မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Wednesday, November 6, 2013

ဝက်သားတုတ်ထိုး( ကောင်း... ကောင်း စားချင်သူတွေအတွက် ပြုလုပ်နည်း)

ဝက်သားတုတ်ထိုးက...မခက်ပါဘူး...နည်းပညာလေးတော့..လိုအပ်တာပေါ့။ ၀က်သားတုတ် ထိုးရောင်း တဲ့သူတွေလိုပဲ....၀က်ရဲ.အတွင်းကလီစာအစုံမှာကျောက်ကပ်ကိုတော့ရှောင်ပါတယ်....။လူတွေကြိုက် တတ်တဲ့အချင်းတိုင်၊ အူပါးလျှာ နို.အုံသား၊ပါးစောင်သားအရိုးနုတို.တော့များများဝယ်ရပါတယ်.
ဝက်သားတုတ်ထိုးမှာ..ဘဲဥကလည်း..မပါမဖြစ်ပါ...။ဝယ်လာတဲ့ဝက်အတွင်းကလီစာတွေကို..သန်.
စင်နေအောင်ရေအရင်ဆေးပါ။ မန်ကျည်းသီးမှည့်ကိုရေနွေးလေးစိမ်ထားပြီး..ဆားအနည်းငယ်နဲ.ရောပြီး (၃)ကြိမ်မှ(၅)ကြိမ်လောက်ထိဆေးလိုက်ရင်..၀က်အတွင်းကလီစာဆိုတာ..ဘာအနံ.မှမရှိတော့အောင် စင်ကြယ်သန်.ရှင်းသွားပါတယ်...။အူပါးတွေကိုတော့..တုတ်တံတစ်ချောင်းနဲ.၅ခုလောက်ကို..အထပ်
ထပ်ဖြစ်အောင်ထပ်ပေးရပါမယ်...။ဆေးကြာပြီးရင်တော့..အားလုံးကိုရေစစ်ထားပါ...။


ရေစစ်သွားတဲ့..၀က်သားတွေကို ဆား၊ ပာင်းခတ်မှုန်. ၊ ပဲငံပြာရည်အပျစ်( အကောင်း
စားတံဆိပ်) နာနတ်ပွင့်ကိုလှော်ပြီးထောင်းထားတဲ့အမှုန်.( တရုတ်လို ပါကော့ ခေါ်ပါ
တယ်) ၊ အစားအသောက်သုံးအရောင်( လိမ္မော်) အနည်းငယ်၊ ၀ိုင်အရက်(သို.) အရက်ပြင်းအနည်းငယ်တို.နဲ.ရောနယ်ပြီး...နာရီဝက်ခန်.နှပ်ထားပေးရပါမယ်...။

ဘဲဥတွေကိုလည်း..ပြုတ်ပြီးအခွံခွာထားပါ...။

ဒယ်အိုးတစ်လုံးမှာ..ဆီအနည်းငယ် ၊ သကြား တို.ကိုရောပြီးအပူပေးလျှင်
သကြားတွေပာာ..ဆီအနည်းငယ်ပူလာတာနဲ.အရည်ပျော်ပြီးရွှေညိုရောင်
လေးပြောင်းလာပြီဆိုရင်...မီးဖုတ်ပြီးဓါးပြားရိုက်ထားတဲ့..နာနတ်ပွင့် ၊ ချင်း၊ ငရုတ်ကောင်းတို.ကိုထည့်ပြီး...တစ်ခုပြီး..တစ်ခု..ဆီသတ်ပေးပြီး...စစ်ယူထားပါ...။

ထို.နောက်...အမာဆုံးအစိတ်အပိုင်းတွေ..ဥပမာ နားရွက် ၊ လျှာ ၊ အူမစသည်တို.ကိုအရင်ဆုံးပြုတ်ပေးပါ...ထိုအရာများတစ်ဝက်လောက်ကျက်
ပြီဆိုမှအသည်း၊ နှလုံးလို ဒုတိယ တန်းစားတွေကို ထည့်ပေးပါ..။

နောက်ဆုံးမှ....အူချိုတို.လိုအနုဆုံးအပိုင်းတွေကို ထည့်ပြုတ်ပါ....။အရသာကို မြည်း
စမ်းပြီး..နှူးအိပြီဆိုရင်..ရေ သုံးပုံတစ်ပုံကျန်လောက်မှ..စစ်ယူထားပါ...

လှီးဖြတ်ပေးပြီးပန်းကန်နဲ.ကြိုက်သူကို ပန်းကန်နဲ.ထည့်ဧည့်ခံနိုင်သလို..၀ါးတုတ်လေး
ထိုးပြီးမှ...စားချင်သူများကိုလည်း..နှစ်သက်သလိုဧည့်ခံပေးလို.ရပါတယ်....။

တွဲဖက်ဆော့စ်ကိုတော့..မန်ကျည်းသီး၊ ထန်းလျက်ရည်၊ သကြား၊ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ နံနံပင် ၊ ဗမာငရုတ်ဆီ တို.နဲ.မိမိနှစ်သက်သလို ရောစပ်နိုင်ပါတယ်။

ပာင်းချက်နည်းများ

ကဲဗျာ ၀က်သား ဒုတ်ထိုး လုပ်နည်းလေး တင်လိုက်တယ်။ ဒါလေးတွေက တစ်နေ့တော့ အကျိုးရှိမှာပါဘဲ
မလုပ်တတ်သေးရင်တော့ လုပ်တတ်အောင် လေ့လာလိုက်ပါဦး ကိုယ်လည်း လုပ်တတ်ဖူးနော်..။
လုပ်တတ်အောင်ခိုင်းထားရတာ နောက်များဆို ဒုတ်ထိုးစားချင်ရင် ကိုယ့်ဟာကိုလုပ်တော့ သက်သက်သာ
သာနဲ့ စားကောင်းတာပေါ့ဗျာ။ ဒုတ်ထိုးများ စားရလေမလားလို့ တင်လိုက်တယ်...။

0 comments:

Post a Comment