မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့
Showing posts with label စီးပွါးရေး ကြီးပွါးရေးများ. Show all posts
Showing posts with label စီးပွါးရေး ကြီးပွါးရေးများ. Show all posts

Thursday, October 31, 2013

ဖလမ်းတွင် အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ

 
ဖလမ်း အောက်တိုဘာ ၃ဝချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။ ''ကျွန်တော် တို့ ရှာဖွေတွေ့ရှိထားတဲ့ကိစ္စကို အထက်အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တူးဖော်ခွင့်ကိုလည်း မကြာခင်မှာ ရရှိနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်'' ဟုလာလ်းရမ်းပမ်းနာ က ပြောသည်။ ဓာတ်ပုံများတွင် တွေ့ရှိချက်အရ ယင်းကျောက်မျက်များသည် ပတ္တမြားကဲ့သို့အစိမ်းရောင် သန်းကာ ကြည်လင်နေပြီး အခြားသောအရောင်များဖြင့် ခြယ်သကာ အလှပစ္စည်းနှင့် အိမ်တွင်းအလှ ဆင်မြန်းရာတွင် အဓိကအသုံး ပြုလျက်ရှိကြသည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ တောင်ကြောတစ်ခုတွင် Chrysoprase ကျောက်မျက်အမြောက်အမြား ထွက်ရှိနိုင်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ ကျော် ခန့်ဖြင့် ပေါက်ဈေးရှိသည်ဟု သိရသည်။Credit To:သတင်းနှင့်စာနယ်ဇင်း Zin Yaw မှ

Tuesday, October 22, 2013

Website (or) Blog တွေ ဒေါ်လာငွေနဲ့ ဘယ်လောက်တန်လဲ တွက်ကြည့်မယ်...

blog တွေ Website တွေကို အမေရိကန်ဒေါ်လာနဲ့ ဘယ်လောက်တန်နေပြီလဲဆိုတာ တွက်ချက်နိုင်မယ့်
ဆိုက်လေးတစ်ခုကို တွေ့လာလို့ အမှတ်တရဖြစ်အောင် တင်လိုက်တယ်။ ကိုယ့်ဘလော့လေး ထည့်စမ်း
ကြည့်တာတော့ 250 တန်ဆိုဘဲ။ နာမည်တော်တော်လေး ရနေတဲ့ဆိုက်လေးတွေကိုလည်း စမ်းကြည့်တယ်။
ဒေါ်လာ 2000 တန် 1000 တန်စသဖြင့် တွေ့ရပါတယ်။ ကျုပ်ဆိုက်ထဲမှာ ဆိုက်လင့်တွေအများကြီးဘဲ ကူး
ထည့်ပြီးတော့ ဘယ်လောက်တန်လဲ စမ်းကြည့်ကြပေါ့ဗျာ။ ရောင်းစားလို့တော့ မတန်ဘူးထင်တာဘဲ။ 250
ဆိုတော့ နဲနဲလေးလေ။ ကဲပါ အပျင်းပြေပေါ့။ ဒီလင့်လေးကတော့ မောင်ပေါက်ဆီမှာ တွေ့တဲ့လင့်လေးပါ။
အပျင်းပြေ စမ်းကြည့်လို့ ရတာပေါ့။ ဗဟုသုတလည်း ဖြစ်တာပေါ့ဗျာ။ အောက်က လင့်မှာ စစ်ပါ။

Wednesday, October 9, 2013

မြန်မာနိုင်ငံသားများ Master Card သုံးနိုင်ပြီ (ဧရာဝတီ) နှင့် ကိုယ့်တွေ့ အတွေ့အကြုံ ပေါင်းစပ်ရေးသားခြင်း ။ သတင်းကောင်း

မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံပေါင်း ၂၁၀ ကျော်တွင် သယ်ဆောင် အသုံးပြုနိုင်သည့် အွန်လိုင်းငွေ
ပေးချေမှုစနစ် Easi Travel Master Card ကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တခုဖြစ်သော သမ၀ါယမဘဏ်(CB Bank) နှင့် Master Card တို့ ပူးပေါင်း၍ ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော် ရှိ ATM ငွေထုတ်စက်များ တွင် ငွေသားထုတ်ယူနိုင်ပြီး ဈေးဝယ် စင်တာများ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ် အခန်းဌားရမ်းခြင်းများ အပါအဝင် နေရာအများစုတွင် လက်ခံ အသုံးပြုနေသော အွန်လိုင်း ငွေပေးချေမှုစနစ် Master Card ကို မြန်မာနိုင်ငံသားများ အတွက် ပထမ ဆုံး စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ အနေဖြင့် CB ဘဏ်တွင် Master Card ပြု လုပ်ပြီး ကမ္ဘာ့နိုင်ငံအများအပြားသို့ သယ်ဆောင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း CBဘဏ် ၏ အုပ်ချုပ်မှုဒါရိုက် တာ ဦးဖေမြင့်က ဧရာဝတီသို့ပြောသည်။




“ပြည်ပနိုင်ငံ သွားမယ့် မြန်မာတွေအနေနဲ့ Master Card သုံးစွဲချင်တယ်ဆိုရင် လျှောက်လို့ရပြီ၊ မန္တလေး အပါအဝင် နယ် မြို့တွေ မှာလည်း ကတ်တွေ လျှောက်လို့ရအောင် လုပ်ဖို့ရှိတယ်၊ လောလောဆယ်တော့ နယ်ကလူတွေက ရန်ကုန် မှာ လာလျှောက်ရမယ်။ ကတ်လျှောက်ပြီး ၄ ရက် လောက် စောင့်ပြီးတာနဲ့ Master Card ထုတ်ယူ သုံးလို့ရပြီ”ဟု ဦးဖေမြင့် က ရှင်းပြသည်။ မြန်မာနိုင်ငံသား များအနေဖြင့် Master Card ပြုလုပ် ရာတွင် ကတ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ထည့်သွင်းထားနိုင်ပြီး မြန်မာငွေဖြင့် ငွေသား ထည့်သွင်းမည်ဆိုပါက မြန်မာငွေနှင့်အမေရိကန်ဒေါ်လာ ပေါက်ဈေး ပေါ် မူတည် တွက်ချက် ရရှိလာသော   ဒေါ်လာငွေတန်ဖိုးကို Master Card တွင် ထည့်သွင်းပေးထားမည်ဖြစ်ကြောင်း၊ Master Card အသုံးပြု နိုင်သော ပြည်ပနိုင်ငံများတွင် ယင်းကတ် ဖြင့် ငွေထုတ် သုံးမည်ဆိုပါက ငွေတခါ ထုတ်တိုင်း ဝန်ဆောင်ခ ၃ ဒေါ်လာ ပေးရမည် ဖြစ်ပြီး ကတ် ပျက်စီးခြင်းနှင့် ပျောက်ဆုံးခြင်း တို့အတွက် လျှောက်ထား ပါက ဝန်ဆောင်ခ မြန်မာငွေ ကျပ် ၁၀၀၀၀ ပေး၍ ကတ် အသစ် ပြန်လျှောက်ရမည်ဟု သိရှိရ သည်။လတ် တလော Master Card အသုံးပြုရန် လျှောက်ထားသော မြန်မာနိုင်ငံသားအရေအတွက် ၅၀၀ကျော် ရှိပြီး ကတ် လျှောက်လိုသူ များအနေဖြင့် သမဝါယမဘဏ်ရုံးချုပ်နှင့် သတ်မှတ်နေရာ များတွင် ဝန်ဆောင်ခ ကျပ်ငွေ ၈၀၀၀ပေး၍ စတင် လျှောက်ထား နိုင်ကြောင်း၊ နိုင်ငံခြားသို့ ချက်ချင်း ထွက်ခွာမည့်သူများအနေဖြင့် အွန်လိုင်းဖြင့်လည်း လျှောက်ထား နိုင်ကြောင်း သိရသည်။


CB ဘဏ်အနေဖြင့် Master Card ၀န်ဆောင်မှုအပြင် မြန်မာနိုင်ငံသားများ Visa Card အသုံးပြုနိုင်ရေးကို ပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ MasterCard ၏ အရှေ့တောင် အာရှဆိုင်ရာ ဥက္ကဋ္ဌ ဖြစ် သူ Mr Matthew Driver က “အရင်က အပျော်ခရီးသွားတာ ပဲဖြစ်ဖြစ်၊ စီးပွားရေးအရ ခရီးသွားတာ ပဲဖြစ်ဖြစ် ငွေသားတွေ အများကြီးယူသွားဖို့လိုအပ်တဲ့ မြန်မာနိုင်ငံသားတွေအတွက် Master Card က ရွေးချယ် စရာနည်းလမ်း တခုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သူတို့တွေကို လုံခြုံစိတ်ချရတဲ့ ငွေပေးချေ မှုစနစ်ကို ပြည်ပနိုင်ငံတွေမှာ အသုံးပြုနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုကြောင်း CB ဘဏ်၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

ကမ္ဘာလှည့်ခရီးသည်များအပါအ၀င် နိုင်ငံခြားသားဧည့်သည်များအတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ ATMငွေထုတ် စက်များတွင် Master Card နှင့် Visa Card ဖြင့် ငွေသားထုတ်ယူနိုင်သည့် စနစ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ သည်။

http://burma.irrawaddy.org/business/2013/10/09/49271.html
ကနေ ကူးယူဖော်ပြထား
ကျုပ် ကမ္ဘောဇဘဏ်မှာ လုပ်တုန်းကတည်းက သတင်းကတော့ကြားပါတယ်။ ကျုပ်ကမ္ဘောဇဘဏ်မှာလုပ်
တာက ATM Card ပါ မြန်မာပြည်တွင်းကတော့ ဘယ် ATM စက်မှာမဆို ငွေထုတ်နိုင်တယ်။ KBZ ဘဏ်မှ
အခြားသော ဘဏ်က ATM စက်တွေမှာ ငွေထုတ်မယ်ဆိုရင်တော့ အဲဒီဘဏ်ကို ၀န်ဆောင်ခ အနဲအကျဉ်း
ပေးရမယ်လို့ ပြောပါတယ်။ KBZ ဘဏ်က ATM ငွေထုတ်စက်တွေမှာ ထုတ်ရင်တော့ ငွေမပေးရပါဘူး။
တစ်ခါထုတ်ရင် မြန်မာငွေ သုံးသိန်းထုတ်နိုင်ပါတယ်။ ရာဂဏန်းတွေတော့ ထုတ်မရဘူး သိန်းရာချီ ထုတ်မရ
ကို ပြောသည်မဟုတ် 1200 ကျပ်တို့ ဘာတို့ပေါ့ဗျာ။ ရာဂဏန်း ဆယ်ဂဏန်းတွေ မထုတ်ရဘူး။
1000 တစ်ထောင် 2000 နှစ်ထောင် 5000 ထောင် 10000 တစ်သောင်း စသဖြင့် ထောင်ဂဏန်းတွေနဲ့ ထုတ်
ရမှာပေါ့ ။ သုံးသိန်းထုတ်မယ်ဆို 5000 ထောင်တန်တွေ ထွက်လာလိမ့်မယ်ပေါ့ဗျာ...။ 200 ကျပ်တန်တွေ
ဘာတွေ မထည့်ထားဘူး။ ကဲဒီလောက်ဆို ရိပ်မိရောပေါ့.....ဒါကတော့ ကိုယ်တွေ့ အတွေ့အကြုံလေး နဲနဲ
ဖြည့်လိုက်တာပါ။

ငွေတစ်ခါထုတ်သုံးသိန်းဆိုတာ ကဒ်ကို ATM စက်ထဲထည့်ပြီးတော့ မိမိလျှို့ဝှက်ကုဒ်ဖြည့် ငွေထုတ်ချင်သ
လောက်ကို သတ်မှတ်ပေးရတယ်ဗျာ။ တစ်ထောင်ထုတ်ချင်ရင် 1000 လို့ ရိုက်ပေးလိုက်ရင် ATM Card က
အရင် ထွက်လာမယ် နောက်တော့ ငွေထွက်ပေါက်ကနေ ဒို့ ဟို Prent ထုတ်သလို ငွေထွက်လာတယ်ပေါ့။
မလုပ်ဖူးသေးရင် ဒါလေး ဘယ်လိုထွက်လာတယ်ဆိုတာ ဗဟုသုတဖြစ်ပေါ့ဗျာ။
ဒီ ATM Card တွေကတော့ 2000 လောက်စပြီး ထည့်နိုင်ပါတယ်။ ပြည်တွင်း သုံးရုံပေါ့ အွန်လိုင်းတွေကတော့
MyanPay နဲ့တော့ ချိတ်လို့ရမယ်။ Paypal အကောင့်နဲ့တော့ မရဘူးပေါ့။ အဲဒါကွာတာဘဲ။ ဟိုအခု Master Card ကတော့ Paypal Account တွေနဲ့ ချိတ်ဆက်လို့ရမယ်။ သူတို့အသိပေးထားတဲ့ နိုင်ငံတွေမှာ ငွေထုတ်နိုင်
တယ်။ ရှင်းရှင်းပြောရရင် နိုင်ငံခြားမှာလည်း ငွေထုတ်နိုင်တယ်ပေါ့။ ထုတ်ခက 3 ဒေါ်လာဆိုတော့ 2700 လောက်တော့ ပေးရမယ်ပေါ့ဗျာ။ နိုင်ငံခြားမှာ ထုတ်မယ်ဆိုရင်ပေါ့ ဒါကတော့ ၀န်ဆောင်ခပေါ့။
အင်တာနက်နှင့် တစ်ခါတည်း ချိတ်ဆက်ထားတာကိုး။ ပြည်တွင်း ATM Card တွေလည်း အွန်လိုင်းနဲ့ တစ်ခါ
တည်း ချိတ်ဆက်ထားတာဘဲ။ အဲဒီစက်တွေမှာကတော့ နိုင်ငံခြားမှာ ပြုလုပ်ထားတဲ့ Master Card တွေနှင့်
Visa ကဒ်တွေလည်း မြန်မာပြည်မှာ ငွေထုတ်နိုင်တယ်ပေါ့။ အထူးသဖြင့်တော့ နိုင်ငံခြားသားတွေ ငွေလွယ်
ကူစွာ ထုတ်သုံးနိုင်တယ်ပေါ့ဗျာ။ ဒို့မြန်မာများကတော့ Master Card Visa Card တို့ စောစောက သုံးလို့ မရ
သေးလို့တာပါ။ ခုတော့ မြန်မာပြည်တွင်းကလည်း ဒါတွေ သုံးလို့ ရပြီဆိုတော့.....

