မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Saturday, August 17, 2013

Caller Name Speaker ကတော့ ဖုန်းလာရင် ဖုန်းနံပါတ်နဲ့ နာမည်လေးပြောတဲ့ဆော့ဝဲပေါ့..

ကဲ ဒီနေ့တော့ Caller Name Speaker လေး တင်ပေးလိုက်တယ်ဗျာ။ ဖုန်းလာရင် ဖုန်းနံပါတ်နဲ့ နာမည်လေးကို
ပြောပြပေးတဲ့ ဆော့ဝဲပေါ့.။ အင်္ဂလိပ်လို ရေးထားမှ သူက နာမည်ကို ပြောပြပေးမှာပါ မြန်မာလို ရေးထားရင်တော့
နာမည် မပြောပါဘူး.။ ကဲဗျာ ဒီနေ့တော့ ဆိုက်ဝင်ဝင်ခြင်း ဆောက်နဲ့ ထွင်းသလို ဖြစ်သွားတယ် Cbox မှာမြင်တဲ့
အတိုင်းဘဲ ရွာနာမည်လေး ကယ်လို့ပေါ့.။ ဘာတွေ စိတ်တိုနေလဲ မသိပါဘူးဗျာ.။ ဒီလိုဆဲတာက အထက်ပိုင်းက
လူတွေ မဖြစ်နိုင်ဘူး ဒါမျိုး အထက်ပိုင်းသားတွေ မဆဲဘူး အောက်သားဘဲ ဖြစ်မှာပါ.။ ဒါတော့ တွက်လို့ရပါတယ်။
မလာချင်လည်း မလာနဲ့ပေါ့ဗျာ လာပါ လာပါလို့ ကျုပ်ကဖိတ်ခေါ်နေတာမှ မဟုတ်တာ သတ္တိက အရမ်းနည်းသေး
တယ်.။ ဖေ့ဘုတ်မှာဘဲဖြစ်ဖြစ် လူလိမ်တွေ ကလိမ်ကကျစ်ကောင်တွေက များသောအားဖြင့် ပေါပါတယ်.။ သူ့နေ
တဲ့ နေရာကို မဖော်ပြထားဘူး.။ သူဘယ်မှာ မွေးတယ်ဆိုတာ မထုတ်ဖော်ဘူး ဘာကြောင့်ဆို မဟုတ်တာလုပ်လို့
ကောင်းတာကိုး..။ ဒါက ကျုပ်တစ်နေ့က တိုက်လိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ် ဖုန်းဈေးတွေ မတန်တစ်
ဆ ရောင်းကြလို့ ပြောလိုက်တာကို မခံနိုင်လို့ လာအော်တာလည်း ဖြစ်နိုင်ပါတယ်..။ ဘာပဲပြောပြော ကိုယ်မယူ
ရင် သူယူရမှာဘဲ..ကိုယ့်ဟာကိုယ်ခံ ကိုယ့်ဒဏ် ကိုယ်ခံရမှာဘဲ..

0 comments:

Post a Comment