မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Saturday, November 16, 2013

မိုးကောင်းကင် ဖောင်းပြင်

မိုးကောင်းကင် ဖောင်းပြင်သည် facebook အကောင့် လျှောက်မရသော Gmail အကောင့်မှန်သမျှကို
ဆိုက် http://ohnthar.blogspot.com/ ရဲ့ ကိုယ်ပွါး အဖြစ်နဲ့ မိတ္တူများ ပွါးတော့မည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်..နော်...အားလုံးဘဲ လွယ်လင့်တစ်ကူ ဗဟုသုတများ အရယူနိုင်ကြပါစေ.။
ကျုပ် Backup လုပ်ထားတဲ့ file ကိုတော့ဖြင့် တစ်လလောက်တစ်ခေါက်လောက်တော့ ထည့်ဖြစ်လိမ့်မယ်
ထင်ပါတယ်။ ရေးချင်တာလေးတွေရေး တောက်တိုမယ်ရလေးပေါ့ဗျာ။ အခုဒီမှာတော့ဖြင့် မူရင်းဆိုက်က
Backup လုပ်ထားတာလေးကို တင်ထားတာပါ ကော်ပီပွါးတယ်လို့လည်း ပြောလို့ရတာပေါ့ဗျာ....အားလုံး
ဘဲ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ...

Wednesday, November 6, 2013

ဝက်သားတုတ်ထိုး( ကောင်း... ကောင်း စားချင်သူတွေအတွက် ပြုလုပ်နည်း)

ဝက်သားတုတ်ထိုးက...မခက်ပါဘူး...နည်းပညာလေးတော့..လိုအပ်တာပေါ့။ ၀က်သားတုတ် ထိုးရောင်း တဲ့သူတွေလိုပဲ....၀က်ရဲ.အတွင်းကလီစာအစုံမှာကျောက်ကပ်ကိုတော့ရှောင်ပါတယ်....။လူတွေကြိုက် တတ်တဲ့အချင်းတိုင်၊ အူပါးလျှာ နို.အုံသား၊ပါးစောင်သားအရိုးနုတို.တော့များများဝယ်ရပါတယ်.
ဝက်သားတုတ်ထိုးမှာ..ဘဲဥကလည်း..မပါမဖြစ်ပါ...။ဝယ်လာတဲ့ဝက်အတွင်းကလီစာတွေကို..သန်.
စင်နေအောင်ရေအရင်ဆေးပါ။ မန်ကျည်းသီးမှည့်ကိုရေနွေးလေးစိမ်ထားပြီး..ဆားအနည်းငယ်နဲ.ရောပြီး (၃)ကြိမ်မှ(၅)ကြိမ်လောက်ထိဆေးလိုက်ရင်..၀က်အတွင်းကလီစာဆိုတာ..ဘာအနံ.မှမရှိတော့အောင် စင်ကြယ်သန်.ရှင်းသွားပါတယ်...။အူပါးတွေကိုတော့..တုတ်တံတစ်ချောင်းနဲ.၅ခုလောက်ကို..အထပ်
ထပ်ဖြစ်အောင်ထပ်ပေးရပါမယ်...။ဆေးကြာပြီးရင်တော့..အားလုံးကိုရေစစ်ထားပါ...။


ရေစစ်သွားတဲ့..၀က်သားတွေကို ဆား၊ ပာင်းခတ်မှုန်. ၊ ပဲငံပြာရည်အပျစ်( အကောင်း
စားတံဆိပ်) နာနတ်ပွင့်ကိုလှော်ပြီးထောင်းထားတဲ့အမှုန်.( တရုတ်လို ပါကော့ ခေါ်ပါ
တယ်) ၊ အစားအသောက်သုံးအရောင်( လိမ္မော်) အနည်းငယ်၊ ၀ိုင်အရက်(သို.) အရက်ပြင်းအနည်းငယ်တို.နဲ.ရောနယ်ပြီး...နာရီဝက်ခန်.နှပ်ထားပေးရပါမယ်...။

