မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label ကွန်ပျူတာဂိမ်းများ PC GAME. Show all posts
Showing posts with label ကွန်ပျူတာဂိမ်းများ PC GAME. Show all posts

Saturday, April 27, 2013

Alien Shooter1 20 Mb နှင့် Return of the Hero 28 Mb ခပ်ကြမ်းကြမ်း ဂိမ်းများဆော့လိုရင်ပေါ့ဗျာ Very good games

ကဲ ဒီနေ့လည်း ဂိမ်းကြော်ငြာပါဘဲဗျာ.။ အတော်လေးဆော့ကောင်းတဲ့ ဂိမ်းလေးပါဘဲ ဒီကောင်လေးကို
တိုက်ပြီးမှ Alien Shooter2 ကို ဆော့ရင် ပိုအဆင်ပြေမယ်ထင်တယ် အဓိကကတော့ ကီးဘုတ် အပေါ်အောက်
တောင်မြောက် နှိပ်ပြီး လမ်းလျှောက်ရတဲ့ဟာက မဆော့ဘူးရင် နဲနဲလေးခက်လိမ့်မယ်..။ ပြောရရင် မနေ့က
ဂိမ်းအမျိုးအစားက ဒီမြန်မာပြည် တစ်ပြည်လုံး အခန်းအကုန်လုံးဆော့ဘူးတဲ့သူ နဲလောက်တယ်လက်ချိုးရေ လို့ရနိုင်တယ် ဘာကြောင့်လဲဆိုတော့ သူက အတော်လေးကို စဉ်းစားပြီး တိုက်ရတယ်ဗျာ သူ့ရဲ့လျှို့ဝှက်ချက် ကို မသိရင်တော့ ဒီဂိမ်းဟာ မပြီးနိုင်အောင် လုပ်ထားတာဘဲလို့ ထင်စရာရှိပါတယ်.။ ဦးနှောက်လေး အသုံးပြုပြီး စစ်တိုက်သလိုဘဲ တက်လိုက်ဆုတ်လိုက် တိုက်မှ အဆင်ပြေမယ် နောက်ပြီးတော့ လက်နက် ၀ယ်ယူတဲ့နေရာမှာ အရေးကြီးတယ် နောက်တစ်ခုကတော့ လမ်းသွားခြင်းပါဘဲ.။ သေနတ်ကတော့ အမြဲကိုပြစ်ရတာဆိုတော့မောက်စ်တော့ နဲနဲထိတယ်ပေါ့ဗျာ.။ ဒါပေမယ့် စိတ်ဝင်စားစရာ အခန်းတွေပါတော့ ဘာမှမမြင်တော့ဘူးလေ...
မနေ့က ဂိမ်းမှာ အခန်း (7) (8)တော့ Window XP နဲ့တိုက်တုန်းက ဆော့ဝဲနဲ့ နဲနဲကွာတယ် ကျန်အခန်းတွေ
တော့ တူပါတယ်.။ မီးပြတ်နေတာနဲ့ မပြီးသေးတာပါ သို့မဟုတ်လျှင်တော့ တစ်ရက်နှစ်ရက်ဆော့ရင် ပြီးပါ
တယ် .မဆော့ဘူးတဲ့သူကတော့ မနေ့က တင်တဲ့ဂိမ်းမျိုးဟာ တစ်ပတ်လောက်ဆော့ရင်တောင် ပြီးမှာ မဟုတ်ဘူး ဦးနှောက်သုံးတတ်ရင်တော့ ပြီးပါတယ် မိမိရဲ့ ဦးနှောက်အရည်အသွေး စဉ်းစားမှုမှာဆိုင်ပါလိမ့်
မယ်.။ ဘယ်ဟာ အဓိကတိုက်ရမလဲဆိုတာကိုပေါ့ ဒါစစ်ရေးလေ့ကျင့်သလိုဘဲဗျ.။ စစ်မဖြစ်ခင် စစ်ရေးလေ့
ကျင့်ဆိုသလိုပေါ့.။ စစ်သားမဟုတ်ပေမယ့် စစ်ရေးအမြင်လေးရှိတော့ ပိုကောင်းတာပေါ့.။ တစ်ခန်းကို အကောင်ပေါင်း သန်းချီပြီပြီး သတ်ရလိမ့်မယ် သွေးတွေတော့ ရဲတောက်နေတာဘဲဗျာ အတော်လေးကို
တိုက်ကောင်းတဲ့ ဂိမ်းအမျိုးအစားတွေပါ..။

