မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label ဗေဒင် နှင့်ပါတ်သက်တာလေး. Show all posts
Showing posts with label ဗေဒင် နှင့်ပါတ်သက်တာလေး. Show all posts

Friday, September 27, 2013

Kglay BayDin 1.0 ကောင်းလေး ဗေဒင် ပါ ညအိပ်ချိန်မို့ ဗေဒင်လေး တင်ပေးတာပါ.မိမိ မွေးနှစ် မွေးလ မွေးရက်နှင့် တွက်ပါ

ကဲ ဒါကတော့ အိမ်မက်ကျမ်းမဟုတ်ပါဘူး။ မိမိမွေးနှစ် မွေးလ မွေးရက်နဲ့ တွက်ရတဲ့ ဗေဒင် Apk ဖိုင်လေးပါ။
ဗေဒင်ကို အရူးအမူး မေးချင်ကြတဲ့ ချစ်နှမလေးများ ချစ်အစ်မကြီးများ ချစ်လှစွာသော အစ်ကိုများ ချစ်လှစွာ
သော ညီငယ်များအတွက် မိမိတို့ရဲ့ စိတ်နေသဘောထား ကံတရားကို သိချင်တယ်။ အောင်မြင်ချင်တယ်ဆို
ရင်တော့ လက်မလွတ်သင့်တဲ့ ဆော့ဝဲကောင်းတစ်ခုလို့ ညွန်းဆိုလိုက်ချင်သေးတယ်။ ဗေဒင်ပညာကလည်း
ခုမှ မဟုတ် ဘုရားမပွင့်ခင် ကတည်းက ယုံကြည်လာကြတဲ့ တွက်ချက်လာကြတဲ့ ပညာဆိုတော့လည်း မပြစ်
ပယ်သင့်ပါဘူး။ ဘုရားကတော့ မကြိုက်ပါဘူး ဘာကြောင့်လည်းဆိုတော့ ဒါက လောကီအတတ် ပညာလေ။
ဗုဒ္ဓဘုရားက ဝေနေယျ သတ္တ၀ါတွေကို တဏှာတည်းဟူသော အိုင်ဗွက်မှာ မနှစ်မွန်းစေချင်လို့ လောဘ ဒေါ
သတွေ ပြည့်နေတဲ့ ဒီလောကကြီးကနေ အပြီးတိုင် ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်းစေချင်လို့ပါ။ နောက်တစ်နည်းပြော
ရရင် နိဗ္ဗာန်တည်းဟူသော အရဟတ္တဖိုလ် အမြိုက်တရားရဲ့ အရသာကိုသာ ခံစားစေချင်လို့ပါ။ ဘုရားက ဒါ
ကြောင့် လောကီအတတ်တွေကို သိပ်အားမပေးချင်ဘူးလေ။ ဒီလို ဒုက္ခများလှတဲ့ ဘ၀ကြီးကနေ ကျွတ်လွတ်
စေချင်တဲ့ စေတနာကြောင့် ဒါတွေကို သိပ်အားမပေးတာ။ ဘုရားမကြိုက်ဘူးဆိုတာ ဒီလောက်ဆို ရပ်မိရော
ပေါ့ ဒို့တစ်တွေအပေါ် အဒီလို ဘုရားက မေတ္တာရှိတာ ဒို့ကတော့ တဏှာအိုင်ဗွက်မှန်းကို မသိဘူး ပျော်လို့
အဲဒါကြောင့်လည်း ဘုရားအဆူဆူ ပွင့်တော်မူကြပေမယ့် ဒို့တစ်တွေ မပါကြသေးတာပေါ့။ ရူးလို့ကောင်းတုန်း
မိုက်လို့ ကောင်းတုန်းကိုးဗျ။ ကဲ ဗေဒင်ကနေ ဘုရားအကြောင်း ရောက်သွားတယ် တစ်ချက်ခုတ် နှစ်ချက်
ပြတ်ပေါ့ဗျာ။ ဘာပဲဆိုဆို သိချင်တာတော့ သိရအောင် ကြည့်ဦးမှ ဆိုပြီး ကြည့်ချင်နေရင်တော့ ဆွဲသွားပါ။

JAS အိမ်မက်ကျမ်း ပါ အိမ်မက်တွေကို အဓိပ္ပါယ် ဖော်မေးမယ့် အိမ်မက် တိတ္ထုံကျမ်းပေါ့ဗျာ