ဘဲဥတွေကိုလည်း..ပြုတ်ပြီးအခွံခွာထားပါ...။

ဒယ်အိုးတစ်လုံးမှာ..ဆီအနည်းငယ် ၊ သကြား တို.ကိုရောပြီးအပူပေးလျှင်
သကြားတွေပာာ..ဆီအနည်းငယ်ပူလာတာနဲ.အရည်ပျော်ပြီးရွှေညိုရောင်
လေးပြောင်းလာပြီဆိုရင်...မီးဖုတ်ပြီးဓါးပြားရိုက်ထားတဲ့..နာနတ်ပွင့် ၊ ချင်း၊ ငရုတ်ကောင်းတို.ကိုထည့်ပြီး...တစ်ခုပြီး..တစ်ခု..ဆီသတ်ပေးပြီး...စစ်ယူထားပါ...။

ထို.နောက်...အမာဆုံးအစိတ်အပိုင်းတွေ..ဥပမာ နားရွက် ၊ လျှာ ၊ အူမစသည်တို.ကိုအရင်ဆုံးပြုတ်ပေးပါ...ထိုအရာများတစ်ဝက်လောက်ကျက်
ပြီဆိုမှအသည်း၊ နှလုံးလို ဒုတိယ တန်းစားတွေကို ထည့်ပေးပါ..။

နောက်ဆုံးမှ....အူချိုတို.လိုအနုဆုံးအပိုင်းတွေကို ထည့်ပြုတ်ပါ....။အရသာကို မြည်း
စမ်းပြီး..နှူးအိပြီဆိုရင်..ရေ သုံးပုံတစ်ပုံကျန်လောက်မှ..စစ်ယူထားပါ...

လှီးဖြတ်ပေးပြီးပန်းကန်နဲ.ကြိုက်သူကို ပန်းကန်နဲ.ထည့်ဧည့်ခံနိုင်သလို..၀ါးတုတ်လေး
ထိုးပြီးမှ...စားချင်သူများကိုလည်း..နှစ်သက်သလိုဧည့်ခံပေးလို.ရပါတယ်....။

တွဲဖက်ဆော့စ်ကိုတော့..မန်ကျည်းသီး၊ ထန်းလျက်ရည်၊ သကြား၊ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ နံနံပင် ၊ ဗမာငရုတ်ဆီ တို.နဲ.မိမိနှစ်သက်သလို ရောစပ်နိုင်ပါတယ်။

ပာင်းချက်နည်းများ

ကဲဗျာ ၀က်သား ဒုတ်ထိုး လုပ်နည်းလေး တင်လိုက်တယ်။ ဒါလေးတွေက တစ်နေ့တော့ အကျိုးရှိမှာပါဘဲ
မလုပ်တတ်သေးရင်တော့ လုပ်တတ်အောင် လေ့လာလိုက်ပါဦး ကိုယ်လည်း လုပ်တတ်ဖူးနော်..။
လုပ်တတ်အောင်ခိုင်းထားရတာ နောက်များဆို ဒုတ်ထိုးစားချင်ရင် ကိုယ့်ဟာကိုလုပ်တော့ သက်သက်သာ
သာနဲ့ စားကောင်းတာပေါ့ဗျာ။ ဒုတ်ထိုးများ စားရလေမလားလို့ တင်လိုက်တယ်...။

Viber ကို Computer မှာ မြန်မှာလိုပေါ်အောင်

ကဲ ညီလေးတစ်ဦးက Computer မှာ Viber သုံးတာ မြန်မာလိုမပေါ်လို့တဲ့။ အမှန်ပြောရရင် ကျုပ်အနေနဲ့ Viber ကို ကွန်ပျူတာနဲ့ တစ်ခါမှ မသုံးဖူးပါဘူး သို့သော်လည်း ရချင်တဲ့သူရှိတော့ လိုက်ရှာပြီးတော့ တင်ပေး လိုက်ပါပြီ။ အရင်ဆုံး Viber ကို Install လုပ်ပါ။ နောက်ပြီးတော့ font လေးကို C > Windows > font ထဲကို ကော်ပီကူးထည့်ပေးရမှာပါ။ သို့မဟုတ် font ကို Right Click >> Install ဆိုလည်း အဆင်ပြေမှာပါ။ ကဲ သုံးစမ်းကြည့်လိုက်ပါ။ တစ်ခြားသောဆိုက်တွေမှာလည်း ဒီနည်းအတိုင်း ဘဲ ရေးထားမှာဘဲ။ ကျုပ်facebook နဲ့ Websit တစ်ချို့မှာ ကြည့်လိုက်တာ ဒီနည်းပါဘဲ။ အဆင်ပြေမယ် ထင်ပါတယ်..။

