နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
အရင်ဆုံး Internet Download Manager မရှိသေးဘူးဆိုရင် ဒီပို့စ် မှာတင်ပေးထားပါတယ် ကဲ .. စက်ထဲမှာ Internet Download Manager ကို Install လုပ်ပြီးသွားပြီဆိုပါစို့ အရင်ဆုံး Internet Download Manager ပရိုဂရမ် ကို ဖွင့်လိုက်ပြီး အပေါ်ဘားတန်းထဲက Grabber ကို နှိပ်လိုက်ပါ..






ပြီးရင် Grabber project name အကွက်မှာ ကြိုက်တဲ့နံမည်ထည့် Start page/address အကွက်မှာ ကိုယ်ဒေါင်းယူချင်တဲ့ဆိုဒ်ရဲ့ Home address ကိုထည့် Custom setting မှာ the whole website ကိုရွေး
ပြီးရင် Next ကိုနှိပ်လိုက်ပါ



နောက်ထပ် Box ကိုလည်း Next ကိုနှိပ်ပေးပါ



ပြီးရင် Explore the whole site ရှေ့မှာ အမှတ်တပ် Ignore popup ရှေ့မှာ အမှတ်တပ်ပြီးရင်
Next ကိုနှိပ်လိုက်ပါ


နောက်ထပ် Box ကိုလည်း Next ကိုနှိပ်ပေးလိုက်ပါ



ဒါဆိုရင် နောက်တစ်ဆင့်မှာ အဲဒီ Website တစ်ခုလုံးကို Download ဆွဲနေတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာနည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်အားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုးမှ ကူးယူဖော်ပြထားသည်

Wednesday, May 15, 2013

Internet Download Manager 6.15 Build 12.1

လူတိုင်းသိပြီးသား ဆော့ဝဲပေါ့ဗျာ.။ အသစ်ဆိုတော့လည်း သုံးရသေးတာပေါ့ ဟုတ်ဘူးလား..။ ကျုပ်ကတော့
အသစ်တိုင်းလည်း မတင်နိုင်ပါဘူးဗျာ.။ ဒီကောင်လေးက တစ်လကို နှစ်ကြိမ်သုံးကြိမ်လောက် ထွက်နေတော့
အသစ်ဆိုတိုင်းလည်း သိပ်မဆွဲဖြစ်တော့ဘူးလေ.။ အင်တာနက်လိုင်းပေါ်မှာဘဲ မူတည်တာပါဗျာ.။ ရှေ့ထွက်နဲ့
နောက်ထွက် ဘာမှ မကွာပါဘူး ဟုတ်တယ်မဟုတ်လား သိတဲ့အတိုင်းပါဘဲ.။ အင်တာနက်လိုင်းကောင်းရင် မြန်
လာမယ် လိုင်းမကောင်းရင် မမြန်ဘူး ဒါပါဘဲ..ကျုပ်ကအမှန်တွေ ပြောတာပါ.။ ကြိုက်ရင်တော့ ဆွဲသွား အရင်
တင်ထားတာလေးတွေတောင် ပျက်နေပြီလားမသိဘူး.။ ခုတင်တဲ့အထဲမှာ Patch ဖိုင်သုံးမျိုးလောက် ထည့်ပေး
ထားပါတယ်.။ အဆင်ပြေကြပါစေ .Phatch ဖိုင်လေး ထည့်နည်းလေးလည်း အားလုံး သိပြီးလောက်ပြီနော်.။
မခက်ဘူး ဆော့ဝဲကိုမောင်းထည့်ပြီးရင် သူ့ icon လေးကို R Click လုပ် Properties ကိုနှိပ်ပြီး Patchဖိုင် လေး ကူးထည့် အဲဒါပြီး Patch ဖိုင်ကို နှစ်ချက်ကလစ်လိုက် နာမည်ပေး OK ပေါ့ဗျာ ဒါဘဲ..ဘာမှ မဟုတ်ဘူး..။
۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩
۩۩۩۩  DOWNLOAD SOLIDFILES.COM  ۩۩۩۩

