မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label PDf Crator နှင့်ပါတ်သက်တာလေးများ. Show all posts
Showing posts with label PDf Crator နှင့်ပါတ်သက်တာလေးများ. Show all posts

Saturday, September 7, 2013

Web Page တွေကို PDf လုပ်မယ် ဆိုက်တွေကို PDF လုပ်မယ်

Web to PDF ပြုလုပ်ချင်သူတွေအတွက် Mr.Phyo ကတွေ့တဲ့လင့်လေးပါ။ အသိအမှတ်ပြုတဲ့ သဘောပါနော်။ ဟုတ်တယ် ကိုယ်ရှာတာကလည်း ရှာတာဘဲ သို့သော် မြန်မာအချင်းချင်းဆိုတော့ နာမည်ပြောမှ ကောင်းတာဗျ၊
သို့မဟုတ်ရင် လွယ်ဘူး။ကိုင်း Web to PDF အကြောင်းပြောမယ်။ မိမိ PDF အဖြစ်လုပ်လိုတဲ့ လင့်လေးကို Copy
ကူးပြီး ထည့်ကာ Conveart to PDF ဆိုတာလေး နှိပ်ပါ။ ခဏစောင့်ပါ PDF ပြုလုပ်နေတယ် ။ အဲဒါပြီးရင်တော့
Download PDF ဆိုတာလေး တစ်ချက်နှိပ်ပြီး ဒေါင်းလော့ချလိုက်ပါ။ မြန်မာဆိုက်တွေဆိုရင်တော့ ကိုးရိုကားရား
နဲ့ PDF လေးတစ်ခု ရပါပြီ။ မြန်မာစာကို သူက မသိဘူးဗျာ။ အဲဒါကြောင့်ပါ အင်္ဂလိပ်လိုဆိုရင်တော့ ရပါတယ်။
PDF Creator ဆော့ဝဲနဲ့ လုပ်နည်း ကျုပ်ရေးထားပါတယ် အဲဒါကတော့ မြန်မာစာမှန်ပါတယ်။ ဘာပဲပြောပြော တစ်ခါတစ်လေ အခက်အခဲဖြစ်ရင် ယူထားလို့ ရတာပေါ့ မြန်မာဆိုက်တွေချည်းကြည့်နေတာ မဟုတ်ဘူးလေ။ အင်္ဂလိပ်လိုရေးသားထားတဲ့ဆိုက်တွေကို မှတ်သားလိုရင် အသုံးဝင်တာပေါ့။ ဆိုက်လိပ်စာတောင် မပေးရသေး
ဘူး ဘာတဲ့ web2pdfconvert.com တဲ့ဗျာ။ ကဲ ဟုတ်တော်ရှိ မဟုတ်တော်ရှိ ဗဟုသုတပေါ့ဗျာ..။

Friday, November 2, 2012

Foxit Reader

ကဲမိတ်ဆွေများ Foxit Reader Software လေးသုံးစမ်းကြည့်ရအောင်ဗျာ။ နောက်ဆုံးထွက် Windows 7 /XP
တွေပါ ပါတတ်ပါတယ်။ ကျုပ်လည်း အခုလောလောဆယ်တော့ Windows 7 Fire အသုံးပြုနေတာပါ။ သူများ
တွေတော့မသိဘူး။ ကျုပ်ကတော့ ဒီဇိုင်းဆန်းတာလေးတွေဘဲ ၀ယ်သုံးတယ် အခုသုံးတဲ့Window 7 fire ဟာ
Internet အသုံးပြုသူတွေအတွက်တော့ ကောင်းတယ်ဗျာ။ ဘာကြောင့်လည်းဆိုရင် Window တင်ပြီးရင် ဒီ foxit Reader တို့ flash Player တို့ကို Install ပြုလုပ်ဖို့ တန်းပေါ်လာတယ်။ အဲဒါထည့်ထားလိုက်ရင် OKဘဲ။
အခုဒီဆော့ဝဲလေးကတော့ သိတဲ့အတိုင်းပါဘဲ PDF ဖိုင်လေးတွေကို ဖွင့်ပြီးစာကြည့်တဲ့အခါ ဂျာနယ်ကြည့်တဲ့
အခါ အတော်ကောင်းတယ်ဗျာ။ ဒါကြောင့် စမ်းသုံးကြည့်နိုင်အောင် ဝေမျှလိုက်ပါတယ်။ ကျုပ်တော့တင်မပေး
တော့ဘူးနော်။ ဒီဆော့ဝဲထုတ်တဲ့ မူရင်းဆိုက်လေးမှာဘဲ ဆွဲလိုက်ပါ။ အဲဒီမှာက ကိုယ်စက်နဲ့ကိုက်တဲ့ဟာလေး
တွေကို စိတ်တိုင်းကျဆွဲနိုင်အောင်လို့ပါ။


<<<<  Download >>>

Download Mediafire

Thursday, November 1, 2012

ကိုယ်ကြိုက်တာလေးတွေ့ရင် PDF အဖြစ် Print ထုတ်ကြမယ်

ကဲဗျာမိတ်ဆွေများ အင်တာနက်မှာ ကိုယ်ကြိုက်တဲ့ ပို့စ်လေးတွေ တွေ့ရင် Print ထုတ်ပြီး ယူကြရအောင်ဗျာ။ ထုတ်နည်းတော့ အင်တာနက်သုံးသူတိုင်းသိမှာပါ။ မသိသေးတဲ့ သူများအတွက်ပေါ့ဗျာ။ ကဲစလိုက်ရအောင်။
 ကဲပုံလေးကြည့်ပြီး လှုပ်ရှားလိုက်ရအောင် ပထမဆုံး Print Preview ကိုနှိပ်လိုက်ပါ။

