မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label My House ကျုပ်ရဲ့ အိမ်လေးကြည့်ရန်. Show all posts
Showing posts with label My House ကျုပ်ရဲ့ အိမ်လေးကြည့်ရန်. Show all posts

Saturday, October 19, 2013

သာသနာနှစ်ငါးထောင် ရှည်ကြာစွာ ရပ်တည်နိုင်ဖို့ ကံစမ်းမဲ သို့မဟုတ် ငွေဖြည့်ကဒ်လေး လှူဒါန်းခြင်း

ကဲဗျာ ကိုယ့်အနေနဲ့ တတ်နိုင်သမျှလေး အချိန်ကြီး အခါကြီးမှာ ကုသိုလ်လေး နဲနဲရအောင်ဆိုပြီးတော့
ငွေဖြည့်ကဒ်လေး 5000 တန်တစ်ကဒ်တင်ပေးလိုက်ပါတယ်။ ကဒ်လေးက အရမ်းလှတယ်နော်။ ကျုပ်ကိုယ်
တိုင်တောင် ဒါမျိုးကဒ် မသုံးဖူးသေးဘူး ဦးဦးဖျားဖျားလေးပေါ့။ ငွေဖြည့်ကဒ်ကတော့ Readmore လေးနဲ့ လုပ်
လိုက်တာကိုတော့ ခွင့်လွတ်ပါကွယ်။ ရချင်တဲ့သူများကတော့ ဖြည့်ကြပေါ့ ပေါက်တဲ့သူကတော့ ကွန်မန့်လေး
တော့ ရေးပေးခဲ့ဦးနော်။ ရမရ သိရအောင်ပေါ့ဗျာ.။ ကဲ အဆင်ပြေလား အဆင်ပြေရင် လက်ခုပ်သံလေးနဲ့
စလိုက်ရအောင်..။ ကဲ ကံထူးသူထက် ဦးရာလူစနစ်ဘဲဟေ့။ ဦးတဲ့သူ စားပေါ့နော်..။ ဓါတ်ပုံက ဖိုင်ဆိုက်နဲနဲ
ကြီးသွားတယ်ဗျာ။ ကင်မရာနဲ့ ရိုက်လိုက်တာဆိုတော့လေ..။ အဲဒါတော့ သီခံနော်....






Thursday, October 3, 2013

ကိုယ်ရေးကိုယ်တာနှင့် ကူညီမှု ပြန်လည်ကျေးဇူးတင်မှုလေးပါ

ကဲ ကျုပ်လည်း ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာလေးတွေ မရေးဖြစ်ပါဘူး။ ဘလော့တည်ဆောက်စကတော့ ကိုယ့်
အကြောင်းလေး ဘာလေးရေးမယ် စိတ်ကူးခဲ့ပါတယ်။ သို့သော်လည်း များများ မရေးဖြစ်ပါ။ ဒီနေ့တော့ ဒီနေ့လုပ်
သမျှလေး နဲနဲလေး ရေးချင်စိတ်ပေါ်လာတယ်။ ဒီနေ့ ညနေပိုင်းမှာ ငမိုးလည်း ရွာက အဖိုးက အိမ်လည်ရင်းနဲ့ အိမ်
ပေါ်က လှေကားချော်ကျလို့ မန္တလေးမှာ ဆေးလာကုနေတာ နှစ်ပတ်တောင် ကျော်နေပြီ။ ခွဲစိတ်မှုကတော့ ဘာမှ
မလုပ်ရသေးပါဘူး။ ခေါင်း လည်ဆစ်လွဲသွားပြီးတော့ အာရုံကြော ညှပ်နေတာတဲ့။ ခြေထောက်က ဘာမှ မလုပ်
နိုင်ဘူး ကျုပ်တော့ကြည့်ပြီး သနားလည်း သနားတယ်ဗျာ။ အသက်ကြီးမှ ဒုက္ခရောက်တာ အတော့်ကိုဆိုးတယ်။
ငယ်တုန်းလည်း မကောင်းပါဘူးလေ. ခွဲစိတ်မယ်လုပ်လိုက် ကျန်းမာရေးလေးက ဖောက်လိုက်နဲ့ တစ်ပတ်ပြီး တစ်
ပတ် ရွေ့နေရတာလေ။ ကျုပ်လည်း မရောက်ဖြစ်တာ သုံးရက်လောက်ရှိပြီဆိုတော့ အဖိုးဆီ အလည်သွားလိုက်
တယ်။ အခြေအနေကတော့ ပုံမှန်ဘဲ ညနေပိုင်းရောက်တော့ ပြန်လာတယ် ဆိုင်ကယ်ငှါးရင် 1500/ 2000 ကျပ်
လောက်ကုန်တယ်ဆိုတော့ ခြွေတာရေး လုပ်ရတာပေါ့ဗျာ။ ကားစီးပြန်လာတယ် သူငယ်ချင်းဆီ ခဏ၀င်ပါဦးမယ်
လေဆိုပြီး ၀င်တယ်။ အောင်မယ် ငါ့ညီက Facebook မှာ ကျူနေတာဗျ ကောင်မလေးတွေကို တော်ကီထည့်နေ
တာ။ အတော်ဟုတ်နေတယ်။ ဒါနဲ့ နောက်တော့ သူ့ကွန်ပျူတာကြီးက Copy Window ဆိုတာကြီး Blue Screen
ကြီး ပေါ်နေတယ်။



ဟေ့ ငါ့ညီ မင်းဝင်းဒိုးက  genunie မဖြစ်ဘူး Active မဖြစ်ဘူးလို့ပြောတော့ ဘာတွေလည်းမောင်တဲ့ မင်းကအင်္ဂ
လိပ်လိုပြောတော့ ငါဘယ်သိမလဲ။ သူ့သင်တန်းက ဆရာကလည်း ကူညီမယ်ပြောတာဘဲ။ လက်တော့ပ်ယူခဲ့တဲ့
ကီးထည့်ပေးမယ်တဲ့။ ဟာ ငါ့ညီရာ ဒါလွယ်ပါတယ်လို့ Window Loader လေး ထည့်လိုက်ရင် အဆင်ပြေတာကို
အိုး မင်းလုပ်တတ်လားတဲ့။ ဟ လုပ်တတ်တာပေါ့ကွာ ငါ ဒါတွေသိတာ ကြာလှပြီလို့ ကြွားလိုက်ရသေးတာ ဒါဆို
လုပ်ပေးစမ်းပါတဲ့ ။ အဲဒါနဲ့ သူကလည်း အင်တာနက်သုံးနေတာဆိုတော့ ကိုယ့်ဆိုက်ကို ၀င်ပြီးတော့ Window Lo
ader လေးဆွဲလိုက်တယ်။ ကျုပ်တင်ထားတာက သုံးမျိုးကိုးဗျ။ အဲဒီထဲကမှ ကိုယ်သုံးနေကြ Loader လေးမောင်း
ပေးလိုက်တော့ အဆင်တွေပြေလို့။ ကွန်ပျူတာထဲ လိုက်ပတ်ရှာကြည့်တော့ ဖုန်းဆော့ဝဲတွေ သူလည်း အတော်
ရှာထားပုံပေါ်ပါတယ်။ ဒီမှာ ငါရှာထားတာတွေ HTC အတွက်တွေရော အတော်လေးစုံပါတယ် လိုအပ်နေတာက
Android Logo ကို ဖော်ပြပေးတဲ့ ဆော့ဝဲ မရှိဘူး ဒီတော့ ဘာဆော့ဝဲမှန်း မသိဘူးပေါ့။ ဒါနဲ့ တစ်ပြန် ကိုယ့်ဆိုက်
ကို ပြန်ဝင် Android Logo လေး ဒေါင်းလော့ချပြီး မောင်းပေးလိုက်တော့ ။ သူအတော်လေး သဘောကျသွားတယ်။ ဟာ မင်းက အတော်ဟုတ်နေတာဘဲတဲ့။ အဲဒီမှာ တစ်ခု သတိထားမိတာက ကျုပ်ဆိုက်က Dropbox မှာ တင်တဲ့ ဖိုင်တွေက ဒေါင်းမရဘူးဗျာ။ Box မှာတင်ထားတာကလည်း အတော်လေးတယ်။ ဆွဲရတာ မကောင်းဘူး Solidfiles မှာ တင်တာကတော့ ကောင်းတယ်။