အိမ်မက်ကို လူတိုင်းမြင်မက်ဖူးပါတယ်။ သို့သော် ထိုအိမ်မက်ကို အဓိပ္ပါယ် မိသရှိသဖြင့် ကောင်းကျိုးများကို
မခံစားရနိုင်သလို ဆိုးကျိုးတွေကိုလည်း မရှောင်နိုင်ခဲ့ကြဘူးလို့ဆိုလျှင် မှားမည်မထင်။ အိမ်မက်မှာ အမျိုးမျိုး
ရှိသော်လည်း များသောအားဖြင့်ကတော့ မှန်သည်လည်းရှိသည်။ မမှန်သည်လည်းရှိသည်။ အလယ်အလတ်
ပေါ့ဗျာ။ ကိုယ်အိမ်မက်တာဟာ တစ်ကယ်အကျိုးပေးမယ့် အိမ်မက်ဆိုလျှင် ဒီလို အိမ်မက်ကျမ်းလေး ကြည့်
ဖြစ်မယ်ဆိုရင် ဆောင်ရန်ရှောင်ရန် သိရတာပေါ့ဗျာ။ ကိုယ့်အတွက် အကျိုးနိုင်တယ် ဆိုကျိုးတွေ ဖြစ်ပေါ်လာ
နိုင်တာကိုလည်း တတ်နိုင်သမျှ ဟန့်တားနိုင်မယ်ပေါ့။ မြန်မာလူမျိုးအများစုကတော့ ဗေဒင်ကို ယုံကြတာများ
ပါတယ်။ အိမ်မက်မှာကတော့ အမျိုးမျိုးကွဲပြားပါတယ် သီးချေကြောင့်လည်း ဖြစ်တတ်သလို အကြောင်းတွေ
ကတော့ အမျိုးမျိုးကြောင့်လည်း အိမ်မက်တွေ မြင်မက်တတ်ကြပါတယ်။ အဲဒီအိမ်မက်ရဲ့ ကောင်းကျိုးဆိုးကျိုး
တွေကို သိရင်ပိုမကောင်းဘူးလား ။ ကျုပ်ငယ်တုန်းကတော့ အိမ်မက်တိတ္ထုံကျမ်းဆိုတာလေး ဆောင်ထားပါ
တယ်။ ခုတော့ မရှိတော့ဘူးပေါ့။ ကဲဒီကောင်လေးမှာကတော့ ကကြီးက အစ အဆုံး မိမိမြင်မက်တဲ့ အိမ်မက်
ကို အဖြေရှာရုံပါဘဲ။ ကိုယ့်မိတ်ဆွေများကတော့ တစ်ထွာလောက်ပြရင် တစ်တောင်မြင်လောက်မယ်ထင်ပါ
တယ် မရှိသေးဘူး ဆောင်ထားချင်တယ်ဆိုရင်တော့ သိတဲ့အတိုင်းဘဲ ဒေါင်းလော့ချပြီး သုံးစမ်းကြည့်ပါ။

DOWNLOAD SOLIDFILES      OR        DOWNLOAD DROPBOX LINK

Thursday, September 12, 2013

ဗေဒင် ၀ါသနာပါသူများအတွက် ပုဏ္ဏားကိန်း တွက်နည်း တော်တော်ကောင်း


အပေါ်က ဇယားက မှတ်သားစရာအဓိပ္ပါယ်ကတော့ အောက်ပါအတိုင်းပါဘဲ

 ၁။  ပုဏ်      =  ပုဏ္ဍ္ဏား နတ်သမီး ရကိန်း
၂။  ဒေ၀ဒတ် =  ဒေ၀ဒတ် ဖျက်ကိန်း
၃။  မုဆိုး      =  မုဆိုး ရွှေအိုး ရကိန်း
၎။  အလွတ်  =  အလွတ်ကိန်း
၅။ သွေးအံ    =  သွေးအံကိန်း
    ဒီစာသား ငါးခုကို အလွတ်ကျက်မှတ်ထားပါ။ အောက်တွင် ရှင်းလင်းချက် ဖတ်ပါဦး