ဒီယ္ခုတင်ပေးလိုက်တဲ့ ကြော်ငြာတဲ့ဂိမ်းကလည်း နောက်ဆုံးအခန်း (10) ခန်းမြောက်လို့ထင်တယ်.။ အဲဒီ
အခန်းနဲ့ (၉)အခန်းကတော့ အတော်လေးကို တိုက်ရပါလိမ့်မယ်.။ ဂိမ်းဝါသနာအိုးတွေအတွက်ပေါ့ဗျာ.။
ဘာပဲပြောပြော အင်တာနက်ဖိုးတော့ အကုန်အကျနဲတာပေါ့.။ ဂိမ်းထဲစိတ်ဝင်စားနေတော့ အင်တာနက်
ပေါ်သိပ်မသွားဖြစ်ဘူးလေ.။ ငွေကုန်သက်သာမယ့် နည်းလေးပေးတာလို့ဘဲ သဘောထားပေါ့ဗျာ..။
တစ်ကယ်ကို ဆော့ကောင်းပါတယ်.။ ကီးတွေဘာတွေလည်း ထည့်စရာမလိုဘူး ဘယ်Window မဆို
ဆော့နိုင်တဲ့ ဂိမ်းဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့.

ကဲဘာပဲပြောပြော ဆော့စမ်းလိုရင်တော့ အောက်မှာ ဒေါင်းလော့ချပြီးဆော့ပေတော့ဗျို့.....။
သူများလင့်လေးနဲ့ ကြီးပွါးနေတယ်လို့ ထင်ရင်လည်း တတ်နိုင်ဘူးဝေး..။ ကိုယ်ကြိုက်တာကို တင်ပေး
ရတာဘဲ အကြိုက်တူရင်တော့ ဆော့စမ်းကြည့်ရုံဘဲ...
26.4.2013 အမှတ်တရလေးပေါ့..။



 ۩۩۩۩  DOWNLOAD Return of the Her GAMETOP.COM  ۩۩۩۩

Friday, April 26, 2013

ဂိမ်း ခပ်ကြမ်းကြမ်း ကစားလိုသူများအတွက် AlienShooter2 Computer game Very Very good game 270 MB

Computer နှင့် ဂိမ်းခပ်ကြမ်းကြမ်း ကစားလိုသူများကို ဒီဂိမ်းလေးနဲ့ မိတ်ဆက်ပေးလိုပါတယ်ဗျာ.။ ကျုပ်တော့
2010 လောက်ကတည်းက ကစားဖူးပါတယ် အဲဒီတုန်းကတော့ Window 7 အတွက် အဆင်မပြေဘူး Window XP အတွက်ဘဲ အဆင်ပြေပါတယ်.။ ဒီဂိမ်းဝယ်တုန်းက အဆင်မပြေမှု ဖြစ်ခဲ့ပါသေးတယ် ဆိုင်က CD နှစ်ခွေ
ကူးပေးလိုက်တာ တစ်ခွေက မကောင်းဘူး အဲဒီတော့ နှစ်ခေါက်သွားရတယ်ဗျာ နောက်တစ်ခေါက် ကူးခိုင်း
ပြန်တော့လဲ ခွေနဲ့ကူးပေးလိုက်ပေမယ့် ခွေက အဆင်မပြေဘူး စတစ်လေးပါသွားလို့တာပေါ့ စတစ်လေးနဲ့
ကူးခဲ့တာလေးမှ အဆင်ပြေတော့တယ်.။ ထည့်ပြီးဆော့စမ်းတော့ အတော်လေးကို ကောင်းပါတယ်.။ သွေး
တွေကို ဖြာထွက်နေအောင် သတ်ရဖြတ်ရတာပါ..။ ဒီဂိမ်းကစားတော့မှ စီးပွါးရေးအကြောင်းတောင် နဲနဲ သဘောပေါက်လာတယ် ဘာကြောင့်လည်းဆိုတော့ကာ ဒီဂိမ်းက ကိုယ့်မှာ ငွေများများရှိမှ ကိုယ်ဝယ်ချင်တဲ့
လက်နက်တွေ ၀ယ်လို့ရတယ်လေ ငွေမရှိရင် ရှုံးရုံဘဲ.။ အဲဒီတော့ အစအခန်းကတည်းက ငွေကို ရနိုင်သမျှ
ရှာပါ.။ စုဆောင်းခဲ့ပါ ဒုတိယအခန်းရောက်ရင် ငွေနဲ့လက်နက်ဝယ်လို့ရတဲ့ စင်တာလေးတစ်ခုရှိတယ်.။ အဲဒီ
မှာ ကိုယ့်စိတ်ကြိုက်လက်နက်တွေဝယ်ပါ.။ အခန်းတိုင်းနီးပါ လက်နက်ရောင်းဝယ်ရေး စင်တာရှိပါတယ်.။
အခန်း ၈ လား ကိုးလားတော့ မသိဘူးဗျာ နဲနဲမေ့နေပြီ အဒီအခန်းမှာတော့ ၀ယ်မရဘူး.။ ၀ယ်မရရင် နောက်
တစ်ခန်းဆုတ်ပြီး ပြန်ဆော့လိုက်ပါ အဒီမှာ အကုန်နိုင်ပြီးရင် အောင်မြေကို မသွားသေးဘဲ လက်နက်ရောင်း
ဝယ်ရေးကို သွားပြီးတော့ စိတ်ကြိုက်ဝယ်ပြီး အခန်းကူးလိုက်ပါ...