နောက်ပိုင်းမှာ dropbox မှာလည်း မတင်ချင်တော့ဘူး box ကလည်း အဆင်မပြေဆိုတော့ ဘယ်ကို ပြောင်းရမလဲ
မသိသေးဘူး။ ဒေါင်းလို့လည်း ကောင်းမယ် တင်ရတာမြန်မယ့်ဆိုက်လေးကိုဘဲ တင်ချင်တယ်။ အဲဒါလေး လိုက်
ရှာကြည့်ရဦးမှာဘဲဗျာ။ ခုန စကားလေး ပြန်ဆက်ရရင် ပညာလေး သုံးလေးခု ပြထားခဲ့တယ်။ ကဲ ငါကတော့ ပညာ
ပေးပြီးပြီ လက်ဖက်ရည်တိုက်ကွာလို့ လက်ဖက်ရည်တိုက်ခိုင်းရသေးတာ။ သူတော်တော်လေး ကျေးဇူးတွေတင်
နေတာ။ ဟုတ်တယ်ဗျ လူ့လောကကြီးမှာ မိမိသိထား တတ်ထားတဲ့ ပညာကို သူများကို မပေးချင်ကြဘူး။ အခမဲ့
ပေါ့ဗျာ။ ငွေနဲ့ သင်တာတောင် ပညာက သျှိုထားချင်ကြသေးတာ။ တစ်ကယ် မလွယ်ဘူးဗျ သိရင်လည်း မပြောဘူး
ကိုယ့်ငွေရလမ်း ပိတ်တာကိုး။ ပညာ တစ်ခု ရဖို့ဆိုတာ မလွယ်ဘူး တစ်ကယ် မရင်းနှီးဘဲနဲ့ပေါ့ ရင်းနှီးတာတောင်
တစ်ချို့က မပေးချင်ဘူး။ အဲတော့ ပညာကို ခိုးတတ်အောင် လုပ်ပေါ့ စာအုပ်ဆိုင်သွားတယ် စာအုပ်ဆိုင်သွားရင်
ပညာတွေ ခိုးသင်ရတယ်ဗျ။ ငါ့ဘော်ဒါကြီး နည်းပေးထားတာ စာအုပ်ဆိုင်ရောက်ရင် ပညာနှစ်ခု သုံးခုလောက်
ပါလာတယ်။ ဘယ်လိုလုပ်လဲဆိုရင် ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို လိုက်ကြည့်တယ် ကိုယ်မသိသေး
တာတွေကို လိုက်မှတ်တာဘဲ။ သုံးလေးခုပေါ့ တစ်ခုမှတ်မိရင်လည်း တစ်ခုပေါ့ဗျာ အဲလိုတစ်ခုချင်း စုရတာပေါ့။

ဓါတ်ပုံတိုက်သွားရင်လည်း ထိုနည်းတူဘဲ သူများလုပ်တာကိုင်တာကြည့် သူဘာနှိပ်သွားတယ်ဆိုတာကို ချောင်း
ကြည့်ထားပေါ့။ အဲလိုဆိုရင် ကိုယ့်အတွက် ပညာရတာပေါ့။ ဒါကတော့ ငွေကုန်သက်သာတဲ့ နည်းတွေပေါ့ဗျာ။
နောက်ပြီးတော့ ကိုယ်မသိတာဆိုရင် အင်တာနက်မှာ ရှာနိုင်တယ်။   Gmail အကောင့် မလျှောက်တတ်ဘူးလား
လျှောက်တတ်ချင်ရင် လိုက်ရှာပေါ့။ ဘယ်လိုရှာမလဲ Youtube.com ဆိုတာရှိတယ်။အဲဒီမှာ How to Create Gmail
Account လို့ ရိုက်ထည့်လိုက်ရင် ဘယ်လို လုပ်ရမယ်ဆိုတာ ဗွီဒီယိုတွေ အများကြီး ကျလာလိမ့်မယ်။ ကျလာတဲ့
အထဲက ကိုယ်သဘောကျတာလေး ဒေါင်းလော့ချပြီး ကြည့်ရုံပါဘဲ။ ဗွီဒီယိုနဲ့ ကြည့်တော့ ပိုလည်းမြန်တယ်။ ဗွီဒီ
ယိုဖိုင်အနေနဲ့ ဒေါင်းထားတော့ သိမ်းထားနိုင်တယ် မသိတဲ့သူများကိုလည်း ဝေပေးနိုင်တယ်လေ။
ခုနောက်ပိုင်းမှာ Youtube က အတော်လေး စုံလာပါပြီ။ ခုခေတ်စားနေတဲ့ ငွေရှာဆိုက်တွေ ဘယ်လိုရှာရမယ် ကလစ် ရမယ်ဆိုတာက အစ တင်ထားတာတွေ ရှိပါတယ်။ ကျုပ်လည်း ဟိုတစ်လောက http://www.clixsense.com/?5568124 မှာ အကောင့်လျှောက်လိုက်တယ်။ လျှောက်ပြီးတော့ ကိုယ် ဘာကို ကလစ်ရမလဲ မသိဘူးလေ။ တစ်ခါမှလည်း မလုပ်ဖူးဘူးဆိုတော့။ ကဲဒါနဲ့ Youtube ကို အားကိုးလိုက်တာဘဲ။
How to နဲ့ လုပ်စားလိုက်တာပေါ့ဗျာ။ How to click Clixsense ဒီဆိုက်မှာ ဘယ်လို ကလစ်ရမလဲပေါ့ အဲဒီမှာ
ဘယ်လို ကလစ်ရမယ်ဆိုတဲ့ ဗွီဒီယိုတွေ ကျလာတယ် ဒီ Clixsense ပတ်သက်တာလေးတွေ ရှာပြီးဒေါင်းကြည့်
လိုက်တော့ သြော် ကြောင်ကို ကလစ်ပေးရမှာပါလားဆိုတာ သိသွားတယ်။

ကဲဗျာ ခုပြောခဲ့တဲ့အထဲမှာ အကျိုးရှိမယ့်ထင်ပါတယ်။ စကားက ဆက်ချင်နေသေးတယ်ဗျ။ ခုန ညီလေးဆီက
နေ လက်ဖက်ရည်သောက်ပြန်လာတော့ ကိုယ့်နေရာလည်း ရောက်ရော ညီတစ်ယောက်က ဖုန်းကောက်ဆက်
တယ်။ ဟေ့ ohnthar အုန်းသာ မင်းဆိုက်ကြည့်လိုက်ဦး ဘာဖြစ်နေတာလဲ မသိဘူး။ Login ၀င်ခိုင်းနေတာတဲ့
ဗျ။ ဆိုတော့ ကိုယ်လည်း မနေ့က Hacker ဆိုက်လေးတစ်ခုမှာ မန်ဘာဝင်ခဲ့တာကို သွားသတိရတယ်။ ဟိုက်
ငါ့အကောင့်တော့ ဆော်ခံလိုက်ရပြီထင်တယ်။ ခုနကမှ ၀င်ခဲ့သေးတာ ဘာဖြစ်သွားတာလဲပေါ့။ စိတ်ထဲမှာ လေး
ပြီးတော့ နေတယ်ဗျ။ ကိုယ်အနှစ်နှစ် အလလ ကိုယ်စားမယ့်အထဲကနေပြီး ဖဲ့သုံးပြီး ရေးနေတဲ့ဆိုက်လေး လက်
စွမ်းပြခံရပြီနဲ့ တူတယ်။ ဒီလိုစိတ်ဝင်သွားတော့ ရင်ထဲတစ်မျိုးကြီးဗျ။ ဒါနဲ့ ကွန်ပျူတာ ကောက်ဖွင့်ပြီး ဆိုက်ကို
ကြည့်တော့ ဘာမှ မဖြစ်ပါဘူး။ လိုင်းကလည်း ကျနေတာဗျာ။ 12 ကျော်တာတောင် သိပ်မကောင်းဘူး လူက စိတ်
ပူတဲ့အထဲ သူကမကောင်းနဲ့ အတော်ဒုက္ခရောက်ပါတယ်။ ကျုပ်စိတ်ထဲမှာ အတွေးတွေက ဗလောင်ဆူနေပြီလေ
ဟိုတစ်နေ့က Google Authenticator နဲ့ Gmail ကို How to set up Google 2-step verification ဆိုပြီး ပို့စ်လေး
ကိုလည်း ကြော်ငြာထားဆိုတော့ ဟိုက် ငါ့ဆိုက်လေးတော့ တွယ်ကြပြီနဲ့ တူတယ်။ အတော်စိတ်ပူရတယ်ဗျ။
သြော် လောက လူသားပေမို့ ပူစရာရှိတော့လည်း ပူရတာပေါ့ဗျာ။ စွဲလန်းရင် အသဲ ကျွမ်းရတယ်ဆိုတာ ဒါပြော
တာပါလားလို့ သဘောပေါက်သွားတယ်..။ အစွဲမထားတာ ကောင်းပါတယ်..။

