မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label Zaw Gyi Font And All Font. Show all posts
Showing posts with label Zaw Gyi Font And All Font. Show all posts

Wednesday, October 16, 2013

All Font မြန်မာ Font မှန်သမျှ ပြီးပြည့်စုံစေမယ့် All Font

ကဲ ပုံနှိပ်တိုက်ငယ်တွေတောင် မရှိတဲ့ Font အားလုံးကို ရောသမမွေပြီး စုပေါင်းထားတဲ့ All Font လေးကို
သီတင်းကျွတ် လက်ဆောင်ပေးလိုက်တယ်ဆိုပါတော့။ 87MB ရှိပါတယ် Rar နဲ့ ချုပ်လိုက်တော့ 45MB ပေါ့
ဗျာ။ အချို့သော ဆိုင်တွေမှာ စာစီစာရိုက်လုပ်ငန်းကို လုပ်ကိုင်နေကြပေမယ့် Font မပြည့်စုံတာလေးတွေ
တွေ့ဖူးပါတယ်။ ကိုယ့်ဆီမှာ စာစီစာရိုက်ပြီး အလန်းလေးဖြစ်အောင် လုပ်သွားပေမယ့် စာရွက်ထုတ်မယ်
လည်း လုပ်ရော ဆိုင်က Font က အားနဲတော့ ကိုယ်ပြုပြင်ထားတဲ့ စာတွေ ပန်းဘောင်တွေက တစ်မျိုးဖြစ်
နေတယ်။ ကိုယ်လုပ်ခဲ့တဲ့ Font က သူတို့ဆီမှာ မရှိတော့ ရှိတာနဲ့ ပြသရတာဆိုတော့ မလန်းတော့ဘူးပေါ့
ဗျာ။ ကဲ ဒါကလည်း ငါ့ညီလေး မောင်ပိန်စုထားတဲ့ Font တွေပါဘဲ။ အားလုံး ပြီးပြည့်စုံတယ်လို့ ပြောလို့ရပါ
တယ်။ ကျုပ်နဲ့ ဆက်နွယ်တဲ့ သူတွေဆီကိုတော့ ပေးထားဖူးပါတယ် သို့သော်လည်း သူတို့က ဝေမျှသူတွေ
မဟုတ်လေတော့ ရရှိကြမှာ မဟုတ်ပါဘူး။ မြန်မာပြည်က မြန်မာစာအတွက် လုပ်ထားတဲ့ ဟို ဘိုးဘေ Font
တွေရောပါ မကျန် အကုန်ပါပါတယ်။ Font လောက အကြောင်းကလည်း သိပ်မပြောချင်ပါဘူးဗျာ။ ကိုယ်က
Innwa လက်ကွက်နဲ့ ကျင့်ထားတာဆိုတော့ တစ်ခြားဖောင့်နဲ့ဆို လူလည်း ဘာတွေဖြစ်ကုန်မှန်းမသိဘူးေ
နေရာမှာ တစ်ခြားဟာတွေရောက်နဲ့ဆိုတော့ အတော့်ကို ပျင်းစရာကောင်းနေဆဲ font လောကပါဘဲ.။ ခုထိ
လည်း အင်တာနက်လောကမှာ Zawgyi font နဲ့ Myanmar Unicode နဲ့ ရန်ဖြစ်နေဆဲဘဲ။ နောက်ပိုင်းမှာတော့
 Myanmar Unicode ကတော့ နိုင်ငံတစ်ကာသုံးဆိုတော့ ပိုအသုံးများလာမယ်လို့ ထင်ပါတယ်။ သို့သော်လည်း
ခုသုံးနေကြတဲ့ ပုံစံအတိုင်းဆိုရင်တော့ Zawgyi က အနိုင်ယူနေဦးမှာပါဘဲ။ သတင်းနှင့် နည်းပညာ facebook
တစ်ခွင် ဘလော့ စသဖြင့် များစွာသော ဆိုက်တွေက Zawgyi နဲ့ဘဲ ရေးသား ပြောဆိုဆက်ဆံနေတာ ဆို
တော့ Myanmar Unicode ကတော့ နောက်မှာဘဲ ဖြစ်နေဦးမှာပါ။ တစ်ကယ်က အားလုံးညီညွတ်သင့်တာ
သို့သော် မညီညွတ်တော့ ရေးတဲ့သူရော ဖတ်တဲ့သူရော ဒုက္ခဖြစ်နေတာပေါ့ဗျာ...။