မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label ကြော်ငြာ ကဏ္ဍလေးပါနော်. Show all posts
Showing posts with label ကြော်ငြာ ကဏ္ဍလေးပါနော်. Show all posts

Thursday, October 10, 2013

VIOOZ.CO မှာ Video ဒေါင်းကြရအောင်

 http://viooz.co/  ဒီဆိုက်လေး အတော်ကောင်းတယ်ဗျ။ ဗွီဒီယိုတွေကလည်း အမျိုးမျိုးပါဘဲ။ စစ်ကားတွေ ကြည့်မလား သိပ္ပံဇာတ်လမ်းတွေ ကြိုက်လား။ အမျိုးမျိုးပါဘဲ မိမိကြိုက်နှစ်သက်သလို ဒေါင်းနိုင်ပါတယ်။
နှစ်အလိုက်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွေကို တန်းစီးပြီး ကြည့်ချင်သလား။ သို့မဟုတ် နိုင်ငံအလိုက်က ဗွီဒီယိုတွေကို ဒေါင်းလော့ချလိုသလား ?? ။ ဒေါင်းလော့ချတဲ့အခါမှာ ဖိုင်ဆိုက်ကလည်း flv format ဆိုတော့
ဖိုင်သေးပြီး ရုပ်သံအရည်အသွေး ကောင်းတယ်လေ။ HD Format နဲ့ဒေါင်းချင်ရင်တော့ အဲဒီမှာ ရွေးချယ်စရာ
နှစ်မျိုးပါတယ်။ Flv နဲ့ HD ပေါ့ဗျာ။ HD နဲ့ ဒေါင်းမယ်ဆို HD ကို ဖွင့်နိုင်တဲ့ Player ကိုတော့ ဒေါင်းလော့ချပြီး
install လုပ်ပေးရဦးမှာပါ။ HD ကတော့ ဒေါင်းလော့မချစမ်းလိုက်ဘူးဗျာ။ ဖိုင်ဆိုက်လည်း ကြီးတယ် ဒေါင်းချိန်
ကလည်း အတော်ကြာမယ် အချိန်ပေးရမယ် အချိန်များရင် ငွေကုန်များမယ်ပေါ့ဗျာ။ အဲဒီတော့ မဒေါင်းဘူး
ဖိုင်ဆိုက်သေးတဲ့ ကောင်းမယ့်ဇာတ်လမ်းလေးတွေ ရွေးပြီးတော့ ဒေါင်းလော့ချထား ရှေ့မှာလည်း facebook
Chat နေမလား သို့မဟုတ် ဘလော့ရေးနေမလား သို့မဟုတ် ငွေရှာတဲ့ဆိုက်လေးတွေမှာ ကလစ်နှိပ်နေ မလား ရသမျှ အချိန်လေးမှာ နောက်ကွယ်ကလည်း ဒေါင်းလော့ချထားမယ်။ ရှေ့ကလည်း ကိုယ်လုပ်ချင်ရာ
ကို လုပ်နေမယ်ပေါ့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျာ။ ဟုတ်ဘူးလား ဗွီဒီယို မဒေါင်းချင်ရင်တော့ Framware ကို စုထားလိုရင်တော့ အကြံကောင်းတစ်ခု ပေးမယ် Framware လေးတွေ ရှာပြီးတော့ ဒေါင်းပေါ့
ဗျာ။ ခုတောင် အတော်လေး ခေတ်စားနေပြီဆိုတော့ သင့်အတွက် အရှုံးမရှိပါဘူး စုတာစုထား တစ်နေ့ လုပ်
တတ်ရင် ငွေတွေ ဖြစ်လာလိမ့်မယ်။ ကဲ ဒါပါဘဲ ပုံလေးတွေနဲ့ ရှင်းပြထားတယ် ကြည့်လိုက်ပါဦး...






 https://www.facebook.com/Mr.MoeKaungKin
ဒီလင့်လေးကိုလည်း အားပေးသည့်အနေဖြင့် Like ကလစ်ပြီး အားပေးလိုက်ရအောင်....