အွန်လိုင်းငွေချေမှုစနစ်တွေ အမြန်ထွန်းကားလာတော့မှာဆိုတဲ့အကြောင့် ထပ်ဖြည့်ပြီးတော့ ပြောကြားလိုက်
ရပါကြောင်း သောတဆင် အပေါင်းတို့ခမျာ...ဟေ ဟေး ရေးတတ်တယ်နော်.....

ကိုယ်တွေ့နှင့် နှိုင်းချိန်ပြီးတော့ ဖြည့်စွက်ရေးသားလိုက်တာပါ.....
အားလုံး ဗဟုသုတ တိုးပွါးကြပါစေ..
မပျင်းရင် facebook Like လေး ကလစ်သွားပါဦးနော်....




နိုင်ငံခြားသွားမည့် သူများအနေဖြင့် အွန်လိုင်းမှာ အကောင့်လျှောက်ထားလိုရင်တော့
http://www.cbbank.com.mm/mastercard/
ဒီလင့်လေးကို သတိရလိုက်ပါ....

Sunday, September 29, 2013

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း (IT Helper)

မြန်မာနိုင်ငံကနေ pay pal အကောင့်တွေဖွင့်ပြီး ပိုက်ဆံကို မြန်မာငွေအနေနဲ့ဘယ်လိုပြန်ထုတ်မလဲ ဆိုတာကိုမေးထားတဲ့ အစ်ကိုတွေအတွက်ပါ။ ကျွန်တော်တို့ဆီမှာ အသုံးပြုနေကြတဲ့ Pay Pal လိုပဲ MyanPay  ဆိုတဲ့ online banking ကိုအသုံးပြုပြီး ထုတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ Bank account ရှိထားရမှာဖြစ်ပြီး MyanPay account လည်းရှိထားမှအဆင်ပြေပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။



ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ
Picture
Create Personal Account ကိုရွေးပါ
Picture
ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ
Picture
Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
Picture
ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
Picture
Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။
Picture
ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..
Picture
အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
Picture
ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
ဆက်ကြည့်လိုက်ပါဦး။
Picture
ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...

credit  MM IT Helper

Thursday, September 19, 2013

မိမိလဲ ပိုက်ဆံရ .. မန်ဘာဝင်သူ အယောက်ငါးရာရှိရုံနဲ့ ဒေါ်လာ 60 $ လည်းရတဲ့ Outbux လက်တွေ့စမ်းသပ်ပြီးဆိုဘဲ (ITHelPer)

မင်္ဂလာပါ ကျွန်တော် ငွေအစစ်အမှန်ရှာနေတဲ့ဆိုဒ်တွေကို ကိုယ်တိုင်စမ်းသပ်ပြီးဆက်တိုက်ဆိုသလို တင်ပေးခဲ့ပါတယ်..တစ်ကယ်ထုတ်လို့ရပြီဆိုတဲ့အခါကျမှ တင်ပေးခဲ့တာပါ..ငွေရှာတဲ့ဆိုဒ်အတုတွေလဲ
ရှိပါတယ်..ဒါကြောင့်သေချာစမ်းတင်ပေးခဲ့တာပါ... ကဲအခု Outbux ဆိုတဲ့ ငွေရှာတဲ့ဆိုဒ်အကြောင်းကို မိတ်
ဆက်ပေးမယ်ဗျာ... တစ်ကယ်လုပ် အဟုတ်ရတယ်...တစ်လလောက်ပဲ ကြော်ငြာတွေကိုသီးခံClick .. ငွေရရှိမှုနှုန်း Level တက်လာတာကိုတွေ့ရပါလိမ့်မယ်....ရလာတဲ့ပိုက်ဆံတွေကို Rental Referral ၀ယ်.. တစ်နည်း ရှယ်ယာဝယ်ပေါ့..မိမိရဲ့ Link ကိုလည်း သူငယ်ချင်းတွေဆီဖြန့်ပြီး ရှယ်ယာဝင်ခိုင်း အလုပ်လုပ်ခိုင်း .. 
 
ဒီလို ငွေရှာတဲ့ဆိုဒ်တွေမယ်လုပ်ရတာ
ဘားမှအချိန်ကုန်တာမဟုတ်ပါဘူး...ငွေတွေများလာလို့ထုတ်ချင်သလား
..မပူနဲ့...ငွေရှာနည်းအကြောင်း သေချာမသိသေး
ဘူးလား မပူနဲ့ adflycreator@gmail.com ဆီကိုသာ Mail ပို့မေးမြန်းလိုက် 24 နာရီအတွင်းချက်ချင်းကူ
ညီပေးပါတယ်... ကဲ.. ဟုတ်ပီ Outbux ဆိုတဲ့ဆိုဒ်မယ်ရှာမယ်နော်...ဘယ်လို ရှာမလဲ ??

အရင်ဆုံး ငွေရှာနည်းအကြောင်းကိုနားမလည်သေးသူတွေကတော့ ဒီမှာ သေချာလေး အချိန်ပေးဖတ်လိုက်
ပါဦး...  နားလည်သွားပြီဆိုရင် Outbux မှာငွေရှာနည်းစမယ်.... ငွေရှာနည်း . .ရှယ်ယာဝယ်နည်း..အကုန်လုံးကသဘောတရားအတူတူပါဘဲနော်.....အိုကေ...

Outbux မှာ Member ၀င်ဖို့ ဒီကိုနှိပ်ပါ..

တစ်ခါတစ်လေ မန်ဘာဝင်တဲ့အခါ Sorry , Your IP Address is used by other member ဆိုပြီးပေါ်တတ်တယ်.. ဒီတော့ IP Address ကိုကျော်ခွပြီးလုပ်မှရတော့မှာပေါ့..ကျော်ခွနည်း
ကတော့ ဒီမှာ ဖတ်ပါ။ 
ကဲ..မန်ဘာလည်းဝင်ပြီးပြီ ဖတ်လဲဖတ်ပြီးပြီဆိုရင် သဘောပေါက်လောက်ပြီထင်ပါတယ်..အလုပ်ကတော့
ရှင်းရှင်းလေးပါဘဲ.. ကြော်ငြာ Click တယ်...ပိုက်ဆံစုတယ်..ရှယ်ယာတွေဝယ်တယ်..ဒီလိုနည်းနဲ့
ပိုက်ဆံများလာအောင်လုပ်တာပေါ့...ဟုတ်ပြီး Outbux မှာကျတော့ကြော်ငြာဘယ်လိုကြည့်မလဲ ?
အောက်ပုံမယ်ပြထားတဲ့အတိုင်း View ADS ကိုနှိပ်လိုက်...အဲဒါဆိုရင် Click ရမယ့်ကြော်ငြာတွေပေါ်လာမယ်..အဲဒီထဲမှာမှ အပြာရောင်ဘားကို ကြော်ငြာကြည့်ဖို့Click လိုက်
click လိုက်ရင်အောက်ကအတိုင်း  ပေါ်လာမယ်...( တစ်ခုသတိပေးတာက ကလစ်လိုက်တာနဲ့ တန်းပေါ်တာမဟုတ်ပါဘူး..သူသတ်မှတ်ထားတဲ့ Webpag ရဲ့စာမျက်နှာအပြည့်ပေါ်မှ Click ရမယ့် ပုံတွေပေါ်တာပါ..ကျွန်တော်ကတော့ GSM Connection နဲ့သုံးတယ်...တစ်မိနစ်လောက်နေလို့မှClick ရမယ့်ပုံတွေမပေါ်သေးရင် Loading ပြန်ဆွဲတယ်.မကြာဘူးတန်းပေါ်လာပါတယ်...
ပုံမှာ Click ဖို့ ပုံခြောက်ပုံပေါ်လာပါတယ်နော်... ဘေးမယ်စာရေးထားတယ်.. " Click the upside down Picture" ဆိုတော့ အောက်ကို ဇောက်ထိုးဖြစ်နေတဲ့ပုံကို click ခိုင်းတာပါ.. ခြောက်ပုံထဲက ဇောက်ထိုးဖြစ်နေတဲ့ ပုံကို ကလစ်ပေးလိုက်ပေါ့.. ဒါဆိုရင် အောက်က အတိုင်း
အမှန်ခြစ်ပေါ်လာပါ့မယ်..ဒါဆိုရင် ကြော်ငြာတစ်ခု ကြည့်လို့ပြီးသွားပါပြီ..

ကျန်ရှိနေတဲ့ကြော်ငြာတွေကိုလည်း ဒီအတိုင်းသာ ကလစ်သွားပါ...ကိုယ်ပိုင်ဖုန်းသမားတွေကတော့ မနက်ခင်း 7 နာရီ 8 နာရီလောက်ထလုပ်ကြည့်ပါ..မြန်မှမြန် ခဏလေးနဲ့ တက်ပါတယ်။ အိုကေ..ကြော်ငြာ
ကြည့်ပြီးပြီဆိုတော့.. ကိုယ့်ထဲကို မန်ဘာဝင်အောင် လုပ်နည်းပြောပါ့မယ်....အောက်က ပုံကိုအရင်ကြည့်လိုက်ပါ
Banners ကို ကလစ်ပါ.. ပြီးတာနဲ့ HTML ထဲက အစိမ်းရောင်ပြထားတဲ့ထဲက Link ကိုကော်ပီကူးပါ..ဥပမာ.
http://www.outbux.com/?ref=aungsan လိုလေးဖြစ်ပါတယ်.. အစိမ်းရောင် အကွင်းပြထားတဲ့ စာသားကို
ကော်ပီကူးပြလိုက်တာပါ..အဲလိုမှမဟုတ်လဲ ထိပ်ဆုံးမယ် Your referral link: http://www.outbux.com/?ref=aungsan ဆိုပြီးရှိပါတယ်..အိုကေ.. အဲ Link ကို မိမိလိုဘဲ ငွေရှာစိတ်ဝင်စားသူဆီကိုပေးလိုက် ရော့..သူငယ်ချင်းရေ..ဒါလေးကတော့ ဒီလို ဒီလို ငွေရှာတယ်ကွာ..အဆင်လဲပြောတယ်..မင်းလုပ်ချင်ရင် ဟောဒီက Link မယ်မန်ဘာဝင်လိုက်..ငါလုပ်နည်းသင်ပေးမယ်.. ဘာညာ ကွိကွ လုပ်ထည့်လိုက်... ပွဲစားပါးစပ်ပေါ့ :D .. ကိုယ်ပေးလိုက်တဲ့သူက မန်ဘာဝင်လာပြီဆိုတာနဲ့ မြှားအပြာပြထားတဲ့အတိုင်း မန်ဘာဝင်သူအရေအတွက်
တက်လာပြီပေါ့ဗျာ..သူတို့က ကိုယ့်ထဲမယ်မန်ဘာဝင်မယ်...ပြီးတော့ သူတို့ ကြော်ငြာကလစ်ကြမယ်ဆို
ရင်..သူတို့ကလစ်တဲ့အထဲက $0.02 ရှယ်ယာ အမြတ် ကိုယ့်အတွက်ရမှာပါ... ဒီလို ပွဲစားလုပ်တာကိုတော့
Direct Referral လုပ်တယ်လို့ခေါ်ပါတယ်.... ရှယ်ယာ ၀ယ်တာကိုတော့ Rental Referral လို့ခေါ်ပါတယ်..
Rental Referral ဘယ်လိုဝယ်မှာလဲ..ဟုတ်ကဲ့.. ထိပ်ဆုံးမယ်. ဒီမှာ သေချာလေး အချိန်ပေးဖတ်လိုက်ပါဦး.
ဆိုတဲ့နေရာမှာ ကြည့်နိုင်ပါတယ်..အဲဒီမှာရေးထားတာတွေကိုသာ သေချာဖတ်ပါ..လုံးဝလုပ်တတ်သွားစေရ
ပါ့မယ်.. မလုပ်တတ်ဘူး နားမလည်ဘူးဆိုရင်လည်း adflycreator@gmail.com သို့ဆက်သွယ်နိုင်ပါတယ်

ကဲဟုတ်ပြီ အဲလိုနဲ့ Direct Referral တွေကိုရှာသွားမယ်ဆိုပါစို့..ကိုယ့်ထဲကို မန်ဘာဝင်လာသူက အယောက်ငါးရာပြည့်တာနဲ့ 60$  အပိုဘောက်ဆူးရပါ့လိမ့်မယ်....အောက်က ပုံကိုကြည့်ပါ

ပုံမယ်ပြထားတဲ့အတိုင်း တစ်ကယ်ပေးမှာပါ..ဘာလို့သိသလဲဆိုရင် ကျနော် The bux မယ်လဲ ရှာနေပါတယ်..သူက အယောက် 250 ပြည့်ရင် 30 $ ပေးပါတယ်..ကျနော်တစ်ကယ်လဲရခဲ့ပါတယ်..
ကဲ... နမူနာပြထားတာကိုလဲကြည့်...ဒါကိုလဲ ကလိ..ပါ..တစ်ကယ်ရပါတယ်..ငွေများလာရင်ဘယ်လို
ထုတ်မလဲ..ဟုတ်ကဲ့..  ကိုယ်ငွေစုတာ 25$ ရရင် adflycreator@gmail.com သို့သာ ဆက်သွယ်လိုက်ပါ
တာဝန်ယူထုတ်ပေးပါ့မယ်...ဒါကြောင့် ငွေဘယ်လိုထုတ်ရလဲမမေးပါနဲ့... ကျနော် MMITHelper ကိုယ်တိုင်တာဝန်ယူထုတ်ပေးပါ့မယ်။ အေးအေးဆေးဆေးသာရှာပါ... တစ်လလောက်ဘဲ စမ်းရှာကြည့်
တစ်နေ့တစ်နေ့ ငွေရရှိမှု Level တွေတက်လာပါလိမ့်မယ်...အချိန်ဆိုတာလဲ မကုန်ပါဘူး.. အလွန်ဆုံးနာ၇ီဝက်လောက်ဘဲ ကုန်တာပါ..ဒီနာရီဝက်ဆိုတာကလဲ မိမိအင်တာနက်သုံးတဲ့အချိန်ထဲကနေ ဖဲ့ပေးရတာပါ..အခြားအလုပ်တွေလုပ်နေတာထက်စာရင် ဒါလုပ်တာက ကိုယ့်အတွက်အကျိုးရှိပါ့လိမ့်မယ်။

ကဲ..ဒီမှာ ကျွန်တော် 2$ စမ်းထုတ်ထားတာလေး ကြည့်လိုက်ပါဦး..

