မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Tuesday, April 2, 2013

မြန်မာပြည်အထက်ပိုင်းမှ ကွက်ကြား မိုဘိုင်းဖုန်းလိုင်းအကြောင်း

ကျုပ်ဖောင်းပြင်ကို ပြန်သွားတယ် သုံးလပိုင်းမှာ မိုဘိုင်းဖုန်း တာဝါတိုင်တွေစိုက်မယ် ဘာညာနဲ့ ကြားတာဘဲ
သုံးလပိုင်းတာကုန်သွားတယ် တစ်တိုင်မှ မစိုက်သေးပါဘူး။ ခုလည်း ငါးလပိုင်းစိုက်မယ်ပြောတာကြားတယ်။
ဘယ်လိုလဲမသိသေးဘူး။ မြန်မာပြည်မှာတော့ မိုဘိုင်းဖုန်း ဆက်သွယ်မှု ဧရိယာပြင်ပနေရာလေး တစ်ခု အဖြစ် ရပ်တည်နေတဲ့ ဖောင်းပြင်မြို့ပါ။ အထက်မှာ ဟုမ္မလင်းမြို့ကလည်း GSM မိုဘိုင်းဖုန်းလိုင်း ရနေပြီ။
အောက်က မော်လိုက်မြို့ကလည်း ဖုန်းဆက်သွယ်မှုရတယ်။ အထက်က ကောလင်း ၀န်းသိုတို့ကလည်း အဆင်ပြေတယ်။ ဒို့ဖောင်းပြင်ကို ဘာလို့များ ကွက်ကြားချန်ထားခဲ့တာလည်း အဲလိုမလုပ်ပါနဲ့ဗျာ။ ညီညီမျှမျှ
တော့ လုပ်ပါ။ ဒို့ဖောင်းပြင် လွတ်တော်အမတ်ကလည်း တော်ကီလေးဘာလေး ပြောတာလည်းမကြားရ ပါလားကွယ်။ SKY NET ကနေကြည့်တာလည်း ဖောင်းပြင်ဘက်က လွတ်တော်အမတ်ပြောသံမကြားရနဲ့ အလုပ်သိပ်လုပ်ပုံ မရဘူးနော်။ အလုပ်မလုပ်တောင် စကားလေးတော့ မီဒီယာကနေပြီးပြောပေါ့ကွာ။ ဒို့ဘက်က ဘာတွေလိုအပ်နေတယ် စသဖြင့် တင်ပြစရာတွေကို တင်ပြပါဦးကွာ။ ဒို့ဖောင်းပြင်ကတော့ မိုဘိုင်းဖုန်းဆက်သွယ်မှုတာ မရတယ် စားစရာ ရှုစရာတွေတော့ အတော်ပေါတယ်ကြားတာဘဲဗျာ။ လူငယ်
လူရွယ်တွေလည်း ကျွဲခေတ်စားနေတယ် ကျွဲတွေနဲ့ အချိန်ကုန်နေတယ်။ ရှုဖို့အတွက်လည်း အတော်လေး
ဟန်ကျနေပုံပေါ်ပါတယ်။ ကျုပ်အိမ်ကိုရောက်မှဘဲ နယ်မှာ ကျွဲလိုက်တဲ့သူ ကျွဲဝယ်သူတွေ ပေါနေမှန်း သိတယ်။ ကျွဲဆိုတာ အကောင်ကျွဲ မဟုတ်ဘူး အဲဒါဆို ဘာဆိုတာ သိရောပေါ့။ မကောင်းဘူးဗျာ ရသမျှ ငွေ
လေးတွေ ဒီထဲပါတော့ဘယ်မှာကြီးပွါးချမ်းသာတော့မလဲဗျာ။ မှောင်ခိုလမ်းကလည်း အတော်လေးခေတ်စား
နေတယ်နဲ့ တူပါရဲ့ဗျာ။ တမူး မိုးလေးဆိုတာ ဖောင်းပြင်အနောက်တည့်တည့်မှာ ရှိတာလေ India နဲ့ ဆက်စပ်နေတာဆိုတော့ ကျွဲတို့ ဘာတို့က ဒီနေရာမျိုးတွေ အများဆုံးဘဲ မဟုတ်လား။