Friday, October 4, 2013

Website ရေးခိုင်းလိုသော စီးပွါးရေးသမားများအတွက် Myanmar Website Desingner လေးနဲ့ မိတ်ဆက်ပေးလိုက်တယ်

ကဲဗျာ ကျုပ်လည်း နည်းပညာနှင့်ဆိုင်သမျှ အခမဲ့ ကြော်ငြာပေးခဲ့တာလေးတွေလည်း အများကြီးပါ။ ကိုယ်ကြောင့်
သူတို့တွေ အဆင်ပြေတယ်ဆို ကိုယ့်အတွက် ပီတိဖြစ်စရာတွေဘဲ မဟုတ်လား။ နေ့စဉ်နှင့်အမျှ ထွက်သမျှ ဆော့ဝဲ
တွေကိုလည်း ကျုပ်အနေနဲ့ အသုံးပြုနည်းကအစ ကြော်ငြာနေရတာဆိုတော့ မဆန်းပါဘူး။ Myanmar IT ရဲ့ Admin ကိုမျိုးဝင်းက အကူအညီလေး တစ်ခု တောင်းလာတဲ့အတွက် ကြော်ငြာပေးလိုက်ပါတယ်။ ဒီဆိုက်ကတော့
စီးပွါးရေးသမားတွေမှာ မိမိတို့ရဲ့ ကုန်ထုတ်လှုပ်မှုကို ကြော်ငြာလိုတာဘဲ ဖြစ်ဖြစ် ဆိုက်တွေကို တည်ဆောက်ကြ
ပါတယ်။ မိမိတို့မှာ ဆိုက်မရေးတတ်သော်လည်း ပညာရှင်တွေနှင့် တိုင်ပင်ပြီး မိမိဘယ်လို ပုံစံဖြစ်ချင်တယ်။ ဘယ်
လိုလေး လုပ်ချင်တယ်ပေါ့ စသဖြင့် Website ရေးသားပေးသူနှင့် တိုင်ပင်ပြီးလုပ်မယ်ဆို ပိုကောင်းပါတယ်။ ခုလော
လောဆယ်မှာ ကော်ဖီကြော်ငြာတွေ ဖုန်းကြော်ငြာတွေ စသဖြင့် လူသိများအောင် ကြော်ငြာပေးတဲ့ ဥစ္စာတွေလည်း
ရှိပါတယ်။ ဒါ မိမိတို့ဆိုက်ရှိရင် ပိုညွန်းလို့ ကောင်းတာပေါ့ဗျာ။ ဆိုက်အတွင်းမှာ မိမိတို့ရဲ့ ဆိုင်မှာ ရနိုင်တာတွေ ဈေး
နှုန်းတွေကအစ အသေးစိတ်မေးနိုင်အောင် ဆက်သွယ်နိုင်အောင်ဆိုရင် ခုနကြော်ငြာတဲ့ ဥစ္စာထက် ဆိုက်ရှိရင် ပို
အဆင်ပြေတာပေါ့။ ဒါတွေကတော့ မပြောလည်း သိနေမယ့် အရာတွေပါ။ ကဲ ဒါကတော့ မြန်မာပြည်က WebDesi
ngner ပေါ့ Website တွေကို ဒီဇိုင်းဆွဲပေးတယ် ရေးပေးတယ်။ ကျုပ်တို့ထက်တော့ အများကြီး ကျွမ်းကျင်တာပေါ့
 