ဟောဒါကတော့ PayPal ထဲကို 24 နာရီအတွင်းရောက်လာတဲ့ပုံပါ
ကဲ.. PayPal ထဲရောက်မှတော့ အေးအေးဆေးဆေး မြန်မာကနေထုတ်လို့ရပြီပေါ့ဗျာ... တစ်ကယ်ထုတ်လို့ရတယ်ဆိုတာ လက်တွေ့ပြလိုက်ပါတယ်နော့်.. :) အခြားသော Offer တွေကိုလဲ ကလိလို့ရသေးတယ်ဗျ..ကြော်ငြာကလစ်မှ ပိုက်ဆံရတာမဟုတ်ဘူး Offer တွေကိုလဲ လိုက်ကလိကြည့်ပါ...ဥပမာ နားလည်အောင်ပြောရရင် အလုပ်ပေါ့နော်...ဒီ အလုပ်ကိုလုပ်ပါ..တစ်ဒေါ်လာပေးမယ်..ဆယ်ဒေါ်လာပေးမယ်..ပေါ့...အိုကေ..
အားလုံးဘဲအဆင်ပြေကြပါစေခင်မျ
Myanmar IT Helper
www.mmithelper.ccom

Monday, September 16, 2013

၅မိနစ် အချိန်ပေးရုံဖြင့် တစ်နေ့ကို ၁၀ဒေါ်လာ ရယူမယ် (အောင်ကျော်)

တစ်နေ့ကို မိမိအွန်လိုင်းပေါ်တက်တဲ့ အချိန် (၅)မိနစ်ကလေးကို အသုံးချရုံဖြင့် ၁၀ဒေါ်လာရနိုင်မှာပါ ဒါပေမယ့် အလွယ်တကူတော့ ရမှာမဟုတ်ပါဘူးကြော်ငြာလေး ၅ခုကို ကလစ်ရပါမယ် တစ်ခုကို စက္ကန့် ၃၀ ကြာမြင့်ပါ လိမ့်မယ်။ ဒီလောက်အလွယ် ဆိုတော့ တကယ်ရောပေးပါ့မလားလို့ ထင်ကြမှာပါ တကယ်ပေးမှာပါ ဒါပေ မယ့် ဒေါ်လာ ၁၀၀၀ ရမှ ထုတ်ယူလို့ရမှာပါ ဇွဲရှိဖို့ လိုပါလိမ့်မယ် တစ်နေ့ကို ၁၀ဒေါ်လာရရင်ဒေါ်လာ ၁၀၀၀ ရဖို့ ရက် ၁၀၀ တော့ ကလစ်ပေးရမှာပေါ့ Paypal ရှိရင်တော့ ထုတ်ယူလို့ရပါတယ် ။ ဘာပဲဖြစ်ဖြစ် ခဏတာ အချိန်လေးပေးရုံနဲ့ ၁၀ဒေါ်လာဆိုတာ မနည်းပါဘူး ။။။ PTC ဆိုဒ်တွေကို သေအောင် လိုက်ကလစ်မှ 1ဒေါ်လာ မနည်းရတာပါ နောက်တစ်ချက်က Refer မလုပ်လည်း တစ်နေ့ ၁၀ဒေါ်လာက ရပြီးသားပါ
ကျွန်တော်အောက်ကပေးတဲ့လင့်ကနေ Register လုပ်ကာ View ads ကို နှိပ်၍ တစ်နေ့တာ ကြော်ငြာများကို ကလစ်ပေးပါ ၂၄နာရီအတွင်း ကြော်ငြာ ၅ခုပေးပါတယ်  ။ ဆိုလိုသည်မှာ ဒီည ၁၀ နာရီက ကလစ်ပြီးရင်
နောက်နေ့ ည ၁၀နာရီ နောက်ပိုင်းမှ နောက်ထပ် ကြော်ငြာ ထပ်ပေါ်မှာပါ။ 
အားလုံးအဆင်ပြေပါစေ...။

Thursday, September 5, 2013

ဆင်းရဲဖေဖေ .. ချမ်းသာဖေဖေ (Myanmar Onlin News)

ဂျပန်လူမျိုး လုပ်ငန်းရှင်ကြီး တီယို ကော့စကီးရေးတဲ့ ..ဆင်းရဲဖေဖေ ..ချမ်းသာဖေဖေ .ဆိုတဲ့စာအုပ်လေးဖတ်ဖူးကြ လား..အဲဒီစာအုပ်ထဲမှာ ES BI ဆိုတဲ့ စီးပွားရေး ဒသနတစ်ခုကို ..ချပြထားတယ် ဘယ်ကနေ ဘယ်လိုရလာလဲ မသိပေမယ့်..အဲဒီ စာအုပ်လေးက ကျွန်တော် အကြိုက်ဆုံးနဲ့ ကျွန်တော့်ဘ၀ကို ဘာလုပ်ရမယ်ဆိုတာ လမ်း ညွှန်ပေးခဲ့တဲ့ ..စာအုပ်လေးပါ..အဲဒီ စာအုပ်လေးရဲ့ စီးပွားရေး ဒသနကို အကြမ်းဖျင်း ရှင်းပြပါမယ်..E ဆိုတာ က Employee အလုပ်သမား S ဆိုတာက Self Employee ..ဒါရိုက် ဘာသာပြန်ရင်တော့ .ကိုယ်တိုင်လုပ် တဲ့ အလုပ်သ မားပေါ့...တစ်နည်းအားဖြင့် ပညာရှင်..ဆရာဝန် အင်ဂျင်နီယာတွေ ..အနုပညာရှင်တွေ စသည်ဖြင့်ပေါ့ ဗျာ B ဆိုတာက Business Owner .. လုပ်ငန်းရှင်
I ဆိုတာက Investor ..ရင်းနှီးမြုပ်နှံသူ..

အဲဒီလေးမျိုးမှာ ..


E နဲ့ S အမျိုးအစားက အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရတယ်..
အလုပ်နဲ့ လက်ပြတ်တာနဲ့ ..သူတို့ရဲ့ ၀င်ငွေက ရပ်တန့်သွားတယ်

ဥပမာ..နေမကောင်းလို့ အလုပ်မလုပ်နိုင်တဲ့အခါ..သူတို့မှာ ၀င်ငွေမရှိကြဘူး

ဒါကြောင့် အဲဒီ အမျိုးအစားနှစ်ခုထဲ အကျုံးဝင်နေသူတွေက အလုပ်ကို ကိုယ်တိုင် ပင်ပင်ပန်းပန်းနဲ့လုပ်ပြီး ..ဘ၀ကို ရုန်းကန်နေရသူတွေဖြစ်တယ် သူတို့တွေရဲ့ စိတ်ထားက .. ''ဒါ ငါ့လုပ်မှ ဖြစ်မှာ..ငါလုပ်တာ အကောင်း ဆုံးဖြစ်ရမယ်ဆိုတဲ့ စိတ်ထားမျိုး ရှိတတ်ပြီး ..ကိုယ်တိုင်လုပ်မှ ကျေနပ်တတ်တဲ့ လူစားမျိုးတွေ ဖြစ်တယ်''

B နဲ့ I အမျိုးအစားကတော့ ..အလုပ်ကို ကိုယ်တိုင်လုပ်စရာမလိုဘူး..

Business Owner တစ်ယောက်ရဲ့ အလုပ်ဆိုတာ ..လုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ..သင့်တော်တဲ့ အလုပ်သမားတွေ.. စီမံကိန်းတွေ ချမှတ်ဖို့ပဲ ဖြစ်တယ်.. သူတို့ရဲ့ တည်ထောင်တဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်သွားတာနဲ့ ..တစ်ပြိုင်နက်...သူတို့ရဲ့ အိပ်ကပ်ထဲကို ..ငွေတွေ သူ့အလိုလို ၀င်လာလိမ့်မယ်...
လူက မိသားစုနဲ့ အပျော်ခရီးထွက်နေတာပဲဖြစ်ဖြစ်..  အနားယူအိပ်စက်နေတာပဲဖြစ်ဖြစ်...
သူတို့အလုပ်မလုပ်သော်ငြား ၀င်ငွေကတော့ မပြတ်.. အိပ်ကပ်ထဲ စီးဆင်းနေမှာ ဖြစ်တယ် ..

လုပ်ငန်းရှင်တစ်ယောက်ရဲ့ စိတ်ကူးနဲ့ ခံယူချက်က ..B နဲ့ I လို မဟုတ်ပဲ .. ဒီအလုပ်တွေကို ဘယ်သူတွေ လုပ်နိုင်မလဲ.. အသိပညာရှင် အတတ်ပညာရှင်တွေကို ခန့်ပြီး လုပ်ငန်းလည်ပတ်ဖို့အတွက် ငါ လုပ်မှဖြစ်မယ် ဆိုတဲ့ အယူအဆနဲ့ ကင်းဝေးပြီး ..ငါ့အစား ဘယ်သူလုပ်ပေးမလဲ ဆိုတဲ့ အတွေးနဲ့ ဆုံးဖြတ်လုပ်ကိုင်ကြတယ်

Investor ကတော့ ရှင်းပါတယ်...ရလာတဲ့ ငွေတွေကို ..ထပ်မံပြီး အကျိုးအမြတ်ရှိမယ့် လုပ်ငန်းတွေမှာ ရှယ်ယာဝင်ခြင်း..အမြတ်ရနိုင်မယ့် ကားတွေ ခြံတွေ ၀ယ်ယူခြင်း ဖြင့်.. အလုပ်မလုပ်ပဲ ..အချိန်ကာလ တစ်ခု စောင့်ရုံနဲ့ ၀င်ငွေရရှိမှာဖြစ်ပါတယ်..

B နဲ့ I နှစ်မျိုးစလုံးက အချိန်ကြာလာတာနဲ့အမျှ...တိုးတက်လာမှာ ဖြစ်ပြီး .. သာယာတဲ့ဘ၀ကို ပိုင်ဆိုင်လာမှာ ဖြစ်တယ်..

ပထမ အလုပ်သမားနဲ့ ပညာရှင်တွေကတော့..အိုမင်းလာတာနဲ့အမျှ အလုပ်မလုပ်နိုင်တော့တဲ့ အချိန်ကျရင်..
ပင်ပန်းဆင်းရဲခြင်းနဲ့ ကြုံတွေ့လာရမှာ ဖြစ်တယ်..

အလုပ်မလုပ်ပဲ ပိုက်ဆံတွေရရင် သိပ်ကောင်းမှာပဲလို့ ..လူတိုင်းတွေးဖူးကြမှာပါ.. လူတိုင်းလဲ အဲဒီဘ၀ကို လိုချင်ကြမှာပါ..

ဒါဆို လူတိုင်း လုပ်ငန်းရှင်ကြီးလုပ်တော့မှာပေါ့လို့ စောဒက တက်လို့ရပါတယ်... ဘာလို့ မလုပ်ကြလဲ..
လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ငွေအရင်းအနှီးလိုတယ်.. ငွေအရင်းအနှီးရဖို့ ကိုယ်တိုင် သူများ အလုပ်သမား လုပ်ရမယ်.. ငွေများများရဖို့ ပညာများများသင်ရမယ်..

မှန်ပါတယ်...ဒီလို step by step တက်ကြရတာပါပဲ ..ဒါပေမယ့် ..အဲဒီ တီယိုကော့စကီးဆိုတဲ့ လူကတော့ .......
အဲဒီအတွေးအခေါ်တွေ သူ့ခေါင်းထဲမှာ ရောက်လာတဲ့နေ့ကစပြီး. ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်..

''ဘယ်တော့မှ သူများ အလုပ်သမား မလုပ်ဘူး'' တဲ့..

သူယူတဲ့ မိန်းမကလဲ..သူ့ဆနနဲ့ သူ့အယူအဆကို လက်ခံပြီး.. နှစ်ယောက်လုံး ပညာတတ်တွေဖြစ်ပေမယ့်..
ခုချိန် ကုမဏီတစ်ခုခုမှာ ၀င်လုပ်ရင်...ကြီးမားတဲ့ လစာကို ခံစားရမယ်ဆိုတာ သိသိကြီးနဲ့ ..အပင်ပန်းခံ အဆင်းရဲခံပြီး .. ကိုယ်ပိုင် လုပ်ငန်းထူထောင်ဖို့ ..ကြိုးစားခဲ့ကြတယ်..