ကဲဗျာ စာလည်း အတော်များသွားပြီ ဖတ်လည်း ဖတ်ကြမှာ မဟုတ်ပါဘူး ကိုယ့်အကြောင်းကိုရေးတာဆိုတော့
လေ။ ဒီပို့စ်မှာ အတုယူစရာတွေလည်း ပါတယ်လို့ ထင်ပါတယ် ပညာခိုးသင်နည်းပေါ့။ နောက်ပြီးတော့ ဘယ်
ပညာဘဲလိုလို Youtube နဲ့ ရှာကြည့်လို့ ရမယ်ထင်ရင် Youtube မှာ ရှာကြပါ။ Software နဲ့ ပါတ်သက်လို့တော့
ရမှာ မဟုတ်ဘူး နည်းပညာပေါ့ဗျာ။ Hacking တို့ ဘာတို့ပေါ့။ တစ်ခြား မသိတဲ့ အတတ်ပညာတွေကလည်း ဒုနဲ့
ဒေးပါဘဲ။ နောက်ပိုင်းမှာ နည်းပညာတွေကို ကိုယ်မသိတာရှိရင် အဲဒီမှာ How to နဲ့သာ မေးကြပေတော့ဗျို့
ကျုပ်လည်း အင်္ဂလိပ်တတ်တာမဟုတ်ဘူး။ How to လေးရထားလို့ တော်တော့တယ် ဒါနဲ့ချည်းမေးတာဘဲ။ ဟုတ်
ချင်ဟုတ် မဟုတ်ချင်နေ ကိုယ်တတ်တာနဲ့မေးရတာကိုးဗျ။...ကဲကဲ အဆင်ပြေကြပါစေ..ကျန်းမာရေးတွေ လည်း  ကောင်းပြီးသကာလ မိမိတို့ လိုရာ ပန်းတိုင်ကို လှမ်းကိုင်နိုင်တဲ့သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်းဖြင့်...

မိုးကောင်းကင် ဖောင်းပြင်။ သို့မဟုတ် မိုးကောင်းကင် အုန်းသာ သို့မဟုတ် မိုးကောင်းကင် အညာသား
သို့မဟုတ် လှမင်း စသဖြင့် နာမည်တွေ များလွန်းလှပါတယ်ဗျာ။ ကျုပ်ကလည်း ငွေတာမဌေးတာ နာမည်က
တော့ တစ်နေရာရောက် တစ်မျိုး အမျိုးမျိုးပါဘဲ။ ချစ်စနိုးနဲ့ ခေါ်ကြတာလေ...။

Thursday, August 29, 2013

သင့်နာမည်ကပြောတဲ့ သင့်စရိုက်အကြောင်း မိုးကောင်းကင်ဆိုတာ

သင်ရဲ့ နာမည်မှာပါတဲ့ -{ABCD}-စတဲ့ အက္ခရာလေးတွေကနေ သင့်ရဲ့ စရိုက်ကို ခန့်မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်/မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။ ကျွန်တော်တော့ စမ်းပြီးသွားပြီ၊ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို-THANT
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ် (မှန်)
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး (နဲနဲမှား)
A = သင်ဟာ အင်မတန် အေးတဲ့သူဖြစ်သော်လည်း သင့်စိတ်ထဲမှာ အကြံ တခုခုရှိတယ် (အလွန်မှန်)
N= သင်ဟာ အလုပ်မရှိရင် မနေတက်သူ၊ ဒါပေမယ့် ရှိရင်လည်း ငြီးငြူတက်သူ (မှန်)
T= သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ် (မှန်)
ကိုင်း--သဘောပေါက်ပြီနော်။ ကဲ-ဒါဆို အခု အောက်က ဖော်ပြထားတဲ့ {A ကနေ Z} ထဲကသာ သင့်နာမည်က ဟောတဲ့ ဗေဒင်အဖြေကို ရှာကြည့်ကြပေတော့။ (မြ၀တီက ယူခဲ့တယ် )

A = သင်ဟာ အင်မတန် အေးတဲ့သူဖြစ်သော်လည်း သင့်စိတ်ထဲမှာ အကြံ တခုခုရှိတယ်။

B = သင်ဟာ သူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်။

C = သင့်မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည့် ရှိတယ်။

D = သင်ဟာ လူတယောက် ကို ယုံကြည်ဖို့ အင်မတန် ခက်ခဲတယ်။

E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ။

F = သင့်မှာ ချစ်မွေး ပါတယ်။

G = သင်ဟာ လူတွေကို အကဲခက်အရမ်းတော်တယ်။

H = သင့်မှာ ဆင်ခြင်တုံတရား မရှိဘူး။

I = သင်ဟာ အမြဲတမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်။

J = သင့်မှာ မနာလိုမရှုစိတ် ရှိတယ်။

K = သင့်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်။

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ။

M = အောင်မြင်မူတွေ သင်အလွယ်တကူရတယ်။

N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ၊ ဒါပေမယ့် ရှိရင်လည်း ငြီးငြူတက်သူ။

O = သင်ဟာ အင်မတန် ပွင့်လင်းတဲ့သူ။

P = သင်ဟာ အင်မတန် ရည်မွန်ပြီး နားလည်မူ အပြည့်ရှိတယ်။

Q = သင်ဟာ သူတော်ကောင်းယောင် ဆောင်ထားတယ်။

R= သင်ဟာ လူမူရေး ကိစ္စ္စ္စတွေမှာ မပါမဖြစ်။

S = သင်ဟာ သဘောထား ကြီးတယ်။

T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်။

U = သင့်ကိုယ်သင် အားလုံးနဲ့ ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်။

V = သင့်ကိုယ်သင် အရမ်းချောတယ်လို့ ထင်ထားတယ်။

W = သင်ဟာ သင်အကြောင်းတွေကို သူများကို မပြောပြချင်ဘူး။

X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာ မကြိုက်ဘူး။

Y = သင့်မှာ အခက်အခဲတွေ အများကြီး ရှိတယ်၊ ရှိခဲ့တယ်။

Z= သင်ဟာ အမြဲတမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။

မြ၀တီ ဖေ့ဘုတ်မှာ တွေ့လို့ ယူခဲ့တယ်..အဆင်ပြေပါစေ...

Sunday, August 18, 2013

ရန်ကို ရန်ခြင်း တုန့်ပြန်ခြင်းဖြင့် ရန်မငြိမ်းအေးနိုင်ဟု မိုးကောင်းကင်ပြော..

