မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label 2 ကွန်ပျူတာ နည်းပညာများ. Show all posts
Showing posts with label 2 ကွန်ပျူတာ နည်းပညာများ. Show all posts

Thursday, October 24, 2013

Computer Search ကို ရှာဖွေမွှေနှောက်ကြည့်ရအောင်

ကဲ ကျုပ်လည်း ဘာမှ ရေးစရာ အကြံမပေါ်တာမို့ ။ ဒါလေးရေးလိုက်တယ်။ ကဲ ကိုယ်ရှာချင်တာလေးတွေကို
ရှာဖွေနိုင်အောင် Windows မှာ ပါပြီးသားပါ။ ခုနောက်ထွက်တဲ့ 7 / 8/ 8.1 တွေမှာတော့ ရှာရတာ လွယ်တယ်။
ဟိုတုန်းက XP ကတော့ ခွေးလေးနဲ့ ရှာတာပေါ့။ ခုတော့ လွယ်ပါတယ်။ သူများကွန်ပျူတာမှာ လူအများစု စိတ်ဝင်စားတာက MP4 FLV AVI စတဲ့ ဗွီဒီယိုလေးတွေပေါ့ဗျာ။ အဲဒါလေးကို ရှာပြမယ် ကျန်တာတွေလည်း
မိမိစိတ်ကူးတည့်ရာ ရှာပေါ့ ရှိရင်တော့ ပေါ်လာမှာဘဲ။ လူတိုင်းကတော့ မမြင်စေချင်တာလေးတွေကို Hide လုပ်ထားကြတယ်လေ။ အဲဒါလေးကိုရောပါ ရှာကြည့်မယ်။ ပထမဆုံး This PC ပေါ့ ဒါက Windows 8.1 မှာ
My Computer လေးကို ဖွင့်လိုက်ပါ။ Windows 8.1 နဲ့ ရှင်းပြမယ် This PC>> View >> Options >> View>>
Show hidden files. folders. and drives >> အဲဒါလေးကို အမှန်ခြစ်ပါ။ အဲဒါပြီးရင်တော့ ရှာရုံဘဲ။ ကျုပ်ဓါတ်ပုံ
လေးနဲ့ ရှာပြထားပါတယ်။ သူများ ဖွက်ထားတာလေးတွေပါ ပေါ်လာမယ် အများဆုံးက MP4 FLV AVI 3GP
format တွေကို အဲတော့ အဲဒီနာမည်တွေကို တစ်ခုချင်း လိုက်ရိုက်ကြည့်ရင် ဖွက်ထားတာတွေ ပေါ်လာပါလိမ့်
မယ်။ ဖွက်ထားရင်ပေါ့ ရှိရင်ပေါ့ဗျာ။ အထူးသဖြင့်တော့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုသူတွေအတွက်
အဆင်ပြေမှာပါ။ နောက်ပြီ ကိုယ်မသိတဲ့ Software တွေကိုလည်း ရှာဖွေနိုင်ပါတယ်။




This PC ဆိုတာကို ဖွင့်ပါ။ သို့မဟုတ် Windows Logo + E ကိုနှိပ်ပါ။ ( ကွန်ပျူတာ တစ်ခုလုံးမှာ ရှာချင် ရင်တော့This PC ကှိုဆလက်မှတ်ထားပေါ့။ သို့မဟုတ် C:\\ အခန်းထဲမှာ ရှာမလား D:\\ E:\\ စသဖြင့်ပေါ့ဗျာ။ C ခန်းထဲရှာချင်ရင် C ကို မှတ်ပြီး ရှာရုံဘဲ။ ကဲ ကွန်ပျူတာ တစ်ခုလုံးမှာ ရှိသမျှ mp4 တွေကို ရှာကြမယ်။ )

This PC ဆိုတာကို ဖွင့်ပါ။ သို့မဟုတ် Windows Logo + E ကိုနှိပ်ပါ။ ညာဘက်ခြမ်းမှာ Search ဘောက်လေး
ရှိတယ် ဂူးဂဲလ်လိုဘဲ အဲဒီမှာ mp4 လို့ ရိုက်ထည့်တာနဲ့ mp4 နဲ့ဆိုင်နဲ့ folder တွေ ဖိုင်တွေ အကုန်လုံးချပြ
တော့မှာဘဲ။ ကဲအဲဒီမှာ မိမိလိုချင်တာလေးကို ရှာလို့ ရပြီပေါ့ဗျာ။ မဟုတ်တာတွေ ထည့်ထားရင်တော့ အဲဒီမှာ စတွေ့တော့မှာဘဲ။ flv  avi  ကိုလည်း ဒီအတိုင်းလေးဘဲ ရှာရုံဘဲ။ ဘာမှတော့ မထူးဆန်းပါဘူး
မသိရင်တော့ ခက်တာပေါ့ဗျာ။ ဒီနေရာမှာ အများကြီး ရှာလို့ရတယ်။ ကိုယ်က ဖိုင်တစ်ခုကို သူများမသိ
အောင် လျှို့ဝှက်နာမည်နဲ့ ဖွက်ထားရင် အဲဒီနာမည် ရိုက်လိုက်တာနဲ့ သူက ပေါ်လာမှာဘဲ။ မိမိစိတ်ကူး
တည့်သလို ရှာဖွေပါတော့ဗျာ....။ ဒါက ရှာဖွေတတ်ဖို့ လိုတာပါဘဲ....


ဒါကတော့ Folder Option မှာ ပြင်ဆင်တဲ့ နည်းပါ အားလုံး သိပြီးသားတွေပါ...။

 မြှားပြထားတဲ့ နေရာမှာ ကိုယ်ရှာချင်တဲ့ ဖိုင်အမျိုးအစားကို ရိုက်ထည့်ရုံပါဘဲ မခက်ပါဘူး...။
 ကဲ ရိုက်ထည့်ပြီး ရှာလိုက်တော့ ကျလာတဲ့ ပုံလေးတွေပါ ကွန်ပျူတာအတွင်းမှာ mp4 နှင့် ဆိုင်းသမျှ ရှာဖွေ
ဖော်ထုတ်လိုက်တာဘဲ။ အဲတော့ ဖွက်ထားတာတွေပါ ပေါ်လာလိမ့်မယ်နော်....သတိထား...