Tuesday, November 5, 2013

Youtube and Facebook Video Download Website

Youtube နှင့် facebook က ဗွီဒီများကို ဒေါင်းလော့ချလိုရင်ဖြင့် ဒီ Website လေးက သင့်ကို ကူညီပါလိမ့်မယ်။
တစ်ခါတစ်လေမှာ Youtube က ဗွီဒီယိုတွေကလည်း ဒေါင်းရတာ နဲနဲကတ်သီးကတ်သတ်နေတတ်တယ်။ အဲဒီ
လို အခါမျိုးမှာ ဒီဆိုက်လေးကတော့ အတော်ဟန်ကျပါတယ်။ IDM ရှိသော်လည်း တစ်ခါတစ်လေပေါ့ဗျာ။
ဒေါင်းမရတဲ့ အခက်အခဲလေးတွေ ဖြစ်ဖူးမှာပါ။ အဲဒီလို ဖြစ်တဲ့အခါ ဒီဆိုက်လေးသိထားတော့ ပိုကောင်းတာ
ပေါ့။ ဒေါင်းလော့ချလိုတဲ့ Youtube က လင့်ကို ကော်ပီကူးပြီးတော့ ဒီ Website က URL နေရာမှာ ကူးထည့်ပါ
ပြီးရင် DOWNLOAD ဆိုတာလေးနှိပ်။ ခဏလောက်စောင့်ပါ ခဏကြာရင်တော့ Download this Video ဆို
တဲ့ လင့်လေးကျလာလိမ့်မယ်။ ကဲ ဒါဆိုရင်တော့ ဒေါင်းလော့ချလို့ရပါပြီ။ Download this Video ဆိုတာကို နှိပ်
လိုက်ရင် ဒေါင်းလော့ချတော့တာဘဲ ဘာမှ မခက်ပါဘူး။ ကဲ အဆင်ပြေပါစေ....။ facebook က ဗွီဒီယိုတွေ ဘယ်လို ဒေါင်းသလဲ မသိသေးရင် Readmore နဲ့ ကြပါ...။



facebook Vidoe Download ချနည်း

ပထမဆုံး မိမိဒေါင်းလိုတဲ့ ဗွီဒီယိုကို တစ်ချက် ကလစ်လိုက်ပါ ပိုပြီးတော့ ကြီးလာမယ်ပေါ့။ ကြီးလားရင်တော့
အပေါ်ဘား URL လို့ခေါ်တဲ့ လင့်လေးကို ကော်ပီ ကူးပါ အောက်ပုံကို ကြည့်ရင် သိနိုင်တယ်..။

ကဲ ဒီအောက်ကပုံကတော့ဖြင့် အပေါ်က ကူးလာတဲ့လင့်လေးကို ထည့်လိုက်ပါ။ Paste လုပ်တယ်ပေါ့။
ဒါပြီးရင် Download နှိပ်ပါ ခနစောင့် Download this Video ဆိုတာ ကျလာရင် ဒေါင်းလို့ ရပါပြီ။


ကဲ အဆင်ပြေတယ် မဟုတ်လား ဒါပါဘဲ အပျင်းပြေပေါ့....
downvids.net ဆိုတာလေး မှတ်မိရင် အဆင်ပြေတယ်နော်...