ဓမ္မပဒ ယမက၀ဂ် တိဿတ္ထေရ၀တ္တုမှာ မြတ်စွာဘုရားက ဒီလိုဟောပြခဲ့တယ်..
               အက္ကောဆိ မံ အ၀ဓိ မံ၊ အဇိနိမံ အဟာသိမေ။

               ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ နသမ္မတိ။

ယေ-အကြင်ပုဂ္ဂိုလ်တို့သည် မံ-ငါ့ကို အက္ကောဆိ-ဆဲရေးဖူးပြီ။  မံ-ငါ့ကို အ၀ဓိ-ညှင်းဆဲဖူးပြီ။ မံ-ငါ့ကို အဇိနိ-အောင်နိုင်ဖူးပြီ။ မေ-ငါ၏ဥစ္စာကို အဟာသိ-ဆောင်ယူဖူးပြီ။ ၀ါ-ခိုးဖူးပြီ။ ဣတိ-ဤသို့တွေး ၍ တံ-ထိုရန်ငြိုးကို ဥပနယှန္တိ-ကပ်၍ဖွဲ့ကုန်၏ ။ ၀ါ-ရန်ငြိုးဖွဲ့ကုန်၏။ တေသံ-ထိုရန်ငြိုးဖွဲ့သောသူအား ဝေရံ-ရန် သည် နသမ္မတိ-မငြိမ်းအေးနိုင်ကုန်။ ၀ါ-တစ်နည်းကား ဝေရာနိ-ရန်တို့သည် နသမ္မတိ-မငြိမ်းအေးနိုင်ကုန်။

ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှင်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ခိုးဆောင်ဖူးပြီဟု ထိုသူ့ အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။


ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှင်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ခိုးဆောင်ဖူးပြီဟု ထိုသူ့ အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည်ပြေငြိမ်းနိုင်၏။ ဤဂါထာလေး ကို ကျုပ်ငယ်စဉ် ကလေးဘ၀ ၁၅ နှစ် ၁၆နှစ်ခန့်က သင်ကြားဖူးပါတယ်.။ ကျုပ်ငယ်စဉ်က ဒေါသအလွန် အမင်းကြီးလှပါတယ်.။ ကျုပ်မှာ ရန်ငြိုးဖွဲ့ခဲ့ဖူးတဲ့ စိတ်လည်း ရှိခဲ့ဖူးပါတယ်.။ ၁၄ နှစ်သားမှာ  ပုထုဇ္ဖဉ်မှန်သမျှ ရန်ငြိုးမဖွဲ့မနေနိုင်အောင် ဖြစ်ခဲ့ရဖူးပါတယ် ။ ကျုပ်တို့ညီအစ်ကိုတွေရဲ့ အားကိုးရာအဖေဟာ အရှုံးကြီး ဆုံးရှုံးခဲ့ဖူးပါတယ်.။ ရုံးတို့ဘာတို့ဆိုတာလည်း ကျုပ်ငယ်စဉ် အဲဒီ ၁၄နှစ်သားမှာ ရောက်ခဲ့ဖူးတယ်.။ ဒီအချိန် ဒီအရွယ်တုန်းကတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေ မရှိသေးပါဘူး ကျော်ဝင်းထွဋ်တို့ သီဟတင်စိုးတို့ ထွန်းလုံရှိန်တို့
ဇာတ်ကားတွေကြည့်ပြီ.။ ငါကြီးလာတဲ့ တစ်နေ့ဆိုပြီးတော့ ရန်ငြိုးဖွဲ့ခဲ့ဖူးတယ်..။ သို့သော်လည်း ၁၅ နှစ် ၁၆ နှစ်သားမှာ ဆရာသမားက နွေရာသီမှာ ဓမ္မပဒလေး သင်ကြားပို့ချပေးခဲ့တယ်.။ ဒီဇာတ်တော် အကြောင်း အရာနှင့်တစ်ကွပေါ့.။ မိတ်ဆွေများ ကြားဖူးဖတ်ဖူးကြပါလိမ့်မယ် သမင်မွေးလိုက် ကျားစားလိုက်
ဆိုတဲ့ ဇာတ်တော်လေးကိုပေါ့..။ ကိုယ်ဝန်သည် ဘ၀က စခဲ့တဲ့ ရန်ငြိုးဟာ ဗုဒ္ဓဘုရားရှင် လက်ထက်ရောက်မှ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်နှင့် တွေ့သည့်အခါမှ ငြိမ်းချမ်းသွားခဲ့တာလေးကိုပေါ့..။ ဒါကြောင့် အဲဒီ ၁၆ နှစ်သားကတည်းက ရန်ငြိုးဖွဲ့မှုကို ကျုပ်တတ်နိုင်သမျှ မလုပ်တော့ဘူး ။ ဒီလို ရန်ငြိုးဖွဲ့နေသမျှ ကိုယ်တိုင်းလည်း စိတ်ချမ်းသာမှာ မဟုတ်သလို သူတို့လည်း စိတ်ချမ်းသာမှာ မဟုတ်ဘူး..။ ဒီရန်ငြိုးကြောင့်
သူ့ဘ၀ ကိုယ့်ဘ၀ နှစ်ခုလုံး ဆင်းရဲယုံကလွဲပြီး ဘာမှ ဖြစ်မလာ... ဒါကြောင့် ကျုပ် တတ်နိုင်သမျှ ရန်မဖြစ်အောင်နေတယ် ။ စာရေးရင်လည်း အကောင်းဆုံးဖြစ်အောင် အလယ်အလတ်
မဇ္ဈိမ မဋိပဒါ ဖြစ်အောင် ရေးတယ်.။ အနည်းစု ချမ်းသာရေးထက် အများစု ချမ်းသာဖို့ ရေးတယ်..။

ပြောရရင် ကျုပ်ဘ၀က ရင်နာစရာ ဇာတ်လမ်းတွေ ရှိခဲ့ဖူးပါတယ်..။ လူတစ်ရာမှာ တစ်ယောက် မရှိခဲ့ဖူးတဲ့ ဇာတ်လမ်းတွေပေါ့။ အတိတ်တွေကို ပြန်တွေးရင်း ၀မ်းလည်း သိပ်မနဲတော့ပါဘူးဗျာ.။ သူ့ကံနဲ့သူလို့ ဘဲ သဘောထားပါတယ်.။ ကိုယ်က ရန်ငြိုးဖွဲ့ခဲ့လျှင် ဒီရန်ငြိုးက ငြိမ်းအေးတော့မှာ မဟုတ်ဘူး ။ ကိုယ် တစ်ယောက်တည်း ပူဆွေးရမှာလား မဟုတ်ဘူး ကိုယ့်မိဘ ကိုယ့်ညီအစ်ကို မောင်နှမတွေ ကိုယ့်ရဲ့ဆွေမျိုးတွေ ကိုယ်နေထိုင်တဲ့ အသိုင်းအ၀ိုင်းတွေအားလုံး စိတ်မချမ်းသာစရာတွေ ဖြစ်ကုန်မှာပေါ့..။ အထူးသဖြင့် ကိုယ့်မိသားစု ငွေကုန်း လူပန်းဖြစ်မယ်..။ နောက်ပြီးတော့ ရှိသမျှ ပစ္စည်းတွေ ပြောင်ပြီးတော့ လုပ်စားမရတဲ့ အခြေအနေဖြစ်သွားမယ်.။ လူ့ဘ၀ကို ခဏလေး အလည်ရောက်ကြရတာပါ.။ သတ္တ၀ါတွေရဲ့ အမြဲတမ်းနေထိုင်ရာ ဘုံ ဘ၀ကတော့ ငရဲဘဲတဲ့.။

ဒါက ကျုပ်စကား မဟုတ်ပါဘူး ဘုရားစကားဘဲ.။ ဟုတ်တယ် များသောအားဖြင့် လူဘုံ လူ့ဘ၀လေး ရတုန်းမှာ ကိုယ့်အတွက် ကောင်းမှုကုသိုလ် အထုပ်ကို မယူဘဲနဲ့ ပျော်လိုက် ပါးလိုက်နဲ့ အချိန်ကုန်တော့
သူ့မူလနေရာ ငရဲ တိရိစ္ဆာန်ဘုံကို ပြန်ရောက်ကြရတယ်..။ ဒီတော့ ကျုပ်တို့ဟာ ခဏတာ ရလာတဲ့ ဘ၀လေးမှာ ရန်ငြိုးတွေ အာဃာတ တရားတွေ လောဘတွေ အရမ်းကြီးနေလို့ မဖြစ်ဖူး.။
ဘုရားရဲ့ သာသနာတော်နဲ့တွေ့တုန်း အသိဥာဏ်အတွေးအခေါ် ဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ လူလည်းဖြစ်လာတုန်းဘ၀မှာ ကုသိုလ်တွေ သယ်မသွားဘဲနဲ့ အကုသိုလ်အထုပ်တွေနဲ့သာ သေသွားရင်
လူဖြစ်ရကျိုး ဘယ်နှပ်တော့မလဲဗျာ..။

