မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Friday, May 17, 2013

Google Drive အသုံးပြုနည်းနှင့် ဖိုင်ရှယ်နည်းလေးပါ..

ကဲဗျာ ကျုပ်အနေနဲ့ စာအုပ်တွေ ဟိုမှာတင် ဒီမှာတင်နဲ့ မသေချာ မရေရာတဲ့ ဘ၀ကို ဖြတ်သန်းခဲ့တာ ကြာပါပြီ.။
ဒါကြောင့် ဒီနေရာလေးကို မျက်စိထဲမြင်လာတယ် ။ ဘာလေးလဲဗျ ဟုတ်ကဲ့ google ကပေးတဲ့ Drive ဆိုတာ
လေးပါ.။ အဲဒီမှာ တင်ရင် အကောင်းဆုံးထင်လို့ ကျုပ်တော့ စာအုပ်တွေ ပစ်တင်လိုက်တယ်.။ တင်လိုက်ပြီးတော့
လင့်လည်း ရှယ်လိုက်ရော ဘာဖြစ်သွားလဲဆိုတော့ကာ လင့်ပေးပေမယ့် ပေးထားတဲ့လင့်က အဆင်မပြေဘူးဗျ.။
အဲဒီတော့ ဘာလုပ်ရတုန်းဆိုတော့ မိတ်ဆွေများ အခက်အခဲမရှိအောင် ဓါတ်ပုံလေးပြလိုက်မယ်နော်..။ အဲဒါဆို
သိပြီ.။ သိပ်ပြောစရာ မလိုဘူး..ဘာလဲဆိုတော့ ကိုယ်တင်ထားတဲ့ဖိုင်လေးတွေကို floder ဆောက်ပြီးထည့်ပါ တူ
ရာတူရာလေးတွေပေါ့.။ အဲဒီ floder လေးကို Right Click နှိပ်ပြီး Share>>Share ပေါ့ အီးမေးတို့ ဖေ့ဘုတ်တို့
ကိုလည်း ရှယ်လို့ ရပါတယ်..သို့သော် ဒီနေရာမှာ ဖိုလ်ဒါအလိုက် ပြသထားချင်တာကိုး ရစေချင်တာပေါ့ဗျာ



များများ ရစေချင်တော့ Change..ဆိုတာလေးကို နှိပ်ပါ..။ Private ဆိုတဲ့ကောင်လေးမှာ အမှတ်အသားလေး မထားဘဲနဲ့ Public on the web ဆိုတဲ့နေရာလေးကို ပြောင်းပေးပါ..အဲဒါပြီးရင် Save ပေါ့ဗျာ..။ အဲဒါဆိုရင်
သူများတွေလည်း ဒေါင်းလို့ ရပြီးပေါ့ ။ ဒါကိုယ်တွေ့နော် ညနေက တင်တာ ညရောက်တော့ ဂူးဂလ်အကောင့်
တစ်ခုပြောင်းပြီး ၀င်ကြည့်တော့ မရဘူး ဒေါင်းလို့လည်း မရဘူးဖြစ်နေတာ အဲဒါနဲ့ လိုက်ရှာလို့ တွေ့တာ အဆင်
ပြေသွားတာပေါ့ဗျာ..။ ကဲကဲ ဒါလေးကို အနှစ်ချုပ်ပြီးတော့ ပြန်ရေးမယ်..။ မြန်အောင်ပေါ့ကွယ်...
floder >>Right Click >> Share>>Share>> Change..>> Public onthe web >> Save>> Done ကဲ အဲဒါဘဲဗျို့.....

အဆင်ပြေကြပါစေ ။ ဒေါင်းတဲ့အခါမှာ ကိုယ်ကြိုက်နှစ်သက်တာလေးကို တစ်ချက်တောက်လိုက်ပါ..အောက်မှာ
Download ဆိုတာလေးနဲ့ Open ဆိုတာလေးပါတယ် ကိုယ်က ဒေါင်းမှာဆိုတော့ Download ကို နှိပ်ပေါ့..။
ဒါဘဲနော် မခက်ဘူး ဒေါင်းစမ်းကြည့်.....






 အားလုံး စာအုပ်တွေ ဆော့ဝဲတွေ တင်ပြီး မျှဝေနိုင်ကြပါစေနော်... အောက်မှာ ဒေါင်းပါ..။


0 comments:

Post a Comment