ရှင်းလင်းချက် ။
၁။ ပုဏ္ဍ္ဏားနတ်သမီး ရကိန်းသည် ကောင်းတယ်။ အထူးသဖြင့် ကာလသားများ အတွက်ချစ်ရေးဆို သွားရာတွင် အသုံးတည့်နိုင်သည်။ ခရီးသွားရာတွင်လည်း ဒီကိန်းနှင့် သွားလာနိုင်သည်။ လမ်းခရီး သွားရာတွင် ချစ်သူ ခင်သူများနှင့် ကြုံတွေ့နိုင်သည်။ မိမိ ဥာဏ်ရှိသလို ဥာဏ်မှီသလို အသုံးပြုနိုင် သည်။

၂။  ဒေ၀ဒတ်ဖျက်ကိန်း== ဒေ၀ဒတ်ဖျက်ကိန်းသည် အဘယ်အရာမျှ မကောင်းပါ ခရီးသွားလည်း မကောင်း အကြွေးတောင်းသွားလည်း မကောင်း အိမ်ဆောက်ရာတွင်လည်း အချိန် မကောင်းပါ။ ထိုဒေ၀ဒတ် ဖျက်ကိန်းကျသော ထိုနေ့ ထိုအချိန်တွင် မလုပ်လျှင် ကောင်း၏။ ကုသိုလ်ကောင်း မှု ပြုလျှင်တော့ ကောင်းပါ တယ်။ ဒါကတော့ ချွင်းချက်ပေါ့ဗျာ။

၃။  မုဆိုးရွှေအိုးရကိန်း== မုဆိုးရွှေအိုးရကိန်းသည် စီးပွါးရေးအတွက် ခရီးသွားရာတွင်၎င်း ၊ အိမ်ဆောက်ရာတွင်၎င်း ကောင်းပါသည်။ အကောင်းဆုံးသော ကိန်းပင်ဖြစ်ပါသည်။ ဘာလုပ် လုပ် ကောင်းသည် ဟု မဆိုလိုပါ။ မကောင်းမှုလုပ်လျှင်တော့ ကိုယ့်ထိုက်နှင့် ကိုယ့်ကံပေါ့ဗျာ။ များသေားအားဖြင့်တော့ စီးပွါးရေး လုပ်ငန်းလုပ်သူများအတွက် သင့်လျှော်သော အချိန်ဖြစ် ပါသည်။

၎။  အလွတ်ကိန်း== အလွတ်ကိန်းသည် ကောင်းသည့်ဘက်တွင် သုံးလျှင် အလွန် အလွန်ကောင်း သည်။ မလွဲသာ မရှောင်သာ ပြုလုပ်ရမည့် လုပ်ငန်း အိမ်ဆောက်ခြင်း ခရီးသွားခြင်း စသည်တို့မှာ အသုံးဝင်လှသည်။ ရက်မကောင်း စေကာမူ အချိန်ကောင်းလျှင် အထောင်းသက်သာသည်။ ကောင်း သည်ဟု လူကြီး သူမများ ပြောဆိုကြလေသည်။ မကောင်းသည့် အချက်မှာ အကြွေးရှိလို့ တောင်းရာ တွင် မရခြင်း စီးပွါးရေး လုပ်ငန်းလုပ်လျှင် မကောင်းခြင်းများပင် ဖြစ်သည်။ ဘာကြောင့်လည်းဆိုတော့ အလွတ်ကိန်းဆိုသည့်အတိုင်း မိမိရသင့်သည်ကို မရသောကြောင့် မကောင်းပါ သို့ရာတွင် အကောင်း ဘက်မှ ကြည့်လျှင် အမှုအခင်းဖြစ်လျှင်ပင် ဒီအလွတ်ကိန်းနှင့် ကြုံပါက အတော်လေး သက်သာသည်။ ဒီနည်းကတော့ ကောင်းတာလည်း ပါတယ် မကောင်းတာလည်း ပါတယ် ။ ဒါကြောင့်ဥာဏ် ယှဉ်ပြီးတော့ သုံးပါ။