Monday, October 21, 2013

Windows 8.1 Enterprise ISO file ဖွင့်နည်းနှင့် သို့မဟုတ် file ဖြည်နည်း Windows တင်နည်း အနည်းငယ်

ကဲဗျာ နည်းပညာသမားဆိုတော့လည်း အမေးရှိရင် အဖြေလေးရှိအောင် လုပ်ထားရသေးတာပေါ့။ ညီတစ်
ယောက်က Windows 8.1 Enterprise ဒေါင်းပြီးပြီ ဖိုင်မဖြည်တတ်လို့တဲ့။ ကျုပ်နည်းကို သိတဲ့သူတော့ နည်းနေ
ဦးမယ်ထင်တယ်နော်။ ဒီနည်းက တစ်ခါတည်း Windwos တင်လို့ရတယ် VirtualDrive လေးပေါ်လာအောင်
လုပ်တဲ့နည်းလေးပါ။ ကဲ စလိုက်ရအောင်ဗျာ။ ပထမဆုံး မိမိဒေါင်းထားတဲ့  Windows 8.1 Enterprise ISO file
>> Right Click >> Open With >> Windows Exoplorer နှင့် ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် DVD Drive ရဲ့နောက်
မှာ DVD Drive ဆိုပြီး Windows 8 Start Icon ပုံလေးမြင်ရမယ်။ ဒါကိုဘဲ ကျုပ်က VirtualDrive လို့ပြောတာပါ။
ဒီအထိရှင်းတယ်နော်။ ရှင်းရင် အဒီ VirtualDriveWindows လေးကို ဖွင့်လိုက်ပါ။ အတွင်းမှာ Setup ဆိုတာကို
နှစ်ချက်ကလစ်ပြီးတော့ တင်ရုံပါဘဲ ကျန်တာတော့ 7 တင်တာနဲ့ မထူးဘူး။ ဒီတင်နည်းက Windows C\ ခန်း
ကို format ချစရာမလိုဘူးနော်။ ကဲ အားလုံးဘဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ပုံလေးနဲ့ ပြသပေးထားပါ
တယ် မရှင်းသူများ ကြည့်နိုင်ပါတယ်နော်။ Windows older Delete ဖျက်နည်းကို သွားရန်။ ခုလောလောဆယ်
တော့ အဆင်ပြေသေးတယ် နောက်ပိုင်း ရှာရခက်မှာမို့ ဖျက်နည်း လင့်ထည့်ထားတယ်နော်။



 ဒီပုံလေးကတော့ ISO ဖိုင်လေးကို ဖွင့်လိုက်တာပါ။ အဲ့လို ဖွင့်လိုက်ရင် အောက်ကပုံလို
VirtualDrive လေးပေါ်လာမယ်ပေါ့ဗျာ။


 ကဲ ဒီပုံမှာတော့ မြှားပြထားတယ်နော် VirtualDrive ပုံလေးပေါ့ အဲဒါကို နှစ်ချက်ကလစ်ဖွင့်လိုက်ပါ။
 Setup ဆိုတာလေးကို နှစ်ချက်ကလစ်ပြီးတော့ Windows 7 / 8 တင်သလိုဘဲ တင်သွားရုံပါဘဲ။ Format ချတဲ့
အဆင့်တွေ မပါတော့ဘူးနော်။ ရိုးရိုးလေးပါဘဲ Software တွေ Install လုပ်သလိုမျိုးလေးပါဘဲ။ ရှင်းတယ်
မဟုတ်လား ဒီ Windows 8.1 ကို ခွေနဲ့ ဘမ်းထားလိုကလည်း ဘမ်းထားကြပေါ့ဗျာ။ burn ဖို့ကတော့ Nero တင်ထားရမယ်နော်။ ဒီဖိုင်လေးအတိုင်း ကိုယ့်မှာ နေရာလွတ်ရှိရင် ကွန်ပျူတာထဲမှာ သိမ်းထားတာလည်း
ကောင်းပါတယ် ဖိုင်ဖြည်နည်းလည်း သိပြီဆိုတော့ ပိုကောင်းသွားတာပေါ့ ဟုတ်ဘူးလား....။

 ကဲ အဆင်ပြေကြပါစေကွယ် ။ ဒီပို့စ် ဖြစ်ပေါ်လာဖို့ မေးခွန်းလေး မေးပေးတဲ့ Ko Zaw ကိုလည်း အထူးပင်
ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ထားလိုက်တယ်...။

Monday, October 14, 2013

အင်္ဂလိပ်သီချင်းတွေကို နားထောင်ရင်းလိုက်ဆိုကြမယ် ( ကိုပိန်လေး)



ဒီနည်းပညာလေးကတော့ ငါ့ညီမောင်ပိန်ရဲ့ နည်းပညာလေးပါ။ သူဆိုက်လေးကိုလည်း တစ်ခါတစ်ခေါက်
သွားလိုရင်တော့ http://kopeinlay.blogspot.com ပါ ။ သူလည်း သိပ်မအားလို့နဲ့ တူပါတယ် ပို့စ်တွေတော့
အများကြီး မတင်နိုင်သေးဘူး။ သူကတော့ ပညာက ကိုယ့်ထက်သာတယ်ဗျ။ အမှန်ပါ..ကျုပ်တောင် သူ့ဆီက
ပညာတွေ ယူထားတာ။ ကဲ ပုံလေးတွေနဲ့ ရှင်းပြထားတယ် ကြည့်လိုက်ပါဦး..။
ဘော်ဒါတို့အတွက် ကျွန်တော်အကြိုက်ဆုံဖြစ်တဲ့ ဆော့ဝဲလေးတစ်ခုပါ android တွေအတွက်ပေါ့ ttpod ဆိုတဲ့ ဆော့ဝဲလေးဖြစ်ပါတယ် အင်္ဂလိပ်သီချင်းတွေကို နားထောင်ရင်း လိုက်ဆိုချင်တဲ့သူတွေ အင်္ဂလိပ်စာလေ့လာချင်တဲ့သူတွေ အဆင်ပြေပါလိမ့်မယ်(အင်္ဂလိပ်သီချင်းတွေရဲ့ သီချင်းစာသားရှာတာပါ (lyrisပေါ့ဗျာ) သိပြီးသားသူတွေကတော့ ကျော်သွားပေါ့
ဆော့ဝဲလေးကို ဒီမှာ ဒေါင်းပြီ ကိုယ့်ဟန်းဆက်ထဲမှာ run ထားပါ။
 ကျွန်တော်ကတော့ celine dion ရဲ့  I'm alive ဆိုတဲ့ mp-3 သီချင်းနဲ့ နမူနာပြပေးပါမယ့် အင်တာနက် လိုင်းဖွင့်ထားနော်





အခုအနေထားကတော့ သီချင်းစဖွင့်လိုက်တဲ့အနေ ထားလေးပေါ့  အလယ်ကို တချက် ထိလိုက်တာနဲ့ အောက်ကပုံအတိုင်း ပေါ်ပါလိမ့်မယ်

ကိုယ်က သီချင်းစာသားလိုချင်တာဆိုတော့ serch for lyric ကိုနှိပ်ပါမယ်
 
အဲဒီမှာ ကိုယ်သီချင်းနဲ့ကိုက်ညီမယ်ထင်တဲ့ဟာ ကို နှိပ်ပြီးရွေးချယ်ပါ ကျွန်တော့ကတော့ အပေါ်ဆုံးဟာကို ရွေးလိုက်ပါတယ်
အောက်မှာပေါ်လာပါပြီ
 သီချင်းစားသားကို  တခါတည်း များများကြည်ချင်ရင်တော့ ညာဘက်ကနေ ဘယ်ဘက်ကို ဆွဲလိုက်ပါ
 
 ဘယ်ဘက်ကို ထိုးပြထားတဲ့မျှားကို နှိပ်လိုက်ပါ (အပေါ်ပုံမှာကြည့်လိုက်) menu များထပ် ပေါ်လာပါလိမ့်မယ်