ငွေဆိုတဲ့ အရင်းအနှီးမရှိပဲ ကိုယ်ပိုင်လုပ်ငန်းထောင်လို့ရပါတယ်..တဲ့တစ်ပိုင်တစ်နိုင်လေးပဲဖြစ်ဖြစ်...ကိုယ့်စိတ်ကူး ကိုယ့်ရဲ့ပညာတစ်ခုခုနဲ့ လုပ်ငန်းတစ်ခုလုံးကို ကိုယ်တိုင် ဦးစီး စီမံနိုင်တဲ့ အလုပ်မျိုးကို လုပ်နိုင်ပြီဆိုတာ နဲ့ .. သင်ဟာ လုပ်ငန်းရှင်တစ်ဦးဖြစ်ခွင့်ရှိပါတယ်လို့ ဆိုပါတယ်..

နောက် လမ်းညွှန်ထားတာတွေတော့ အများကြီးပါ..

ကျွန်တော် အဲဒီစာအုပ်လေးဖတ်ပြီး ..အဲဒီ ES BI ဆိုတဲ့ ဒသနကို အရမ်း သဘောကျသွားတယ်..
ဒါနဲ့ပဲ ...ငါ ဘယ်တော့မှ သူများ အလုပ်သမား မလုပ်ဘူး ..စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျွန်တော် ဘယ်ကုမဏီ ဘယ်အလုပ်မှာမှ ၀င်မလုပ်ခဲ့ပါဘူး..

......... အတိုချုံးပြောရရင်...........

ကျွန်တော် ဒီဂျပန်ဆိုတဲ့ နိုင်ငံကို မလာခင်ထိ... ကျွန်တော်ဟာ လုပ်ငန်းရှင်ကြီးလို့ ဆိုလို့ မရရင်တောင်..
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဦးနှောက်နဲ့ ကိုယ်ပိုင်တဲ့လုပ်ငန်းတစ်ခုလုံးကို စီမံခန့်ခွဲနိုင်တဲ့ သူတစ်ယောက် ဖြစ်ခဲ့ပါတယ်

ကျွန်တော့်ဆိုင်က ဘားလမ်း အလယ်ဘလောက်မှာ ရှိပါတယ်..ဓါတ်ပုံ ဗီဒီယို ရိုက်ကူး တည်းဖြတ်ရေး လုပ်ပါတယ်.

.နောက်ပြီး ..မိုးကောင်းမှာ ဓါတ်ပုံဆိုင်တစ်ဆိုင် ဖွင့်နိုင်ခဲ့ပါတယ်..အဲဒီ ဆိုင်ကတော့ ရှယ်ယာကိတ်စတွေကြောင့် ဖျက်သိမ်းပြီး ..

နောက်ထပ် ဓ်ါတ်ပုံဘောင်လုပ်ငန်းတွေ လဘက်ရည်ဆိုင်လုပ်ငန်းတွေဖွင့်ဖို့ ကြိုးစားနေတုန်းမှာပဲ .. အမှတ်မထင်.. ဂျပန်သွားဖို့ ဖန်လာခဲ့တာပါ

ဘာကြောင့် မပြန်ပဲ ဒီမှာနေခဲ့လဲဆို...ကျွန်တော့် ဆိုင်ရဲ့ ၀င်ငွေထက် ..ဂျပန်မှာရမယ့် တစ်လစာ ၀င်ငွေက
ထက်ဝက်မက သာနေလို့ .. ကျွန်တော် ပိုက်ဆံပိုရမယ့်လမ်းကိုရွေးခဲ့တာပါ..

........ ကျွန်တော် အထင်ကတော့ မလွဲပါဘူး ..ဒီမှာ ပိုက်ဆံ ပိုရပါတယ်..ဒါပေမယ့် ..လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ရဲ့ .. တက်ကြွတဲ့ စိတ်ဓါတ်တွေ ..စိတ်ကူးစိတ်သန်းတွေ
အကုန် ပေးဆပ်လိုက်ရပါတယ်..

အရင်က အချိန်တိုင်း ..ကားစီးရင်းပဲ ဖြစ်ဖြစ်..ရေချိုးရင်းပဲဖြစ်ဖြစ်..ဘာပဲလုပ်လုပ်..ကျွန်တော့်အတွေးထဲမှာ ရှိနေခဲ့တာက ..ကျွန်တော့်ဆိုင် တိုးတက်ဖို့နဲ့ ..တခြား ၀င်ငွေကောင်းမယ့် ဆိုင်တွေ ဖွင့်ဖို့ ... နေရာတွေ ရှာမယ်.. အလုပ်အခွင့်အလမ်းတွေ ရှာမယ်..အဲဒီအလုပ်တွေမှာ လုပ်နိုင်မယ့် သူတွေကို ရှာမယ်..

ကျွန်တော် လူကတော့ ကိုယ်တိုင်ဘာမှလုပ်စရာမလိုပဲ အားနေပေမယ့်.. ကျွန်တော့် စိတ်ကူးတွေ ခေါင်းတွေ ကတော့ အလုပ်လုပ်နေပါတယ်..

..........

ခု ဒါတွေ ဘာကြောင့် ချရေးမိနေသလဲဆိုတော့ ..ကျွန်တော့် ဘ၀က ၃ နဲ့ ၄ လို ပြောင်းပြန်ဖြစ်သွားခဲ့လို့ပါပဲ..

ခု ဂျပန်ဆိုတဲ့နေရာမှာ .. ကျွန်တော် လက်နဲ့ အလုပ်မပြတ်ပဲ ...ပိုက်ဆံရဖို့ ..လုပ်ရပါတယ်...

ကျွန်တော့်ရဲ့ ခေါင်းက အချိန်တွေကြာလာတာနဲ့ အမျှ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ..စိတ်ကူးစိတ်သန်းတွေ ...
တက်ကြွတဲ့ စိတ်တွေ ပျောက်ဆုံးလာတယ်..

လုပ်ငန်းရှင်တစ်ယောက်မှာ ရှိသင့်တဲ့ ..အစွမ်းအစတွေ မွေးမြူဖို့နေနေသာသာ ..ငါ လုပ်ငန်းတွေကို ဦးစီးလာပါလားဆိုတာတောင် အိပ်မက်လိုဖြစ်လာပါတယ်

တစ်ကယ်တော့ ..
နိုင်ငံရပ်ခြားမှာ လူတွေ ပိုက်ဆံရှာကြတယ်ဆိုတာက ကိုယ်ပိုင်လုပ်ငန်းလေး ထူထောင်ဖို့ အရင်းအနှီးလာရှာကြ တာပါ..ဒါပေမယ့် .. သူများအလုပ်မှာ ..အဲဒီလူတွေဟာ ဦးနှောက်တုံးသွားပါတယ်

ဒါကြောင့် ...တစ်ချို့ ငွေလေးပိုက်ပြီး ပြန်သွားတယ်..ဟိုရောက်တော့ ပြောင်းလဲနေတဲ့ စီးပွားရေးလောကနဲ့ ..
မလုပ်တတ် မကိုင်တတ် ..ရှိတာလေး ကုန်တော့ ... နိုင်ငံခြားပြန်ထွက်ပြီး အရင်လိုပဲ လုပ်ကိုင်စားသောက်ရတော့ တာပါပဲ..

.......

ခု ကျွန်တော်တို့ နိုင်ငံရပ်ခြားမှာ နေနေတဲ့ အလုပ်သမားတွေဟာ ငွေရဖို့အတွက် ... တန်ဖိုးရှိတဲ့အချိန်တွေ .. ထက်မြက်နေတုန်း ဦးနှောက်တွေကို ပေးဆပ်ပြီး ... ခနာကိုယ် ပင်ပန်းစွာနဲ့ ပေးဆပ်နေရတာပါ

ဒါကြောင့် ...
လူငယ်တွေအနေနဲ့ ...ကိုယ့်တိုင်းပြည်မှာနေပြီး ..ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ထူထောင်နိုင်ဖို့ ကြိုးစားကြပါ... ကျွန်တော် ယုံကြည်ထားတာ တစ်ခုက..ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူ တစ်ယောက်အနေနဲ့ ..
တစ်ချိန်ချိန်မှာ ကြီးပွားချမ်းသာဖို့ အခွင့်အလမ်းက ..သူများအလုပ်လုပ်နေတဲ့ သူတစ်ယောက်ထက် ပိုပြီး သာတယ် လက်ရှိ ခရိုနီတွေ သူဌေးတွေက သူများ အလုပ်လုပ်ပြီး ..ချမ်းသာလာတာ မဟုတ်တာတော့ သေချာတယ်..

ခု အမျိုးသားရေး အရလဲ ..ကျွန်တော့်တို့ မြန်မာလူမျိုး လုပ်ငန်းရှင်တွေ အများကြီးလိုအပ်နေတယ်
လူငယ်တွေ တန်ဖိုးရှိတဲ့ အချိန်တွေကို ကောင်းကောင်းအသုံးချပြီး.. ထက်မြက်တဲ့ ဦးနှောက်တွေနဲ့ ..
လုပ်ငန်းရှင်ဆိုတဲ့ ဘ၀ကို လျှောက်လှမ်းနိုင်ပါစေ ဆုတောင်းရင်း..

လေးစားစွာဖြင့်
ဆရာကြယ်

အခမဲ့ ကြော်ငြာ

 (Myanmar Onlin News) က နေကူးယူဖော်ပြထားတယ်

Thursday, August 22, 2013

သူဌေးဖြစ်ကြောင်း နည်းလမ်းကောင်း ( ရနံ့စံအိမ် )

သမဇီဝိတာ။ ။ ဗျဂ္ဃပဇ္ဇ …အမျိုးသားသည် မိမိမှာရှိသော စည်းစိမ်တို့၏ ဝင်လာသော အရဘက်ကို လည်းကောင်း၊ ထွက်သွားသော အကုန်အကျ ဘက်ကိုလည်းကောင်း သိ၍ ကြီးကြီး ကျယ်ကျယ်လည်း မဖြစ်စေ၊ သိမ်သိမ်ငယ်ငယ်လည်း မဖြစ်စေဘဲ အကုန် နှင့် အရ မျှတအောင် အသက်မွေးမှုကို ’’သမဇီဝိ တာ’’ဟု ခေါ်သည်။ ထိုသို့ အသက်မွေးလျှင် ဝင်လာသော အရဘက်က များ၍ ထွက်သွားသော အကုန် အကျ ဘက်ကို လွှမ်းနိုင်လိမ့်မည်။ ထို့ကြောင့် အကုန် နှင့် အရ မျှတ မမျှတကို သိတတ်ရသည်။ ဥပမာ ချိန်ခွင်ကြီးကို ကိုင်ဆောင်ထားသူသည် ချိန်ခွင်ကြီးကို မြှောက်လိုက်သောအခါ ’’မည်ရွေ့ မည်မျှ နိမ့်ကျနေ သည်၊ (သို့မဟုတ်) မည်ရွေ့မည်မျှ အထက်ထောင်နေသည်’’ဟု သေချာစွာ သိသကဲ့သို့တည်း။ ထိုသို့ သိအောင် အလုပ်အကိုင်များ၌ အကုန်နှင့်အရကိုပြသော စာရင်းစာအုပ် ရှိကြရပေသည်။

ဆောင်။ ။ စား ဝတ် နေပုံ၊ နေ့စဉ်ခြုံလျက်၊ အကုန် အရ၊ နှိုင်းချိန်ဆသော်၊ အရဘက်က၊ သာစေမှ၊ သမဇီဝိတာခေါ်။

ဗျဂ္ဃပဇ္ဇ … အမျိုးသားသည် အရဘက်က နည်းနေပါလျက် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ဟန်ကြီးပန်ကြီး အသက်မွေးနေမှုကြောင့် အကုန်ဘက်က များနေလျှင် “ သဖန်းသီးစားတဲ့ လူလိုပဲ ’’ ဟု အပြောအဆို ခံရတတ်၏။


(သဖန်းသီး စားလိုသူသည် သဖန်းပင်မှ အသီးတွေကို လှုပ်ချ၍ မိမိစားလိုရာ အနည်းငယ်ကို စားပြီးလျှင် ကျန်သမျှအသီးတွေကို အချည်းနှီးဖြစ်၍ ကျန်ရစ်စေသည်။)
အကယ်၍ အရဘက်က များပါလျက် ဆင်းတောင့်ဆင်းရဲ အသက်မွေးကာ နှမြောစေးကပ်နေပြန်လျှင် “ ကိုယ့်လုပ်စာ ကိုယ်မစားရဘဲ ကိုးကွယ်ရာမဲ့ သေရမယ့်လူစား ’’ ဟု အပြောအဆို ခံရတတ်၏။ ထို့ကြောင့် အရဘက်နှင့် အကုန်ဘက်ကို နှိုင်းချိန်ကာ မျှမျှတတ စားသောက်နေထိုင်တတ်ရသည်။

ပျက်စီးကြောင်း လေးပေါက်။ ။ ဗျဂ္ဃပဇ္ဇ …ဤသို့ ဥဋ္ဌာနသမ္ပဒါစသော အကြောင်းတရား လေးပါး နှင့်အညီ စုဆောင်းရှာဖွေ၍ ရအပ်သော စည်းစိမ်ဥစ္စာတို့အတွက် ပျက်စီးဖို့ရာ ထွက်ပေါက်လေးပေါက် ရှိ နေသည်ကို နားလည်ရမည်။
၁- ဣတ္ထိဓုတ္တ=(မိန်းမလိုက်စားခြင်း)၊
၂- သုရာဓုတ္တ=(သေရည်အရက် ဘိန်းကစော် သောက်စားခြင်း)၊
၃- အက္ခဓုတ္တ=(အလောင်းအစား ကစားခြင်း)
၎- ပါပမိတ္တ=(အပေါင်းအသင်း မိတ်ဆွေ မကောင်းခြင်း)။ ဤလေးပါးတည်း။

ဝင်လာကြောင်း လေးပေါက်။ ။ ဗျဂ္ဃပဇ္ဇ … ဤလေးပါး၏ ပြောင်းပြန်ဖြစ်သော
၁- မိန်းမ မလိုက်စားခြင်း၊
၂- သေရည်အရက် ဘိန်းကစော် မသောက်မစားခြင်း၊
၃- အလောင်းအစား ကစားမှု မရှိခြင်း၊
၎- မကောင်းသော အပေါင်းအသင်းမိတ်ဆွေ မရှိခြင်း၊
ဤလေးပါးကား စီးပွားဥစ္စာ၏ ဝင်လာဖို့အကြောင်း ကောင်းသော လမ်းပေါက်များ ဖြစ်ကြသည်။

အမျိုးကောင်းသားသည် ပျက်စီးကြောင်း အပေါက်လေးပေါက်ကို ပိတ်၍ ဝင်လာကြောင်း အပေါက်လေးပေါက်ကို အမြဲဖွင့်ထားမှသာ ဥဋ္ဌာနသမ္ပဒါစသော အကြောင်းလေးပါးဖြင့် ရှာမှီးအပ်သော စည်းစိမ်ဥစ္စာများသည် မပျက်မစီးဘဲ တည်တံ့ တိုးပွားဖွယ် ရှိကြပေသည်။

http://www.ganadharama969.com/2013/08/blog-post_22.html

ဒီဆိုက်လေးက ကူးလာတာ ရနံ့တွေသင်းတဲ့ လှိုင်နေတဲ့ ရနံ့စံအိမ်လေးပေါ့ကွယ်..ကောင်းသတင်း ကောင်း
ခြင်း တရားတွေ ရှိတဲ့ နေရာလေးတစ်ခု ဆိုရင်လည်း မှားမယ် မထင်...တော်ကီလေးတွေ ထည့်ကြည့်ရသေး
တာ..ဘီအီးအောင်သိုက်တို့လိုများ ပြောတတ်လေမလားလို့ စာရေးပြီး အလွတ်ကျက်ထားမှ ရမှာပါ..။
သူ့တို့နည်းတွေက မလွယ်ဘူးကွယ့် မှတ်ရတာလေ....ဒါပါဘဲ အောင်မြင်ပါစေ......