၅။  သွေးအံကိန်း== သွေးအံကိန်းသည် မကောင်းပါ။ ခရီးသွားခြင်းမှာလည်း မကောင်းပါဘူး။ စီးပွါးရေးလုပ်ငန်း လုပ်ကိုင်တော့မည်ဟု ဆုံးဖြတ်ခဲ့လျှင် ဒီအချိန်မျိုးမှာ လုပ်ငန်းကို စပြီး မလုပ်သင့်ပါဘူး။ အချိန်ရဲ့ ကောင်းခြင်းနှင့် ဆန့်ကျင်နေပါတယ်။ စီးပွါးရေး လုပ်ငန်း လုပ်မည်ဆိုလျှင် မုဆိုးရွှေအိုး ရကိန်းသည် အထူးပင် သင့်လျှော်သောအချိန်ဖြစ်ပါ သည်။ သွေးအံကိန်းနှင့် ခရီးရှည် သွားမည်ဆိုက မကောင်းပါ။ ခရီးမဖြစ် မနေ သွားရမည်ဆိုပါက ထိုနေ့တွင် ကောင်းသည့်အချိန်မှာ စပြီးအိမ်မှ ထွက်ထားလျှင် အဆင်ပြေမည်။ ကောင်းသည် ဒီသွေးအံကိန်းတွင်တော့ ခရီးမသွားတာ အကောင်းဆုံး ဒီသွေးအံကိန်းကို ကြည့်ပြီးလျှင်တော့ သင်ဟာ တစ်နည်းနည်းနှင့် ဒုက္ခတွေ့နိုင် သည်။သွေးထွက် သံရိုဖြစ်တတ်သည်။ ဒါကြောင့် ရှောင်ကြဉ်နိုင်က အကောင်းဆုံး ပါ။
နေ့တစ်ဓူဝ လုပ်ရိုးလုပ်စဉ်တွင်တော့ ဘာမှ ပြောစရာမလိုပြီ။ အထူးသတိပြုရန်မှာ စီးပွါးရေးအတွက် ထိုအချိန် များတွင် ကနဦးစပြီး မလုပ်ကြပါရန်။ ခရီးသွားရာတွင်လည်း ခုနပြောသလို အချိန်ကောင်းမှာ အိမ်ကထွက်ပြီးတော့ လက်ဖက်ရည်ဆိုင်မှာဘဲ အချိန်ကုန်မလား တစ်ခြားနေရာတွင် စာအုပ်ကြည့်ပြီးဘဲ အချိန်ကုန်မလား အဲဒီလိုလုပ်ပြီးမှ မိမိသွားလိုရာကို သွားလျှင်တော့ အဆင်ပြေသည်။
ဒီနည်းလေးကတော့ ကျုပ်အဖေရဲ့ စာအုပ်ထဲမှာ မှတ်သားထားတာလေး တွေ့လို့ အမွှေအနေနဲ့ ယူထားတဲ့ နည်းလေးပေါ့ဗျာ။ အကျိုးရှိမယ်ထင်လို့ သုံးတတ်ရင် ဆေးပါဘဲ။ ဒါကြောင့်ဒီနည်းလေးကို ချပြတာပါ။ သိတဲ့သူများလည်း ရှိပါလိမ့်မယ်.။ ဓါတ်ပုံလေးကိုတော့ ဒေါင်းပြီးယူထားကြပေါ့ဗျာ။ ဒါမှ ကိုယ်သွားလေရာ ဖုန်းလေးထဲမှာ ကြည့်လိုက်ရင် အဆင်ပြေတာပေါ့။ဟောစာတန်းလိုမျိုး ကိုယ့်ဟာကို ရေးတာဆိုတော့ လိုအပ်ချက်တွေကတော့ ရှိမှာပါ ။ မိမိမှာ ရှိတဲ့ အတွေ့အကြုံ မိမိမှာ ရှိတဲ့ ဥာဏ်လေးနဲ့ စဉ်းစားပြီးတော့ ငါဒီအချိန် အလုပ်စရင်တော့အဆင်ပြေနိုင်မယ်။ အဆင်မပြေနိုင်ဘူး။ 

ရှောင်ရန် ဆောင်ရန်လေးတွေ သိထားတော့ ပိုကောင်းတာပေါ့...။ ကဲ အားလုံးဘဲ အဆင်ပြေ
ကြပါစေ..။ ဘ၀အမောတွေလည်း ပြေပျောက်ကြပါစေ..။