T ကိုနှိပ်လိုက်ပြီး စာသားနဲ့ပတ်သက်နဲ့ အသေးအကြီး စိတ်ကြိုက် ညှိယူလိုက်ပါ
ပန်းချီ ဆေးခွက်လို့ပြောရမလား အဲဒါလေးနှိပ်ရင်တော့ စာသားရဲ့ ကာလာတွေ စိတ်ကြိုက်ရွေးနိုင်ပါတယ်
အောက်ကမျှားတွေ ကတော့ အနှေးအမြန်ပါ စမ်းကြည့်လိုက်တော့နော်
ဒီတခါတော့  သီဆိုသူတွေရဲ့ပုံတွေ ရှာကြည့်မယ် အလယ်ကို တချက်နှိပ်မယ်
ကျွန်တောတို့က ပုံရှာမျာဆိုတော့ serch for picture ပေါ့
ok ကိုနှိပ်မယ် (သီချင်းနဲ့ မဆိုင်တဲ့ စာသားတွေကို ဖျက်ထားပါ)
အဲဒီမှာ အင်္ဂလိပ်နဲ့ တရုတ် ပေါ်လာပါပြီ အဲဆိုသူဖြစ်တဲ့ celine dion ရွေးလိုက်ပါတယ်
အောက်ကပုံလေးပေါ့ (အဲ စကရင် စောင်းလိုက်ရင် အလန်းဇယား တွေနဲ့ ဖန်တီးပြပါလိမ့်မယ် ကြာကြာလေးဖိနှိပ်လိုက်ရင် ဒီဇိုင်းတမျိုးနဲ့ထပ်ပြပါလိမ့်မယ် )
 
သီချင်းစာသားတွေကို home စကရင် ပေါ်တို့ တချို့ game တွေပေါ်မှာလည်း ကြည့်လိုရသေးတယ် နောက်ပြီး အရောင်တွေ ကိုလည်းရွေးချယ်ခွင့်ပေးထားသေးတယ် ပေါ်နေတဲ့ စာသားပေါ်မှာ တချက်နှိပ်ပြီး စိတ်ကြိုက်ရွေးချယ်ကြပါ 



အားလုံး အဆင်ပြေကြပါစေ.....
ကနေ ကူးယူဖော်ပြထား...

Friday, October 11, 2013

Windows Update ပိတ်နည်း Windows XP 7 8

ကဲ ဘာမှ မဟုတ်တဲ့ပညာလေးတစ်ခုပါ။ ဒီကောင်လေးက ဒို့မြန်မာတွေအနေနဲ့ကတော့ ကွန်ပျူတာတော့
ရှိတယ် အင်တာနက် မသုံးဖြစ်ဘူး။ အဲဒီအခါမှာ Windows Update လုပ်ထားလည်း ဘာမှ မဖြစ်ပေမယ့်။ အင်
တာနက် ချိတ်ပြီဆိုတာနဲ့ ဒီကောင်က စဒုက္ခပေးတော့တာဘဲဗျာ။ ကိုယ်တွေ့မို့ပါ အင်တာနက် ချိတ်သည်ဖြစ်
စေ မချိတ်သည်ဖြစ်စေ Windows Update ကို ပိတ်ထားတာ အကောင်းဆုံးပါ။ ဘာကြောင့်လည်းဆိုတော့
ဒို့မြန်မာပြည် အင်တာနက်လိုင်းကလည်း မင်းတို့ငါတို့ အသိဆုံးဘဲလေ။ အဲတော့ သူက Windows တက်လာ
ပြီး အင်တာနက်ချိတ်ဆက်မိပြီဆိုတာနဲ့ သူက စအလုပ်လုပ်တော့တာဘဲ။ Update မဖြစ်တာတွေကို သူက
နောက်ကွယ်ကနေ Auto ဒေါင်းလော့ချနေတယ်။ အဲဒီအချိန်မှာ ကွန်ပျူတာ အင်တာနက်သုံးနေတာကို
ရပ်နားလိုက်မယ်ဆို ဟိုကောင်က ဟတ်ကော့ကြီး ဆွဲလက်စအလုပ်တွေမပြီးခင်မှာ ပိတ်လိုက်ပြီဆို နောက်
တစ်ခါ ကွန်ပျူတာဖွင့်ရင်တော့ ဒုက္ခဖြစ်တော့တာဘဲ။ ကွန်ပျူတာက သုံးချင် စက်ကမပွင့်နိုင် ကြာနေပြီလေ
ဖိုင်တွေ လိုက်စီနေရတာဆိုတော့ တစ်ခါတစ်လေ အဆင်မပြေရင် Windows တောင် ကောက်တင်လိုက်ရ
တယ်ဗျာ။ စိတ်ညစ်စရာကောင်းလို့ပါ။ ကဲ တစ်ကယ်က ဓါတ်ပုံ တစ်ပုံလောက်ဆို လုံလောက်ပေမယ့် မသိ
သေးတဲ့သူတွေ အဆင်ပြေအောင် 5 ပုံနှင့် ပြပေးမယ်။



ကဲ စာနဲ့လည်း နဲနဲပြောမယ်။ နှစ်နည်းရှိတယ်ဗျ။ Control Panel က သွားမလား Desktop ညာဘက်အောက်
ခြေကနေ သွားမလားပေါ့။ ကျုပ်ဓါတ်ပုံမှာတော့ လူတိုင်းမသိတဲ့ Desktop ညာဘက်အောက်ခြေက သွားပုံ
လေးနဲ့ ရှင်းပြထားတယ်။ ရောက်မှာကတော့ All Control Panel ကိုဘဲ ဦးတည်မှာပါ။ ဖြတ်လမ်းနှင့် ပတ်
လမ်းပေါ့ဗျာ။ ကဲခုတော့ စာရေးမှာဆိုတော့ Control Panel >> All Control Panel >> Windows Update >>
Change Settings>> နှိပ်ပါ Important updates မှာ Never check for updates ( not recommended ) ကိုရွေး
ပြီး အမှန်ခြစ်ပေးပါ။ ဒါလေးပါဘဲ မခက်ပါဘူးနော်။ Control Panel ကို သွားတဲ့ နည်းက Windows 8 မှာက
တော့ မသုံးဖူးသေးရင် နဲနဲ ရှာရလိမ့်မယ် ။ ကျုပ်နှစ်နည်းပြောခဲ့မယ်။

ပထမ တစ်နည်းက ကျုပ်ရေးခဲ့တဲ့ My Computer Icon ဖော်နည်းမှာ ကြည့်ရင် သိနိုင်တယ်။ နောက်တစ်နည်း
ကတော့ Window Logo + E ကို နှိပ်ပါ အပေါ်ဘားက Computer ကို နှိပ်ပါ ။ ဒါဆိုရင် ပုန်းနေတဲ့ Control Panel
လေး ပေါ်လာလိမ့်မယ်နော်။ ( ဒီနေ့ရာမှာ ဘယ်ဘက်ခြမ်းက Desktop တို့ Download ဆိုတာတွေ ပြောင်း ထားမိရင် မပေါ်ဘူးနော် Computer ပေါ်မှာ ဆလပ်မှတ်ထားမှ ရမှာ။ )