Hacking Ebook And Hacking Software

Hacking Ebook And Hacking Software လေးတွေ တင်ပေးလိုက်ပါပြီဗျာ။ များများစားစားလေးပေါ့နော်။ ကိုယ်ရတတ်သာလေးတွေ တင်ပေးရတာပေါ့ဗျာ။ နည်းပညာဆိုက်တွေကတော့ အတော်များများ 2013 မှာ
ပေါ်ထွက်လာကုန်ပါပြီ။ သူတို့သိသမျှ တတ်သမျှပညာတွေ မျှဝေနေကြပါတယ်။ ကိုယ်မသိတာလေးတွေ သူ
တို့တွေ သိနေကြတယ်။ ကိုယ့်ထက်သာတဲ့သူတွေတော့ အများကြီးဘဲဗျာ။ အချို့ကလည်း ကိုယ့်လိုဘဲ အပျော်သဘော စမ်းလုပ်ကြတာနဲ့တူပါတယ်။ ကိုယ်လည်း စီးပွါးရေး လုပ်တာမှ မဟုတ်တာ အပျော်တမ်း Bloger သမားဆိုလည်း မမှားပါဘူး။ Hacking နှင့် ပတ်သက်လို့ကတော့ ကိုယ်လည်း နားမလည်ဘူးဗျာ။ ဘယ်နားလည်မလဲ လေ့မှ မလေ့လာတာ။ စကားစစ်ထိုးဖို့တော့ ၀ါသနာပါတယ် အဲဒီလို တိုက်ခိုက်ဖို့ သို့မဟုတ် ထဲထဲဝင်ဝင်လေ့လာဖို့ကြတော့ အပျင်းသားဘဲဗျာ။ Hacking ဆိုတာ ထိုးဖောက်မှုလို့ ပြောမလား
သူများထက် ဦးနှောက်များများ သုံးရတဲ့ပညာပေါ့။ မရဘူးဆိုတာကို ရအောင်စမ်းသပ်ကြတဲ့ ပညာရှင် အဲဒီ
လိုပြောရင်လည်း မှန်မှာပါဘဲ။ Hacking မှာ ကောင်းတဲ့ပညာတွေ လူမှုအကျိုးပြုတာတွေ အများကြီးဘဲဗျာ။
ကျုပ်တို့ သုံးစွဲနေတဲ့ Windows 7 Loader တို့ 8 Loader တို့ IDM Patch File တို့ စသဖြင့် အကျိုးပြုတာတွေ
အများကြီးပါ။ Websit ကို ဟက်တာမှ ဟက်ကာမဟုတ်ဘူး။ ကိုယ်သိတာတော့ အဲလောက်လေးပါဘဲ။ လေ့
လာလိုရင်တော့ ယူသွားကြပေါ့ဗျာ။ ဖိုင်ဆိုက်ကြီးတာလေးတွေကတော့ ပိုကောင်းတာပေါ့ သေးငယ်တာ
တွေကတော့ ပညာများများမပါဘူး သို့သော်လည်း ကိုယ်မသိတာလေးတွေဆို အကျိုးများပါတယ်။ ဒါပါဘဲ

Monday, November 4, 2013

Hacking Ebook

Hacking Ebook လေးတွေ တင်ပေးလိုက်တယ်။ ရထားတာလေးတွေ များနေပါပြီ နောက်တင်ပေးပါ့မယ်။ အဲ
လိုပြောထားရင် တင်တာနဲတယ်နော်။ အကျင့်လိုဖြစ်နေပြီ ပြောလိုက်မေ့လိုက်နဲ့ ။ မရှိသေးရင်တော့ ဒေါင်း
ထားပေါ့ဗျာ။ Hacking လေ့လာချင်ကြတဲ့သူတွေ အတွက်ပေါ့ Software တွေလည်း မင်းစိုးရာဇာဆီက ရတာ
လေးတွေ ရှိတယ် အခြားသောဆိုက်တွေက ရထားတာလေးတွေလည်း ရှိတယ်ဗျ။ DDOS တဲ့ အဲဒီကောင်
တွေရောဘဲ။ နောက်ကျမှ Dropbox မှာ ပေါင်းတင်လိုက်တော့မယ်ဗျာ။ ခုတော့ ဒါလေးနဲ့ဘဲ ကျေနပ်ကြပါဦး
လို့ စာအုပ်တွေပေးရတာအရေးမကြီး သူများဆိုက်မစမ်းဘဲ ကိုယ့်ဆိုက် လာစမ်းနေမှဖြင့် ဒုက္ခ။ ကိုယ်ဆိုက်
ကိုယ်တောင် လုံခြုံအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိသေးပါဘူးဗျာ။ ကဲ အတော်များများကတော့ လေ့
လာနေကြလေပြီ။ ဒီတော့ လေ့လာချင်သပဆိုရင်တော့ ဒေါင်းကြပေါ့နော်...။ ပညာတွေလေ့လာလို့ အတော်
အတန်လေး စုံလာရင်တော့ဖြင့် Hacking ဆရာကြီးတွေကို စမ်းကြပါဗျာနော်။ ဒါမှ ပညာအရည်အချင်းတိုး
တက်မှာ မဟုတ်တာလေးတွေ စမ်းလို့တော့ ကိုယ့်အရည်အချင်းတက်မှာမဟုတ်ဘူး။ Hacker ချင်း Hacker
ဖိုက်တာမှ ကြည့်ကောင်းမှာဗျ။ လက်ဝှေ့သမားချင်း လက်ဝှေ့ထိုးသလိုပေါ့ဗျာ။ ပညာမတတ်တဲ့သူနဲ့ ထိုး
တော့ ပွဲက ကြည့်မကောင်းဘူးလေ။

