မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label Hacking Ebooks. Show all posts
Showing posts with label Hacking Ebooks. Show all posts

Tuesday, November 5, 2013

Hacking Ebook And Hacking Software

Hacking Ebook And Hacking Software လေးတွေ တင်ပေးလိုက်ပါပြီဗျာ။ များများစားစားလေးပေါ့နော်။ ကိုယ်ရတတ်သာလေးတွေ တင်ပေးရတာပေါ့ဗျာ။ နည်းပညာဆိုက်တွေကတော့ အတော်များများ 2013 မှာ
ပေါ်ထွက်လာကုန်ပါပြီ။ သူတို့သိသမျှ တတ်သမျှပညာတွေ မျှဝေနေကြပါတယ်။ ကိုယ်မသိတာလေးတွေ သူ
တို့တွေ သိနေကြတယ်။ ကိုယ့်ထက်သာတဲ့သူတွေတော့ အများကြီးဘဲဗျာ။ အချို့ကလည်း ကိုယ့်လိုဘဲ အပျော်သဘော စမ်းလုပ်ကြတာနဲ့တူပါတယ်။ ကိုယ်လည်း စီးပွါးရေး လုပ်တာမှ မဟုတ်တာ အပျော်တမ်း Bloger သမားဆိုလည်း မမှားပါဘူး။ Hacking နှင့် ပတ်သက်လို့ကတော့ ကိုယ်လည်း နားမလည်ဘူးဗျာ။ ဘယ်နားလည်မလဲ လေ့မှ မလေ့လာတာ။ စကားစစ်ထိုးဖို့တော့ ၀ါသနာပါတယ် အဲဒီလို တိုက်ခိုက်ဖို့ သို့မဟုတ် ထဲထဲဝင်ဝင်လေ့လာဖို့ကြတော့ အပျင်းသားဘဲဗျာ။ Hacking ဆိုတာ ထိုးဖောက်မှုလို့ ပြောမလား
သူများထက် ဦးနှောက်များများ သုံးရတဲ့ပညာပေါ့။ မရဘူးဆိုတာကို ရအောင်စမ်းသပ်ကြတဲ့ ပညာရှင် အဲဒီ
လိုပြောရင်လည်း မှန်မှာပါဘဲ။ Hacking မှာ ကောင်းတဲ့ပညာတွေ လူမှုအကျိုးပြုတာတွေ အများကြီးဘဲဗျာ။
ကျုပ်တို့ သုံးစွဲနေတဲ့ Windows 7 Loader တို့ 8 Loader တို့ IDM Patch File တို့ စသဖြင့် အကျိုးပြုတာတွေ
အများကြီးပါ။ Websit ကို ဟက်တာမှ ဟက်ကာမဟုတ်ဘူး။ ကိုယ်သိတာတော့ အဲလောက်လေးပါဘဲ။ လေ့
လာလိုရင်တော့ ယူသွားကြပေါ့ဗျာ။ ဖိုင်ဆိုက်ကြီးတာလေးတွေကတော့ ပိုကောင်းတာပေါ့ သေးငယ်တာ
တွေကတော့ ပညာများများမပါဘူး သို့သော်လည်း ကိုယ်မသိတာလေးတွေဆို အကျိုးများပါတယ်။ ဒါပါဘဲ

Monday, November 4, 2013

Hacking Ebook

Hacking Ebook လေးတွေ တင်ပေးလိုက်တယ်။ ရထားတာလေးတွေ များနေပါပြီ နောက်တင်ပေးပါ့မယ်။ အဲ
လိုပြောထားရင် တင်တာနဲတယ်နော်။ အကျင့်လိုဖြစ်နေပြီ ပြောလိုက်မေ့လိုက်နဲ့ ။ မရှိသေးရင်တော့ ဒေါင်း
ထားပေါ့ဗျာ။ Hacking လေ့လာချင်ကြတဲ့သူတွေ အတွက်ပေါ့ Software တွေလည်း မင်းစိုးရာဇာဆီက ရတာ
လေးတွေ ရှိတယ် အခြားသောဆိုက်တွေက ရထားတာလေးတွေလည်း ရှိတယ်ဗျ။ DDOS တဲ့ အဲဒီကောင်
တွေရောဘဲ။ နောက်ကျမှ Dropbox မှာ ပေါင်းတင်လိုက်တော့မယ်ဗျာ။ ခုတော့ ဒါလေးနဲ့ဘဲ ကျေနပ်ကြပါဦး
လို့ စာအုပ်တွေပေးရတာအရေးမကြီး သူများဆိုက်မစမ်းဘဲ ကိုယ့်ဆိုက် လာစမ်းနေမှဖြင့် ဒုက္ခ။ ကိုယ်ဆိုက်
ကိုယ်တောင် လုံခြုံအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိသေးပါဘူးဗျာ။ ကဲ အတော်များများကတော့ လေ့
လာနေကြလေပြီ။ ဒီတော့ လေ့လာချင်သပဆိုရင်တော့ ဒေါင်းကြပေါ့နော်...။ ပညာတွေလေ့လာလို့ အတော်
အတန်လေး စုံလာရင်တော့ဖြင့် Hacking ဆရာကြီးတွေကို စမ်းကြပါဗျာနော်။ ဒါမှ ပညာအရည်အချင်းတိုး
တက်မှာ မဟုတ်တာလေးတွေ စမ်းလို့တော့ ကိုယ့်အရည်အချင်းတက်မှာမဟုတ်ဘူး။ Hacker ချင်း Hacker
ဖိုက်တာမှ ကြည့်ကောင်းမှာဗျ။ လက်ဝှေ့သမားချင်း လက်ဝှေ့ထိုးသလိုပေါ့ဗျာ။ ပညာမတတ်တဲ့သူနဲ့ ထိုး
တော့ ပွဲက ကြည့်မကောင်းဘူးလေ။