ကဲ နောက်တစ်နည်းကတော့ ပုံလေးနဲ့ ပြသထားတယ်နော်..။





Wednesday, October 9, 2013

Rocket Dock Portable


ကဲ ဒီနေ့တော့ အားလုံးအတွက်အဆင်ပြေစေမယ့် ကျုပ်ရဲ့လက်စွဲတော်လေး တင်ပေးလိုက်တယ်ဗျာ။ Update
တော့မဟုတ်ဘူး သို့သော် ကျုပ်သုံးစွဲလာတာ သုံးနှစ်လောက်တောင် ရှိတော့မယ်။ ဒါပေမယ့် မရိုးဘူး ရှင်း
တယ် လွယ်တယ် သုံးရတာ အဆင်ပြေတယ်။ Portable လေးပါ။ ဒါက Windowns 8 32bit  64bit နှင့်လည်း အဆင်ပြေတယ်။ Windwons 7 XP 32/ 64 bit တွေနဲ့လည်း အဆင်ပြေတယ်။ ဒါကြောင့် ကြံရာမရ ကောင်း
တာလေးကို ကောက်တင်လိုက်တယ်လို့ဘဲ ဆိုပါတော့ အတော်များများကတော့ သုံးဖူးကြမယ်လို့ ထင်ပါ
တယ်။ ကဲ ဇာတ်လမ်းလေးစရအောင် ဇာတ်ညွန်းနဲ့ ပြီးနေလို့ မဖြစ်သေးဘူးလေ။ ကဲ ပထမဆုံး Rocket Dock
Potatble လေးကို ဒေါင်းလော့ချလိုက်ပါ။ ဒုတိယကတော့ File ကို Extact Here ပေါ့ဗျာ။ နောက်တစ်ဆင့်က
တော့ ဖြည်ထားတဲ့ဖိုင်ထဲက Rocket Dock ဆိုတာလေးကို နှစ်ချက်ကလစ်လိုက်ပါ။ ခနနေဦးနော် ဒါက Potatble ဆိုတော့ C:\ ခန်းထဲမှာ ထားဖို့မသင့်ဘူး ဒါကြောင့် မိမိ Software တွေ ထည့်သွင်းထားတဲ့ သိမ်းထား
တဲ့ D:\ ခန်းထဲမှာဖြစ်ဖြစ် ကူးထည့်ပါ။ ကဲ အဆင်သင့်ဖြစ်ပြီဆိုပါစို့ ဖြည်ထားတဲ့ဖိုင်ထဲက RocketDock ဆိုတဲ့
iCon လေးကို နှစ်ချက်ကလစ်လိုက်ပါ။ အပေါ်ဘားမှာ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲက ကြိုက်တာကိုထား
မကြိုက်တာကို မောက်စ်လေးနဲ့ ဆွဲချလိုက်ပါ ဖြုတ်လိုက်ပါ။ ကဲဇာတ်လမ်းက စပြီနော် ....


အမြဲတမ်းလည်းသုံးမှာဆိုတော့ Windows တက်လာတိုင်း Windows မပျက်သမျှ သုံးမှာဆိုတော့  အပေါ်ဘား
မှာ RocketDock ဆိုတဲ့အပေါ်မှာ ပေါ်နေတဲ့ ဘားလေးကို Right Cilck နှိပ်ပါ။ ပြီးရင် Dock Setting...ဆိုတာကို
ကလစ်ပါ။ ပြီးရင် Run at Startup ဆိုတာလေးကို အမှန်ခြစ်ပါ။ ဒါက Windowns တက်လာတိုင်း အသုံးပြုဖို့အ
အတွက်ပေါ့ကွယ်။ ဒါပြီးရင်တော့ OK ပေါ့ကွယ်။ ကဲ ဒီနေရာမှာ မိမိဖြုတ်ချင်တာတွေကို ဖြုတ်ထုတ်နိုင်ပါပြီ
ကျုပ်ကတော့ Windows 8 အသုံးပြုနေတဲ့အတွက် လိုအပ်မယ့် My Computer နှင့် Control Panel ဆိုတာရယ်
Network ဆိုတာလေးရယ် ချန်ထားခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ Windows 8 မှာ My Computer နှင့်
Control Panel က မလုပ်တတ်ရင် ရှာရတာ မလွယ်ဘူး။ ကျုပ်ရေးထားတဲ့ ပို့စ်တစ်ခုကို ဖတ်ပြီးရင်တော့
သိလောက်မယ်ထင်ပါတယ်နော်။ မသိသေးရင်တော့ ဒီလင့်မှာ Link Here မှာ ကြည့်ပါ။

ကဲ ဒီလောက်ကတော့ အစဉ်ချောသွာပြီ။ နောက်တစ်ခုလာမယ် ဘာလဲဆိုတော့ ကျုပ်တို့က ကွန်ပျူတာသုံး
ပြီဆိုရင် အဓိက အသုံးပြုတဲ့ဆော့ဝဲတွေကိုဘဲ အပေါ်ဘားမှာ ၀ှက်ထားမှာလေ။ ဒါကြောင့် မိမိအသုံးပြုနေ
ကြဖြစ်တဲ့ Photoshop တွေ ဘာတွေကို ထည့်သွင်းပြီးပြီဆိုပါတော့ဗျာ။ အဲဒီ Desktop ပေါ်က icon လေးတွေ
ကို အပေါ်ဘားကို ဆွဲထည့်ပါ။ မိမိအသုံးပြုမယ့် ဆော့ဝဲမှန်သမျှကို ဆွဲထည့်ပေါ့ဗျာ။ ဖြုတ်ချင်ရင်လည်း ဆွဲ
ဖြုတ်ရတယ်ဆိုတာ သတိပြုပါ။ ကဲ ဆော့ဝဲလေးတွေကို စိတ်ကြိုက်ထည့်ပြီးပြီဆိုပါတော့ဗျာ ။ အဲဒီ RocketDock ဆိုတာကိုလည်း Hide ထားချင်တယ် မိမိထည့်သွင်းထားတဲ့ ဆော့ဝဲလေးတွေကိုလည်း တော်
ရုံနဲ့ မပြုတ်အောင် သော့ခတ်ရပါလိမ့်မယ်။ ပထမဆုံး RocketDock ဆိုတဲ့ အပေါ်ဘားလေးကို Right Click
လုပ်ပါ ပြီးရင်တော့ AutoHide ဆိုတာကို အမှန်ခြစ်ပါ။ နောက်ပြီး Lock Itmes ဆိုတာကိုပါ အမှန်ခြစ်ပါ။
AutoHide ဆိုတာကတော့ Hide နေဖို့ ၀ှက်ထားဖို့ပါ။ Lock Itmes ဆိုတာကတော့ မိမိထည့်ထားတဲ့ဆော့ဖ်ဝဲ
လေးတွေ Windowns တက်တိုင်းပါလာအောင် မပြုတ်အောင် မဖြုတ်ဘဲဒီတိုင်းနေအောင် လုပ်တာပါဘဲ။

