မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label Converter ဆော့ဝဲလေးများ. Show all posts
Showing posts with label Converter ဆော့ဝဲလေးများ. Show all posts

Wednesday, May 22, 2013

format factory 3.0.1 Converter လေးပေါ့ဗျာ

ကဲ ဒါလည်း သိပ်တော့မထူးဆန်းပါဘူး အသစ်လေးမို့ ပြန်တင်လိုက်တာပါ.။ အဟောင်းနဲ့ ဘာထူးလဲဆိုတော့
ဘာမှတော့ မထူးပါဘူး 3.0.0 တုန်းကတော့ 50MB ရှိတယ် ခုဟာက 48MB ဆိုတော့ 2MB လျော့သွားတာလေး
တော့ ထူးတာဘဲ သိတယ်..။ မိုဘိုင်းဖုန်းတွေ ဖွင့်လို့ရအောင် MP3 MP4 3GP စသဖြင့် format ဖိုင်ဖောမက်
ပြောင်းတဲ့ ဆော့ဝဲပေါ့ဗျာ..။ အတော်များများ သိပြီးသားပါ ဒီကောင်းလေးက ကီးထည့်စရာမလိုဘူးဗျာ ဒါကြောင့်
ကျုပ်တော့ ဒီကောင်လေး သဘောကျတာနဲ့ လောလောဆယ်မှာ ဒီကောင်လေးဘဲ သုံးနေတယ်ပေါ့ဗျာ..။ အခြား
ဆော့ဝဲတွေက ကီးထည့်ရတယ် ဒီကောင်ကမလိုတော့ ပိုသဘောကျတာပေါ့..။ အဲဒါကြောင့် အသစ်လေးကို
စမ်းပြောင်းလိုရင်ဆိုတဲ့ သဘောနဲ့တင်ထားတာပါ.။ ဟိုအရင်ကတင်ထားတာလေးလည်း ရှိပါတယ် လင့်တော့
သေလားရှင်လား မသိဘူးဗျာ..။ ခုဟာကတော့ ဒီနေ့မှ တင်တာဆိုတော့ မသေသေးဘူး..ရချင်တယ်ဆိုရင်တော့
ယူသွားပေါ့ ဒါက အသုံးလိုတယ်လေ..။

Saturday, November 24, 2012

Format Factory 3.00 Converter

 ကဲဗျာ ထွက်တာတော့ 15ရက် လောက်ရှိတော့မယ်ထင်တယ်။ အခုမှတင်ပေးလိုက်ပါတယ်။ ကျုပ်ဟိုအရင်
ပို့တွေမှာပြောသလိုပါဘဲ။ ကျုပ်ကိုယ်တိုင်က fileHippo မှာများသောအားဖြင့်ရှာဒေါင်းပါတယ်။ အဲဒီမှာ အ
တော်လည်း စုံပါတယ်။ ကျုပ်ဆိုက်ညာဘက်ခြမ်းလေးမှာလဲ သူ့လင့်ထည့်ထားပါတယ်။ ကိုယ်လိုအပ်တာ
လေးတွေကို အဲဒီဆိုက်ဖြစ်ဖြစ် ကျုပ်တို့မြန်မာဆိုက်လေးတွေမှာဖြစ်ဖြစ် အရင်ဆုံးရှာကြဖို့ တိုက်တွန်းလို
ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ကိုယ်တိုင်က သူများဆိုက်လေးတွေရှာပြီး ကိုယ်သဘောကျတာလေး
တွေကိုဘဲ သေးငယ်တဲ့ဆော့ဝဲလေးတွေကိုမှ တင်နိုင်လို့ပါ။ သိတဲ့အတိုင်းဘဲဗျာ မြန်မာပြည်အင်တာနက်
လိုင်းကောင်းတာကတော့။ အဲဒါကြောင့်ပါ ကျုပ်ကလည်း ပညာရှင်မဟုတ်ပါဘူး ကိုယ်သဘောကျတာလေး
တွေ မှတ်တမ်းမှတ်ရာလေးကျန်အောင်ဆိုတဲ့ သဘောနဲ့ဆိုက်လေးလုပ်ထားတာပါ။ ကဲဗျာ ဘာပဲပြောပြော
ဒီFormat Factory 3.00 ဟာ အတော်ကောင်းတယ် ကျုပ်အခုနောက်ပိုင်းမှာတော့ ဒီကောင်လေးဘဲ သုံးပါ
တယ်။ အသစ်ထွက်သမျှ ဒေါင်းလော့ချပြီး သုံးပါတယ်။ မရှိသေးရင် စမ်းသုံးလိုရင်တော့ ဒေါင်းလော့ချသွား
လိုက်ပါ။ နည်းပညာဆိုက်လေးတွေချည်း ကျုပ်စုဆောင်းပြီး ဆိုက်လေးတစ်ခုလုပ်ထားပါတယ်ဗျာ hlamin.blogspot.com/   ပါ အဒီမှာလည်း ကိုယ်သဘောကျတဲ့ဆိုက်လေးမှာ ရှာကြည့်
နိုင်ပါတယ်ဗျာ
♣♣♣♣  DOWNLOAD HERE  ♣♣♣♣

♣♣♣♣ DOWNLOAD ANOTHER ♣♣♣♣

All-in-one Video Converter

 မနေ့က ကိုအောင်ခိုင်တောင်းထားတဲ့ဆော့ဝဲကို ရှာကြည့်တယ်ဗျာ။ ကျုပ်အထင်တော့ MPG 4 Converter
ဆိုတာ MPEG 4 လို့ခေါ်တဲ့ MP4 ပြုလုပ်တဲ့ဆော့ဝဲလို့ထင်တာဘဲ။ ကျုပ်အနေနဲ့ အခုတင်ပေးလိုက်တာက
ဖုန်းနဲ့ပါတ်သက်ပြီး အတော်များများ Converter ပြုလုပ်ပေးနိုင်တဲ့ဆော့ဝဲလေးပါ။ ကျုပ်လည်း Format အကြောင်းကတော့ တစ်အားကြီးမသိဘူးဗျာ ကိုယ်သုံးနေကြ format လေးတွေတာသိတယ်။ အဲဒါကြောင့် အမှားဖြစ်နေရင်လည်း ခွင့်လွတ်ပါ ကိုယ်ကိုတိုင်လည်း google မှာ MPG 4 ဆိုပြီး ရှာနိုင်ပါတယ်။ ကဲအခု Converter ကတော့ iPhone iPad စသဖြင့်များစွာ ပြုလုပ်ပေးနိုင်ပါတယ် ပုံမှာလည်းကြည့်နိုင်ပါတယ်နော်။
ကဲအလိုရှိသူများလည်း လိုချင်တယ်ဆိုရင်တော့ ဒေါင်းလော့ချသွားကြပါ။ ကျုပ်လည်း ဒီဆော့ဝဲကိုတော့
အခုမှ စမ်းသုံးရမှာဘဲ မသုံးဘူးသေးဘူး။ flv ကို Converter လုပ်နိုင်ပါတယ်။
 ♣♣♣♣  DOWNLOAD MEDIAFIRE  ♣♣♣♣

ဒီအောက်ကဆော့ဝဲလေးကတော့ GotGo Videro Converter လေးပါ။
 ♣♣♣♣  DOWNLOAD  ♣♣♣♣
မူရင်းဆိုက်များမှာလည်း ရှာဖွေ ဒေါင်းနိုင်တယ်နော်။
http://www.freedvdripper.net/software/aimersoft-video-converter.html
 
http://www.moyeamedia.com/video-converter/mp4-converter.html