ဒီကောင်ဆော့စတုန်းက နံပါတ်လေးအခန်းကို ဘယ်လိုမှ မကျော်နိုင်ဘူးဖြစ်နေတယ်.။ကိုယ်က လက်နက်မှ
မ၀ယ်တတ်တာ အဲဒီတော့ ရှုံးတာပေါ့ .။ အခုတော့ ၀ယ်တတ်သွားပြီ။ နံပါတ်နှစ်ခုမြောက်ဖြစ်တဲ့ လက်နက်
တစ်သောင်းကျော်တန်ကို ၀ယ်ပြီး ကျည်အပြည့်ဖြည့်ပြီးတွယ်တာ အနိုင်ရတယ်ဗျ.။ နံပါတ်နှစ်လက်နက်တွေ
က အတော်လေးပြင်းတယ်.။

ဒီဂိမ်းမှာ ပထမအခန်းက စပြီး လျှို့ဝှက်တဲ့ ပစ္စည်းဥစ္စာတွေ ရှိပါတယ် နံရံမှာတွေ လိုက်ရှာကြည့်ပါ.။ ပက်ကြား
အက်နေတာတွေကို သေနတ်နဲ့ ပစ်ဖေါက်ပြီး ငွေနဲ့ကျည်တွေ ယူနိုင်ပါတယ် ။ သေတ္တာတွေကိုလည်း သေ
နတ်နဲ့ ပစ်ခွဲပြီး ယူပါ.။ အားဖြည့်အခန်းတွေလည်း ပါတယ် ဆေးကဒ်တွေလည်း ငွေရှိရင်ဝယ်နိုင်သလို တိုက်
ရင်းခိုက်ရင်းလည်း ရယူနိုင်ပါတယ်ဗျာ.။ သေနတ်တွေလည်း အခန်းတိုင်းမှာ ပေးထားတာလေးတွေ ရှိတယ်
အဲဒါတွေလည်း သယ်နိုင်သလောက် သယ်ခဲ့ပါ အရောင်းအ၀ယ် စင်တာမှာ ရောင်းချပြီး ကိုယ်ကြိုက်တဲ့ ကျည်နဲ့ ကျည်ကာတွေ ဓါတ်မီးတွေ အော်တိုလက်နက်တွေ ဆေးကဒ်တွေ စသဖြင့် ကိုယ့်စိတ်ကြိုက်ဝယ်
ယူနိုင်ပါတယ်.။

ပထမ စစခြင်းမှာတော့ ကိုယ်က ယောက်ျားလေးနဲ့ဆော့မလား မိန်းကလေးနဲ့ဆော့မလား အဲဒါတွေလည်း
ရွေးချယ်နိုင်ပါတယ်.။ ဒီဂိမ်းမှာ တစ်ခါတစ်လေ ဓါတ်မီးမလင်းရင် F လေးကို နှိပ်ပေးပါ နောက်တစ်ခုကတော့
လက်နက်တွေသယ်ယူနိုင်အောင်အတွက် C ကိုနှိပ်ပြီး သူတို့ပေးတဲ့ အားတွေရှိပါတယ် အပြေးမြန်ဖို့အတွက်
ကတော့ ခြေထောက်ပုံလေးပါတယ် လက်နက်အတွက် စသဖြင့် စိတ်ကြိုက် မျှတအောင် တိုးပေးသွားပါ။
လက်နက်တော့ ၀ယ်နိုင်တယ် လက်နက်ကို မပြီးကိုင်ပြီး ပစ်နိုင်တဲ့ အားမရှိရင် ပစ်လို့ မရပါဘူး အဲဒါကြောင့်
အဲဒီ C ကိုနှိပ်ပြီး လက်နက်နေရာမှာ အားတိုးပေးပါ.။