ကဲကွာ ဒါတွေကလည်း ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပါဘဲ။ လူငယ်တွေကို ကျွဲတွေနဲ့ ပစ်မထားဘဲ ခေတ်ပေါ် နည်းပညာတွေ မိုဘိုင်းဖုန်းတွေ အင်တာနက်တွေ 24 နာရီ မီးရရှိရေးတွေကို အထက်လူကြီးတွေက လုပ်ပေးရင် အတော်ကောင်းမှာဘဲလို့ စိတ်ထဲကတော့ တွေးနေမိတယ်။ ခေတ်လူငယ်တွေ ဒီလို မိန်းမော
စေတတ်တဲ့ အရာတွေနဲ့ ပစ်ထားမယ်ဆိုရင်တော့ ဘယ်လောက်ဘဲ ဆင်းရဲမှု ပပြောက်ရေးတွေ အော်နေ
ပေမယ့် ရမှာမဟုတ်ဘူးဆိုတာက တစ်ချက်ပေါ့ဗျာ။ ကျုပ်ကတော့ လိုရာကို ဆွဲပြောတတ်တယ်နော်။ မြန်
မာ တစ်ပြည်လုံး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းလို့ ခေတ်မှီနည်းပညာတွေနဲ့ ဘ၀မှာ အောင်မြင်မှုတွေ ရပါစေလို့လည်း ဆုတောင်းပါတယ်ဗျာ။

ကဲဗျာ ဒီပို့စ်ကတော့ မိုဘိုင်းဖုန်းလိုင်းတွေ ဖောင်းပြင်မှာ မရောက်သေးဘူးဆိုတာကို သိစေချင်လို့   ဖောင်းပြင်သူ ဖောင်းပြင်သားတွေလည်း မိုဘိုင်းဖုန်း ကိုင်ချင်တယ်ဆိုတဲ့အကြောင်းပါ။ သူများတွေနေရာ
မှာ ဆက်သွယ်လို့ ရရင်ကိုယ့်မြို့ကိုယ့်ရွာမှာလည်း ဆက်သွယ်မှုလေးရချင်တာကတော့ ထုံးစံပါဘဲဗျာ။ ဖုန်းတော့ပါသွားတယ် no servie ဆက်သွယ်မှု ဧရိယာပြင်ပဆိုတော့ ဖုန်းဘိုး အကုန်အကျမရှိတော့ဘူး
ပေါ့ဗျာ။ တစ်ကယ်တော့ ဒါမျိုးလေးတွေ မဖြစ်သင့်ဘူးဗျာ တန်းတူလုပ်ဆောင်ပေးသင့်တယ်။ ဖောင်းပြင်
သားတွေလည်း သူများဖုန်းဆို သူတို့လည်း ဖုန်းကိုင်ချင်မှာပေါ့ ဒီလိုစိတ်ထားလေးတော့ ထားပေးပါဦးကွယ်
စာနာစိတ်လေးပေါ့ ဟုတ်ဘူးလား။ အခုတော့ဒီလိုမဟုတ်ပါဘဲ အဲလိုပြောရတော့မလား ဆက်သွယ်ရေး ၀န်ကြီးရယ်။ ကဲဗျာ ဒီလောက်ပါဘဲဗျာ။ ကျုပ်ဘာမှ မတင်နိုင်တာတောင် မရောက်ရောက်အောင် လာပြီး
တော့ ကြည့်ရှုပေးကြတဲ့ အရှေ့အနောက်တောင်မြောက်မှာ နေထိုင်ကြတဲ့သူ အားလုံး ညီအစ်ကိုမောင်နှမ
အားလုံးကို အထူးဘဲ ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။ တစ်ကယ်ပါ အရာရာအားလုံး အားလုံးအတွက် ကျေးဇူးပါဘဲနော်.........။ နောက်များလည်း အလျင်းသင့်သလို စာရေးကြတာပေါ့ ဟုတ်ဘူးလား......။

0 comments:

Post a Comment