Sunday, August 11, 2013

PayPal အကောင့်ဖွင့်ခြင်း ချိတ်ဆက်ခြင်းများ နိဒါန်း ကြော်ငြာလေးပါ (Full Premium Now Free)


<< PayPal is closing Ready 2 Roll Out ! >> အပြည့်အစုံ ဖော်ပြထားပါသည်}
အားလုံးပဲ မင်္ဂလာပါခဗျာ-- အားလုံး PayPal ကိစ္စကို နောက်ကျ နေပြီ လို့ ထင်နေကြ ပြီ လားမသိဘူးနော်--
အဲ့ အတွက် တောင်းပန်ပါတယ်နော်-- ကျွန်တော် Steel Jelly  အားလုံး အဆင် ပြေစေဖို့ အတွက် Research များ လုပ်နေသေးလို့ အခုလို့ လုပ်နည်း ထွက်မလာ သေးတာ တောင်းပန်ပါတယ်--အစက တန်းထွက်မလို့ပဲ အားလုံးရေးပြီးနေပါပြီ။ ဒါပေမဲ့ PayPal ကို မြန်မာနိုင်ငံက နေ ၀င်လို့ရတာ သိလိုက်ရတဲ့ အချိန်မှာ Member တွေ ပိုမို လွယ်ကူစွာ PayPal ကို အသုံးပြုနိုင်မလားဆိုပြီး အဲ့ဒီဘက်ကို လိုက်ပြီး Research ဆက်လုပ်နေလို့ပါ---
PayPal အကောင့် နည်းက ရေးတာ မကြာ ပေမဲ့ လက်တွေ့ စမ်းသပ်ရတာ အချိန်ရော ငွေရော ကုန်ကျပါတယ် ဆိုတာ ကြိုတင် ပြောပြထားပါရစေနော်-- အားလုံးအတွက် ကျွန်တော် ငွေကုန်ကြေးကျ ခံပြီး စမ်းသပ်ပေးထားပါ တယ်--နောက်ဆုံး အဆင့်ကို ရောက်ပါပြီ-- ပြီးရင် ပစ္စည်း စမ်းဝယ်တဲ့ အဆင့်ကို ကျော်လွန်သွားပြီ ဆိုတာနဲ့
"PayPal အကောင့် ဖွင့်ပြီး Online ပေါ်မှာ ၀င်ငွေရှာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ Site တွေ ပေါ်လာပါ တော့မယ်---
အပိုင်း ၃ ပိုင်း ဒါမှ မဟုတ်ရင် ၄ ပိုင်း ပါပါ့မယ်-- သေချာ Screenshot နဲ့ သေချာ ရှင်းမှာမို့ အဲ့လောက် ရှိသွားပါတယ်--


ဒါပေမဲ့ PayPal ဖွင့်နည်းက အစ Online ပေါ်မှာ ၀င်ငွေ ရှာနိုင်တဲ့ အထိ Post တွေကို တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ တစ်ခုပြီး တစ်ခု Publish လုပ်ပေးသွားမှာပါ--

နောက်တစ်ပတ်လောက် အကြာမှာ PDF ထုတ်ပြီး ပြန်ဖြန့်ဝေပေးသွားပါမယ်-- ဒါနဲ့ အားလုံးကို ကြော်ငြာပေး စရာ ရှိပါသေးတယ် ခဗျာ--
ကျွန်တော် Research ကိစ္စရပ် တစ်ခုလုံးကို ကူညီ ပေးတဲ့ သူ ကျွန်တော့် နောက်မှာ ရှိပါတယ် ဆိုတာပါပဲ--- Sponsor လို့ ပြောရမှာပေါ့---
သူကတော့ မြန်မာနိုင်ငံ ရဲ့ ပထမဦးဆုံး Virtual Visa Card ကို
ရောင်းချတဲ့ ShweMoney Virtual Visa Card
{www.shwemoney.com} ရဲ့ ပိုင်ရှင် ကိုရန်နောင်စိုးပဲ ဖြစ်ပါတယ်---
သူက ကျွန်တော့်ကို PayPal အကောင့်ကို Verify လုပ်တဲ့ နေရာမှာ ShweMoney ရဲ့ Virtual Visa Card တွေကို ထဲ့အသုံး ပြုပေးဖို့ Sponsor ခ ဆိုပြီး 5သောင်း ပေးထားပါတယ်--ကျွန်တော့် အတွက် သီးသန့်ပါ
ဒါပေမဲ့ အဲ့ ဒီ 5 သောင်းနဲ့ ကျွန်တော် Research တွေ လုပ်နေပါတယ်--အဲ့ဒါကြောင့်လဲ မကြာခင် PayPal အကောင့်ဖောက်ပြီး ငွေရှာဖို့ ကို မကြာမီ ထွက်တော့မယ် လို့ ပြောနိုင်တာပဲ ဖြစ်ပါတယ်--

ကျွန်တော့် ကိုယ်တိုင် ရှာရင် ၅သောင်းကို တစ်လ တစ်သောင်းပိုအောင်ရှာပြီး ၅လ လောက်ရှာ စုရမှာပဲ ဖြစ်ပါ တယ်--အဲ့လို ဆို ပိုလို့နောက်ကျ ကိန်းရှိတဲ့ အတွက်- ကျွန်တော့် ကို Sponsor ကြေး အဖြစ်ပေးတဲ့ 5သောင်းကို ထုတ်သုံးလိုက်ပါတယ်--ဘယ်နေရမှာသုံးလဲ ဆိုရင် ကိုရန်နောင် စိုး အကူအညီနဲ့ PayPal ထဲကို ငွေလွဲကြည့် တယ် လွဲတာကတော့ Myanmar IP နဲ့ လက်ခံလို့ရနေတယ်ခဗျ-- ဒါပေမဲ့ Credit Card နဲ့ ချိတ်ရော Account ကျသွားပါတယ်-- :(

PayPal ထဲမှာ ရှိတဲ့ Money ပြောင်ပါလေရော-- သူလဲ မစားရ ကျွန်တော်လဲ မစားရ : $7 လောက် ပါသွား တယ် မြန်မာငွေနဲ့ဆို ၆၀၀၀ ကျော်ပေါ့ :(
အဲ့လို စမ်းရင်နဲ့ လက်ထဲတော့ 15000 ပဲ ကျန်ပါတော့တယ် အဲ့ကောင်လေးကို ကျွန်တော့် အတွက် ချန်ထားဖို့ စိတ်ကူးရှိပေမဲ့ ထပ်လိုလာရင် သုံးပစ်ဖို့ လုပ်ထားပါတယ်-- အခုတော့က PayPal ကို Visa Card မြန်မာ IP နဲ့ အောင်မြင်စွာ ချိတ်ထားပါပြီ--နောက်လေးရက်နေရင် 4digit ပါတဲ့ Codeလာလို့ထည့်လိုက်ရင် Visa Card ကို အောင်မြင်စွာ ချိတ်ဆက် နိုင်ပါပြီ-- ပြီးရင် ပစ္စည်းစမ်းဝယ်ကြည့်မယ် ---ပစ္စည်းဝယ်တုန်းမှာ Account ကျ မသွာဘူး ဆိုရင်တော့ ဆက်လက်ပြီး သုံးလို့ရပြီလို့ မျှော်လင့်ရပါတယ်--


ကျွန်တော်ဒီကနေပဲ Visa Card ကို စမ်းသပ်ဖို့ မိမိအတွက် ငွေကြေးမယူပဲ အလကား ထုတ်ပေးခဲ့ တဲ့ ShweMoney ကို ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်--ကျွန်တော် Member တွေလဲ ကူညီတဲ့ အနေလဲ Shwe Money  Facebook Page ကို like မလုပ်ရသေးတဲ့ သူတွေ အောက်ကလင့်ကို ကလစ်ပြီး သွားရောက် Like နှိပ်ပြီး အားပေးစေချင်ပါတယ်နော်--

https://www.facebook.com/shwemoney

ကျွန်တော်အနေနဲ့ အရေးကြီးတဲ့ အချက်ကို တစ်ချက်ကို ပြောကြားရမှာကတော့ -
  >> Myanmar IP နဲ့ PayPal အကောင့် ဖောက်ထားတဲ့ သူတွေ Credit Card တွေ တစ်ခု မှ မချိတ်ပါနဲ့ ဦး အကောင့် က Limited ဆိုပြီး ဖြစ်သွားပါလိမ့်မယ်-- << ဆိုတာပါပဲ
PayPal ကို သုံးပြီး Online ပေါ်မှာ ၀င်ငွေရှာဖို့ အတွက် အနည်းဆုံး လိုအပ်ချက်ကတော့ >>
1) အင်တာနက်ရော ဖုန်းခေါ်လို့ရော ရတဲ့ iphone or android ဖုန်းတစ်လုံး လုံးရယ်
2)$50 ညီမျှတဲ့ Money ရယ် ရှိဖို့ပဲ လိုပါတယ် $50 လိုတာက Shwe Money ကနေ Virtual Visa Card လုပ်ဖို့ပါ--

တကယ်က $50 မရှိလဲ ငွေရှာလို့ရပါတယ်-- Online ပေါ်မှာ ငွေရှာဖို့က PayPal အကောင့် ရှိတာနဲ့ ရှာလို့ရပါပြီ-- ဒါပေမဲ့ ငွေပြန်ထုတ်ဖို့ကို ဘယ်ကနေ ထုတ်ရမှန်း မသိဖြစ်ပါလိမ့်မယ် အဲ့အတွက် Shwe Money က ကူညီပါလိမ့်မယ်- Shwe Money မှာလဲ PayPal အကောင့်ရှိပါတယ် သူတို့ကို ဖုန်းဆက် အကြောင်းကြားပြီးတော့ Money ကို Shwe Money ကို လွဲပေးပြီး Shwe Money ကနေတစ်ဆင့် မြန်မာနိုင်ငံ ဘဏ် ကနေ ပြန်ထုတ် လို့ရပါတယ်--ဒါ့ အပြင် online ပေါ်မှာ PayPal ကိုသုံးပြီး Product တွေ Premium အကောင့်တွေ ( ဥပမာ- itune) ကနေပြီး ၀ယ်ချင်သေးတယ်ဆိုလဲ PayPal လိုပါတယ်-- ဒါအပြင် Verify လုပ်ပြီး ဖို့လဲ လိုပါတယ်--အဲ့ အတွက် Visa Card or Card တစ်ကတ်ကတ်က လိုနေမှာပါပဲ--