Thursday, June 27, 2013

ရာသီခွင်အချစ်ဗေဒင် v1.0 for Windows XP/7/8


မိမိတို့ရဲ့ရာသီခွင်အလိုက် အချစ်ရေးကံအကြောင်းလေးတွေကိုသိရှိနိင်မယ့် ကွန်ပျူတာဆော့ဝဲလေးပါ။ Install လုပ်စရာမလိုတဲ့ AutoPlay application လေးဖြစ်တာကြောင့် သုံးရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ကောင်းပါတယ်။ ဒီ Tool လေးကိုရေးသားထားသူကတော့ Ko Sit Naing Htun လို့သိရပါတယ်။ မိမိတို့ရဲ့ရာသီခွင်အလိုက် အချစ်ရေးကံအကြောင်းလေးတွေကိုသိရှိချင်သူတွေအတွက် ရာသီခွင်အချစ်ဗေဒင် v1.0 for Windows XP/7/8 ကိုအောက်က link မှာရယူနိုင်ပါတယ်။http://www.myanmarupdatechannel.com ရလာတယ်..။

Tuesday, April 9, 2013

ဗေဒင်ကြည့်မယ် အိမ်ထောင်ရေး စီးပွါးရေး စသဖြင့် ကြည့်ကြမယ်ဟေး...

ကဲဗျာ ဗေဒင်ကြည့်တာ ၀ါသနာပါတဲ့သူများအတွက်ပေါ့ဗျာ..။ ကွန်ပျူတာအတွက်ပါနော်.။ ဒီဗေဒင်ဆော့ဝဲက
တော့ ကိုယ်ကစီးပွါးရေးမှာ အောင်မြင်မှုရှိမလား အိမ်ထောင်ရေးကောင်းမလား စသဖြင့် ကိုယ်မေးချင်တာ
ကို အာရုံပြုပြီးတော့ကာ ရွေးချယ်ရတဲ့ ဗေဒင်အမျိုးအစားပါ..။ ကိုယ့်စိတ်ထဲမှာရှိတဲ့ မေးချင်တဲ့အရာကို အာရုံ
လေး စိုက်ပြီးတော့ မေးတာကတော့ ပိုကောင်းပါတယ်..။ ဒါမှဗေဒင်ကလည်း မှန်မှာပါ. အပျော်သဘောလုပ်
ရင်တော့ အပျော်ဘဲဖြစ်မှာပါ..။ဘယ်အရာမဆို စိတ်ကအဓိကပါ စိတ်ကမပါဘဲနဲ့ တစ်နည်းအားဖြင့် စိတ်အား
ထက်သန်မှု မရှိဘဲနဲ့ ဘယ်အလုပ်မှ အောင်မြင်မှုမရနိုင်ပါဘူး.။ ဒါကြောင့် ဒီဗေဒင်မေးတဲ့အခါမှာလည်းဘဲ စိတ်ထဲက အာရုံလေးစူးစိုက်ပြီးတော့ ရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်ဗျာ..။ လောကမှာ မြေရှိုးမိုးပျံ
နိုင်တာကလည်း စိတ်ပါဘဲ..။ 


ခုကျုပ်တို့ သုံးနေတဲ့ ကွန်ပျူတာတို့ ဖုန်းတို့ ဆိုတာကလည်း စိတ်နဲ့ကြံစည် ဆုံးဖြတ်ပြီးတော့ သေချာစွာ စမ်းသပ်ပြီး ပြုလုပ်ခဲ့ကြတာဟာလည်း စိတ်ကရှေ့သွားခေါင်းဆောင်ပါဘဲဗျာ..။ ကုသိုလ်ပြုချင်တာလည်း စိတ်ဘဲ အကုသိုလ်အမှု ပြုလုပ်ချင်တာ ပြောချင်တာတွေကလည်း စိတ်ပါဘဲ..။စိတ်ကလေးတည်ငြိမ်မှ သာလျှင်  အရာရာကောင်းမယ်ပေါ့..။ အကုသိုလ်မှာလည်း စိတ်တည်ငြိမ်မှု ရှိတယ်ဗျ
ဘာလည်းဆိုတော့ ငါးမြှားချနေတဲ့ သူတစ်ယောက် လင့်ပေါ်ကနေထိုင်စောင့်နေတဲ့သူ ဆနိုက်ဘာနဲ့ ချောင်း
နေတဲ့သူတွေဟာ စိတ်ငြိမ်နေတာဘဲ မဟုတ်လား.။ ဒီနေရာမှာတော့ ဗေဒင်ဆိုတော့ ကိုယ်ဖြစ်ချင်တာကို အာရုံပြုရမှာပေါ့ဗျာ..။ ကျုပ်အနေနဲ့ ဗေဒင်အကြောင်းမှနေပြီး အခြားအကြောင်းအရာလေးတွေကို ရောက်
သွားတယ်။ ဒါကတော့ ကျုပ်ရဲ့စတိုင်လို့ပြောမလား..။ စာလေးရေးတော့လည်း သူများလည်း ဖတ်ချင်အောင်
သဘောပေါက်အောင် ရေးရတာကိုဗျ..။