တိရိစ္ဆာန် တစ်ကောင်ရဲ့ ဘ၀ကိုဘဲ ကြည့်ကြည့်ပါ။ ဥပမာပေါ့ဗျာ ကျားတစ်ကောင်ရဲ့ ဘ၀ဆိုရင် ပိုဆိုးပြီပေါ့ နေ့တစ်ဓူဝ သားကောင်တွေ သတ်စားနေရတဲ့ဘ၀ဆိုတော့ ဘယ်မှာ ကုသိုလ်ရတော့မလဲ.
နောက်ပြီး ဗျိုင်းတစ်ကောင်ရဲ့ဘ၀ ဇာတ်တော် တစ်ခုလည်း ရှိပါတယ်..။ မာဃ၀တ္ထုကို ကြည့်ရင် သိနိုင်ပါတယ်နော်..။ ဒီဇာတ်တော်က မိန်းကလေးတစ်ယောက် ဘာကုသိုလ်မှ မလုပ်ဘဲ သူ့လင်ယောက်ျား
ကုသိုလ်လုပ်တာ သူလည်း ရတယ်ဆိုပြီး တစ်နေ့တစ်နေ့ အလှပြင်တာနဲ့ အချိန်ကုန်နေတာလေ..ဘ၀နံဂုံး အဆုံးလည်း သတ်ရော ဗျိုင်းမ ဖြစ်ရတဲ့ ဇာတ်လမ်းလေး..အကျဉ်းလေးပါ အကျယ်ကိုတော့
သိကြားမင်း ဦးမာဃ အကြောင်း ရှာဖတ်ပေါ့ဗျာ..။

ဒီနေရာမှာ ကျုပ်ကို ဆဲထားတာလေး ထည့်ပြောလိုက်ချင်တယ်..။ သူပြောတဲ့အထဲမှာ ကြော်ငြာတွေ ထည့်တဲ့အကြောင်းကိုပေါ့ ကျုပ်အနေနဲ့ ကြော်ငြာလေးထည့်ထားပေမယ့် ငွေလည်း တစ်ခါမှ မထုတ်ဖူးပါဘူး
ခု တစ်လလောက်ရှိမယ်ထင်တယ် ထည့်ထားတာ ငွေဘယ်လောက်ရသလဲကြည့်တော့ ၁၃၀၀ လောက်တော့ ရပါတယ် ၃၀၀၀၀ သောင်းကျပ်မှ ထုတ်ရမယ်တဲ့ ကဲ ဒါကို စဉ်းစားကြည့်ပေါ့ဗျာ တစ်လမှ ၁၃၀၀ ကျပ်ဘာ လုပ်စားလို့ ရမှာလည်း တစ်နေ့တာ လက်ဖက်ရည်ဖိုးလောက် ရှိတာပါ ဒါကြီးကိုများ ရေးကြီးခွင်ကျယ်လုပ်လို့ ပြောနေရသေးတယ်..။ အောက်မှာ ထည့်ထားတဲ့ ကြော်ငြာ လင့် လေးခုကလည်း ကျုပ်ဆိုက်နေ မပျင်းတဲ့အခါ လျှင်မြန်စွာ သွားရောက် ကလစ်ဖို့အတွက် ကိုယ့်အတွက် လုပ်တာပါ.။ မိတ်ဆွေတို့လည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး.. ဒါကို ဘာကြောင့် ပြောတာလဲ...ကျုပ်က ဘာမှားလို့လဲ သူများကိုနှစ်နာစေတဲ့ အရာ ဘာမှ မလုပ်ပါဘူး တတ်နိုင်သမျှ ရှောင်ပါတယ်..။

နည်းပညာနဲ့ ပါတ်သက်လို့ ကျုပ်ဆရာကြီး မဟုတ်ဘူးလို့လည်း ပြောထားတယ်..။ မလုပ်တတ်ရင် မလုပ်တတ်ဖူး ရှင်းရှင်းဘဲ ရေးတာဘဲ ကိုယ် သဘောကျတာလေးတွေကို လိုက်ကူးခဲ့တယ် မှတ်စု အနေနဲ့ပါ.။
ကိုယ့်ဆီမှာရှိထားတော့ ပြန်ရှာတဲ့အခါ လွယ်လင့်တစ်ကူ ယူသုံးလို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ.။ သူများတွေလို ဘယ်ကွန်ပျူတာ တက္ကသိုလ်မှလည်း မတက်ဖူးပါဘူး တက္ကသိုလ်မပြောနဲ့ ဆယ်တန်းတောင် မရောက်ခဲ့ပါဘူး.။ ကျုပ် ၁၄ နှစ်သားမှာ အဖေမရှိတော့တဲ့ နောက်ပိုင်း ကျောင်း ထွက်ပြီး နွားကျောင်း ကျွဲကျောင်းလုပ်နေခဲ့တာဘဲ..။ အဲဒီတော့ ကျုပ်က တတ်တယ်လို့လည်း မပြောဘူး..။ ကိုယ်သိသလောက်လေး ကိုယ့်အတွက် အမှတ်တရလေး ဖြစ်အောင်ဆိုပြီး ရေးတာဘဲဗျာ..။ ခင်ဗျားက ဘယ်လို အကြောင်းတွေကြောင့် ဒါမျိုးတွေ လာပြောရတာလဲ မပြောသင့်ပါဘူးဗျာ..။

အမေယုတ်ညံ့ရင် နုတ်ကြမ်းတယ် အဖေယုတ်ညံ့ရင် ကိုယ်အမူအရာ ကြမ်းတမ်းတယ်တဲ့ဗျာ..။ အမေယုတ်တယ်ဆိုတာကတော့ အားလုံး သိပြီးဖြစ်မှာပါ ဘယ်သို့ ဘယ်ပုံ ယုတ်တယ်ဆိုတာကိုပေါ့..။
မင်းအဲလို ရိုင်းစိုင်းအောင် မင်းရဲ့ ဆရာသမားတွေက သင်ပေးလိုက်တာလား မင်းမိဘ၀ ဘိုးဘွားတွေက သင်ပေးနေတာလား..ကုန်ကုန်ပြောရရင် လူဆိုတာ အကျင့်တူရာဘဲ ပေါင်းလို့ရတယ်ဆိုတော့ မင်းရဲ့အသိုင်းအ၀ိုင်းတွေ မင်းရဲ့ဆွေမျိုးတွေကလည်း ဒီလိုဘဲ သင်ပေးတာလား ပြောနေကြတာလား.. ။ ပြောရရင် မကောင်းဘူးဗျာ ကိုယ့်တစ်ယောက်အတွက်နဲ့ အများထိခိုက်တယ်ဆိုတာ အဲဒါဘဲ ရှင်းသွားအောင်လို့ ထည့်ပြောလိုက်တာ..။ အခုတော့ သိလောက်ရော
ပေါ့ ကိုယ် မကောင်းရင် ကိုယ်တစ်ယောက်တည်း ခံရတာမဟုတ်ဘူး ။ ကိုယ့်မိဘ ဆွေမျိုး အသိုင်းအ၀ိုင်း သူငယ်ချင်း အပေါင်းအသင်းတွေ ဆရာသမားတွေပါ ထိခိုက်တယ်ဆိုတာ အဲဒါဘဲ..။

ကျုပ်အနေနဲ့ ဘာရန်ငြိုးမှ မထားပါဘူး သို့သော်လည်း ကျုပ်ကို ပြစ်မှားမိတဲ့အတွက် မင်းမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်...။ ကျန်းမာရေးတော့ ဂရုစိုက်..။ မင်းပြစ်မှားတာက ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး..အဲဒီတော့ အားကြီးတဲ့ မကောင်းမှုဆိုရင် သူ့စေတနာအလိုက် အကျိုးပေးကလည်း ကြီးမှာပါ..