ရှင်းလေး ရှုတ်လေးလားတော့မသိဘူးဗျာ။ နည်းပညာကတော့ ဒါပါဘဲ တစ်ကယ်လွယ်တဲ့ ပညာလေးပါ။
စာနဲ့ရေးပြရတာဆိုတော့ နဲနဲတော့ ရှုတ်တယ် သို့သော်လည်း တစ်ကယ်တမ်းလုပ်ကြည့်ရင် ဘာမှ မဟုတ်တဲ့
ပညာတစ်ခုပေါ့ဗျာ။ ကဲဒီလောက်ဆိုရင်တော့ ကိုယ့်မိတ်ဆွေများလည်း နည်းပညာလေ့လာနေတဲ့ပုဂ္ဂိုလ်တွေ
ဆိုတော့ အရိပ်ပြရင် အကောင်ထင်မယ်လို့ ထင်ပါတယ်နော်။ မိမိထည့်သွင်းအသုံးပြုလိုတဲ့ဆော့ဖ်ဝဲကို ထည့်သွင်းထားပြီးတော့ Internet Browser တွေဖွင့်ပြီး သုံးနေရင်းနဲ့ ဓါတ်ပုံပြင်ချင်တာတို့ ဘာတို့ဆိုရင် Desktop ကို သွားစရာမလိုဘဲ အပေါ်ဘားလေးကို ထောက်လိုက်တာနဲ့ AutoHide နေတဲ့ RockDock ဆိုတာ
လေးက အလိုလိုပေါ်လာမယ်။ ကိုယ်အသုံးပြုလိုတဲ့ ဆော့ဖ်ဝဲကို ကလစ်လိုက်တာနဲ့ ပွင့်လာမယ်ပေါ့။ အဲဒီ
တော့ သုံးစွဲရတာပိုများ လွယ်သလားလို့ပါ။ ကျုပ်တော့ ဒီကောင်လေး သုံးစွဲလာတာ သုံးနှစ်လောက်ရှိပြီ။

ကောင်းလည်းကောင်း လွယ်လည်းလွယ်တဲ့အတွက် နောက်ပြီး ဆန်းသစ်မှုလည်းဖြစ်တယ်လေ။ ဒါကြောင့်
ပါကွယ် အဲဒါလေးကို ဟိုတုန်းကလည်း တင်ပေးထားတယ် မှတ်တာဘဲ အခုတော့လည်း ထပ်ပြီးတော့ ရှင်းပြ
ရင် ပြန်လည် တင်ပေးလိုက်တယ်ဆိုပါတော့ မရှင်းရင် ဓါတ်ပုံလေးတွေ ပြန်ကြည့်လိုက်ပါနော်။

ကဲ အားလုံး အဆင်ပြေကြပါစေကွယ်....။ နောက်များလည်း လာလည်ကြပါဦးနော်။ Facebook Like မလုပ်
ရသေးဘူးဆိုရင်လည်း Like လေးတော့ မကြိုက်သော်လည်း အားပေးသည့်အနေဖြင့် သို့မဟုတ် အမှတ်တ
ရအနေဖြင့် ကလစ်ရင်း အားပေးကြပါဦးလို့ ပြောကြားလိုပါတယ်။ အားလုံး လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်း
ပြည့်စုံကြပါစေလို့ ဆုတောင်းရင်း မိုးကောင်းကင် ဖောင်ပြင် သို့မဟုတ် မိုးကောင်းကင် အညာသား...
သို့မဟုတ် မိုးကောင်းကင် အုန်းသာ သို့မဟုတ် လှမင်းပေါ့ဗျာ...နာမည်ကလည်း များလည်း များလွန်းလှပါ
တယ်......။


OR    


ကျုပ်လည်း တစ်သီး ပုဂ္ဂလရေးနေတာမို့ လူအများနှင့် ရေးသာတဲ့ဆိုက်များလို မပြည့်စုံတာကိုတော့
ခွင့်လွတ်ကြပါနော်။ ကျုပ်လည်း သီတင်းကျွတ်ရင်တော့ ခရီးလေး ဘာလေး သွားဖြစ်ဦးမယ်ထင်တယ်
အဲဒီအချိန်ကြရင်တော့ နည်းပညာတွေ ဖျော်ပြေရေးတွေလည်း တင်ဖြစ်မှာ မဟုတ်ပါဘူး
အဲဒီအချိန်မှာလည်း တစ်ခါတစ်ခေါက် လာရော အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျုပ်ဆိုက်က သူများ
ဆိုက်တွေလို မပြည့်စုံပေမယ့် အကောင်းဆုံးဖြစ်တဲ့ ဆိုက်လင့်တွေကို ထည့်သွင်းပေးထားတဲ့အတွက်
ကျုပ်မရှိသော်လည်း ဆိုက်အလည်အပတ်ထွက်ဖို့ နည်းပညာရှာဖွေဖို့ ကိုယ့်ကိုယ်ကို အမွန်းတင်ပြီး
အကောင်းဆုံးဆိုက်လို့ဘဲ ညွန်းလိုက်ပါရစေတော့ဗျာ။ ဟုတယ်...

အသက်တွေကြီးလာတာတဲ့အမျှ ဦးနှောက်မှတ်ဥာဏ်တွေဟာ မေ့လျော့လာတယ်လေ...။
အဲတော့ တစ်ဆိုက်ကို ၀င်လိုက်တာနဲ့ အခြားသောဆိုက်တွေမှာ လေ့လာနိုင်တာကလည်း
တစ်ပန်းသာတယ်လို့ ကိုယ့်အမြင်နဲ့ကို လှုပ်ရှားထားတယ်ဆိုပါတော့လေ...
သီချင်းကြိုက်သူများအတွက်လည်း သီချင်းဆိုက်လင့်တွေ ထည့်သွင်းပေးထားသလို
ချဲကြိုက်သူအတွက်လည်း ချဲပေါ့ 
နှစ်လုံးကြိုက်သူအတွက်လည်း နှစ်လုံးဆိုက်ပေါ့
နောက်ပြီး Mobile ဆော့ဖ်ဝဲ ရှာဖွေသူတွေအတွက်လည်း သူနှင့်ဆိုက်ရာဆိုက်တွေ ထည့်သွင်းပေးထားတယ်
နောက်ပြီး ကွန်ပျူတာအတွက်ဆိုလည်း ထည့်သွင်းပေးထားတယ်။
ကဲနောက်ပြီး ဥပဒေအတွက်လည်း ထည့်သွင်းပေးထားတယ်။
နောက်ပြီး ဘလော့ရေးသားလိုတယ်ဆိုလည်း ဘလော့နှင့်ဆိုင်ရာများနှင့် ဘလော့ရေးသားခိုင်းဖို့
ဆိုက်တွေ ထည့်သွင်းပေးထားတယ်။
စာအုပ်နှင့် ပတ်သက်လို့လည်း ထည့်သွင်းရေးသားပေးထားတယ်။
နောက်ပြီးတော့ ဂိမ်းတွေနှင့်ပတ်သက်တာတွေ
စသဖြင့် အစုံပါဘဲဗျာ။ ဟိုမဟုတ်တာတွေတော့ မထည့်တော့ဘူး ဖြုတ်ချထားလိုက်ပြီ
ဖျက်ထားလိုက်ပြီ...။
အတော်လေးလည်း စုံပါတယ်လို့ ကိုယ့်ကိုယ်ကို ယူဆထားတယ်။
ကျုပ်လေ့လာခါစတုန်းကဆို ဆိုက်တွေက အရမ်းနဲပါးပါတယ် ခုတော့လည်း အများကြီးကို
တိုးတက်လာတာတွေ့ရပါတယ်။ အဲဒီအတွက်လည်း ၀မ်းသာတယ်ဗျာ...
အားလုံး အဆင်ပြေကြပါစေ.......