Sunday, November 3, 2013

Thor: The Dark World (2013)

ဒီဇာတ်လမ်းကတော့ အကြိုက်တွေ့စေမှာပါ ညနေက ကောင်းမလားလို့ ဇာတ်လမ်းတစ်ပုဒ်ကြော်ငြာလိုက်
တယ်။ ကိုယ်ဒေါင်းလော့ချပြီး ကြည့်တော့ မကောင်းဘူး။ မကောင်းဘူးဆိုတာက သိပ်ဗဟုသုမရဘူး အာဖရိ
က လူရိုင်းတွေက စီမံထားတဲ့ ပစ္စည်းလေးကို ယူမိလို့ အသတ်ခံရတယ်။ တော်ပြီဗျာ ဒီလောက်ဘဲ။ ဒီဇာတ်
လမ်းကတော့ အဆက်လေးတွေပေါ့ ။ မနက်ဖြန်ကြည့်ဖို့ ဒေါင်းနေပါပြီ။ Viooz ဆိုက်မှာတော့ အများကြီးဘဲ
ကြိုက်တာသွားဆွဲပါ။ ကွန်ပျူတာမှာ Internet Download Manager ထည့်ထားရင်တော့ လွယ်တယ်။ Video ပေါ်လာပြီဆို Play ကိုနှိပ်လိုက် အဲဒါဆို Internet Download Manager Icon လေးပေါ်လာမယ်။ ဒါဆိုဒေါင်း ရုံပေါ့။
Directed by: Alan Taylor    Year: 2013 | Duration: 120 min  Genre: Action, Adventure, Fantasy
Starring: Chris Hemsworth, Natalie Portman, Tom Hiddleston  Country: USA    Language: English
Faced with an enemy that even Odin and Asgard cannot withstand, Thor must embark on his most perilous and personal journey yet, one that will reunite him with Jane Foster and force him to sacrifice everything to save us all.

The Wolverine

ဒီ WOLVERINE ဆိုတဲ့ ဇာတ်ကားလေး မဆိုးဘူး ဂျပန်မှာ ရိုက်ထားတာနဲ့ တူပါတယ်။ ဇာတ်လမ်းစစခြင်း အနုမြူ ဗုံးချတာနဲ့ စတာဗျ။ နေ့လယ်က ကြည့်လိုက်တာ အတော်လေး ကောင်းသကိုး ဘာသာစကားတော့ နားမလည်ဘူးပေါ့ဗျာ။.....ကဲ ဒေါင်းချင်ရင် ဒေါင်းကြ..အောက်က လင့်ဘဲ.. 
Directed by: James Mangold
Year: 2013 | Duration: 126 min
Genre: Action, Adventure, Fantasy, Sci-Fi
Starring: Hugh Jackman, Tao Okamoto, Rila Fukushima
Country: USA
Language: English  
DOWNLOAD 