စိတ်ဟာ အတော်အရေးပါတယ်နော် ဗေဒင်ကြည့်ပြီး အောင်မြင်မယ် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ဟောပေ
မယ့် ကိုယ်ကဘာမှမလုပ်ရင် ဘာမှ မဖြစ်ပါဘူး..။ အဲဒီတော့ကာ အောင်မြင်မယ်လို့ သိလိုက်တဲ့အချိန်မှာ 
ကိုယ့်ကိုယ်ကို ဥာဏ်လေးနဲ့ယှဉ်ပြီးတော့ စဉ်စားတွေးခေါ်ကာ ၀ီရိယ အားထုတ်မှုလေးနဲ့ စတင်လိုက်ပါ..။
အောင်မြင်မှုတွေဟာ သင့်ရဲ့လက်တစ်ကမ်းမှာ ရှိတယ်ဆိုတာ ယုံလိုက်ပါ..။ အောင်ကိုအောင်မြင်ရမယ်ဆို
ပြီးတော့ လှုပ်ရှားလိုက်စမ်းပါ..။ ဒို့မြန်မာလူမျိုးတွေက ကံကိုပုံချ ဟိုဟာရိုးမယ်ချ ဒီဟာရိုးမယ်ချနဲ့ အောင်မြင်
မှုတွေ နဲနေတယ်..ငါကအစပေါ့ဗျာ..။ တစ်ကယ်ဖြစ်သင့်တာတွေကို တစ်ကယ်လုပ်.. အဟုတ်ဖြစ်မှာပါ..။

ကဲဗျာ ပျင်းနေရော့မယ်ထင်ပါရဲ့ စမ်းသပ်ရေးကြည့်နေတာပါ..။ ကံ ဥဏ် ၀ိရိယ သုံးပါး ပေါင်းဆုံးပြီး ဗေဒင်
ကြည့်ကြပေတော့ ။ ကံ ဥဏ် ၀ိရိယ သုံးပါး ပေါင်းပြီးတော့ အလုပ်တွေ လုပ်နိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့် ..ဆော့ဝဲလေး တင်ပေးလိုက်တယ်... အားလုံးဘဲ ကိုယ်စိတ်နှစ်ပါး ရွင်းလန်းချမ်းမြေ့ကြပါ
စေ....လို့ မိုးကောင်းကင် ဖောင်းပြင်မြို့နယ်သား အုန်းသာရွာသား တောသားမှ ဆုတောင်းရင်းဖြင့်...

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

۩۩۩۩  DOWNLOAD MDF  ۩۩۩۩

Thursday, November 8, 2012

ဘာပစ္စည်းကိုပဲ ရောင်းချင်ရောင်းချင် - အမြန် ရောင်းထွက်စေသော နည်း


ကဲ... အဘဆရာကြီး မင်းသိင်္ခ၏ ဈေးရောင်းတဲ့ ဓါတ်ရိုက် ဓါတ်ဆင်နည်းကို အပြည့်အ၀ ဖော်ပြပေးလိုက်ပါ တယ်။ တနင်္ဂနွေအစ စနေအဆုံး မည်သည့်ပစ္စည်းမဆို အောက်ပါအတိုင်း ဓါတ်ရိုက် ဓါတ်ဆင်ပြုလုပ်၍ လျှင်မြန်စွာ ရောင်းချနိုင်ပါကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ရပါ သည်။

အိမ်၊ အိုးစသော တနင်္ဂနွေနံ လပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်

