မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Wednesday, July 10, 2013

၂ဝ၁၄ ဒုတိယလေးလပတ်တွင် မိုဘိုင်းဖုန်းများ Telenor စတင်ရောင်းချမည်

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများ စတင်ရောင်းချခြင်းကို ၂ဝ၁၄ ဒုတိယလေးလပတ်တွင် ဆောင်ရွက်သွားမည်ဟု Telenor Group မှ သိရသည်။ မိုဘိုင်းဝန်ဆောင်မှုပေးရာတွင် Voice နှင့် Data နှစ်ခုစလုံးကို ပေးမည်ဖြစ်ပြီး မိုဘိုင်း ဖုန်းနှင့်ဆက်စပ် ဝန်ဆောင်မှုများအပြင် အပို ဝန်ဆောင်မှုများကိုလည်း အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ယင်း ကုမ္ပဏီမှ ထုတ်ပြန်ချက်အရ သိရသည်။မိုဘိုင်းစနစ်ကို အဆင့်မြင့်နည်းပညာဖြစ်သည့် HSPA နှင့် LTE-ready နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး မိုဘိုင်းကွန်ရက်ဖြန့်ကြက်ခြင်းကိုငါးနှစ် အတွင်း   ဆောင်ရွက်ပေးမည်ဟု သိရသည်။ မြန်ဆန်သော ကွန်ရက်ဖြန့်ကြက်မှု၊ ဈေးနှုန်းသင့်တင့်သည့်ဝန်ဆောင်မှုများ ကို ဆက်သွယ်ရေးဆိုင်ရာမဟာဗျူဟာလေးရပ်မှ တစ် ရပ်ဖြစ်သည့် ဖြန့်ချိရေးကွန်ရက်မှ ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း၊ဖုန်းဈေးနှုန်းနှင့်ခေါ်ဆိုခများကိုလက်ရှိဈေးကွက်အတွင်းမှ နှုန်းထားများထက် လျှော့ချသွား
မည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုပ်သားအင်အားလိုအပ် ချက်များကို မြန်မာ   နိုင်ငံမှ ဒေသခံများဖြင့်သာ ခန့်အပ်ဖြည့်တင်းသွား မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း Telenor နှင့် လုပ်ငန်းဆက်စပ်သည့် တစ်ဆင့်ရောင်းချပေးသူ၊ ပစ္စည်းတင်သွင်းသူ၊ ဖြန့်ချိသူတို့အပေါ် မူတည်၍ လုပ်ငန်းများ ထပ်ဆင့်ပေါ်ထွက်လာ မည်ဖြစ်ကြောင်း၊ လောလောဆယ်တွင်လည်း အလုပ်အကိုင်များ ခေါ်ယူရန် 


စီစဉ်လျက်ရှိပြီး မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် Telenor သည် မိုဘိုင်းဖုန်းဝန်ဆောင်မှုများပေးရန် အတွက် ဆက်သွယ်ရေးတင်ဒါ၏ နောက်ဆုံးအဆင့် ညှိနှိုင်းမှုများကို မြန်မာ အစိုး ရတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း၊ ယင်းအပြင်ရန်ကုန်အခြေစိုက်ရုံးနှင့် ဖွင့်လှစ်ရန် ဆောင်ရွက် မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းကိစ္စများပြီးမြောက်ပါက မိုဘိုင်း ဝန်ဆောင်မှုကို
စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

  အောင်ဇော် PopularNewsJournal မှ ကူးယူဖော်ပြထား

0 comments:

Post a Comment