Saturday, November 2, 2013

စိတ်ကြိုက်ဖြစ်စေမယ့် ဖုန်းဆော့ဖ်ဝဲလေးများ Good Apk

ကဲ ကိုယ်လည်းထုတ်တတ်တာမဟုတ်တော့ သူများဟာလေးတွေဒေါင်းပြီး တင်ပေးလိုက်တယ်။ စမ်းသုံးပေါ့
ကွယ်။ ကြိုက်တာတွေ့ရင် ယူထား မကြိုက်တာသွား အစီအစဉ်လေးပါဘဲ။ ဘယ်လောက်ကောင်းတဲ့ ဆော့ဖ်
ဝဲဆိုစေကာမူ သုံးစွဲဖန်များလာတော့ ရိုးသွားတာပါဘဲ။ ကဲခုလည်း မရိုးသေးတဲ့ ဆော့ဖ်ဝဲလေးနဲ့ လန်းလိုက်
ကြပါဦးဗျာ။ iPhone 5S ထွက်လာတော့ iPhoe 5 က အလိုလိုနေရင်း ရိုးသွားသလိုပါဘဲ။ သို့သော်လည်း သုံး
ကောင်းတာကတော့ သုံးစွဲနေကြရတာဘဲ မဟုတ်လား။ ပုံလေးကြည့်လိုက်ပါ။ ဒီပုံလေးဖြစ်လာဖို့ ကိုယ့်ညီ
ကွန်ပျူတာမှာ သွားလုပ်လိုက်ရတယ်ဗျာ။ ကိုယ့်စက်က Window 8.1 တင်တာ Apk ပုံတွေ မပြနိုင်ဘူးဖြစ်နေ
တယ်။ ကဲ ဘာပဲဆိုဆို ဒေါင်းပြီးတော့ စမ်းသုံးလိုက်ကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ လိုင်းကောင်းရင်
တော့ မများပါဘူး 27MB ဘဲ ရှိပါတယ်။ အားလုံး လိုင်းကောင်းကောင်းနဲ့ ဒေါင်းနိုင်ပါစေ...
DOWNLOAD SOLIDFILES        OR       DOWNLOAD DROPBOX

အကြိုက်တွေ့စေမယ့် ဆော့ဖ်ဝဲလေးများ

ကဲ ညီတစ်ယောက်က ဆော့ဖ်ဝဲတွေ မတင်ပြန်တော့ဘူးနော်တဲ့။ ဟုတ်ကဲ့ ခုက အတော်များများ Google Play Store ၀င်လို့ရနေတာကြောင့်ရယ် နောက်ပြီး 1mobile မှာလည်း ဆွဲကြတာကြောင့်ပါလို့ နောက်ပြီး Black Market မှာလည်း ဆွဲလို့ ရနေတာကြောင့် မတင်ဖြစ်တာပါလို့ ဖြေလိုက်တယ်။ ဟုတ်ပါတယ် အတော်
များများက ဆွဲလို့ရနေတော့ ကိုယ်လည်း ဘာတင်လို့ တင်ရမှန်းပင် မသိတော့လေပြီ။ ကဲ ခုတော့ ကိုယ်ရ
ထားတာလေး တင်လိုက်တယ်။ များနေမှာစိုးလို့ ဒေါင်းတဲ့သူတွေကို ငဲ့ကွက်သောအားဖြင့် 7 မျိုးလေးဘဲ ထည့်လိုက်တယ်။ 24 MB ထဲ ရှိတာပါ။ ဒေါင်းပြီး စမ်းသုံးကြည့်ကြပေါ့ဗျာ။ ကောင်းတာထား မကောင်းသာ
သွားပေါ့။ ကဲ လိုချင်ရင် ယူသွား မလိုချင်ရင်ထား စကားလုံးတွေက ကဗျာတွေလိုဗျ။ ဟဲ ဟဲ...။