ပြုလုပ်ရမည့်နေ့------------------------------------တနင်္ဂနွေနေ့
ပြုလုပ်ရမည့်နာရီ----------------ညနေ ၃း၀၀ မှ ၄း၃၀ အတွင်း
ရောင်းမည့် ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------( ဠ )အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------သရက်ကိုင်း
ရိုက်ရမည့်အချက်ပေါင်း---------------------------၆-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အရှေ့တောင်အရပ်

ဥပမာ သင်သည် အိမ်တစ်လုံးကို အမြန်ရောင်းထွက်ချင်သည် ဆိုပါစို့။ တနင်္ဂနွေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ အတွင်း အိမ်တံခါးပေါ်တွင် (ဠ)အက္ခရာကို ရေးပါ။ ပြီးလျှင် သင်၏မျက်နှာကို အရှေ့တောင်ဘက်သို့ လှည့်ပါ။ ထို့နောက် ၎င်း (ဠ) အက္ခရာအား သရက်ကိုင်းဖြင့် ၆-ချက်ရိုက်ပါ။ သင်ရောင်းလိုသော အိမ်သည် မြန်ဆန်စွာ တန်ရာတန်ဖိုးငွေဖြင့် ရောင်းထွက်သွားပါလိမ့်မည်။ http://www.heintinzaw.com/ မှ ကူးယူထားသည်။







ကား၊ခြံစသော တနင်္လာနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်

ပြုလုပ်ရမည့်နေ့------------------------------------တနင်္လာနေ့
ပြုလုပ်ရမည့်နာရီ-----------------နံက် ၉း၀၀ မှ ၁၀း၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(န)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------တမာကိုင်း
ရိုက်ရမည့်အချက်ပေါင်း---------------------------၇-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အနောက်အရပ်


ဆိုင်၊ စက်စသော အင်္ဂါနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်

ပြုလုပ်ရမည့်နေ့------------------------------------အင်္ဂါနေ့
ပြုလုပ်ရမည့်နာရီ--------------နံက် ၇း၃၀ မှ ၉း၀၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(အ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------အုန်းညွန့်
ရိုက်ရမည့်အချက်ပေါင်း---------------------------၁-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အရှေ့မြောက်အရပ်

ရွှေ၊လှေ၊လှည်းစသော ဗုဒ္ဓဟူးနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်

ပြုလုပ်ရမည့်နေ့------------------------------------ဗုဒ္ဓဟူးနေ့
ပြုလုပ်ရမည့်နာရီ-----------နံက် ၆း၀၀ မှ ၇း၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(င)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------ခံတက်သား
ရိုက်ရမည့်အချက်ပေါင်း---------------------------၂-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------တောင်အရပ်

မြေ ၊ မြင်းစသော ကြာသပတေးနံ ပစ္စည်းများအမြန်ရောင်းထွက်စေလိုလျှင်

ပြုလုပ်ရမည့်နေ့------------------------------------ကြာသပတေးနေ့
ပြုလုပ်ရမည့်နာရီ------------------နေ့လည် ၁း၃၀ မှ ၃း၀၀-အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(ည)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------ဇီးသားနှင့် အုန်းသားတွဲ၍
ရိုက်ရမည့်အချက်ပေါင်း---------------------------၃-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အရှေ့အရပ်

သွတ်၊ သံ ၊သစ်စသော သောကြာနံ ပစ္စည်းများအမြန်ရောင်းထွက်စေလိုလျှင်

ပြုလုပ်ရမည့်နေ့------------------------------------သောကြာနေ့
ပြုလုပ်ရမည့်နာရီ---------------နံနက် ၁၀း၃၀ မှ ၁၂း၀၀အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(၀)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------ရင်ခတ်ကိုင်း (၀ါးနှင့် ကံ့ကော်သား)
ရိုက်ရမည့်အချက်ပေါင်း---------------------------၄-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အနောက်တောင်အရပ်

အထည် ၊ ထီး စသော စနေနံ ပစ္စည်းများအမြန်ရောင်းထွက်လိုလျှင်

ပြုလုပ်ရမည့်နေ့------------------------------------စနေနေ့
ပြုလုပ်ရမည့်နာရီ--------------မွန်းတည့် ၁၂း၀၀ မှ ၁း၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(မ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------ပင်စိမ်းကိုင်း
ရိုက်ရမည့်အချက်ပေါင်း---------------------------၅-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------မြောက်အရပ်

စေတနာကောင်းဖြင့်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့