Saturday, October 5, 2013

Windows 8 မှာ Display အဆင်မပြေတာကို အဆင်ပြေအောင် Online Update လုပ်မယ်.

ကဲဗျာ Windows 8 ကို အသုံးပြုလာကြတော့မှာဆိုတော့ ကိုယ်ကကြိုတင်ပြီးတော့ စမ်းသုံးနှင့်ရတာပေါ့။ Windows 8 တင်လိုက်ရင် ပထမဆုံး အခက်အခဲကတော့ Display က မကိုက်ဘူးဗျ။ ကိုယ့်စက်မို့လားတော့
မသိပါ။ Display ဆိုတာ Screen မကိုက်တာကို ပြောတာ။ အဲတော့ကြည့်ရတာ ချွန်းစုတ်စုတ်ကြီးပေါ့ဗျာ။ အင်
တာနက်သုံးမယ်ဆိုရင်လည်း ဆိုက်တွေ ၀င်ကြည့်ရတာ စမတ်မကျဘူးပေါ့။ ဒီကောင်ကို ဘယ်လိုဖြေရှင်းရ
သလဲဆိုတော့ ကွန်ပျူတာနှင့် ဖုန်းအင်တာနက်ချိတ်ဆက်လိုက်ပါ။ ပြီးရင်တော့ Computer>>Right Click>>
manage>> Drive Manager >> Display adapters ကိုကလစ်ပါ ပေါ်လာတဲ့ကောင်လေးကို Right Click နှိပ်ပြီး
Update Driver Software...ဆိုတာလေးနှိပ်ပြီးတော့ ပြစ်ထားလိုက်ပါ။ အင်တာနက်လိုင်းကောင်းရင်တော့ ခဏလေးပါဘဲ။ ကျုပ်လည်း ညနေက AcebyteUtilities ဆိုတဲ့ကောင်နဲ့ အကုန်ရှင်းပြစ်လိုက်တာ Windows 8 ကြီးလည်း တစ်ခါတည်း အိပ်သွားတော့တာဘဲ တက်ကိုမလာတော့ဘူး။ ဒါနဲ့ ည ( ၉ ) နာရီကျော်မှ Windows 8 လေး ပြန်တင်လိုက်တော့ Display က ဒုက္ခပေးနေတယ်လေ။ ကဲ လာထားအာဘွားဆိုပြီးတော့ Internet ချိတ်ဆက်ပြီး အပေါ်ကပြောတဲ့ နည်းအတိုင်းလုပ်ပြီး ပြစ်ထားလိုက်တယ်။ ဆိုက်လေးကို ဟိုကြည့်ဒီကြည့်နဲ့
မျက်စိထဲမှာ ဆိုက်ကြည့်ရတာ ချွန်းစုတ်စုတ်နဲ့ သဘောမကျ ဖြစ်နေတုန်း ဗြုန်းဆို Display လေးက Update
ဖြစ်သွားတယ်။ အဆင်ပြေသွားတယ်ပေါ့ဗျာ ကြည့်ရတာ ကောင်းသွားတယ်ပေါ့။



ကဲ ငါ့ညီများ ငါ့နှမများလည်း ဒီလိုအခက်အခဲလေးတွေ့ခဲ့မယ်ဆိုရင် ဒီလိုလေးသာ လုပ်လိုက်ပါနော်..ပုံလေး
တွေနဲ့ ပြထားပါတယ်။ ပုံကတော့ Display အဆင်ပြေသွားမှ ရိုက်ထားတာဆိုတော့ အကောင်းအတိုင်းလေး
မြင်တွေ့ရမှာပါ။ ကျန်နေသေးတယ်ဗျ Display ကိုက်မကို ဘယ်မှာ ကြည့်ရသလဲဆိုတာလေးပါ။ ကဲ Desktop
ပေါ်မှာ Right Click >> Screen resolution >> နှိပ်လိုက်ရင် Resolution မှာ 1366 x 768 (Recommended ) လေး
က အထက်အောက် ရွေ့ပြီး ချိန်လို့ ရသွားရင် အဆင်ပြေပြီလို့ သိရမှာပေါ့။ ကဲ ဒီလောက်ဆို အတော်လေး
သဘောပေါက်ရောပေါ့.။ .Net frame 2.0 / 3.5 လိုတယ်လို့တော့ ပြောတာဘဲဗျာ။ ထည့်ကြည့်တော့လည်း
မရတာနဲ့ သုံးလို့လည်း အဆင်ပြေနေတာနဲ့ ထားလိုက်တယ်။ Windows 8 လိုင်စင်လုပ်တာလည်း အဆင်
ပြေသလို မပြေသလိုပါဘဲ။ Windows 8 Loader တွေလည်း အတော်များများ ဒေါင်းလော့ချထားတယ် သို့
သော် သုံးကြည့်ရတာ စိတ်တိုင်းမကျသေးဘူးဗျာ။ Copy Window 9200 ဆိုတာကြီးတော့ ပျောက်သွားတယ်။

My Computer ကို Right Click>> Properties လုပ်ပြီး ကြည့်လိုက်တော့ Genius ဆိုတာ မတွေ့ပေမယ့်
Windows is activated ဆိုတော့ Active တော့ ဖြစ်တယ်ပေါ့ဗျာ။ ကိုယ်နားလည်သလို ဘာသာပြန်လိုက်တာ
ဘဲ။ ကဲ အပေါ်က Display ဆိုတာကိုဘဲ အဓိကထားပြောတာပါ။ ကျန်တာကတော့ ဖြည့်စွက်ချက်ပေါ့
ဗဟုသုတဖြစ်ပေါ့ဗျာ။ ဘာရယ်မဟုတ်ပါဘူး ဒီလောက်ကတော့ ကွန်ပျူတာ သုံးနေတဲ့သူတွေ နည်းပညာ
လိုက်စားနေသူတွေ ဖြစ်တဲ့အတွက် သိကြမယ်လို့  ထင်ပါတယ်..။ ကိုယ့်လောက်မသိသေးတဲ့သူတွေ
အတွက်ပေါ့ဗျာ။ ဆရာကြီး မဟုတ်ပါဘူး အမှားများစွာကို ကိုယ်တိုင်ကြုံဖူးပြီး သဘာရှိသွားတဲ့သူဆိုပါ
တော့ ။ သဘာလေးနဲ့ လုပ်နေတာပါ..လို့ ပြောကြားရင်းဖြင့်...ရောက်တုန်းရောက်ခိုက် ...Facebook Like
လေးတော့ ကလစ်သွားပါဦးဗျာ။ အားပေးတဲ့အနေနဲ့ဘဲဖြစ်ဖြစ် အမှတ်တရဘဲ ဖြစ်ဖြစ်ပေါ့.။









Software မသုံးပဲ WinRar password ကိုလွယ်လွယ်ကူကူ ဖြည်နည်း (ကိုလတ်(ကျွဲဆင်း)