Saturday, January 26, 2013

WebShot 1.8.8.1+ Portable ၀က်ဆိုက်တွေ ဒေါင်းတဲ့ဆော့ဝဲ

ဝက်ဆိုက်တွေကို ဒေါင်းလော့ချပြီးကြည့်တဲ့ ဆော့ဝဲလေးပါ သိပ်တော့မလိုအပ်ပါဘူးဗျာ။ ခေတ်ကတစ်အား
ကို တိုးတက်နေတာဆိုတော့ ဒီဆော့ဝဲကတော့ သိပ်မလိုအပ်ဘူးလို့ ပြောမယ်ဆိုလည်း ရပါတယ်။ ကျုပ်
လည်း ဘာတင်ပေးရမလဲလို့ လိုက်ရှာရင်းတွေ့တာလေးကို တင်ပေးလိုက်ပါတယ်။ ကျုပ်ဟိုတစ်နေ့က တင်ခဲ့တဲ့ ဖေ့ဘုတ်နှင့် ပါတ်သက်ပြီး List တစ်ခုတည်ဆောက်နည်း သိထားရင် ဘာဆော့ဝဲမှတောင် မလို
ဘူးလို့ ပြောလို့ရပါတယ်။ သတင်းကြည့်ဖို့ကိုပြောတာနော်။ ဒါပေမယ့် Like လုပ်ပျင်းတဲ့ သူတွေအတွက်တော့
ဒီနည်းက အဆင်မပြေဘူး ကျုပ်နည်းကတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် Like ဘဲ ဘာဖြစ်လို့လဲဆိုတော့
ကိုယ့်အတွက် သတင်းအချက်အလက်တွေရတယ်လေ။ ဒါကြောင့် ဒီနည်းသုံးတယ်။ အဲဒီတော့ ကျုပ်မှာ Like
တွေ မတွေ့နဲ့ တွေ့ရင်တော့ Like တာဘဲဗျာ။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဒို့နိုင်ငံအနေအထားနဲ့တော့
ဒီ Like လုပ်တာ အခက်အခဲမရှိပေမယ့်  India မှာတော့ ဟိုသုံးလေးလလောက်က Like လုပ်တဲ့သူ အဖမ်းခံ
ရတယ်ဗျာ။ အခြေအနေလေးကြည့်လုပ်ပေါ့ဗျာ။ ကိုယ်က နည်းပညာကိုလေ့လာနေတာဆိုရင် နည်းပညာ
ဆိုက်တွေကို Like လုပ်ထား သတင်းဆိုက်တွေ Like လုပ်ထား အဲဒါပြီးရင် ကျုပ်ရဲ့နည်းကို သုံးလိုက်။


ဘာသတင်းကြည့်တဲ့ဆော့ဝဲမှ မလိုတော့ဘူး ဖုန်းနဲ့ ကြည့်မယ်ဆိုလဲ အဆင်ပြေတယ်။ ကွန်ပျူတာနဲ့ ကြည့်ရင်လည်း အဆင်ပြေတယ်။ ဖုန်းနဲ့ကြည့်ချင်ရင်တော့ အင်တာနက်လေးဖွင့်ပြီး နဲနဲလောက်ဆွဲတင်ထား
လိုက်ပေါ့ သတင်းတွေကိုပြောပါတယ်။ အဲဒါပြီးရင်တော့ အင်တာနက်ပိတ်လိုက်ပါ။ ကြည့်လို့ ရပြီလေ။ ကိုယ်
လည်း ညစ်ပတ်ရတော့တာဗျာ အင်တာနက်ဖိုး သိပ်မတတ်နိုင်တော့ ဒီလိုဘဲ အမြဲမဖွင့် ဖွင့်လိုက် ပိတ်လိုက်
နဲ့ ညစ်ပြီး သုံးနေရတာ။ သူများတွေတော့ မသိဘူး ဆက်တိုက်ကြီး ဖွင့်ထားရင် ဘယ်လွယ်မှာလည်းဗျာ။ ဒီတော့ ဒီနည်း သုံးရတာပေါ့ ။ သူတို့ လျော့မပေးတော့လည်း ဒီနည်းကတော့ ကိုယ့်အတွက် ဟန်ကျတယ်။
ဟန်ကျတယ်တာပြောတယ် တစ်လ နှစ်သောင်းဆိုတော့ သိပ်တော့မလွယ်လှဘူးဗျာ။ သူများက 10 နာရီ သုံးရင် 1200 ကုန် ကိုယ်က 2400 ဆိုတော့ကာ မလွယ်ရေးချ မလွယ်ဘူး သူများနိုင်ငံဟာ ဒီ ကီလိုဘိုက်လောက်ကို အလကား အခမဲ့ ပေးသုံးတယ်ပြောတာကြားဖူးတယ်။ ကျုပ်တို့ကတော့ သုံးလို့ရတယ် ဆိုရုံလေးကို မနည်း ငွေကြေးများများပေးပြီး သုံးနေရတာလေ...သြော်ဘ၀ဘ၀ အင်တာနက်တောင် ၀အောင် မသုံးနိုင်တဲ့ဘ၀ ပြည့်ပြည့်၀၀ မသုံးနိုင်တဲ့ဘ၀ စိတ်ချမ်းချမ်းသာသာ မသုံးနိုင်တဲ့ဘ၀ လိုင်းကောင်းကောင်နဲ့ မသုံးနိုင်တဲ့ဘ၀ ဒီလောက်နဲ့တော် ရှေ့ဆက်သိပ်မပြောနဲ့ အလကား
နေရင်း ထောင်ထမင်းစားနေရဦးမယ်။ အဲဒါတော့ ကြောက်တယ်ဗျာ။ ကဲလေကြောရှည်သွားတယ်။ လိုချင်သပဆိုရင်တော့ အောက်မှာ ဒေါင်းလော့ချသွားလိုက်ပါ။