Internet Speed မြန်အောင် Add-ons လေးတွေ ထည့်သုံးကြည့်ရအောင်

ကဲ Google ကပေးတဲ့  Add-ons နဲ့ Mozilla Friefox မှာ ပေးထားတဲ့ Meet the Speed DNS Developer ဆိုတဲ့
ကောင်းလေးကို မနေ့ညက လိုင်းကောင်းချိန်ထည့်သုံးစမ်းကြည့်တော့ အတော်အဆင်ပြေပါတယ်။ ညည့်
နက်မှဆိုတော့လေ ကောင်းမှာပေါ့။ ကဲခုညနေပိုင်းလေးလည်း မဆိုးပါဘူးဗျာ။ အတော်များများကတော့
ထည့်သွင့်အသုံးပြုတတ်မယ်လို့ထင်ပါတယ်။ ဘာမှ ထွေထူးလုပ်စရာမလိုပါဘူး။  Google Add-ons ကတော့
ရွေးပေးရမယ် ကိုယ်သုံးနေတာက Friefox ဆိုရင်တော့ firefox ကိုရွေးပေါ့ ။ Chrome ဆိုရင် Chrome ကိုရွေး
ပြီးတော့ Add-ons ဆိုတာလေး နှိပ်ပေးလိုက်ရင် ဒေါင်းလော့ချနေပါလိမ့်မယ် ပြီးသွားရင်တော့ Install လုပ်
ပေးပေါ့။ Install လုပ်ပြီးပြီဆိုရင်တော့ Restart ချခိုင်းမယ် ချပေးလိုက်ပေါ့ ပြန်တက်လာရင်တော့ အတော်
လေး မြန်ဆန်နေတာကို တွေ့ရပါလိမ့်မယ်။ နှစ်ခုထည့်သုံးလိုက်တယ်ဗျာ။ Meet the Speed DNS Developer
ဆိုတဲ့ကောင်ကလည်းကောင်းပါတယ်။ ကဲ အဆင်ပြေလား အဆင်ပြေရင် စလုပ်လိုက်ကြစို့ မရှင်းတဲ့သူများ
ကတော့ အောက်မှာ လှမ်းရှိုးကြည့်လိုက်ပါဦးနော်.။ မေးစရာရှိတာများရှိရင်တော့https://www.facebook.com/Mr.MoeKaungKin မှာ မေးကြပါနော်။ တတ်နိုင်သမျှ တတ်သမျှတော့ ဖြေပေးပါ့မယ် မတတ်ရင်တော့ မဖြေ
ပေးဘူး။ သို့သော် အကြံဥာဏ် ဘယ်မှာမေးဆိုတာလေး အကြံပေးမယ်။ အရာအားလုံးကိုတော့ ဘယ်သူမှ
မသိပါဘူး ဒါကြောင့်ပါ မိတ်ဆွေတတ်ထားတဲ့ ပညာက လွယ်နေပေမယ့် ကိုယ့်အတွက် အခက်တွေ ဖြစ်နေ
တတ်သလို ကိုယ်သိထားတဲ့ ပညာကလည်း မိတ်ဆွေအတွက် အခက်အခဲ ဖြစ်နေတတ်တယ်လေ...။




ကဲ ပထမဆုံး  https://addons.mozilla.org/  ဒီလင့်ကို သွားလိုက်ပါ။ ရောက်သွားရင် အောက်က ပုံလေးအတိုင်း
နှိပ်ပါ ။ Add to Firefox ဆိုတာကိုပေါ့။
ကဲ နှိပ်လိုက်ရင် ဒုတိယ ပုံလိုမျိုးလေး ဒေါင်းလော့ချနေမယ်ဗျာ။ ဘယ်ဘက်ခြမ်း အပေါ်မှာ ဒေါင်းလော့ချ
နေမယ်။  ခဏလောက်စောင့်ပါ။ ဒေါင်းပြီးရင် အောက်ကပုံလိုပေါ့။ Install လုပ်ရုံဘဲ။

 Install လုပ်ပြီးပြီဆိုရင်တော့ဖြင့်။ အောက်ပုံအတိုင်းဘဲ Restart Now ဆိုတာ နှိပ်ပေးပါ။

 နှိပ်ပေးပြီးရင်တော့ တစ်ခု ရသွားပါပြီနော်။ နောက်တစ်ခုကတော့။ Google က ထုတ်ကုန်တစ်ခုလို့ဘဲ
ဆိုပါတော့ဗျာ။ အဲဒါကိုလုပ်မယ်။
  