ကျနော်လည်း မအားတာနဲ့စာမရေးနိုင်တာလည်းကြာပီ အခု့တော့ အသုံးဝင်တာလေးတခု့ ပေးခြင်ပါတယ် အသုံးပြု့ဖို့ လိုအပ်မယ့် ညီအကိုတွေ ဘော်ဒါတွေအတွက်ပါ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး ဒါပေမယ် လိုအပ်လို့ရှာရင်မတွေ့ပါဘူး...ကဲစမယ်...နိုင်ငံခြားဆိုဒ်တွေ ကနေ software တွေဒါင်းတဲ့အခါ rar ဖိုင်တွေ ကို
password တွေ ခံထားတက်ကြပါတယ် အဲ့ဒီ password ကို သိနေရင်တော့ ဘာမှမဖြစ်ဘူး မသိတော့ဘူး ဆိုရင်တော့ အသုံးပြု့ဖို့ ခဲယဉ်းသွားပါတယ် ဒါကြောင့် software တွေကိုဖြေဖို့အတွက်အပိုဆော့ဝဲ ဒေါင်းစရာ မလိုပဲနဲ့လွယ်လွယ်ကူကူဖြေလို့ရပါတယ်သူငယ်ချင်းတို့လည်း မလုပ်ဖူးသေးလို့ မသိတာပါ တကယ်တော့ လွယ်လွယ်လေးပါ အောက်မှာကျနော် ပုံအနည်းငယ်နဲ့ ရှင်းပြထားပါတယ် ဒီ password ဖြည်တာကို အသုံးပြု့ဖို့ အတွက် winrar ကိုပဲ အသုံးပြု့တာပါ မိမိ က winrar ကို အသုံးမပြု့ဘူး ဆိုရင်တော့ winrrar ကိုဒေါင်းထည့်ဖို့ လိုပါလိမ့်မယ်လိုအပ်ရင် ဒီနေရာမှာ ဝင်ယူနိုင်ပါတယ်



အပေါ်ကပုံမှာ Arma actics ဂိမ်းကိုဖြေပါမယ်
အောက်ကပုံအတိုင်း exe ဖိုင်ကိုပဲဖြစ်ဖြစ် txt ဖိုင်ကိုပဲဖြစ်ဖြစ် ကလစ် ၂ချက်ခေါက်ဖွင့်မယ်ဆိုရင်
password တောင်းပါတယ်

အောက်ကပုံကိုဆက်ကြည့်ပါ password ကိုဖြည်ပါမယ်
ဖြည်မယ့် ဂိမ်းဖိုင်ကို(မည်သည့်ဆော့ဝဲဖြစ်ဖြစ်) ထောက်ပြီး Right click နှိပ်လိုက်ပါ
ပုံထဲက အတိုင်း Convert achieve ဆိုတာလေးတွေ့နိုင်ပါတယ် နှိပ်လိုက်ပါ

အောက်ပုံအတိုင်း explorer လေးထပ်ပေါ်လာမယ် zip ကိုအမှန်ခြစ်ပေးပါ
အပြာရောင် အကွက်ကတော့ ဖြည်ပြီးတဲ့အခါ ဖိုင်သိမ်းမယ့်နေရာ ကိုပေးထားတာပါ
ကျနော်ကတော့Folder အသစ်လုပ်ပြီးတော့ ဖိုင်ကိုသပ်သပ် ပြန်သိမ်းလိုက်ပါတယ်
Delete Original Acheves ကိုအမှန်ခြစ်ပေးရင် မူရင်းဖိုင်ကိုဖျက်ပြီးတော့
Folder အသစ်နေရာမှာပဲ ပြန်သိမ်းပေးပါတယ် အပေါ်ကလုပ်စရာရှိတာလုပ်ပြီးရင်
OK ကိုနှိပ်လိုက်ပါ

 OK ကို နှိပ်လိုက်ရင် နောက်ဆုံးအနေနဲ့ password တောင်းပါလိမ့်မယ်
ပေးလိုက်ပါ သူ achieves ဆက်လုပ်ပါလိမ့်မယ် စောင့်ပေးလိုက်ပါ ပြီးသွားရင်
ဖိုင်အသစ်နေရာမှာသွားကြည့်ပါ password ပေးစရာမလိုပဲနဲ့ ဖိုင်တွေကိုဖွင့်လို့ရပါလိမ့်မယ်
winzip နဲ့ ဖြည်တာတော့ ကျနော်လည်း မသိသေးပါဘူး winrar နဲ့ ဖြည်ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်

ကိုလတ်(ကျွဲဆင်း)

http://www.maungpauk.org/2013/10/winrar-password.html ကနေ ကူးယူဖော်ပြထား

Thursday, October 3, 2013

Windows 8 မှာ My Computer ပုံဖော်နည်းနှင့် Network Control Penal အိုင်ကွန် Icon ဖော်နည်း

ဟုတ်ကဲ့ ဒီပညာလေးကတော့ ငါ့ညီ မောင်ပိန်ဆီက ရထားတဲ့ ပညာလေးပါ။ ငါလည်း သူ့ဆီကရတဲ့ ပညာတွေက
များပါတယ်။ ဒါကြောင့် ကျေးဇူးရှင်ကို နာမည်ထည့်ပေးရသေးတာ။ ကဲဗျာ Windows 8 သုံးပြီဆိုရင် My Computer က ပျောက်နေတယ်။ Windows 7 မှာလို မဟုတ်တော့ဘူး။ Send to Desktop မဟုတ်တော့ဘူးဗျ။
အဲတော့ My Computer မရှိရင် သုံးရတာ တစ်မျိုးကြီးကိုး ဟုတ်တယ်မလား XP တုန်းကလည်း သုံးခဲ့တယ်။ 7 မှာ
လည်း သုံးခဲ့တယ်ဆိုတော့ အထုံလေးက ရှိနေပြီလေ။ ကဲ စစို့ကွယ် Desktop မှာ Right Click နှိပ် Personalize ကို နှိပ်ပါ။ Change desktop icons နှိပ် Computer ဆိုတာလေးကို အမှန်ခြစ်ပေးပါ Allow themes to change desktop icons ကိုလည်း အမှန်ခြစ်ထားပါပြီးရင် OK ပေါ့ဗျာ။ ဒါဆိုရင်တော့ Desktop မှာ Computer ဆိုတာလေး
ပေါ်လာပါပြီ။ Network တို့ Control Panel တို့ကို ဖော်ထားလိုရင်လည်း ဒီနည်းအတိုင်းဘဲ အမှန်ခြစ်လေး ခြစ်ပေး
ရုံပါဘဲနော်။ ကဲနောက်တစ်ခေါက် အတိုခြုံးရေးလိုက်ဦးမယ်။ Desktop>>Right Click >> Personalize >> Change desktop icons >> Computer >> ( Network+Control Panel ) Allow themes to change desktop icons>> OK ။ ကဲ OK နဲ့ အဆုံးသတ်ထားတော့ အားလုံး OK ကြပါစေ ။ နည်းပညာတစ်ကွက်ပေါ့ဗျာ။ တွေ့ရင်
တော့ လက်ဖက်ရည်နဲ့ ဧည့်ခံကြနော်..။ ပုံလေးနှစ်ပုံ ထည့်လိုက်တယ်။