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

Monday, December 31, 2012

Internet Download Manager 6.14 Build 3

Internet Download Manager 6.14 Build 3 နောက်ဆုံးထွက်လေးတင်ပေးလိုက်ပါပြီနော်။ Patch ဖိုင်တွေလည်း (၈)ခု ထည့်ပေးလိုက်ပါတယ်။ အသုံးပြုနည်း ဆော့ဝဲကို မောင်းလိုက်ပါ။ မောင်းပြီးလို့ နောက်ဆုံးအဆင့်ကိုဘဲ
ပြောတော့မယ်။ ကျန်တာအားလုံးသိပြီးသား။ မောင်းလို့ ပြီးရင် finish ကိုနှိပ် မက်ဆေ့ဘောက်လေးကျလာရင်
Cancle ကိုနှိပ်ပါ။ ဒေါင်းထားတဲ့ ဖိုဒါထဲက UniPatch 2.7 ဆိုတာလေးကို C/Programfile (x86) တစ်ချို့ Window
က ဒီကိုသွားတယ်ပေါ့ဗျာ အဲဒီထဲကမှာ Internet Download Manager ဆိုတဲ့ floder ထဲကို Patch ချပါ။ ကူးထည့်ပါ။ မရောက်ရောက်အောင်ကူးပါ။ ရတဲ့နည်းနဲ့ကူးပါ။ ရောက်သွားပြီးဆိုရင် ကူးလာတဲ့ UniPatch 2.7ဖိုင်လေးကိုနှစ်ချက်ကလစ်ပါ။ Patch ဆိုတာလေးကို နှိပ်ပါ။ မင်းနာမည်ရေးပါဆိုတာလေးကျလာရင် နာမည်
ကို အင်္ဂလို (၅) လုံးအနည်းဆုံးရေးပေးပါ။ စိတ်ကြိုက်နာမည်ပေးပါ။ ကျုပ်တော့ kokolay / good luck စသဖြင့်
လျောက်ပေးလိုက်တယ်။ ရဖို့အရေးကြီးတာဘဲ နာမည်ရေးလို့ပြီးရင်တော့ OKပေါ့ဗျာ။ နာမည်ရေးလို့ အဆင်မပြေ
ရင် နောက်ထပ်နာမည် တစ်မျိုးပေးပါ။ အထူးသဖြင့် မိမိကွန်ပျူတာနာမည်ပေးရင်တော့ ပိုကောင်းပါတယ်။
ဒါဘဲ။ မရှင်းရင် အောက်မှာ ပုံလေးတွေနဲ့ ပြထားတယ် ဆက်လက်ရှုစားလိုက်ပါနော်။
۩۩۩۩  DOWNLOAD DOWNLOAD MANAGER  ۩۩۩۩









