မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Thursday, September 5, 2013

မြတ်စွာဘုရားရှင် ၏ တစ်ရက်တာ ..အသုံးချသော အချိန် များ ...

မြတ်စွာဘုရားရှင် ၏ တစ်ရက်တွင် ၁နာရီနှင့် မိနစ်၂၀ သာကျိန်းစက်တော်မူပုံ
မြတ်စွာဘုရားရှင်ဟာ ၁ရက် ၂၄နာရီအနက် ၁နာရီနဲ့ မိနစ်၂၀ သာပဲ ကျိန်းစက်တော်မူပြီး ကျန်နာရီအားလုံးကို (၅) ပိုင်းပိုင်းပြီး တစ်သက်တာလုံး ၃၁ ဘုံသားတွေ ရဲ့ ကောင်းကျိုးကို ဆောင်ရွက်တော် မူခဲ့တယ်။
ဘုရားရှင်အလုပ် ဗုဒ္ဓကိစ္စငါးပါးတွေက
--------------------------------------
၁။ နံနက် အာရုဏ်တတ်ပြီး မိုးလင်းချိန် ၆နာရီမှ ဆွမ်းဘုန်းပေးပြီးအချိန်ထိ ဆောင်ရွက်တဲ့ အလုပ်ကို ပုရေဘတ္တကိစ္စ လို့ခေါ်တယ်။

၂။ နေ့ဆွမ်းစားပြီးသည်မှ မိုးချုပ်သည်အထိ ဆောင်ရွက်တဲ့ကိစ္စကို ဘတ္တကိစ္စ လို့ခေါ်တယ်။
၃။ ညနေချမ်း ၆နာရီကနေ ညဥ့် ၁၀နာရီခန့်အထိ စည်းဝေးရောက်လာကြတဲ့ ရဟန်းသံဃာ တို့အားပြသ၁နာဖြေကြားပေးခြင်း၊ တရာဟောပြခြင်း၊ကမ္မဋ္ဌာန်းပေးခြင်းတို့ကို ပြုလုပ်တော်မူတယ်၊။ ဒါကိုပုရိမယာမကိစ္စ လို့ခေါ်တယ်၊ ညဥ့်ဦးယံ အလုပ်ပေါ့။
၎။ ညဥ့် ၁၀နာရီလောက်ကနေ နံနက် ၂နာရီထိုးလောက်အထိတော့ နတ်တွေ၊ သိကြားတွေ၊ ဗြဟ္မာတွေကို တရားဟောပေးရတယ်။၊ ပြဿနာတွေ ဖြေရှင်းပေရတယ်၊။ ဒါကိုတော့ မဇ္ဈိမယာမကိစ္စ လို့ခေါ်တယ်၊။ သန်းခေါင်ယံအလုပ်ပေါ့။
၅။ ကျန်တဲ့ နံနက်၂နာရီကနေ နံနက်၆နာရီကိုတော့ ၃ပိုင်းပိုင်းလိုက်တယ်။ တစ်ပိုင်းမှာ ၁နာရီနဲ့မိနစ်၂၀
စီရတယ်။
၁။ ပထမအပိုင်းမှာ ကျန်းမာရေးအတွက် စကြာင်္လျှောက်တော်မူတယ်။
၂။ ဒုတိယအပိုင်းမှာ အပန်းဖြေ အနားယူ ကျိန်းစက်တော်မူတယ်။
၃။ ၃၁ဘုံအတွင်းမှာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်နေရာရှိတယ်ဆိုတာကို ဣန္ဒြိယပရောပရိ ယတ္တိဥာဏ်၊ အာသယာနုသယဥာဏ် ဆိုတဲ့ ဗုဒ္ဒစက္ခုနဲ့ တစ်လောကလုံးကို အနှံ့ကြည့်ရှုတော်မူတယ်၊။ တွေ့တာနဲ့ အရောက်သွားပြီး သစ္စာလေးပါးတရားကို ဟောကြားတော်မူတာပါပဲ၊ ဒါကိုတော့ပစ္ဆိမယာမကိစ္စ လို့ခေါ်တယ်၊ မိုးသောက်ယံ နောက်ဆုံးကိစ္စပေါ့….။
ဒါတွေကတော့ မြတ်စွာဘုရားရှင် ရဲ့ တစ်နေ့တာအချိန်အကြောင်းပါ နောက်မြတ်စွာဘုရားရှင် ရဲ့မေတ္တာ တော် အကြောင်းတင်ပြပါအုန်းမယ်ဗျာ…
သက်တော်၈၀ဆယ်ပြည့်လို့ ပရိနိဗ္ဗာန်စံခါနီးအချိန်မှာတောင် ပါဝါမြို့ကနေ ၃ဂါဝုတ်(၉)မိုင် ဝေးတဲ့ ကုသိနာရုံမြို့ကို ဝမ်းသွားနေတဲ့ကြားက လမ်းမှာ၂၅ကြိမ်တိတိနားပြီး အရောက်ကြွခဲ့တယ်။ ရည်ရွယ်ချက်ကတော့ သုဘဒ္ဒပရိဗိုဇ်ကြီး ကျွတ်တန်းဝင်မှာကို မြင်တော်မူလို့ပါဘဲ။
ဒါကြောင့် ဗုဒ္ဓက“ဝီရိယဝတော ကိํနာမ ကမ္မံ နသိဇ္ဈတိ” လို့ ဟောတော်မူခဲ့တာပါ။ အဓိပ္ပါယ်ကတော့“ဝီရိယရှိသူအတွက် မပြီးမစီးနိုင်တဲ့ အလုပ်ကိစ္စမည်သည် မရှိ” လို့ဆိုလိုပါတယ်ဗျာ။။
ဒီအကြောင်းတွေကတော့ မြတ်စွာဘုရားရှင် ရဲ့ လေးစားကြည်ညိုဖွယ် ဝီရိယပါရမီ အကြောင်းတွေပါ။
မေတ္တာရှင်(ရွှေပြည်သာ)
ကနေ ကူးယူဖော်ပြထား

0 comments:

Post a Comment