 ကဲဒုတိယအဆင့်ရောက်ရင်တော့ Page Setup ကိုနှိပ်ပါ။ အဲဒီမှာ ပြင်စရာလေးတွေ ရှိတာ တောင်နှိပ်မြောက်နှိပ်နဲ့ ပြင်ဆင်လိုက်ပါ။ ထူးတာလေးကShrink to fit Page width မှာ အမှန် √ ခြစ်ပြီး Options Print Background (colors & images )ကို √ အမှတ်အသားလေးလုပ်လိုက်ပါ။


 ကဲနောက်တစ်ခုက ဘေးအနားသတ်လေးကိုလည်း .1 လောက်တာထားလိုက်ပါ။ ကိုယ်က တစ်ကယ့်စာအုပ်ထုတ်မှာမှ မဟုတ်တာ။ PDf လေးဘဲ လိုချင်တာဆိုတော့လေနော်။ ပြုပြင်ပြီးရင် OK ပေါ့။
 ကဲ ဒီအဆင့်ကိုရောက်လာပါပြီ ကိုယ်က PDF ထုတ်မယ်ဆိုရင်တော့ PDF Creatorဆာ့ဝဲလေးတော့ထည့်ထား
မှ ရမယ်၊ ပေါ်မယ် မရှိရင်တော့ အောက်မှာတင်ထားတယ်ဆွဲပြီးထည့်ပေါ့။ ဒါပေမယ့် တစ်ခြား fax format နှင့်
လုပ်မယ်ဆိုရင်တော့ရပါတယ်။ ကဲ PDF Creator ရွေးလိုက်ပြီး OK ပေါ့ဗျာ။
 ကဲအဲဒီမှာ Save နေတာလေးကို ခဏစောင့်လိုက်ပါ။
 ကဲဗျာ ဒီအဆင့်ကတော့နောက်ဆုံးပိတ်ပါဘဲ။ အဆင်ပြေနေပြီဆိုတော့ Save ရုံပေါ့။ ပြင်ချင်ရင်တော့ ပြင်ပေါ့ဗျာ။
မူရင်းအတိုင်းလေးဘဲကောင်းပါတယ် ပြင်မနေပါနဲ့။
 ကဲဒါကတော့သိပြီးသား ဘယ်ကို Save မှာလဲ နေရာရွေး။ Desktop ကိုဘဲရွေးလိုက်ပါ။
ကဲ PDF ဖိုင်လေးအဖြစ်နဲ့ ရသွားပါပြီ။ အောင်မလေး တစ်ခေါက်မှ မရေးဘူးတော့ ရှင်းပြရတာလဲ။ ဘယ်လိုကြီး
မှန်းမသိဘူး။ လက်တွေ့ ပြလိုက်ရတာက လွယ်တယ်။ စာနဲ့ရှင်းပြလိုက်မှ ပိုရှုတ်ကုန်တယ်။
        ကဲမိတ်ဆွေများ ဒီနည်းက နောက်ခံကာလာလေးနဲ့ ဖြစ်အောင်လို့ပါ။ နောက်တစ်နည်းကတော့ file>>Print >> ပါဘဲ ကျန်တာ အပေါ်ကနဲ့အတူတူပဲ နောက်ခံ ကာလာမပါတော့ဘူးပေါ့ အဖြူရောင်နောက်ခံကြီးနဲ့ဆိုတော့ သိပ်မကောင်းဘူးလေ။ 2.11.2012 အမှတ်တရ ။မိုးကောင်းကင်။



 
 
 
 

Wednesday, October 10, 2012

All PDF Crator PDF နှင့်ပါတ်သက်သမျှ အပြည့်အစုံ


PDF to image/ Exzel to pdf / Pdf to word / နှင့် Pdf Creator သုံးမျိုးပါ။ မရှိသူများ ရယူဘို့တင်ပေးလိုက်ပါ
တယ်။ အလိုရှိသူများ အသုံးပြုချင်သူများယူငင်သုံးဆောင်ကြပါ။ ဒါ PDF နှင့်ပါတ်သက်လို့ အစုံဘဲလို့ထင်ပါတယ်
ကျုပ်ရှိတာတော့ အကုန်ဘဲ အစုံဘဲဗျာ။ တစ်နေရာတည်းမှာ တစ်ခါတည်း စုံစုံလင်လင်လေးဖြစ်သွားအောင်လို့
တင်လိုက်တာပါ။ အသုံးပြုနည်းတော့ သိကြမယ်ထင်ပါတယ်။ Exzel to PDF ဆိုတာ Exzel ဖိုင်ကို PDF အဖြစ်
ပြောင်းတဲ့ဆော့ဝဲပါ။ ကျန်တာကိုတော့ သဘောပေါက်လိုက်တော့ဗျာ။ ကဲနှစ်သက်သူများ မရှိသေးသူများ
အောက်မှာ ဒေါင်းလော့ချကြပါ။