မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Wednesday, November 7, 2012

Blog အချက်အလက်စာအုပ်တဲ့ဗျာ


ကဲဗျာ ကျုပ်တို့ဟာ ငွေမပေးနိုင်လို့မဟုတ်ပါဘူး ခေတ်အခြေအနေရ ဖရီးရတဲ့ဆိုက်လေးတွေမှာဘဲ ဘလော့ရေး
သားကြရတာပါ။ ဘလော့တစ်ခုဟာ ပိုပြီးတော့အသုံးဝင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘလော့ဟာ ဘာ
Email မှပေးစရာမလိုဘဲ ၀င်ကြည့်လို့ရတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်တာနက်သုံးသူမှန်သမျှ ဘလော့လိပ်စာ
သိရင် ၀င်ကြည့်လို့ရတာက ထူးခြားချက်ပါဘဲ။ ဖေ့ဘုတ်တို့ကမိတ်ဆွေနာမည်သိတာတောင်မှ ကိုယ်ပိုင်အကောင့် ရှိမှ ရှာကြည့်လို့ရတာပါ။ ဒါပေမယ့်လို့ ဒီဘလော့ကာကတော့ ဘာအကောင့်မှမလိုဘဲ လိပ်စာသိရုံနဲ့ ၀င်ကြည့်လို့
ရပါတယ်။ တစ်ခြားသော ၀က်ဆိုက်တွေလည်း ထိုနည်း၎င်းပါဘဲဗျာ။ ကဲဗျာပြောချင်တာက ဘလော့တစ်ခုတည်
ဆောက်ပုံအကြောင်းပါ လွယ်ကူတယ်ဆိုပေမယ့် မလွယ်ကူတဲ့အချက်တွေအများကြီးရှိပါတယ်။ HTML ကုတ်
တွေကို ကိုယ်ကိုတိုင်ဖန်တီးတာတို့ အင်တာနက်ပေါ် Upload တင်တာတို့ စသဖြင့် ကိုယ်လုပ်ချင်တိုင်းလုပ်မရ
တာတွေ အများကြီးရှိပါတယ် လွယ်တယ်ဆိုတာ ဘယ်အရာမှ မရှိပါဘူး သူ့ဟာနှင့်သူခက်ခဲတာတွေချည်းပါဘဲ။
ကဲ ဘလော့ရေးတဲ့ပုဂ္ဂိုလ်ဘဲဖြစ်ဖြစ် ဆရာရှိဖို့အရေးကြီးတယ်။ ဆရာဆိုတာအမှားများစွာ ကျူးလွန်ပြီးတဲ့ပုဂ္ဂိုလ်
လို့ တစ်ချို့သောသူတွေကပြောကြတယ်။ မှန်ပါတယ် အမှားတွေများစွာပြုလုပ်ခဲ့ပြီးတော့ ကိုယ့်လိုနောက်လူတွေ
မမှားရအောင် ပြုပြင်ပေးချင်တဲ့ စိတ်ဓါတ်တွေဟာ ပေါက်ဖွါးလာတာဘဲလေ။ ဒါကြောင့် ဒီဘလော့ဂါ ကိုရန်အောင်
ဟာလည်းသူ့လိုမမှားရအောင် အချိန်ကုန်သက်သာအောင် ရေးပေးထားခဲ့ပါတယ်။ အဲဒါကို ကိုစေတနာက ပြန်
လည်စုစည်းပြီး PDF စာအုပ်လေးအဖြစ်ထုတ်ထားတာပါ။ ကျုပ်တို့တစ်တွေလည်း အမှားတွေများပြီး အချိန်ကုန်
လူပန်းမဖြစ်ရအောင် ဒီစာအုပ်လေးကို ဖတ်ကြရအောင်ဗျာ။ ကဲဗျာ ကျုပ်လိုဘဲ ဖတ်လိုသူများ လေ့လာလိုသူများ
ဒေါင်းနိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်နော်။ 7.11.2012 အမှတ်တရ.. အလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

♣♣♣♣ Download mediafire ♣♣♣♣

0 comments:

Post a Comment