Tuesday, September 10, 2013

Computer C ခန်း D ခန်းတွေ ဖျောက်မယ် ၀ှက်မယ် မသိအောင် မဖွင့်နိုင်အောင် လုပ်ထားမယ်

ကဲ ဒီနေ့တော့ ကွန်ပျူတာ C အခန်း တစ်ခုလုံး ဖွက်နည်းလေး ပြောချင်ပါတယ်။ မသိတဲ့သူတွေဆို ကြောင်ပြီး
နေသွားမယ့် ပညာလေးတစ်ခုပေါ့ဗျာ။ အခြားသော ပတ်လမ်းနည်းနဲ့ သွားမှသာလျှင် အသုံးပြုနိုင်မှာပါ။ မသိရင်
မိမိလုပ်ထားတာ မေ့သွားရင်တော့ ဒုက္ခဘဲ။ မမေ့အောင်တော့ စာသားလေး ကူးထားပေါ့။ ကဲ စိတ်ဝင်စားလား
စိတ်ဝင်စားရင် စမယ်ဗျာ။ Run....gpedit.msc>>User Configuration>> Administrative TEmplates>> All Settings အထိ သွားလိုက်ပါ။ Hide these specified drives in My Computer ဆိုတဲ့ စာသားလေး လိုက်
ရှာပါ။ H ရဲ့ အတန်းအထိသွားပြီး ရှာပါ။ ရှာလို့တွေ့ရင် Hide these specified drives in My Computer ကို နှစ်
ချက် ကလစ်ပေးလိုက်ပါ။ ပေါ်လာတဲ့ ဘောက်လေးမှာ Enabled ကို ပြောင်းပြီး Restrict all drives မှာ Restrict C drive Only ကို ရွေးပေးပါ။ ပြီးရင်တော့ OK ကိုနှိပ်ပါ။ ကဲ ဒါဆိုရင်တော့ မိမိရဲ့ My Computer လေး
ကို နှစ်ချက် ကလစ်ပြီး ကြည့်လိုက်ပါ။ C အခန်း တစ်ခုလုံး ပျောက်နေတာကို တွေ့ရပါလိမ့်မယ်။ C အခန်းမှသာ
မဟုတ်



အခြားသော အခန်းများကိုလည်း ဖျောက်ထားနိုင်တယ်။ Program တွေ Control Panel ကိုလည်း ဖျောက်နိုင်
တယ်။ Run..ဘောက်ကိုလည်း ဖျောက်နိုင်ပါတယ်။ ဒီနည်းပညာက Computer ရဲ့ အဓိက စက်လည်ပတ်မှု အပိုင်းကနေ ပြုလုပ်တာဆိုတော့ အခြားသော ပရိုဂရမ်တွေနဲ့ ပြင်ဆင်ဖို့ရာ မလွယ်ကူနိုင်ပါဘူး။ Run..ဘောက်
မှာ gpedit.msc လို့ ရိုက်တဲ့ အသုံးမလိုတော့ရင် ပြန်ပြီးတော့ မူလသွားတဲ့အတိုင်းသွားပါ။ ပြန်ပြင်တဲ့အခါ ရှာရ
တာ အလွန်ခက်ပါတယ်။ ကျုပ်ကွန်ပျူတာကတော့ အောက်ဆုံးကနေပြီး အစဉ်အလိုက် တက်သွားရင် 60 ကျော်
မှာ Hide these specified drives in My Computer ဆိုတာ တွေ့ရမှာပါ။ မိတ်ဆွေတို့ ပြုလုပ်ချင်တဲ့ ပုံစံမျိုးစုံ
ဒီနေရာမှာ အပြည့်အစုံ ရှိပါတယ်။ ဘာကို Hide ထားချင်လဲ.။ လုပ်လို့ရပါတယ် ။ ကိုယ်လုပ်ထားတာကို မမေ့
ဖို့တော့ အရေးကြီးတာပေါ့။

ဒီအခုလုပ်တဲ့ နေရာမှာ ဒီနည်းကို ဥပမာထားပြီးတော့ အခြားသော နည်းပညာလေးတွေလည်း ပြန့်သွားနိုင်ပါ
တယ်။ ကလိလေ အကျိုးရှိလေပါဘဲ။ ဒီနည်းလေးကတော့ ငါ့ညီလေး စာအုပ်ထဲ မှတ်သားထားတဲ့ နည်းလေး
ပါ။ အဲဒါလေးတွေ့လို့ သြော် ဒီလိုနည်းပညာလေးလည်း မဆိုးဘူးဆိုပြီးတော့ ရေးလိုက်တာ။ မရေးရင် မသိဘူး
ပေါ့ဗျာ။ ရေးလိုက်တော့ ဖတ်ရတယ် မှတ်ရတယ်ဆိုတော့ ပိုအကျိုးများတာပေါ့ ဟုတ်ဘူးလား။
ကဲ ကျုပ်ပုံလေးတွေနဲ့ လုပ်ထားတယ်။ ပုံလေးတွေလည်း ဆက်ကြည့်ပါဦး သူများတွေလို စိတ်ဝင်စားအောင်
မရေးတတ်တာကိုတော့ ခွင့်လွတ်ပါ။.

 ပုံမှာ ပြထားသလို အဆင့်ဆင့် သွားလိုက်ပါ


C အခန်း ပျောက်နေတယ် တွေ့လား.ဟဲ ဟဲ
ကဲ အောက်က ပုံကတော့ ပြန်ဖော်တဲ့အခါ ပြုလုပ်တာပါ။ အောက်ကနေ အပေါ်ကို တက်ပြီး Hide these specified drives in My Computer ဆိုတာလေးကို ဘယ်လို ရှာရတယ်ဆိုတာ သိရောပေါ့


ကဲ အားလုံး အဆင်ပြေပါစေ။ ဒီနည်းကတော့ ဆော့ဝဲမလိုပါဘူး။ Floder Hide တာတို့ ဘာတို့က ဖျက်လိုက်
ရင်ပျက်ရော ခုနည်းကတော့ အခန်းတစ်ခုလုံးပါ ဖျောက်ထားတော့ ပိုကောင်းတာပေါ့။ ဒီနည်းမှာလည်း အား
နည်းချက်တွေ ရှိပါတယ်။ တစ်ကယ် စမ်းကြည့်ပါ။ ကြိုက်ရင်တော့ ကူးပြီး ကြော်ငြာပေးကြပါဦးနော်။ အားကိုး
ပါတယ်။ ကျုပ်ကလည်း နည်းပညာလေးတွေဆို ကူးစေချင်ပါတယ်။ ဘာကြောင့်ဆို လူအများသိတော့ ပိုအကျိုး
ရှိတာပေါ့ ။ ကိုယ့်ရဲ့ နည်းပညာကို များများ ရှယ်လေ ပိုအကျိုးရှိလေ ပိုပြီးတော့ ကုသိုလ်ရလေပါဘဲ။ အမျှပေး
သလိုပေါ့ဗျာ။ ကဲ အဆင်ပြေကြပါစေ... အဆင်မပြေရင်လည်း အဆင်ပြေအောင် ကြည့်လုပ်ရှားကြပေတော့