ဒီလောက်ဆိုရင်တော့ ရှင်းလောက်ပါပြီနော် ဒီထက်ရှင်းအောင်လည်း မရှင်းပြတတ်တော့ပါဘူးဗျာ။ သဘော
ပေါက်မယ်လို့တော့ ထင်ပါတယ်။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

Monday, December 3, 2012

Internet Download Manager 6.12.26

အင်တာနက်အသုံးပြုသူတိုင်းသိပြီးသားရင်းနီးပြီးသားပါ။ဒေါင်းလော့ချတဲ့အခါမှာအင်မတန်အသုံးများတဲ့
ဆော့ဝဲလေးတစ်ခုပါ။ ဒီကောင်လေးဟာ တစ်ခါတစ်လေမှာ အသုံးပြုလို့မရတာတွေ ကြုံရတတ်တယ်။ ဘယ်
လိုလုပ်ရမယ်ဆိုတာလည်း သိပြီးသားတွေပါ။ မသိသေးတဲ့သူများကတော့ Download Manager ထည့်သွင်း အသုံးပြုထားတယ်ဆိုရင် ပြန်ဖြုတ်လိုက်ပါ ဖြုတ်တဲ့နေရာမှာ full ဆိုတာလေးပါတယ် အဲဒါလေးနှိပ်ပြီးဖြုတ်
ဖြုတ်ပြီး Restart ချခိုင်းမယ် ချပေါ့ဗျာ။ Restart ချပြီး ပြန်တက်လာရင် ပြန်ပြီးမောင်းရုံဘဲ မောင်းပြီးရင် ဘာမှ
Email တွေပေးမနေနဲ့ ပိတ်ပစ်လိုက်။ ပိတ်ပြီးရင် အထဲမှာပါတဲ့ Patch file လေးကို C/ Progran file> ထဲက Inter
net Download manager ဆိုတဲ့ဖိုင်ထဲကို ကူးထည့်ပါ။ ဒါပြီးရင် Patch ဆိုတာလေးနှိပ်ပါ နာမည်ရေးခိုင်းရင် ကြိုက်တဲ့နာမည် ကောက်ရေးလိုက်။ ဒါဆို အသုံးပြုလို့ ရပါပြီ။ ကဲ အင်တာနက်ဒေါင်းလော့မန်နေဂျာကတော့
တစ်လ နှစ်ကြိမ် သုံးကြိမ်ထွက်နေတာဆိုတော့ အဆင်မပြေမှ ဒေါင်းလော့ချပါ။ အဆင်ပြေလည်း အသစ်
လေးသုံးချင်ရင် ဒေါင်းလော့ချပေါ့ဗျာ။ အထဲမှာ Patch ဖိုင်တွေ ကျုပ်ဆွဲခဲ့ဖူးသမျှ ထည့်ပေးထားတယ်။ 5MB ကျော်လေးပါ။

۩۩۩۩  DOWNLOAD HERE  ۩۩۩۩

Sunday, November 18, 2012

ORBIT Downloader version : 4.1.1.13


Orbit downloaderဆိုတဲ့ဆော့ဝဲလေးကို စမ်းသပ်သုံးနိုင်ရန်တင်ပေးလိုက်ပါတယ်။ ဒါကလည်း Download Manager လိုဘဲ ကောင်းပါတယ်။ ဒေါင်းလော့ချတဲ့ Software ပါဘဲ ။ Internet Download Manager ထည့်သွင်းအသုံးပြုထားရင် သူကအလုပ်မလုပ်ဘူး။ ဒါပေမယ့်သူ့ကို Downlod Link ယူထည့်ပြီးဆွဲခိုင်းစမ်းကြည့်ပါ။ InternetDownload Managerနဲ့အပြိုင်အဆိုင် ဆွဲစမ်းကြည့်ပါဘယ်လို အခြေအနေရှိတယ်ဆိုတာ တွေ့ရပါ လိမ့်မယ်။ သူ့အစွမ်းအစကိုပေါ့။ ကဲဒါ free ရတဲ့ဆော့ဝဲပါဘဲ စမ်သုံးနိုင်အောင်တင်လိုက်တယ်။ ကိုယ်တိုင်ရော မူရင်းလင့်ရော တင်လိုက်တယ်။ မူရင်းလင့်ပါတော့ ပိုအဆင်ပြေတာပေါ့ဗျာ။ ကျုပ်ဆီကဆွဲမရရင် မူရင်းထုတ်လုပ်တဲ့ဆိုက်မှာ ဆွဲယုံဘဲဆိုတော့ ဒါကြောင့်ကျုပ်အနေနဲ့ မူရင်းထုတ်လုပ်ဆိုက်လေးတွေကို ထည့်သွင်းပြီး တင်တာပါ။ ကဲစမ်းသုံးလိုတယ်ဆိုရင်ဖြင့် ဒေါင်းလော့ချပြီး စမ်းသပ်လိုက်ပါတော့။