အားလုံးဘဲ ရန်ငြိုးတွေ ပြေပြောက်ပါစေ....ကမ္ဘာမြေ ငြိမ်းချမ်းပါစေလို့ ဆုတောင်းရင်းဖြင့်.....
18.8.2013 အမှတ်တရ....

Tuesday, August 13, 2013

မိုးကောင်းကင် ဖောင်းပြင် မိုဘိုင်းဆော့ဝဲလေး ထွက်လာတယ်ဟေး...

ကဲဗျာ ဟုတ်တော်ရှိ မဟုတ်တော်ရှိ မနေ့က ငါ့ညီ ကိုပိန်လေးကနေပြီးတော့ ဆော့ဝဲလုပ်ပေးမယ် နည်းရှိတယ်ဆို
ပြီးတော့ ပြောလာတော့ အေးကွာလုပ်ပါ.။ ငါ ငွေတစ်ထောင်ပေးမယ်ဆိုပြီး ကလိခိုင်းလိုက်တာ.။ မဆိုးဘူးဘဲလို့
ပြောရမှာဘဲ။ ဆိုက်ကို မရောက်နိုင်လို့ ဖုန်းထဲကနေပြီး သတင်းလေးတွေ ဒေါင်းလော့ချကာ ကြည့်နိုင်ပါပြီဗျာ.။
နောက်ကောက်ကျတယ်လို့ဘဲပြောပြောပေါ့ဗျာ.။ အဆင်ပြေသလိုကြည့်လုပ်ရတာကိုး..။ ဒီဇိုင်းကတော့ မလန်းပါ
ဘူးနော်.။ သတင်းဆော့ဝဲတွေ တွေ့ဖူးမှာပါ အပြည့်အစုံကြည့်ရန် ဒီနေရာကို ဆက်နှိပ်ပါ ဆိုတာမျိုး လုံးဝမပါဘူး
ဆိုတာတော့ အာမခံပါတယ်.။ ဟုတ်တယ်ဗျာ သတင်းကို ဖြတ်ပြီးတော့ တင်တာကလည်း နဲနဲတော့ စိတ်ကသိ
ကအောက်ဖြစ်တယ်.သို့သော်လည်း သူ့တို့သတင်းလေးတွေက စုံတော့ မချစ်သော်လည်း အောင့်ကာနမ်းရတာ
ပေါ့။ ကျုပ်ရဲ့ဆော့ဝဲလေးကတော့ အဲလို ဖြတ်တောက်ထားခြင်းမရှိပါဘူး အပြည့်အစုံပေါ်ပါတယ်နော်.။ ကဲအား
ပေးလိုရင်တော့ အောက်မှာဒေါင်းသွားကြပေါ့.။ လိုအပ်တဲ့အခါ ဒေါင်းကြည့်ပေါ့ မလိုအပ်ရင် ပြန်ဖြုတ်ထားလို့ ရတာဘဲ သတင်းအသစ်လေးတွေတော့ မပြတ်အောင် တင်ရတော့မှာဘဲဗျာ တတ်နိုင်သလောက်ပေါ့ဗျာ.။ ဘယ်
သူမှ အမိန့်နဲ့ ခိုင်းနေတာမှ မဟုတ်တာ.။ ဟုတ်တယ်မဟုတ်လား..။ ကဲကဲ လာရောက်အားပေးကြတဲ့ မိတ်ဆွေ
အပေါင်းကို ကျေးဇူးတင်ပါတယ်..။ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့..လည်း ဆုတောင်းရင်း...


Wednesday, June 26, 2013

ခံစားချက်နှစ်ခုကို တစ်ပြိုင်နက်ဖောက်ထုတ်ကြည့်ခြင်း (ယနေ့ပြင်ဦးလွင်သွား)

သြော် တယ် ခက်ပါလားကွယ် ကိုယ်က ကောင်းအောင် အဆင်ပြေအောင် လုပ်ပေးပေမယ့် အခန့်မသင့်လို့ အဆင်မပြေတဲ့အခါ သူတို့ခဗျာ ကိုယ့်ကို နားလည်မှု မပေးနိုင်ကြဘူးနော် သူတို့စိတ်ထဲမှာ ကိုယ့်ကို လူဆိုး တစ်ယောက်လို ထင်နေတယ် မြင်နေတယ် ကျုပ်ခုတစ်လော ကံဆိုးနေတယ် ကိုယ်က အကောင်းပြောပေမယ့် အကောင်းဆုံး ဖြစ်အောင် လမ်းညွန်ပြပေမယ့် ကိုယ်အပေါ် အကောင်းမမြင် မကောင်းမြင်နေတယ် မင့်မှာလည်း   လောဘ ဒေါသ မောဟရဲ့ သားကောင်ဖြစ်နေပြီဆိုတာ သတိလေးတော့ ထားပါဦးကွာ ပညာရှိ သတိဖြစ်ခဲ ဆိုသလို ဆိုရင်တော့ ကောင်းပါတယ် သို့သော် ကိုယ်ကိုင်စွဲတဲ့ မူဝါဒဟာ ပြင်သင့်ရင် ပြင်ရမယ် လောကနှင့် ဆန့်ကျင်နေလျှင် ကိုယ့်အနေနဲ့ မှန်တယ်ဆိုပြီး ဖင်ပိတ်မငြင်းသင့်ဘူး ပြောရရင် မင်းဟာ ငါ့ထက် လူဖြစ်စောပါ တယ် သို့သော် အသိပညာနဲတာလား မိုက်ရူးရဲ ဆန်တာလား အဲလိုဖြစ်နေရင်တော့ မင်းဟာ ငါ့ထက် အသက် တစ်ထောင်ကြီးနေပါစေ မင့်ဟာ ငါ့ရဲ့ညီပါဘဲ အသက်ကြီးပြီး ပညာနဲရင်တော့ မင်းဟာ ဘယ်တော့မှ လူကြီးမဟုတ်ဘူး ကလေးပါဘဲ သို့မဟုတ် မင်းဟာ လူအိုပါဘဲ အဲဒီတော့ လူကြီးလား ကလေးလား 

လူအိုလားဆိုတာ ကိုယ့်ဖာသာကို ဝေဘန်ပါ အဓိကအချုပ်အနေနဲ့ ပြောရရင် ကိုယ့်လုပ်တဲ့အလုပ် ကိုယ်ချမှတ်တဲ့ မူ ကိုယ်ပြောခဲ့တာ တွေကို စဉ်းစားပြီး ဆုံးဖြတ်ပါ ဒေါသဖြစ်နေတဲ့ စိတ်နဲ့ ဆုံးဖြတ်သုံးသပ်နေရင် အဒီဆင်းရဲ တွင်းထဲက ဘယ်တော့မှ မလွတ်တော့ဘူး အဒီ သံသရာထဲမှာဘဲ ဝဲလှည့်သလို တရစ်ဝဲဝဲ ဖြစ်နေမယ် မိမိကြောင့် မိမိပတ်ဝန်းကျင်ပါ စိတ်ဆင်းရဲရမယ် ဒီလို ကိုယ်တည်းဟူသောအကြောင်းကြောင့် မိမိသူတစ်ပါး နှစ်ဦးသား စိတ်ဆင်းရဲစရာတွေ လုပ်နေမယ့်အစား ပြေလည်အောင်ညှိနှိုင်း အဖြေရှာသင့်တယ် အဖြေရှာပါသော်လည်း ညှိနှိုင်းပေးတဲ့ သူတွေကို ထပ်ဆင့် အပြစ်မြင်နေရင်တော့ မပြီးဆုံးတဲ့ ဇာတ်လမ်းလေး ဖြစ်သွားမယ် မပြီးဆုံးသေးတဲ့ ဘဝသံသရာ လောကကြီးထဲမှာ ဆိုဆုံးမ လွယ်ကူသော သူတို့နှင့်သာ ပေါင်းသင်းနေထိုင်လို ပါတယ် ကိုယ့်ထက်တော်သူ တတ်သူ လိမ္မာယဉ်ကျေးတဲ့ လူ့အသိုင်းဝိုင်း သူတော်ကောင်း အသိုင်း အဝန်းနဲ့တစ်ကွ စိတ်ချမ်းသာစွာဖြင့် နေထိုင်ရပြီး ဘဝရဲ့ချုပ်ရာ ဇာတိ ဇရာ မရဏတို့ မဖြစ်တော့တဲ့ နိဗ္ဗာန်ကို ရလိုပါတယ်လို့ပြောရင်း အတိုမချုပ်ဘဲ အရှည်ချုပ်မိတဲ့အတွက် နာလည်ပေးနိုင်ကြပါ..ခံစားချက်နှစ်ခုကို တစ်ပြိုင်နက်ဖောက်ထုတ်ကြည့်ခြင်း ဖြစ်ပါတယ်..။ အမှန်ပါဘဲဗျာ ကျုပ်ဘ၀မှာ ဒီလိုအခက်အခဲလေးတွေလည်း
ရှိပါတယ် လူတိုင်းမှာလည်း တစ်နေ့မဟုတ်တစ်နေ့ ရှိနိုင်ပါတယ်.။ သို့သော်လည်း ကျုပ်ကသူများနဲ့ မတူတဲ့အချက် အားသာချက်လေးတွေရှိပါတယ်.။ 