အခန်းကတော့ ၁၅ ခန်းရှိပါတယ်.။ ကျုပ် ဟိုအရင်က ဆော့တုန်းကတော့ ဒီဆော့ဝဲပါဘဲ အခန်း ၁၅ ဆော့ရ
တယ်ဗျာ ဒီခုဆော့ဝဲကတော့ ဖိုင်ဆိုက်ကလည်း နဲနဲသေးလာတယ် ဟိုအရင်ကောင်က CD နှစ်ချပ်စာ ရှိတယ်ဗျ။ ခုကောင်ကတော့ 270 လို့ပြောပေမယ့် 262 ဘဲ ရှိတာပါ.။ ဒေါင်းလော့ချပြီး ဆော့စမ်းကြည့်ပါ
လိုင်းကောင်းရင် ခဏပါဘဲ ကျုပ်တောင် မိနစ်နှစ်ဆယ်လောက်ဒေါင်းလော့ချလိုက်တာ ရသွားတယ်.။
ဒီခု Window 7 နဲ့ဆော့လို့ ရတဲ့ကောင်ကတော့ ၃ ခန်းလေးပြီးသေးတယ် မဆော့ရသေးဘူးဗျာ ညနေကမှ
ဒေါင်းထားတာလေ.။ ကောင်းတာလေးမို့ ကြော်ငြာတာပါ ကိုယ်ကတော့ ဖုန်းနဲ့ဆော့တာကို ၀ါသနာမပါဘူး
ကွန်ပျူတာနဲ့ ဂိမ်းကောင်းကောင်းတွေ ဆော့ရတာကို ပိုကြိုက်တယ်.။

ဒီဆော့ဝဲကို ကျုပ်ကိုယ်တိုင်တော့ မတင်နိုင်ဘူးဗျာ ဂိမ်းတွေ Free ပေးတဲ့ဆိုက်ကဘဲ ဒေါင်းလိုက်ပါနော်
လင့်လေး ညွန်ပြလိုက်ပါ့မယ်...။ အဲဒီမှာ ဒေါင်းလိုက်ပါ အဆင်ပြေပါတယ်..။


۩۩۩۩  DOWNLOAD GAMETOP.COM  ۩۩۩۩

OR

۩۩۩۩  DOWNLOAD GAMETOP.COM  ۩۩۩۩

ဂိမ်းအတွင်းမှ အခန်းများ အနည်းအကျည်းလေးကို ဖော်ပြလိုက်ပါတယ်

ပထမဆုံး မဆော့ခင် မြင်ကွင်း
 C ကိုနှိပ်ပြီး လက်နက်သုံးနိုင်ရန် အင်အားနှင့် ကျည်ကာအင်္ကျီ ၀တ်ဆင်နိုင်ရန်အင်အား ဖြည့်နိုင်သည့်ပုံ


လက်နက် ရောင်းဝယ်ရေး စင်တာအနီး ကွန်ပျူတာ ဟက်ကာကြီး စကားပြောနေပုံ

နူကလီးယား ဓါတ်ပေါင်းဖို အားပစ်ခွဲနေပုံ ဒီနေရာမှာ စက်ရုပ်ကိုထဲကို ၀င်ပြီး တိုက်ရတယ်ဗျ

ဒီအခန်းကတော့ ကားစီးပြီး စက်သေနတ်နဲ့ မပြတ်မနား ပစ်ခတ်ရတယ်ခင်ဗျ

 ပုံကတော့ ဒီလောက်လေးဘဲဗျာ အားလုံး စစ်ဆင်ရေးတွေ ပြုလုပ်နိုင်ပါစေ...
26.4.2013 အမှတ်တရ
ကျုပ်ဒေါင်းလော့ချလိုက်တဲ့ ပုံလေးပါ ကြွားတယ်မထင်ပါနဲ့ သူများတွေ 45 MB လောက်ဒေါင်း
နေချိန်မှာ ကိုယ်က ဒီလောက်လေးဘဲ သုံးနိုင်တာပါ
   

Saturday, September 22, 2012

PC and Mobile FOR FREEGAME

ဂိမ်းဝါသနာရှင်များအတွက် ဖိုင်ဆိုက်လည်းမကြီးဘဲ ဆော့ကောင်းမည့် ဆော့ဝဲရှိရာLinkလေးတွေကို ညွန်ပြခြင်းဖြစ်ပါတယ်။


 PC FOR FREE  GAME ဂိမ်းဝါသနာရှင်များ ဒီလင့်လေးမှာ ကြိုက်တာဝင်ဆွဲနိုင်ကြောင်းသတင်းကောင်းပါး
အပ်ပါတယ်ခင်ဗျာ။ကဲဗျာ ညွန်လက်စနဲ့ နောက်တစ်ခုကတော့
http://www.gametop.com
http://www.pclives.info/
http://download-free-games4pc.blogspot.com/
ဒါကတော့ ဖုန်းသမားများအတွက် အာကာသတိုက်ပွဲ  v1.81 For Android(19MB)

ANDROID MOBILE FOR APK DOWNLOAD
from Amyokgtha