ကျုပ်တို့ရေးတဲ့ Blogspot ကတော့ လွယ်ပါတယ်။ သို့သော်လည်း နာမည်တစ်ခုရဖို့ လူသိများဖို့ကြတော့ မလွယ်
ပါဘူး။ အဲတော့ WebDesingner တွေနဲ့ တိုင်ပင်ပြီး ဆိုက်လေး တစ်ခုလောက်ရေးခိုင်း Ads ကြော်ငြာတွေမှာလည်း
ထည့်မယ်ဆို မိမိတို့ရဲ့ ကုန်ထုတ်လှုပ်မှုဟာ တိုးတက်လာမှာကတော့ မလွဲဧကန်ပေါ့ဗျာ။ ဒီလိုဆိုက်တွေဆိုတာ
မြန်မာပြည် တစ်ခုတည်း ကြည့်လို့ရတာမှ မဟုတ်တာ ဘယ်အရပ်ဘယ်နေရာကဘဲဖြစ်ဖြစ် အင်တာနက်ရှိရင်
ကြည့်နိုင်တာဆိုတော့ ကမ္ဘာတစ်ဝန်းလုံးကိုပါ ကြော်ငြာသလို ဖြစ်တာပေါ့ဗျာ။ လူသိများတော့ ပိုကောင်း ပိုအောင်
မြင်မှာပေါ့။ ဟုတ်ဘူးလား.။ အထူးသဖြင့်တော့ ကမ္ဘာအရပ်ရပ်ကို ရောက်နေကြတဲ့ မြန်မာတွေလည်းသိ ပြည်
တွင်းက လူတွေလည်းသိဆိုတော့ ပိုမကောင်းဘူးလားဗျာ။ ကဲ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ လက်မနှေးနှင့်နော်
လက်နှေးရင်တော့ ခွက်ဆေးရလိမ့်မယ်။ ခု အတော်လေးကို အင်တာနက်နှင့် လူတော်တော်များများ လှုပ်ရှားနေ
ကြပြီ ။ မျှက်စိကိုဖွင့် နှားကိုစွင့် ဆိုသလို လုပ်ကြပါလို့ တိုက်တွန်းရင်းဖြင့် အဆုံးသတ်လိုက်ပါတယ်...။

ကဲ Admin ကြီး ကိုမျိုးဝင်း ဒီလောက်ဘဲ ကျုပ်လည်း ရေးတတ်တော့တယ်ဗျာ။ တွေ့ရင်တော့ လက်ဖက်ရည်တိုက်
ပေါ့။ ကျေးဇူးတင်ပါတယ်....နော်...။


ကဲ ကိုမျိုးဝင်း အကူအညီတောင်းထားတဲ့ Email စာသားနှင့် လိပ်စာလေးတွေပါ ထည့်ပေးလိုက်တယ်...

 
မင်္ဂလာပါခင်ဗျ၊

ကျွန်တော်က Myanmar IT ရဲ့ admin မျိုးဝင်း ဖြစ်ပါတယ်ခင်ဗျ၊ လူကြီးမင်းတို့ website ကို ဝင်ကြည့်ဖြစ်ပါတယ်။ နည်းပညာအကြောင်းလေးတွေကို share ပေးနေတာတွေ့ရတော့ ကျေနပ်အားရမိပါတယ်။ ကျွန်တော် blog မှာလည်း နည်းပညာများကို သေးသေးလေးကစပြီး website တစ်ခုလုံး ရေးပုံရေးနည်းကို video များနဲ့ ကိုယ်တိုင် သင်ပြထားတဲ့ သင်ခန်းစာတွေ ရှိပါတယ်။ လူကြီးမင်းရဲ့ Website မှာ တစ်ခြား နည်းပညာ website များကို ဖော်ပြထားတာတွေ့ရလို့ ကျွန်တော်တို့ရဲ့ နည်းပညာ blog လေးကိုလည်း ဖော်ပြပေးဖို့ တောင်းဆိုလိုက်ပါတယ်။ လူတိုင်းအတွက် အကျိုးရှိပြီး လက်တွေ့ကျတဲ့ သင်ခန်းစာတွေ တင်ပေးထားတာမို့လို့ အသုံးဝင်တဲ့ website တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် link ချိတ်ပေးရင်ဖြင့် လူကြီးမင်းရဲ့ website ကို နေ့စဉ်လာကြည့်တဲ့ သူတွေ လူကြီးမင်းရဲ့ website ကို ပိုမိုကြိုက်နှစ်သက်စေမှာ သေချာပါတယ်။ တစ်ခြား အဆင်မပြေတာများရှိရင် သိပါရစေခင်ဗျ။ ထည့်ပေးဖြစ်လို့ မေးလ်လေးနဲ့ပြန်ပြီး အကြောင်းကြားပေးနိုင်မယ်ဆိုရင်လည်း ကျေးဇူးတင်မိမှာပါခင်ဗျ။
လေးစားလျှက်
မျိုးဝင်း