ဘာလဲဆိုလို့ရှိရင် စိတ်ဆင်းရဲစရာတွေ တွေ့နေရတယ်ဆိုရင်တောင် စိတ်ချမ်းသာစရာလေးတွေကို တွေးတတ်တဲ့
အကျင့်လေး ဖြစ်နေလို့ပါ .။ ဟုတ်တယ်ဗျာ များသောအားဖြင့် လူတွေဟာ အာရုံပြောင်းနည်းကို မတတ်ရင် ရင်ထဲမှာ မီးလောင်သလို ပူပြင်းတဲ့ ဒဏ်ကို ခံစားကြရတာကို မြင်ဖူးပါတယ်.။ လူတိုင်းနီးပါးပါဘဲ..စိတ်ဆင်းရဲစရာ
အကြောင်းတစ်ခု ဖြစ်လာရင် တစ်ခြားတွေးစရာတွေကို မတွေးတော့ဘဲ အဲဒီစိတ်ဆင်းရဲစရာလေးကိုဘဲ ထပ်တလဲလဲ တွေးပြီးတော့ ပူပန်နေကြတာများပါတယ်.။ ကျုပ်ကအဲဒီနေရာလေးမှာ ပေါ့ပေါ့တန်တန်နေတယ်ဘဲ
ထားပါတော့ သိပ်ပြီး လေးနက်မှုမထားမိဘူး အဲဒါကြောင့်လည်း စိတ်ချမ်းသာတယ်ထင်တာဘဲ..။ သူများတွေလို
စိတ်ဆင်းရဲလှတယ်ဆိုပြီးလည်း သိပ်တော့ မငြီးငြူမိဘူး အပြစ်လည်း သိပ်တော့မပြောဖြစ်ဖူး..မဟုတ်ဘူး မှားနေ
တာ မြင်ရင်တော့ ရှင်းရှင်းဘွင်းဘွင်း ပညာသားမပါဘဲ ဒဲ့ပြောတတ်တဲ့ အကျင့်လေးပါနေတယ်ဗျာ..။

ဒဲ့လို့ ပြောတာနဲ့ ချဲတောင် စိတ်ကူးပေါ်လာပြန်ပြီး ကိုယ့်အစ်ကိုတစ်ယောက်ပြောတဲ့ ဂဏန်းလေးဘဲ ထိုးထားပါ
တယ်..။ မောင်လမင်းကလည်း ၀ါသနာတူသူဖြစ်ပါလိမ့်မယ်.။ ကိုယ်လည်း သုံးလုံးတော့ နဲနဲဝါသနာပါတယ်.။
စိတ်ကူးရင်လို့တော့ အကောင်းသားဘဲ မပေါက်တတ်ပါဘူးဗျာ.ပေါက်တော့ပေါက်ဖူးပါတယ်.200 ဘိုးနဲ့တော့
ဘာမှ မလုပ်လောက်ပါဘူး..။ ဒီတစ်ပါတ်မှာတော့ ကိုယ့်အစ်ကိုကြီး ဂဏန်းတစ်ပေါက်တော့ ထိုးထားပါတယ်.။
ရှေ့ကတော့ 3 နောက်နှစ်လုံးပေါင်း7 ဆယ်ဂဏန်းပေါ့ဗျာ..။ 370 ထိုးထားတာဘဲ ပေါက်ရင်တော့ စားရမှာပေါ့.။
မပေါက်ရင်တော့ ဒုံရင်းပါဘဲ..။

ကဲ အားလုံးဘဲ နားလည်ပေးကြပါဦးဗျာ ခုတစ်လော ရွာကဧည့်သည်တွေ ရောက်နေလို့ ဘုရားဖူးခရီးရှည်တွေ
သွားနေရတယ်..။ အဲဒါကြောင့် ဒါလေးကိုလည်း ပြစ်ချထားရတယ်..။ မန်ဘာတွေကို ရေးဖို့ ဖိတ်ခေါ်နည်းလေး
က အဆင့်မြင့် အင်တာနက် အသုံးပြုနည်းမှာ ကြည့်လုပ်တာ ပုံတွေက မတူတော့ဘူးဗျာ။ အဲဒီတော့ နဲနဲ လှုပ်ရှား
ရခက်နေတယ်.။ အဲဒါလေး အဆင်ပြေရင်တော့ သူများကိုလည်း နဲနဲ အကူအညီတောင်းရဦးမှာဘဲ.....

အားလုံး ကိုယ်ရော စိတ်ရော ရွှင်လန်းချမ်းမြေ့ကြပါစေ......

