မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Sunday, August 18, 2013

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဘီအီးဒီ အောင်သိုက် ဇာတ်လမ်းလေး လေးပုဒ်ပါကွယ်..

ပန်းချီလေးဝင်း စီစဉ်တင်ဆက်လိုက်တဲ့ သူနှင့် ကျန်နော် လင်မယားတော်သည် ဇာတ်လမ်းလေးမှာ ဘီအီးဒီ 
အောင်သိုက်နဲ့ ပြည့်သူ့အဆိုကျော် မာမာအေးတို့က ဦးဆောင်ပါဝင် လှုပ်ရှားထားကြပြီး.ရွှေခြံ သန်းမြင့် ဟာ
သမင်းသား အင်းယား တေးသံရှင် ခင်မောင်သန်းနှင့် မြမြစန်းတို့က ၀န်းရံ အားဖြည့်ပေးထားကြပါတယ်.။
ဇာတ်ဝင်တေးများကို ဂီးတစာဆို နိုင်မင်းထွန်းက ရေးစပ်ပြီး ပြည့်သူ့အဆိုကျော် မာမာအေး နိုင်မင်းထွန်းနဲ့
ခင်မောင်သန်းတို့က ဂီတမှူး ထရမ်းဘက် ၀င်းဦးနှင့်အတူ တွဲဖက်သီဆိုပေးထားကြပါတယ်။  အသံကို ထင်ကျော်ဇံက ပါရမီ စတူဒီယိုမှာ ဖမ်းယူပေးပြီး အောင်အောင် တေးသံသွင်း အမှတ် ၂၁၄ မောင်ထော်လေး
လမ်း ရန်ကုန်မြို့က မြန်မာတစ်ပြည်လုံး ဖြန့်ချီမှာ ဖြစ်ပါကြောင်း ချစ်သောတဆင် အပေါင်းတို့ခင်မျာ။ ခုတော့
တစ်ကမ္ဘာလုံးသို့ မိုးကောင်းကင်က ဖြန့်ချီးတာပေါ့ကွယ်..။ ရွှင်လန်းဝမ်းမြှေက်နိုင်ကြပါစေ..။ စကားအပြော
အဆိုတွေ အတုယူနိုင်ကြပါစေ..။ ဒီဝတ္ထုဇာတ်လမ်းတွေက နားထောင်တိုင်း သိပ်မရိုးနိုင်ဘူး ဆွဲဆောင်မှုရှိ
တာကိုးဗျ။ စကားလုံး အသုံးအနှုန်းတွေက အတော့်ကို မြင့်ပါတယ် စကားပလ္လင်ခံတာတွေ စကားပြောမှုမှာ



ပိုင်တာ နိုင်တာတွေကြောင့် ကက်ဆက်ခေတ်က မရိုးနိုင်အောင် နားသောဆင်ခဲ့ကြရတဲ့ ဒို့အစ်ကို အစ်မများ
ဒီအချိန် ဒီအခါမှာ နားထောင်ချင်တယ်ဆိုရင်တော့ အတော့်ကို ရှားနေပြီ ထင်ပါတယ် ဆိုင်တွေမှာလည်း သိပ်မရနိုင်တော့ဘူးလေ..။ ကဲ 2 GB ကျော်ကျော် ရှိတဲ့အထဲက အပုဒ် တစ်ရာကျော် ရှိတဲ့အထဲက လေးပုဒ်

ကို အမြည်း သဘောလေး တင်ပေးလိုက်တာပါ ကြိုက်တယ်ဆိုရင်တော့ ပြောပါ တတ်နိုင်သလောက် လိုင်း
ကောင်းရင် တင်ပေးပါ့မယ်..။ ကျုပ်တော့ ကြိုက်တယ် လေးပုဒ်လုံး နားထောင်ပြီးပြီး စကားလုံးတွေက မမှတ်
မိဘူးဗျာ ကဗျာလို လင်္ကာတွေလို ရွတ်သွားတာဆိုတော့ သိပ်ကြီး မမှတ်မိဘူး ..။
ကဲဗျာ နားရဲ့ အရသာလေး ခံစားကြည့်နိုင်ကြပါပြီ...။ မျက်စိအရသာကတော့ စိတ်ဝင်စားရင် ၀င်းစား သလောက် မျက်စိထဲ ပုံဖော်ကာ မြင်ရောင် ကြည့်ကြပေါ့...

DOWNLOAD BOX    နှလုံးသားနဲ့ လာသည့် ဧည့်သည်

DOWNLOAD BOX    မဟာမိတ် ချစ်သူ

DOWNLOAD BOX    မရွှေ အထက်တန်းစား

DOWNLOAD BOX    သူနှင့် ကျနော် လင်မယားတော်သည်..။

19.8.2013 အမှတ်တရ....

0 comments:

Post a Comment