    ပထမဆုံး https://developers.google.com/speed/pagespeed/insights_extensions  ဒီလင့်ကို သွားမယ်။
နောက်ပိုင်း မသွားတတ်ရင်တော့ Search Box မှာ Google Page Speed လို့ ရိုက်လိုက်ရင် ပထမဆုံးဖော်
ပြတဲ့ ဆိုက်ဟာ အပေါ်က လင့်ပါဘဲ။ ကဲ ရပြီ။ ဆိုတော့ ထည့်သွင်းနည်းကတော့ အပေါ်ကအတိုင်းပါဘဲ။
မခက်ဘူး ။

 ဒီနေရာလေးကို ရောက်မယ်ပေါ့ဗျာ။ ကိုယ်က Firefox သုံးနေတယ်ဆိုရင်တော့ Firefox အောက်က install Firefox Extension ဆိုတာလေး နှိပ်ပေးပါ ကျန်တာတော့ အပေါ်ကနဲ့ တူပြီ။ Chrome ဆိုရင်လည်း သူ့အောက်
က ကောင်လေးနှိပ်ပြီးတော့ ထည့်သွင်း အသုံးပြုရုံပါဘဲ မခက်ပါဘူး။
 ကဲဗျာ အခုဆိုရင် နှစ်ခုလုံး ထည့်သွင်းပြီးပြီဆိုရင်တော့ Firefox အပေါ်တန်းက Tools>> Add-ons>> Extensions မှာ ၀င်ရောက် ကြည့်ရှု ပြင်ဆင်နိုင်ပါပြီနော်။ အားလုံး အဆင်ပြေကြပါစေ....။


ကဲ ဒီလောက်ဆိုရင်တော့ အတော်လေး Website တွေ ဖွင့်ရတာ အတော်လေး မြန်သွားတော့မှာပါ။ မြန်သွား
ရင်တော့ ပတ်မွှေပေတော့။ အလည်အပတ်များများသွားပါ။ ဒါမှ ပညာများများ ရမှာပါ။.....
အဆင်ပြေရင်တော့ ကိုယ့် facebook FanPage လေးကိုလည်း Like လေး နှိပ်ပေးပါဦးနော်..။
မိုးကောင်းကင် ဖောင်းပြင်...https://www.facebook.com/Mr.MoeKaungKin

Friday, November 1, 2013

Premium Speed Dowload Website

ကဲဗျာ ဒီနေ့တော့ဖြင့် ဟိုတစ်လောက facebook FanPage မှာ မှတ်ထားတာလေး ပြန်ရှာပြီး တင်လိုက်တယ်။
အမှတ်တရလေးတွေပြောက်ပျက်သွားမှာစိုးလို့ပါ။ ဘယ်သူရှာဖွေထားတယ်ဆိုတာတော့ မမှတ်မိဘူးကွယ်။
ဒေါင်းလော့ချတဲဆိုက်လင့်တွေပါ။ ပရီမီယမ်ဒေါင်းလော့ Premium Speed နဲ့ ဒေါင်းနိုင်တယ်ဆိုဘဲ မိမိဒေါင်း
လော့ချတဲ့ဖိုင်က အင်တာနက်ဒေါင်းလော့မန်နေဂျာနဲ့ ဒေါင်းတာတောင်မှ လိုင်းကောင်းလျှက်နဲ့ နှေးနေလို့
ရှိရင် ဒေါင်းလော့ချနေတဲ့လင့်လေးကို ဒီအောက်က ဆိုက်တွေမှာ လင့်လေးထည့်ပြီး ဒေါင်းရင် ပိုမြန်တယ်
ဆိုဘဲ။ ကဲ မြန်လား မမြန်လားဆိုတာကတော့ မိမိတို့ သုံးနေတဲ့ အင်တာနက်လိုင်းပေါ်မှာ မူတည်ပါလိမ့်မယ်
အချစ်တော်ကြီး MPT က ကောင်းရင်တော့ ကောင်းမှာပါဘဲ...။
www.rapid8.com       OR     www.generatorlinkpremium.com      OR    www.gigaleecher.com
www.leechtube.com  OR     www.leechking.com                OR              www.hlusoe.info/hotfile
www.rapidrar.com     OR     www.premiumgenerator.eu     OR               www.rsplg.com
www.atayalay.info