Sunday, February 10, 2013

အိမ်ကိုပြန်ဦးမယ်ဗျာ အမေနဲ့ ညီလေးတွေ ညီမလေးတွေ မျှော်နေပြီ

My House ကျုပ်တို့ရဲ့ အိမ်လေး အိမ်လွမ်းသူအတွက် အမောပြေလေးပေါ့ဗျာ
ကဲဗျာ မြန်မာပြည်အောက်ပိုင်း ဘုရားဖူးခရီးကတော့ ပြီးသွားပြီ ရွာက ဘုရားပွဲနဲ့ ပဋ္ဌာန်းပွဲကို အမှီလှမ်းရပေ
ဦးမည် ကျုပ်ဘုရားဖူးမသွားခင်က ပို့စ်လေးတောင် မတင်ထားခဲ့မိဘူး ဖေ့ဘုတ်မှာတော့ အသိပေးထားခဲ့ပါ
တယ်။ ဒီနေ့ည 10 နာရီမှ ရောက်တာဗျာ မကွေးကနေမနက် 4 နာရီခွဲလောက်ကထွက်လာတာ အငှါးကား
နဲ့ပေါ့ ၆သောင်းခွဲပေးရတယ်ဗျာ မြောက်တွေပေါတဲ့ ပုပါးတောင် မရောက်ခဲ့ဘူး ပုဂံဘုရားတွေဘဲ လှည့်ဖူး
ရင်းပြန်လာတာ သဘက်ခါ လဆန်းသုံးရက်နေ့ကျရင်တော့ ရွာကို မုံရွာမှတစ်ဆင့် မော်တော်ရှပ်ပြေးနှင့်
ခရီးနှင်ရ ပြန်ပေးဦးတော့မည်။ ရွာမှာ တစ်လလောက်ကြာချင်ကြာမယ်ပေါ့ဗျာ လုပ်စရာလေးတွေ ရှိသေး
တယ်လေ။ ရွာသားဆိုတော့လည်း ရွာပြန်ရတာပေါ့ဗျာ။ မပျင်းမရိလာလာကြည့်ပေးကြတဲ့ ရပ်ဝေးရပ်နီးမှ
မိတ်ဆွေတွေအားလုံး ကျုပ်ရဲ့ဘလော့အဖော်ဆရာတွေအားလုံးကို နုတ်ဆက်ခဲ့ပါတယ်ဗျာ။ များမကြာခင်မှာ
တော့ ပြန်ရောက်ရင်တော့ ရေးစရာရှိတာလေးတွေရေး တင်စရာရှိတာလေးတွေ ပြန်တင်မှာပေါ့ ခုလော
လောဆယ်မှာတော့ဖြင့် ဘာမျှမတင်နိုင်သေးပါဘူးဗျာ။ ဒါကြောင့်ဘဲ အားနာနာနဲ့ ထွက်ခွါရတော့မယ်။ အင်
တာနက်မပြောနဲ့ ဖုန်းလိုင်းတောင် မမိသေးတဲ့ကျုပ်ရွာမှာတော့ မြင်းခွါတွေ ကပြင်းရွက်သုတ်တွေ လက်ထုတ်ရွက်သုတ်တွေ ပိန်းပေါင်းတွေ အ၀သွားစားဦးမယ် ။ ရွာဆိုတော့ သိတဲ့အတိုင်းဘဲလေ မြို့ကြီးမှာ
လို ဟင်းမကောင်းဘူး ၀ယ်ဖို့ဆိုတာကလည်း မလွယ်ကူ ဒါကြောင့်တောသူ တောင်သားတို့ သဘာဝ တော
အလှ တောဟင်းတောထမင်းကို မြိန်မြိန်ကြီး သုံးဆောင်ရပေးဦးမယ်ပေါ့...။ ပိန်းပေါင်းစားချင်ရင်တော့ လာ
ခဲ့ပါ အုန်းသာဆိုတဲ့ ရွာလေးကိုပေါ့။ ခုဘုရားပွဲလိုမျိုးအချိန်မှာတော့ ဒို့တောဓလေ့ကတော့ ဘယ်အိမ်မှာ ထမင်းစားစားရတယ် သိတဲ့သူဖြစ်စေ မသိတဲ့သူဖြစ်စေ ဘယ်အိမ်မဆို ၀င်ဆွဲလို့ရတယ်ဗျာ မုန့်ပဲသရေစာ
မိမိတို့ တတ်နိုင်သမျှနဲ့ တည်ခင်းဧည့်ခံတယ်။ ကောင်မလေးတွေ သဘောကျရင်တော့ အပျိုလည်းလိုက်
ပြောလို့ရပါတယ်။ ကြွားလိုက်ရသေးတာ..။ မြို့ကြီးမှာတော့ ပွဲဆိုလည်း ဘာမုန့်မှမကြွေးဘူး ဇာတ်ပွဲလေး
ကြည့်ရတာဘဲ အဖတ်လေ.။တောမှာတော့ အဲဒီလိုမဟုတ်ဘူး ဇာတ်ပွဲမပါပေမယ့် ပျော်ရွှင်စရာ အိမ်တွေ
လိုက်လည်ရင်း မုန့်လိုက်စားကြတယ် တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ အဆင်ကိုပြေလို့ ဗိုက်လည်းဝ အပျင်းလည်းပြေတယ်လေ...မုန့်လိုက်စားတာကိုပြောပါတယ်။


ဒါနဲ့စကားမစပ်ဗျာ ဒီနေ့ ကျုပ်ရဲ့အဒေါ်က မနက်စာအတွက် ပုဂံမှာထမင်းစားကြတော့ ဟင်းမှာတာဗျာ။ ဒို့တောက သုံးတဲ့အသုံးနှုန်းနဲ့ မှာလိုက်တော့ ဘာမှမသိရှာဘူး အမဲကြော်နဲ့ ဆိတ်သလုံးကြော်မှာတာလေ
ဘယ်လိုပြောသလဲဆိုတော့ကာ ဟင်းမရှိဘူးလား စသဖြင့်ပေါ့ဗျာ။ အဲဒီမှာ သုံးနှုန်းလိုက်တဲ့ စကားလုံးတွေ
က ဟင်းကတစ်စက်ချေးမှ မရှိတော့ဘူးလား တစ်မယ်မှမရှိဘူးလား အဲဒီလိုတွေ မေးတော့ ရောင်းတဲ့သူက
နားမလည်ဘူးဖြစ်နေတယ်။ အဲဒါနဲ့ အဲဒါမျိုးမမှာရဘူး သူတို့နားမလည်ဘူးလို့ ကြားဝင်စွက်ပြောရတယ်။
ဒို့ဘက်ကတွေက စကားလုံး သိပ်ကြွယ်ဝတယ်လေ ဒီမှာသုံးနှုန်းတဲ့ စကားလုံးတွေကို အတော်များများသိ
တယ် ခေတ်ပေါ်စကားလုံးမဟုတ်တာကိုပေါ့ ဟိုမှာက စကားတွေက အဆန်းတွေ အတော်စုံတယ် အောက်
ပြည်ကသူတွေကတော့ သိပ်နားမလည်ဘူး ဒေသကွဲတော့ အသုံးနှုန်းလေးတွေက ကွာတယ်လေ အဲဒါကို
ကျုပ်တို့ဘက်ကလူတွေက အောက်ပြည်ကလူတွေ စကားဝဲတယ်။ အောက်ပြည်ကလူတွေက အထက်ဗမာ
တွေ စကားဝဲတယ် ဘာလူမျိုးလဲ စသဖြင့်မေးကြတာပေါ့...။ ကဲဗျာ ဒါတွေအသာထား ကြွားလိုက်ပါဦးမယ်
သူများတွေလို တိုက်ကြီးတာကြီးနဲ့ မနေနိုင်ပေမယ့် ကျုပ်ငယ်စဉ်ကနေခဲ့တဲ့ အဖေဆောက်ခဲ့တဲ့ အိမ်လေးကို
ပေါ့။ ဒီမြန်ပြည်တစ်လွှားမှာ ဒီလိုမျိုးအိမ် ကျုပ်တော့မတွေ့ဖူးသေးဘူး ဒါကြောင့် မြင်ဖူးအောင်လို့ ပြလိုက်
ဦးမယ်။ ကျုပ်တို့ရွာကို ရောက်ရင် မိုးကောင်းကင်အိမ်ဆိုတာ ဘယ်လိုလဲဆိုတာ မြင်ဖူးတော့ သိတာပေါ့ဗျာ။









အတွင်းက တိုင်တွေမှာ ဂျီချိုတွေတပ်ထားတယ် အဲဒါတွေကို ဒီတစ်ခေါက်ပြန်ရင်တော့ ရိုက်လာမယ်
သူများ စိတ်ဝင်စားမှန်းမသိ မ၀င်စားမှန်းမသိ လျောက်လုပ်မနေနဲ့ သြော်ကြွားပါတယ်ဆိုနေမှ....
ကျုပ် တစ်ယောက်ထဲ စကားပြောကျင့်နေတာ သူများမြင်ရင်တော့ ဒီကောင်ရူးနေသလားမိသိဘူးလို့
ထင်နေမှာဘဲ ကျုပ်အရီးက ကျုပ်ကိုပြောဖူးတယ် ငယ်ငယ်က တစ်ယောက်တည်း စကားပြောနေလို့
ကောင်လေး မင်းဘာတွေပြောနေတာလဲနဲ့ ငါကစိတ်ကူးယဉ်သမားဆိုတော့ လေ့ကျင့်ထားတာပေါ့ဗျာ။
စကားပြောဖော်မရှိရင်တောင် ကိုယ်တစ်ယောက်ထဲဆိုပေမယ့် လူတစ်ကိုယ် စိတ်နှစ်မျိုးနဲ့ လူနှစ်ယောက်
စကားပြောသလို အပျင်းပြေ စကားပြောလို့ ရတာပေါ့ ဟုတ်ဘူးလား....

ကဲဗျာ အားလုံးအားလုံးဘဲ နုတ်ဆက်ခဲ့တယ်ဗျာ....
အောက်မြန်မာပြည်ဘုရားဖူးလို့ ရသမျှ ကုသိုလ်တွေအားလုံးကိုလည်း မိတ်ဆွေတို့ကို အမျှပေးပါတယ်...။
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး ဘ၀မှာအောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းမေတ္တာပို့သရင်းဖြင့်
မိုးကောင်းကင်မှ နုတ်ဆက် ထွက်ခွါသွားပါပြီ............