ဒါကြောင့် Card ၀ယ်ဖို့ Money ကို စုခိုင်းထားရခြင်းပါ-- ရပြီဆိုတာနဲ့ ShweMoney မှာ Visa Card မ၀ယ်သေးပဲ နဲ့ MyanPay ကိုသုံးပြီး ၀ယ်ပါမယ်--တစ်ချက်ခုတ် နှစ်ချက်ပြတ် ပေါ့ဗျာ-- အားလုံး ကြားဖူးကြမယ် ထင်ပါ တယ်နော် -- ဂျာနယ်တွေထဲမှာ MyanPay ဆိုပြီးတော့လေ--MyanPay အကောင့် ကလည်း PayPal လိုပါပဲ Online ပေါ်မှာ ပစ္စည်းဝယ် ငွေထည့်ကြိုက်တာ လုပ်လို့ရပါတယ်--
website လိပ်စာက www.myanpay.com.mm ပါ---
အခုလက်ရှိ MyanPay ကို သုံးပြီးတော့ Website တွေ မှာ ငွေပေးချေလို့ ရပါတယ်--
အခုလောလော ဆယ် MyanPay အသုံးပြုပြီး Online ပေါ်မှာ ငွေလက်ခံနေတဲ့ Website တစ်ချို့ကတော့
www.shwemoney.com  <<  Virtual Visa Card လျှောက်ထားနိုင်သည်--
www.mmskype.com  << မိမိ၏ Skype အကောင့်ကို ငွေဖြည့် ရန်Online ပေါ်မှ ၀ယ်ယူနိုင်သည်--
www.voipmyanmar.com << နိုင်ငံခြား ဖုန်းခေါ် ဆိုမှု အတွက် လိုအပ်သော အကောင့်များစွာ ၀ယ်ယူနိုင်သည်--
www.topup.com.mm << ဖုန်းကတ်ကို Online ပေါ်တွင် ၀ယ်ယူ ဖြည့်နိုင်သည်--

www.worldwidemyanmar.com << Domain,Hosting စသည် Web ဆိုင်ရာများ ၀ယ်ယူနိုင်သည်--

www.besthostmyanmar.net << Hosining, VPS များ ကို Online ပေါ်မှ ရောင်းချပေးသည်--

www.prepaidcard.com.mm << ဖုန်းကတ်ကို Online ပေါ်တွင် ၀ယ်ယူ ငွေဖြည့်နိုင်သည်--

www.bestsslprovider.com << Online ပေါ်မှ SSL Certificate များကို ပြုလုပ်နိုင်သည်--

www.pfingotopup.com << Pfingo အကောင့်အတွက် ငွေဖြည့်သွင်းနိုင်သည်--

www.myanmarvps.com << Proxy များကို ၀ယ်ယူနိုင်သည်--

www.mobilestore.com.mm  << Online ပေါ်မှ Mobile ဖုန်း ၀ယ်ယူနိုင်ပါသည်--


စတဲ့ Website တွေမှာ MyanPay ကို အသုံးပြုပြီး ငွေလက်ခံ နေပါတယ်--

ဒါကြောင့် MyanPay အကောင့်ကလည်း မြန်မာနိုင်ငံ သားတွေ ရှိထားသင့် ပါတယ်---

MyanPay အကောင့် Verify ဖြစ်ဖို့ ကျ Credit Card မလိုပါဘူး သူ့အထဲကို ငွေငါးထောင် ထည့်ထား တာနဲ့ ရပါပြီ--

ဒီတော့ ကျွန်တော် လုပ်မဲ့ ပုံစံက MyanPay Account လဲ Activate ဖြစ်ပြီးသားဖြစ်သွားအောင် $50 ကို MyanPay ထဲထည့် ပြီးတာနဲ့  MyanPay ကနေ တ ဆင့် ShweMoney မှာ Visa Card ၀ယ်လိုက်တော့

PayPal လို သုံးလို့ရတဲ့ MyanPay အကောင့်လဲ သုံးလို့ရ -- Visa Card လဲရ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားပါမယ်--

နောက်တစ်ချက်က MyanPay ရဲ့ Secutiry က တအားမြင့်ပါတယ်-- ကျွန်တော်တော့ ကြိုက်တယ်
ဘာလို့လဲ ဆိုတော့ မိမိက MyanPay အကောင့်ထဲကို Log In ၀င်လိုက်ပေမဲ့ ၀င်သုံးလို့ မရသေးပါဘူး

SMS နဲ့ Log IN ၀င်မဲ့ Code ကို ဖုန်းကို ရောက်လာပါသေးတယ်-- အဲ့က Code ကို Website မှာ ရိုက်ထည့်မှာ MyanPay အကောင့်ထဲကို ၀င်ရောက်လို့ရပါတယ်--

ဒါကြောင့် MyanPay အကောင့်ထဲကို အသစ်လုပ်ကြမဲ့ ကိုကို မမတွေ မိမိကိုယ်ပိုင် ဖုန်းနံ ပါတ် တစ်ခုခုရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါရစေခဗျာ--

အားလုံးပဲ ကျေးဇူးတင်ပါတယ်ခဗျာ--အခက်အခဲ ရှိလျှင် နားမလည် လျှင် PayPal အကောင့် ဖော်ရာမှာ အကူအညီ လိုလျှင် Comment ပါနော်--စိတ်ရှည် လက်ရှည် ဖြေကြားပေးပါ့မယ်--ကျွန်တော်  အတွက် အမြတ် အစွန်းဆိုတာက တော့ မြင်တဲ့ အတိုင်းပါပဲ ဘာမှ မရှိပါဘူး--ကျွန်တော် က အမြတ်အစွန်းအတွက် လုပ်နေတာလဲ မဟုတ်ပါဘူး--ငွေကုန်အကုန်အကျ ခံ ပြီး တော့ကို လုပ်ပေးနေတာပါ--ပိုနေတဲ့ ငွေကိုလဲ Premium Account ၀ယ်တဲ့ နေရာမှာရယ်--Proxy list တွေ ၀ယ်တဲ့ နေရာမှာ ရယ် ထပ်သုံး သွားပေးပါ့မယ်--

ကျွန်တော် ကြိုပြောထားပါရစေ အခုလို လုပ်ပေးတာက စေတနာနဲ့ လုပ်ပေးနေတာပါ--ဘာအကျိုးမှ မျှော်ကိုး ပြီး လုပ်ပေးနေတာ မဟုတ်ပါဘူး--အားလုံး အတွက် ကောင်းပါစေ ၀င်ငွေ ရှာ ကြပါစေ ဆိုတဲ့ စေတနာနဲ့ လုပ်ပေးနေတာ ဖြစ်လို့စေတနာကို မစော် ကားပါနဲ့ လို့ ကြိုပြောထားချင်ပါတယ်--

ကျွန်တော့် အတွက် ဘာရလဲ လို့ မေးလာရင် အခုလက်ရှိ ရနေတာကတော့ ကျွန်တော် Exam အတွက် အပျက်ခံ ပြီး စာရေးပေးနေပါတယ်-- ကျွန်တော် ဒီလို Website ထောင်ပြီး စာတွေ ရေးနေတာကို ကျွန်တော့် ကောင်မလေး သိသွားလို့ "စာမကျက်ဘူး စာမေးပွဲ ကျမှာ ပဲ နင်နဲ့ မတွဲ တော့ဘူး" ဆိုတဲ့ ပြဿနာတော့ အကြီး အကျယ် တက်နေပါတယ်--ကျွန်တော်လဲ ၀ါသနာ အရနဲ့ ကတိခံထားလို့ ကတိ မဖျက်တဲ့ လူစားမို့ ဆက်လုပ်နေတာ ပါ--PayPal ကို သုံးပြီး ငွေရှာ တာပြီးရင် တော့ စာမေးပွဲက အရေးကြီးတဲ့ အတွက် Website ကို နားဖို့ စီစဉ်နေပါတယ်--

3rd MB ကျရင်တော့ ကျွန်တော်က ၀ါသနာ ပါတာမို့လို့ ပြန်လုပ်ဖို့ စိတ်ကူရှိပါတယ်လို့ ပြောရင်နိဂုံးချုပ်အပ်ပါတယ်--

အားလုံး အတွက် အကျိုးရှိစေရန် ရည်ရွယ်လျက်

Steel Jelly
Chief Editor of Full Premium Now Free
http://www.fullpremiumnowfree.com/2013/05/paypal-online.html


မှတ်ချက် -- မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြခွင့်ရှိပါသည်--


သန်းတိုးအောင်မှ ကူးယူဖော်ပြထားတယ်..။ ပထမတွေ့တာတော့ http://www.yoieyoie.com/2013/06/paypal-online.html ဒီလင့်ကတွေ့တာပါဘဲဗျာ..။ ခု မူရင်းဆိုက်ကို လိုက်ကြည့်တော့ အဆင်မပြေတော့ဘူး
ဖျက်ထားပြီလေ..ဖျက်ထားတယ်မှတ်တာဘဲဗျာ.။ အဲတော့ မျှော်လင့်ချက်လေး ပေးသွားတယ်လို့ဘဲ လောလော
ဆယ်တော့ သဘောထားရမှာပေါ့..။ ဟိုတစ်နေ့က ပြောသလိုပါဘဲ တစ်ကယ် Paypal အကောင့်တို့ VISA တို့
Master Card တို့ သုံးလို့ မရခင်လေး ဒါလေးကို စိတ်ဝင်စားနေကြတဲ့သူတွေ အတွက်ပေါ့..။ ဒါက ပြောရရင်
နိုင်ငံခြားမှာ နေသူတွေအတွက်ကတော့ ပိုအကျိုးရှိနိုင်ပါတယ်..။
သူတို့ငွေလွှဲပြောင်းတဲ့အခါ လိုအပ်မယ်ပေါ့.။ သို့သော်လည်း ဘဏ်ကနေတိုက်ရိုက် ပေးချေလို့ ရနေတာကြောင့်
ဒီဥစ္စာနဲ့ သိပ်တော့ အံမ၀င်ပြန်ဘူး..။
ငွေရှာတာကို စိတ်ဝင်စားလို့ လုပ်ကြည့်တာ 001 သို့မဟုတ် 01 တစ်ခါကလစ်ရင် မြန်မာငွေ တစ်ကျပ်ပေါ့ဗျာ..။
1000 ပြည့်မှ 1 ဒေါ်လာဆိုတော့ ။ ခေတ်အမှီဆုံး အလုပ်လို့ ပြောမယ်ဆို ပြောလို့ရတဲ့ ကွန်ပျူတာကြီးနဲ့ နောက်
ပြီး ခေတ်အမှီဆုံး ဖြစ်တဲ့ အင်တာနက်ကို သုံးပြီးတော့မှ တစ်နေ့မှ ငွေလေး မြန်မာငွေ 20 ကျပ်လောက်ဆိုတော့
စဉ်းစားစရာ ဖြစ်လာတယ်..။
အဲတော့ ရေရှည်ကိုကြည့်ရမှာလား သို့မဟုတ်..။ ကိုယ့်မှာ ငွေအရင်းအနှီးရှိရင်တော့ Paypal ကနေလွဲပြီးတော့
လုပ်လို့ရတယ်လို့ ဖတ်ဖူးတယ်။ သို့သော် ဒါတွေက ဘယ်လို လွှဲပြောင်းပေးရမယ်ဆိုတာရယ်.။  Paypalအကောင့်က ပြည့်ပြည့်၀၀ သုံးလို့ မရသေးတာရယ်.။ သို့မဟုတ် သေချာရေရာမှု မရှိသေးတာကြောင့်
လည်း စဉ်းစားစရာ ဖြစ်လာတယ်.။
သို့မဟုတ် ခုကတည်းက တတ်နိုင်သလောက်လေး လုပ်ပြီး စုရင်းနဲ့ဘဲ.များလာလေ ရှယ်ယာဝယ်ရင်းနဲ့ လုပ်သွား
မလားပေါ့..။ Shwe Money က အကောင့်လျှောက်တာကလည်း $50 လို့ဘဲ ပြောတဲ့အတွက် ဒေါ်လာ 50 လား
ဆိုတာကလည်း ဝေခွဲမရဘူး။ ကျုပ်လျှောက်လိုက်တုန်းကတော့ 64000 ကျော်လောက် တွက်ပြထားတယ်..။
အဲတော့ ငွေလေးလွဲပြောင်းဖို့အရေး 6 သောင်းခွဲလောက်ပေးရမယ်ဆိုလည်း မဟုတ်သေးဘူးလေ..။
ကျုပ်လည်း ATM ကဒ်တော့ လျှောက်ထားပါပြီ..။ အဆင်ပြေလာစေလို့တော့ ဆုတောင်းရမှာဘဲဗျာ မတတ်နိုင်ဘူး..။ စဉ်းစားပါ..

ခေတ်မှီတဲ့ ကွန်ပျူတာကြီးနဲ့ ခေတ်မှီလှပါတယ်ဆိုတဲ့ အင်တာနက်သုံးလို့ ရတဲ့ ဖုန်းကြီးနဲ့ တစ်နေ့လုပ်မှ မြန်မာ
ငွေလေး 50 လောက်ကို ရတဲ့ အလုပ်ကို လုပ်ချင်လားဆိုတာကိုပေါ့..။ ဆိုက်ကားနင်းရင်တောင် ဒါထက်ပိုသေး
တယ်.။ ကျုပ်တော့ အဲလိုမြင်လာတယ်..။

သို့သော် ဆိုက်အများကြီးမှာ အကောင့်တွေ ဖွင့်ပြီးတော့ လုပ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့ ။ အဲဒီမှာလည်း အခက်အခဲက အများကြီးဘဲ ဘဏ်အကောင့်မရှိရင် လုပ်မရတာတို့ Paypal အကောင့်က Limited ဖြစ်နေတာတို့
ဆို ခက်ပြန်ရော....ကဲကဲ ဒါနဲ့ဘဲ အဆုံးသတ်ထားလိုက်တယ်ဗျာ..လွယ်တဲ့နည်းလေးတွေလည်း ရေးချင်ရေးဖြစ်
ပါဦးမယ်နော်...ခုတော့ စိတ်ပျက်စရာလေး တစ်ခုလိုပါဘဲ...
5 ရက်လောက်မှ ငွေလေး 1 ဒေါ်လာရမှာဆိုတော့ အင်တာနက်ဖိုးနဲ့တင် အရင်းက ရှုံးနေပြီနော်..စဉ်းစားဖို့ပါ...

Thursday, August 8, 2013

Visa and Master စက်တင်ဘာလောက် သုံးနိုင်မည်ဟု သတင်းရ..

