မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Monday, December 3, 2012

Computer နှင့်ပါတ်သက်လို့ လေ့လာစရာ အကြောင်းအရာလေးများ

 အင်တာနက်ဆိုင်ဖွင့်ခြင်းအကြောင်းအရာလေးတွေကို ပြည့်ပြည့်စုံစုံလေးဖတ်လိုရင် ဒီစာအုပ်လေးဖတ်ပါ။
အရေးအသားအတော်ကောင်းပါတယ်။ ဒီစာအုပ်လေးက ကျုပ်ကိုယ်တိုင် တည်းဖြတ်ပြုပြင်ထားတာပါ။ စာရေးတဲ့သူကတော့ ကျုပ်မဟုတ်ပါဘူး လွန်ခဲ့တဲ့ 2 နှစ်ကျော်လောက်က ဘော်ဒါတွေနဲ့ တောင်ရှာမြောက်
ရှာနဲ့ ကူးထားတာလေးပါ။ အင်တာနက်အသုံးပြုနည်း ကဖေးဆိုင်ဖွင့်ရင် လူတွေကို ဘယ်လိုဆက်ဆံရမယ်
ဆိုတာကအစ ရေးသားထားတဲ့ ပို့စ်လေးတွေကို စုပေါင်းပြီး PDF အဖြစ်ထုတ်ကာ တင်ပေးတာပါ။ ကွန်ပျူ
တာတစ်လုံးကို ဘယ်သို့ဘယ်ပုံ ထိန်းသိမ်းရမယ် ဘယ်လိုပြုပြင်ရမယ်ဆိုတာ စာရေးသားတဲ့ ကိုဆန်းယု ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဘ၀အမှတ်တရတွေ အမှားတွေကို ဘယ်လိုပြုပြင်ခဲ့တယ်ဆိုတဲ့ အတွေ့အကြုံလေး
တွေ ကြည့်ရတာအတော်ကောင်းပါတယ်။ ကွန်ပျူတာအင်တာနက်ကို စတင်လေ့လာသူတို့အတွက်ရော သုံးနေတာကြာသူတို့အတွက်ပါ ဗဟုသုတများစွာရနိုင်လို့ ကျုပ်ကိုယ်တိုင် ပြုပြင်ပြီး တင်ပေးလိုက်တာပါ။
လေ့လာကြပါလို့ တိုက်တွန်းပါရစေ မလေ့လာရင် ဟိုမေးသည်မေးနဲ့ သိပ်မကောင်းပါဘူး ကိုယ်တိုင်လေ့လာ
လို့ ရတာမှန်သမျှ လေ့လာထားတာ အကောင်းဆုံးပါဘဲ။ ဗဟုသုတနဲ့ ပြည့်စုံနဲ့ လူတော်လူကောင်းတွေဖြစ်
အောင် လေ့လာကြပါ။ လေ့လာလိုတယ်ဆိုရင်ဖြင့် အောက်မှာ ဒေါင်းလော့ချပြီးဖတ်ကြပါ။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။



 


۩۩۩۩  DOWNLOAD HERE  ۩۩۩۩

0 comments:

Post a Comment