♣♣♣♣   Download mediafire  ♣♣♣♣

Tuesday, October 30, 2012

Downloadmanager 6.12.22 နှင့် Patch ဖိုင်များစွာ


ကဲမိတ်ဆွေတို့ရေ ကျုပ်စုဆောင်းထားတဲ့ Internet Downloadmanager 6.12.22 နှင့် Patch ဖိုင်လေးတွေ စုစည်းပြီး တင်ပေးလိုက်ပါတယ်။ အဆင်မပြေသူများ တစ်ခါဒေါင်းရုံနဲ့ ပြည့်ပြည့်စုံစုံလေးရမှာဆိုတော့ စုဆောင်းထားသင့်ပါတယ်။ အင်တာနက်အသုံးပြုသူတိုင်း Internet Downloadmanager နဲ့  flashPlayer
ဒီနှစ်မျိုးကတော့ဆောင်ထားရမည့်ဟာတွေပါ။ တစ်ကယ်ကို အသုံးဝင်လို့ပါဗျာ ကျုပ်လည်း ဒါတွေဘဲ
သုံးနေတာပါဘဲ။ ကဲဗျာ ၀ါကျွတ် လက်ဆောင်ပေါ့ဗျာ။ သူများတွေလို  ဘာညာတွေမပေးနိုင်တော့
ဒါလေးစုစည်းပြီး ပေးလိုက်ပါတယ်။ နှစ်သက်သူများ ယူငင်သုံးဆောင်ကြပါ။ flash Player ကတော့ မူရင်းဆိုက်မှာဘဲ ဒေါင်းလော့ချပါ။ ဘာကြောင့်လည်းဆိုတော့ စိတ်ကြိုက်ဒေါင်းနိုင်အောင်လို့ ကိုယ့်စက်နဲ့ကိုက်တာကို ဒေါင်းရုံပါဘဲ။ 32 bit လား 64 bitလား Mac စသဖြင့်အစုံရှိပါတယ်နော်။ ကိုယ့် window နှင့်ကိုက်တာဒေါင်းပေါ့။ဒီ Internet Downloadmanager ဆော့ဝဲကို Installလုပ်ပြီးရင် ကီးထည့်ခိုင်းရင်မထည့်ပါနဲ့ဗျာ။ ပိတ်ပစ်လိုက်ပါ ဒီPatch ဖိုင်လေးကို C. > Program files >> Internetdownloadmanager အထိသွားပြီးထည့်ပါ။  ထည့်ပြီးရင် နှစ်ချက်ကလစ်လိုက်ပါ။ Patch ဆိုတာလေးကို နှိပ်လိုက်ပါ။ ပြီးရင်ပိတ်ပစ်လိုက် သုံးလို့ရပါပြီ။ မရသေးရင်တော့ ဒီ Patchဖိုင်တွေကို တစ်ခုပြီးတစ်ခုစမ်းသပ်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ (မှတ်ချက်) မျက်မှန်နဲ့ကောင်က သိပ်မကောင်းဘူး။ ကမ္ဘာလုံးပုံနဲ့ကောင်တွေကတော့ ကောင်းတယ်။
         ကဲဗျာတစ်ခါတည်းဘဲ ဆက်ပြီးတစ်ခုပေးလိုက်ပါဦးမယ် ဒါကတော့ အင်တာနက် Spee မြင့်တဲ့ဟာလေးပါ။အတော်ကောင်းတယ် စမ်သုံးကြည့်လိုက်ပါဦးနော်။ ကိုယ်က Wireless နဲ့သုံးတာလား ဘာလားစသဖြင့်ရွေးပေးရမှာလေးက ထူးခြားချက်လေးပါ။ မူရင်းလေးကတော့ ဒီမှာပါမိတ်ဆွေ