ဗဟိုဘဏ်ခွင့်ပြုပါက VISA နှင့် Masterကတ်များ စက်တင်ဘာတွင်စ၍ ပြည်တွင်း၌ စာရင်းဖွင့်နိုင်မည် ကမ္ဘာပေါ် တွင် အသုံးပြုမှုအများဆုံးဖြစ်သော ငွေပေးချေကတ်များဖြစ်သည့် VISA နှင့် Master ကတ်များအား ဗဟိုဘဏ် ၏ ခွင့်ပြုချက်သာရရှိမည်ဆိုပါက လာမည့်စက်တင်ဘာလတွင် ပြည်တွင်း၌ ဘဏ်စာရင်းဖွင့်ကာ အသုံးပြုရန် ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်ကြောင်း စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။ အမေရိကန်အခြေစိုက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၏ VISA နှင့် Master ငွေပေးချေကတ်များကို ယခုအ ခါမြန်မာနိုင်ငံတွင်းသို့ ယူဆောင်သုံးစွဲနိုင်ပြီဖြစ်သော်လည်း ယင်းအတွက် စာရင်းဖွင့်ခြင်းကို ပြည်ပနိုင်ငံများ၌ သာဆောင်ရွက်နိုင်သေးသည့် အနေအထားဖြစ်ကာ ပြည်တွင်း၌ စာရင်းဖွင့်သုံးစွဲနိုင်ရန်မြန်မာနိုင်ငံအခြေစိုက် စီဘီဘဏ်က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။ ယင်းနှင့်စပ်လျဉ်းကာ စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က “ဒီနှစ်ခုမှာ Master ငွေပေးချေကတ်ကို အရင်ဆုံးအသုံးပြုနိုင်မယ်လို့ ထင်တယ်။ ဗဟိုဘဏ်က ခွင့်ပြုချက်ရတာနဲ့ အသုံးပြုလို့ရမှာပါ။ ငွေဘယ်လောက်အထိ သုံးလို့ရမလဲဆိုတာ သူ(မြန်မာနိုင်ငံတော် ဗဟိုဘဏ်)ကပဲ စည်းမျည်းစည်းကမ်းကို သတ်မှတ်ပေးလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် VISA နှင့် Master ကတ်များကို ၂၀၁၂ခုနှစ် ဧပြီလမှစတင်ကာ ပြည်တွင်းသို့ ယူဆောင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများနှင့်နိုင်ငံခြားသားလုပ်ငန်းရှင်များကသာ သုံးစွဲလျက်ရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “အခုလို ကတ်တစ်ခုတည်း သုံးပြီး ငွေအများကြီးမသယ်ရတော့ အန္တရာယ်ကင်းတာပေါ့။ နိုင်ငံခြားကိုသွားရင်လည်း ငွေ အများကြီးသယ်စရာမလိုတော့ဘူး။ ဒါပေမဲ့ အမှားအယွင်းနည်းဖို့တော့လိုတယ်။ ကတ်အတုလုပ်ပြီးထုတ်တာမျိုး နည်းပညာအမှားအယွင်းနည်းဖို့တော့လိုတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

အထက်ပါကဲ့သို့ VISA နှင့် Master ငွေပေး ချေကတ်များအား ပြည်တွင်း၌ပင် စာရင်းဖွင့် သုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးမည်ဆိုသော်လည်း အသုံးပြုနိုင်မည့်ငွေကြေးပမာဏအား သတ်မှတ်ထားခြင်းမရှိသေးဘဲ ဗဟိုဘဏ်က ဆုံးဖြတ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကာလရှည်နေထိုင်ဖူးသည့် မြန်မာလူမျိုးတစ်ဦးက “VISA ကတ်က ထိုင်းမှာ အခြေခံလူတန်းစား သုံးလို့ရအောင် လုပ်ထားတာမျိုးပါ။ ဘတ် ၅၀ဝပေးပြီး ဘဏ် စာရင်းဖွင့်ထားပြီဆိုတာနဲ့ VISA ကတ်ကိုလဲ လုပ်ပေးတာပဲ။ ငွေအများဆုံးထည့်သွင်းနိုင်တဲ့ပမာဏကိုတော့ မကန့်သတ်ထားပေမယ့် ကတ်အမျိုးအစားအလိုက်ငွေထုတ်နိုင်တဲ့ ပမာဏကိုတော့ ကန့်သတ်ထားတယ်။ ဥပမာ- တစ်ရက်မှာ ဘတ် ၃၀ဝ၀ဝ ထက် ပိုမထုတ်ရ ဆိုတာမျိုးပေါ့” ဟု ပြောကြားသည်။

အဆိုပါ VISA ကတ်နှင့် Master ကတ်များသည် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်း သုံးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များနှင့် ခရီးသွားလာရာတွင် ငွေကြေးကိုင်ဆောင်သွားရန်မလိုဘဲ ရောက်ရှိရာဒေသတွင် သုံးစွဲနိုင်ရန် ရည်ရွယ်ထားသည့် ငွေကြေးဝန်ဆောင်မှု Debit (ကြိုတင်ငွေ ဖြည့်သွင်းကတ်)များဖြစ်ကြသည်။

Credit & Ref : မဇ္ဈိမ နိုင်အောင်က တွေ့လို့ ယူလာတယ်ဗျာ.။ ဓါတ်ပုံကတော့ ကိုယ့်ဆိုက်နဲ့ ကိုက်မယ့်ပုံ အင်တာနက်ကနေ ရှာပြီး လှတပတလေးလုပ်လို့ တင်လိုက်တယ်...။

Monday, August 5, 2013

How to Verify Paypal Account (နိုင်အောင်စိုး)

အရင်ဆုံး ကျွန်တော်တို့ရဲ့ Paypal အကောင့်ထဲကို Login ၀င်လိုက်ပါ။
ကျွန်တော်တို့ရဲ့ အကောင့်က Verify မလုပ်ရသေးတဲ့အတွက် Get Verified ဆိုတဲ့ စာသားလေး ပေါ်နေပါလိမ့်မယ်။ ဘေးက Notifications မှာလည်း Payment card နဲ့ ချိတ်ဖို့အတွက် စာသားလေး ပေါ်နေပါတယ်။ Get verified ကို နှိပ်လိုက်ပါ။


First name: Paypal မှာ အကောင့်လုပ်တုန်းက နာမည်အတိုင်း ထားခဲ့လို့ ရပါတယ်။ ပြင်စရာမလိုပါဘူး။ သူ့ဘာသာ ထည့်ပေးထားပါတယ်။

Card type: Visa, Master စသည်ဖြင့် ကိုယ်ရဲ့ ကဒ်အမျိုးအစားကို ရွေးပေးလိုက်ပါ။

Card number: ကဒ်နံပါတ်ကို ရိုက်ထည့်ပေးပါ။

Expiration date: ကဒ် သက်တမ်းကုန်ဆုံးမယ့် လနဲ့ နှစ်ကို ရိုက်ထည့်ပေးပါ။

CSC: ဒါကတော့ ကျွန်တော်တို့ကဒ်ရဲ့ Card security code ပါ။ ကဒ်ရဲ့ အခြားတစ်ဘက် (နောက်ကျောဘက်) မှာ ရှိတတ်ပါတယ်။ Visa တို့ဆိုရင် ကုဒ်က သုံးလုံးဖြစ်ပါတယ်။ American Express ဆိုရင် ကုဒ်က လေးလုံးဖြစ်ပါတယ်။ အဲဒီကုဒ်ကို ရိုက်ထည့်ပေးပါ။


နောက်ဆုံးမှာ ပြထားတဲ့ Billing address ကို ပြင်ချင်ရင် change ကို နှိပ်ပြီးတော့ ပြင်နိုင်ပါတယ်။ ဒီအတိုင်းပဲ ထားခဲ့လို့လဲ ရပါတယ်။ ပြီးရင် အောက်ဆုံးမှာ ပြထားတဲ့ Continue ကို နှိပ်ပေးပါ။ Continue ကို နှိပ်တယ်ဆိုရင် Paypal ကနေ $1.95 ကို ကဒ်ထဲကနေ ဖြတ်ယူသွားပါလိမ့်မယ်။ အဲဒီငွေကို ၂၄ နာရီအတွင်းမှာ Paypal အကောင့်ထဲကို ပြန်လည်ထည့်ပေးပါလိမ့်မယ်။

(တခါတလေမှာတော့ Paypal ကနေ ကဒ်အသစ်နဲ့ချိတ်တဲ့အခါမှာ $1.95 ဒေါ်လာအပြင် နောက်ထပ် တစ်ဒေါ်လာကို ကဒ်ချိတ်တဲ့အနေနဲ့ ဖြတ်ယူတတ်ပါတယ်။ အဲဒီ တစ်ဒေါ်လာကိုတော့ Paypal အကောင့်ထဲကို ပြန်ပြီးတော့ ထည့်မပေးပါဘူး။)

အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ ကဒ်ကို အောင်မြင်စွာချိတ်လို့ ပြီးပါပြီး။ ဒါပေမယ့် ကျွန်တော်တို့ ကဒ်ကို Confirm လုပ်ပေးဖို့ လိုပါသေးတယ်။


အပေါ်က ပုံမှာပြထားတဲ့ အတိုင်း ကျွန်တော်တို့ရဲ့ Credit ကဒ်ကို ထည့်သွင်းထားတာ တွေ့ရပါလိမ့်မယ်။ ကဒ်ကို Confirm လုပ်ဖို့အတွက် ဘေးမှာ ပြထားတဲ့ Link and Confirm My card ကို နှိပ်လိုက်ပါ။ (တခါတလေမှာတော့ Link and Confirm My card ဆိုတဲ့ စာသားမဟုတ်ဘဲ Enter Paypal code ဆိုပြီး ဖြစ်တတ်ပါတယ်။)

အဲဒါဆိုရင် Paypal code ကို ထည့်သွင်းပြီးတော့ Confirm Card ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင်

ကျွန်တော်တို့ရဲ့ ကဒ်ကို အောင်မြင်စွာနဲ့ Confirm လုပ်လို့ပြီးပါပြီ။


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အကောင့်က Verify ဖြစ်သွားပြီးဆိုတဲ့အကြောင်းကို တွေ့ရမှာပါ။



Paypal code ကို ဘယ်လိုရှာရမှာလဲ

Paypal ကနေ $1.95 ဖြတ်ယူတုန်းက ကျွန်တော်တို့ရဲ့ Payment card statement ထဲကို Paypal ကနေ $1.95 ဖြတ်ယူသွားတယ်ဆိုတဲ့ အကြောင်းကို message ရောက်ပါတယ်။ အဲဒီ message ထဲမှာ Paypal ကနေ ပို့လိုက်တဲ့ ဂဏန်းလေးလုံးပါတဲ့ ကုဒ်တစ်ခု ပါပါတယ်။ အဲဒီကုဒ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ တခါတလေမှာတော့ အဲဒီ message ရောက်ဖို့အတွက် သုံးလေးရက် ကြာတတ်ပါတယ်။ 

တကယ်လို့ ကျွန်တော်တို့ရဲ့ Payment card ဘဏ်က internet banking ကို အသုံးပြုလို့ ရတယ်ဆိုရင် ကိုယ့်ဘဏ်အကောင့်ထဲကို Login ၀င်ကြည့်ပြီး ကုဒ်ကို ရယူနိုင်ပါတယ်။

အောက်မှာ ပုံအနေနဲ့ နမူနာပြထားပါတယ်။


တကယ်လို့ internet banking စနစ်ကို အသုံးပြုလို့မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ကဒ်အတွက် monthly statement(လစဉ်ငွေစာရင်းရှင်းတမ်း)ကို စောင့်ပြီးတော့ ကုဒ်ကို ရယူနိုင်ပါတယ်။ တကယ်လို့ အမြန်လိုချင်တယ်ဆိုရင်တော့ ဘဏ်မန်နေဂျာနဲ့ ဆက်သွယ်ပြီးတော့ အကျိုးအကြောင်းပြောပြီးတော့ အကူအညီတောင်းယူနိုင်ပါတယ်။
 
ဒါတွေဟာ ကျုပ်မိုးကောင်းကင် ရေးသားထားသည်မဟုတ်ပါ။ အွန်လိုင်းမှာ ငွေဘယ်လိုရှာရမယ်ဆိုတာ 
အတန်အတင့်တော့ သိကြတော့မှာပါ.။ ဒီနေရာမှာ Free လည်း အကောင့်ဖွင့်လို့ရ သုံးလို့ ရအောင် နည်း
လေးတွေလည်း ထည့်ထားပါပြီ။ ဒါကြောင့် လွယ်ကူကြတော့မယ်လို့ထင်ပါတယ်.။ ကျုပ်ကတော့ မြန်မာပြည်
က ဘာ Procxy ကျော်တာမှ မသုံးဘဲ နေရာအတိအကျနဲ့ လုပ်လိုက်တာ..။ Limited ဆိုပြီး ပြနေလို့ တိုင်ပတ်
နေတယ်.။ ဒါလေးတွေ လမ်းဖွင့်ပေးဖို့ မျှော်နေရတာလည်း အမောပါဘဲကွယ်..။ သို့သော်လည်း ဖုန်းတစ်လုံး
ရှိရင် Gmail အကောင့် အသစ်တစ်ခု လျှောက်ပြီးတော့  Procxy ကျော်ကာ အကောင့်ဖွင့်မယ်ဆိုရင် အဆင်
ပြေနိုင်ပါပြီ..။ အောက်ကပို့စ်မှာ တင်ပေးထားပါတယ်နော်..။
ကိုယ်တိုင်ရေးသားထားတာ မဟုတ်ပေမယ့်လည်း အကျိုးကျေးဇူးကိုဘဲ ရည်မျှော်လို့ ယူရခြင်းဖြစ်ပါတယ်.။
ကိုယ့်အတွက်လည်းကောင်း လာကြည့်ကြတဲ့ ၀ါသနာတူတဲ့သူတွေအတွက်လည်း ကောင်းအောင်ပေါ့.။









Paypal အွန်လိုင်းဘဏ်အကောင့် ဖွင့်ရအောင် (နိုင်အောင်စိုး)

မြန်မာကနေ Paypal အကောင့်ဖွင့်မယ်ဆိုရင် အရင်ဆုံး Proxy ကျော်ပြီးမှ သုံးဖို့လိုပါတယ်။ အဲဒီအတွက် Your-freedom ဆော့ဝဲအသုံးပြုဖို့အတွက် အကောင့်ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။
အရင်ဆုံး https://www.paypal.com/ ကို အရင်ဆုံး ဖွင့်လိုက်ပါ။ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း Sign Up ကို နှိပ်လိုက်ပါ။


