မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Sunday, August 18, 2013

ဘီအီးဒီ အောင်သိုက် နှလုံးသားနဲ့ လာတဲ့ဧည့်သည် ဇာတ်ထုတ်လေးပါ

ကဲ တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဘီအီးဒီအောင်သိုက်ရဲ့  နှလုံးသားနဲ့ လာတဲ့ဧည့်သည် ဇာတ်ထုတ်လေး
ကို တင်ပေးလိုက်ပါတယ်.။ ဒီဇာတ်ထုတ်လေးတွေကတော့ ဒို့ငယ်ငယ်တုန်းက နာမည်ကြီးခဲ့တဲ့ ဇာတ်ထုတ်
လေးတွေ ဆိုပါတော့ကွယ်.။ အမှန်ပြောရရင် ဘီအီးဒီအောင်သိုက်ရဲ့ ဇာတ်လမ်းလေးတွေကို နားမထောင်ဖူး
ပါဘူး။ ပန်းချီလေးဝင်းရဲ့ ဇာတ်ထုတ်လေးတွေကိုတော့ နားထောင်ခဲ့ဖူးပါတယ်။ ဒီဇာတ်ထုတ်လေး တင်ပေးရ
တာကတော့ စကားလုံး အသုံးအနှုန်းလေးတွေ ပြောတတ်ဆိုတတ်အောင်ပါ။ စကားအပြောအဆိုနေရာမှာ
ဒီဇာတ်ထုတ်တွေက အတော်လေးကို ဗဟုသုတ ဖြစ်လှပါတယ်..။
အခုနားဆင်လိုက်ရတဲ့ ဘီအီးဒီအောင် သိုက်ရဲ့ နှလုံးသားနဲ့ လာတဲ့ဧည့်သည် ပြောဇာတ်တွင် ဘီအီးဒီအောင် သိုက် မြင့်ထွန်းမင်း ရုပ်ရှင်းမင်းသမီး ခိုင်ခင်ဦး ဒေါ်ခင်လေးဆွေ အကယ်ဒမီ ဒေါ်မေနွယ့်နှင့်  မန္တလေး သာဦး တို့က ပါဝင်အားဖြည့်ထားကြပြီး ဇာတ်ဝင်တေးများကို တေးသံရှင် ခင်မောင်သန်းနှင့် တေးသံရှင် ခင်ညွန့် ရည်တို့က ဂီးတမှူးထမ်းဘက် ၀င်းဦးအဖွဲ့နှင့် အတူ သီဆိုပေးထားကြပါတယ်..။ မူပိုင် စပါယ်ဦး တေသံသွင်း အတွက် အသံများကို ထင်ကျော်စံက ဖမ်းယူပေးထားပါကြောင်း ချစ်သောတရှင် အပေါင်းတို့ခင်မျာ ကျေးဇူး တင်ပါတယ်..။ သေခြာနားထောင်နော် ဇာတ်လမ်းစကတည်းက ပါးရိုက်လိုက်ချင်တယ်နဲ့ ဆိုတော့ နဲနဲတော့
တစ်မျိုး ဖြစ်နေမယ်..။ 42 MB ရှိတယ်ဗျာ..။

0 comments:

Post a Comment