မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Tuesday, April 16, 2013

Mac Blu-ray Player for Windows 2.7.1.1064

ကဲဗျာ အပျင်းပြေလေး လျောက်တင်နေတာ ဆော့ဝဲတွေလည်း ပလူပျံနေတာဘဲ ဆော့ဝဲမိုး ရွာနေသလား
တောင် အောက်မေ့မိတယ်.. ကျုပ်ရဲ့ဆရာသမား ဘော်ဒါတွေလည်း အများကြီးတင်နေကြတယ် အလုပ်တွေ
အတော်လုပ်နေကြတယ် အဲဒီတော့ ဒို့ကတော့ အပျင်းပြေလေးပေါ့ မအားရုံ အလုပ်လုပ်ဆိုသလိုလေးပေါ့
ဗျာ.. ကောင်းမလားလို့ တင်လိုက်တာပါ အသံကတော့ အတော်ကျယ်တယ်ဗျာ..VLC Media Player လေး
လိုဘဲ. အတော်လေးတော့ ကောင်းပါတယ်. မသုံးစမ်းဘူးသေးဘူးဆိုရင်တော့ ယူနိုင်ပါတယ်.. ကိုယ်ကတော့
ခုဏပြောသလိုဘဲ မအားရုံပေါ့ .. ထူးဆန်းတာလေးတွေ အသုံးတည့်မှာလေးတွေတော့ ရှာနေဆဲပါ.. ပို့စ်တွေ
တော့ သူများလို များများစားစား မတင်နိုင်ဘူး ကိုယ့်မှာ ရှိတာလေးတွေ လျောက်တင်နေတာပေါ့.. ကြိုက်မှ
ယူသွားပါ တစ်ကယ်ပြောတာ ကိုယ့်အတွက် သိပ်အသုံးမလိုရင်လည်း ဒေတာများတာဘဲ အဖတ်တင်တယ်.
ဟာ မိုးကောင်းကင်တို့ကတော့ ပြောလိုက်ရင် မျက်စိထဲကို ကွင်းခနဲကို မြင်အောင်ပြောတာဘဲနော်လို့ ထင်
နေမလားမသိဘူး.ဟုတ်တယ်ဗျာ ကိုယ်လည်း ကောင်းတယ်ဆိုတိုင်းဆွဲ သုံးရတယ်လို့ မရှိဘဲ ဆွဲရတာနဲ့
အချိန်ကုန်နေတာ Update ဆိုပြန် ဆွဲပြန်နဲ့ အဲလိုဖြစ်နေတာ..ကဲဗျာ အသစ်အသစ်ကိုမှ နှစ်သက်ကြတဲ့ ကိုယ့်
ဘော်ဒါတွေအတွက် တင်ပေးလိုက်တယ်နော်.. စိတ်ဝင်စား မလားလို့ Readmore လေးနဲ့ လုပ်ကြည့်လိုက်ဦး
မယ်
    

             အခြေအနေ ဘယ်လိုလဲလို့ ကိုယ်ကတော့ လိုင်းမကောင်းတဲ့ ဒဏ် ခံစားဖူးတော့ များသောအားဖြင့်
Readmore တွေ စကစ်ဆိုတာတွေ မထည့်ဘဲ တင်ပေးခဲ့တာ များပါတယ်..။ ဘာကြောင့်လည်းဆိုတော့
လိုင်းမကောင်းရင် လွယ်ဘူးဗျ. ဒါကြောင့်ပါ..နောက်တစ်ခုက စကစ်ဆိုတာလေးကတော့ မထည့်တတ်သေး
လို့ပါလို့ ၀န်ခံပါရစေ..အကောင့်လေးတွေကလည်း ပျက်သွားတာတွေ များနေတယ်ဗျာ စာဖေဟောပြောပွဲ
တွေ ပင်ပင်ပန်းပန်း တင်ထားတာလေးတွေ ပျက်သွားတော့ အားကို သိပ်မရှိဘူး..ခဲလေသမျှ သဲရေကျဆို
သလိုပါဘဲ.. ဒါလေးတွေလည်း ရချင်တယ်ဆိုရင် မပျက်သေးခင် ယူထားကြပါ..။
ကျုပ်စာရေးတာက တစ်ခါဘဲရေးတာကြောင့် အမှားတွေ စာတွေ အတော်ကျန်တယ်ဗျာ စစ်မကြည့်ဘူး
ပစ်တင်လိုက်တာ ပြန်ဖတ်ကြည့်တော့ သြော် ငါစာရေးတာ အမှားတွေ အတော်ပါပါလားလို့လဲ တွေးမိတယ်
ကဲဗျာ ဒါတွေထားပါတော့ နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ စီးပွါးရေးမှာလည်း အောင်မြင်မှုတွေ ရကြပါစေ
လို့ ဆုမွန်ကောင်း တောင်းရင်းဖြင့်...

နှစ်ဟောင်းက အတိတ်ဆိုး အရိပ်ဆိုးမျိုးတွေလည်း မဖြစ်ပါစေနဲ့လို့ ဆုတောင်ရင်းဖြင့်...မိုးကောင်းကင်
16.4.2012 တန်ခူးလဆန်း (၇) ရက် အင်္ဂါနေ့ အမှတ်တရ....

۩۩۩۩   DOWNLOAD BOX.COM  ۩۩۩۩

۩۩۩۩  DOWNLOAD MDF  ۩۩۩۩

0 comments:

Post a Comment