ပြီးရင် Your country or region နဲ့ Your language မှာ အတွက် အဆင်ပြေတာကို ရွေးပေးပါ။ ကျွန်တော်ကတော့ United States နဲ့ English ကို ရွေးလိုက်ပါတယ်။ပြီးရင် ကိုယ်အတွက်အဆင်ပြေမယ့် Paypal အကောင့်အမျိုးအစားကို ရွေးပေးပါ။ ကျွန်တော်ကတော့ Paypal for personal use ကိုပဲ ရွေး လိုက်ပါတယ်။ (ကိုယ့်အကောင့်ကို နောက်မှ Upgrade အလွယ်တကူ လုပ်လို့ ရပါတယ်။) ပြီးရင် Get Started ကို နှိပ်ပေးပါ။


ပြီးရင် ကျွန်တော်တို့ အကောင့်အတွက်လိုမယ့် အချက်အလက်တွေကို ထည့်ပေးရပါမယ်။


Email address: Paypal အကောင့်အတွက်သုံးမယ့် အီးမေးလိပ်စာကို ထည့်ပေးပါ။ ကျွန်တော်တို့ အွန်လိုင်းမှာ ငွေပေး၊ ငွေချေ၊ ငွေလွှဲတာတွေကို ဒီအီးမေးလိပ်စာနဲ့ပဲ အလုပ်လုပ်သွားမှာပါ။

Choose a password: Paypal အကောင့်အတွက် password ကို ထည့်ပေးပါ။

Re-enter password: အပေါ်မှာ ထည့်ခဲ့တဲ့ password ကို ပြန်ထည့်ပေးပါ။

ပြီးရင် ကျွန်တော်တို့အတွက် လိုအပ်မယ့် Address နဲ့ Postal code ကို ရှာဖို့အတွက် Fake name generator ကို ဖွင့်ပြီး အရင်ရှာထားလိုက်ပါ။ အောက်မှာ ပုံနဲ့ နမူနာ ပြထားပေးပါတယ်။

Legal first name: ကိုယ့်နာမည်ကို နောက်ဆုံးစာလုံးကို ချန်ပြီး ထည့်ပေးပါ။

Legal last name: ကိုယ့်နာမည်ရဲ့ နောက်ဆုံးစာလုံးကို ထည့်ပေးပါ။

Address line 2: ဒီမှာတော့ ဘာမှမထည့်ဘဲ ကွက်လပ်အတိုင်းချန်ထားလို့ ရပါတယ်။

ကျန်တဲ့ဖြည့်ရမယ့် အကွက်တွေကိုတော့ Fake name generator မှရလာတဲ့ အချက်အလက်တွေကို ထည့်ပေးပါ။ အောက်မှာ နမူနာအနေနဲ့ ထည့်ပြထားပါတယ်။


ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Yes I have… မှာ Check box မှာ ကလစ်ပြီးတော့ Check လုပ်ပေးပါ။ ပြီးရင် Agree and Create Account ကို နှိပ်ပေးပါ။


အဲဒါပြီးရင် နောက်ထပ် တက်လာတဲ့ Page မှာ အောက်က အကွက်မှာပြထားတဲ့ Code စာလုံးတွေကို ပြန်ရိုက်ထည့်ပေးပါ။ ပြီးရင် Continue ကို နှိပ်ပေးပါ။

ပြီးရင် နောက်ထပ် တက်လာတဲ့ Page မှာ Go to My Account ကို နှိပ်ပေးပါ။ Bank account နဲ့ Credit card အချက်အလက်တွေကို နောက်မှထည့်ပေးပါမယ်။ 


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အကောင့်စာမျက်နှာ တက်လာပါလိမ့်မယ်။ အောက်မှာ နမူနာ ပြထားပါတယ်။


ပြီးရင် ကျွန်တော်တို့ရဲ့ အီးမေးလိပ်စာကို Confirm လုပ်ဖို့လိုပါတယ်။ အဲဒီအတွက် Confirm email address ကို နှိပ်ပေးပါ။


အီးမေးလိပ်စာကို Confirm လုပ်တဲ့အခါမှာ နှစ်မျိုးနည်းနည်းကွဲနေပါတယ်။ အောက်မှာ နှစ်မျိုးလုံးကို ဖော်ပြပေးထားပါတယ်။ ကိုယ့်ဆီမှာ ပေါ်လာတဲ့နည်းအတိုင်း ဆက်လုပ်သွားနိုင်ပါတယ်။

နည်းလမ်း(၁)

Confirm email address ကို နှိပ်လိုက်တဲ့ အောက်မှာ ပြထားသလို Page တက်လာပါလိမ့်မယ်။ ကျွန်တော်တို့ဆီကို Confirm အီးမေးမရောက်သေးဘူးဆိုရင် Confirm ကို ထပ်နှိပ်ပြီး အီးမေးထပ်ပို့ ခိုင်းလို့ ရပါတယ်။ 
ပြီးရင် ကျွန်တော်တို့ဆီကို Confirmation အီးမေးရောက်မရောက်ဆိုတာကို မေးထဲကို ၀င်ကြည့်လိုက်ပါတယ်။ မရောက်သေးရင် Confirm ကို ထပ်နှိပ်ပြီး ပို့ခိုင်းပါ။ (တခါတလေမှာ Inbox ထဲကို မရောက်ဘဲ Spam box ထဲကို ရောက်တတ်ပါတယ်။) အီးမေးကို တွေ့ပြီဆိုရင် Confirm my email address ကို နှိပ်ပေးပါ။


ပြီးရင် ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို ၀င်ဖို့အတွက် ပက်ဝက်ကို တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပြီး ပေးပြီး Login လုပ်ပြီး ၀င်လိုက်ပါ။

နည်းလမ်း(၂)
Confirm email address ကို နှိပ်လိုက်တဲ့ အောက်မှာ ပြထားသလို Page တက်လာပါလိမ့်မယ်။ အဲဒါဆိုရင် Click the Activate button အောက်မှာ ရှိတဲ့ လင့်ကို နှိပ်ပေးပါ။ ပြီးရင် ကျွန်တော်တို့ဆီကို Confirmation number ပါတဲ့ အီးမေးပို့လိုက်တယ်ဆိုပြီး Confirmation number ကို ထည့်ခိုင်းပါလိမ့်မယ်။ 

အဲလို Confirmation number တောင်းခဲ့ပြီဆိုရင် ကျွန်တော်တို့ရဲ့ အီးမေးထဲကိုဝင်လိုက်ပြီး Paypal ကနေ ပို့လိုက်တဲ့ အီးမေးကို ဖွင့်ပါ။ ပြီးရင်အောက်မှာ အနီရောင်လေးထောင့်ကွက်နဲ့ ပြထားတဲ့ နေရာက Confirmation number ကို ကူးယူလိုက်ပါ။


Confirmation number ကို ကူးယူပြီးရင် အောက်မှာပြထားတဲ့အတိုင်းထည့်ပြီးရင် Confirm ကိုနှိပ်ပေးပါ။


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အီးမေးကို Paypal အကောင့်အတွက် Confirm လုပ်လို့ ပြီးသွားပါပြီ။ ပြီးရင် Paypal အကောင့်ရဲ့ Password ကိုမေ့သွားခဲ့ရင် ပြန်ပြီးတော့ ရနိုင်ဖို့အတွက် Security မေးခွန်းနှစ်ခုကို ရွေးပေးပြီး ကိုယ်မှတ်မိမယ့် အဖြေနှစ်ခုကို ရိုက်ထည့်ပေးပါ။ အဖြေတွေကို မှတ်မိနေဖို့လိုပါတယ်။ ဒါမှသာ Password ကိုမေ့သွားခဲ့ရင် ပြန်ရနိုင်မှာပါ။ ပြီးရင် အောက်မှာ နိုင်ငံတစ်ခုကို အဆင်ပြေတာကို ရွေးပေးပြီး Submit ကို နှိပ်ပေးပါ။


အဲဒါပြီးရင် ကျွန်တော်တို့ Paypal အကောင့်ကို Verify ဖြစ်ဖို့အတွက် Credit card ကို ချိတ်ခိုင်းပါလိမ့်မယ်။ Credit card ရှိတဲ့သူတွေက တခါတည်းထည့်သွင်းပေးလို့ ရပါတယ်။ မရှိသေးဘူးဆိုရင် အောက်က Go to My account ကို နှိပ်လိုက်ပါ။ (Credit card နဲ့ချိတ်ပြီးတော့ Paypal အကောင့်ကို Verify လုပ်တာကို သီးသန့် ထပ်ရေးထားပါမယ်။)


Go to My Account ကို နှိပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အကောင့်စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ အဲဒါဆိုရင် Paypal အကောင့်လုပ်တာ အောင်မြင်စွာနဲ့ ပြီးသွားပါပြီ။ (Verify တော့ မလုပ်ရသေးဘူးပေါ့။) အဲဒီမှာဆိုရင် အကောင့်မှာရှိတဲ့ ငွေပမာဏ နဲ့ Status မှာ Verify လုပ်ဖို့ ပြောထားတာကို တွေ့ရပါတယ်။



Verify လုပ်ပြီးတာနဲ့ မလုပ်သေးတာ ဘာကွာလဲဆိုတာကို Account Limits က View Limits ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။
အောက်က ပုံကတော့ Verify မလုပ်ရသေးတဲ့ Paypal အကောင့်ပါ။ သူ့မှာ $650 အထိပဲ ငွေပေးပို့လို့ ရပြီးတော့ ငွေထုတ်တဲ့အခါမှာ တစ်လလုံးအတွက်ကို $650 အထိပဲ ထုတ်ယူလို့ ရပါတယ်။ 

အောက်ကပုံကတော့ Paypal အကောင့်ကို Verify လုပ်ထားပြီးသားပုံပါ။ သူ့မှာတော့ ငွေပေးပို့တာနဲ့ ငွေထုတ်တာအတွက် အကန့်အသတ်မရှိတော့ပါဘူး။

Verify လုပ်ပြီးတယ်ဆိုတာက ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို Payment card ဒါမှမဟုတ် ဘဏ်အကောင့် တစ်ခုခုနဲ့ ချိတ်ထားပြီးတာကို ပြောတာပါ။ 

(ဘဏ်အကောင့် ဒါမှမဟုတ် Payment card ရှိတဲ့သူတွေအတွက် Verify ဘယ်လိုလုပ်တယ်ဆိုတာကို နောက်မှာ ထပ်ရေးပါမယ်။)

ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို Verify မလုပ်ရသေးပေမယ့် ( ငွေပမာဏအပေါ်မှာ ကန့်သတ်ချက် ရှိတာကလွဲရင် )

၁။ PTC ဆိုဒ်တွေထဲက ငွေကို ကျွန်တော်တို့ရဲ့ Paypal အကောင့်ထဲကို လွှဲလို့ရပါတယ်။

၂။ Paypal အကောင့်ထဲမှာ ရောက်နေတဲ့ငွေကို အခြားသူတစ်ယောက်ရဲ့ Paypal အကောင့်ထဲကို လှမ်းလွှဲလို့ ရပါတယ်။

၃။ အခြားသူတစ်ယောက်ကနေ ကျွန်တော်တို့ရဲ့ Paypal အကောင့်ထဲကို လှမ်းပြီးလွှဲမယ်ဆိုရင် လက်ခံလို့ ရပါတယ်။


ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို Verify လုပ်မထားတဲ့အတွက်

၁။ Paypal အကောင့်မှာ ဘဏ်အကောင့်နဲ့ ချိတ်မထားသေးတဲ့အတွက် ဘဏ်ဆီကို ငွေပို့ပြီး ငွေသားအဖြစ် ထုတ်ယူလို့ မရသေးပါဘူး။
ဖြေရှင်းရန်။ ။ အခြားချိတ်ထားပြီးသားသူဆီကို လှမ်းလွှဲပြီးတော့ အကူအညီတောင်းလို့ ရပါတယ်။

၂။ ကိုယ့် Paypal အကောင့်ထဲမှာ ငွေရှိတယ်ဆိုရင်တော့ အခြားကနေ ကိုယ်ကြိုက်တာကို အွန်လိုင်းကနေ ၀ယ်ယူနိုင်ပါတယ်။ ဒါပေမယ့် Verify လုပ်မထား (ဘဏ်အကောင့် ဒါမှမဟုတ် Payment card နဲ့လည်း ချိတ်မထား)တဲ့အတွက် Paypal အကောင့်ထဲမှာ ငွေမရှိဘူးဆိုရင်တော့ အွန်လိုင်းကနေ ၀ယ်လို့ မရနိုင်ပါဘူး။
ဖြေရှင်းရန်။ ။ အခြားသူရဲ့ Paypal အကောင့်ထဲကနေ ကိုယ့်အကောင့်ထဲကို ငွေလွှဲခိုင်းပြီးတော့ ၀ယ်ယူလို့ ရပါတယ်။

၃။ ငွေပို့၊ ငွေထုတ်တဲ့ ငွေပမာဏအပေါ်မှာ ကန့်သတ်ချက်ရှိပါတယ်။
 
http://makemoneywithptc2013.blogspot.ru/2013/08/paypal.html ဒီလင့်လေးက ကိုနိုင်အောင်စိုး
ရဲ့ လင့်လေးကနေ မိတ္တပွါးတယ် ကော်ပီပွါးလိုက်တယ်...
ဒါတွေ တစ်ချိန်မှာတော့ ဒါမျိုးတွေ မဖြစ်တော့ပါဘူး သို့သော်လည်း ခုလောလောဆယ်မှာ လုပ်ချင်သူများ
အတွက် အရေးကြီးတာမို့ ယူထားတာပါ..။ နောင်တစ်ချိန်မှာလည်း အခြို့အရာလေးတွေကတော့ အသုံးဝင်
နေဦးမှာပါဘဲ...