မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Saturday, November 24, 2012

Format Factory 3.00 Converter

 ကဲဗျာ ထွက်တာတော့ 15ရက် လောက်ရှိတော့မယ်ထင်တယ်။ အခုမှတင်ပေးလိုက်ပါတယ်။ ကျုပ်ဟိုအရင်
ပို့တွေမှာပြောသလိုပါဘဲ။ ကျုပ်ကိုယ်တိုင်က fileHippo မှာများသောအားဖြင့်ရှာဒေါင်းပါတယ်။ အဲဒီမှာ အ
တော်လည်း စုံပါတယ်။ ကျုပ်ဆိုက်ညာဘက်ခြမ်းလေးမှာလဲ သူ့လင့်ထည့်ထားပါတယ်။ ကိုယ်လိုအပ်တာ
လေးတွေကို အဲဒီဆိုက်ဖြစ်ဖြစ် ကျုပ်တို့မြန်မာဆိုက်လေးတွေမှာဖြစ်ဖြစ် အရင်ဆုံးရှာကြဖို့ တိုက်တွန်းလို
ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ကိုယ်တိုင်က သူများဆိုက်လေးတွေရှာပြီး ကိုယ်သဘောကျတာလေး
တွေကိုဘဲ သေးငယ်တဲ့ဆော့ဝဲလေးတွေကိုမှ တင်နိုင်လို့ပါ။ သိတဲ့အတိုင်းဘဲဗျာ မြန်မာပြည်အင်တာနက်
လိုင်းကောင်းတာကတော့။ အဲဒါကြောင့်ပါ ကျုပ်ကလည်း ပညာရှင်မဟုတ်ပါဘူး ကိုယ်သဘောကျတာလေး
တွေ မှတ်တမ်းမှတ်ရာလေးကျန်အောင်ဆိုတဲ့ သဘောနဲ့ဆိုက်လေးလုပ်ထားတာပါ။ ကဲဗျာ ဘာပဲပြောပြော
ဒီFormat Factory 3.00 ဟာ အတော်ကောင်းတယ် ကျုပ်အခုနောက်ပိုင်းမှာတော့ ဒီကောင်လေးဘဲ သုံးပါ
တယ်။ အသစ်ထွက်သမျှ ဒေါင်းလော့ချပြီး သုံးပါတယ်။ မရှိသေးရင် စမ်းသုံးလိုရင်တော့ ဒေါင်းလော့ချသွား
လိုက်ပါ။ နည်းပညာဆိုက်လေးတွေချည်း ကျုပ်စုဆောင်းပြီး ဆိုက်လေးတစ်ခုလုပ်ထားပါတယ်ဗျာ hlamin.blogspot.com/   ပါ အဒီမှာလည်း ကိုယ်သဘောကျတဲ့ဆိုက်လေးမှာ ရှာကြည့်
နိုင်ပါတယ်ဗျာ
♣♣♣♣  DOWNLOAD HERE  ♣♣♣♣

♣♣♣♣ DOWNLOAD ANOTHER ♣♣♣♣

1 comment:

  1. ကျေးဇူးတော့တင်တယ်။virusတော့ကြောက်တယ်ရှင်းရတာရှုပ်တယ်

    ReplyDelete