Pages - Menu

Wednesday, June 5, 2013

Spy Video Recorder PRO - 2.2.3 စပိုင်ဖြစ်ချင်သူများအတွက်

ကဲဗျာ စပိုင်မင်းသားတွေ လုပ်ချင်နေတဲ့ ဘော်ဒါများအတွက် Spy Video Recorder  ဆိုတဲ့ဆော့ဝဲလေးကို
တင်ပေးလိုက်ပါတယ်..။ ခိုးရိုက်တာမဟုတ်ပါဘူး မသိအောင် အသာလေးရိုက်တာနော်..။ ဟုတ်တယ်ဗျာ. တစ်ခါတစ်လေတော့လည်း အများမမြင်အောင် လုပ်ရတာလေးက ပိုကောင်းသလိုဘဲ..။ ဒီကောင်လေးကို
ကျုပ် အာကာဖြိုးမှာတွေ့လို့ လင့်ယူလာတာပါ...ကဲဗျာ အခြေအနေကောင်းမကောင်း စမ်းသုံးလိုရင် မရှိ
သေးဘူးဆိုရင်တော့ ယူသွားကြပေါ့ဗျာ..။ အာကာဖြိုးရေးသားထားတာလေး ကြည့်ချင်ရင်တော့ အောက်မှာ
လှမ်းရှိုးကြည့်ပါ



ကဲ ဒီနေ့ ကျွန်တော် မိတ်ဆွေများကို ဆောင်ထားသင့်တဲ့ App လေးတစ်ခု လက်ဆောင်ပေးပါမယ် ဘာလေးလဲ ဘယ်လို အသုံးဝင်သလဲဆိုရင် မိတ်ဆွေများ သွားရင်း လာရင်း တစ်ခုခုကို စိတ်ဝင်စားစရာ မှတ်တမ်းတင်လောက်စရာ တွေ ရှိလာခဲ့ရင် ဒါမှမဟုတ် တစ်ခုခုမဟုတ်တာကို လုပ်နေတာ တွေ့ရတဲ့ အခါမှာ ပေါ့ မိတ်ဆွေကလဲ ၀င်ပြောဝင်ကူလို့မရ တဲ့ အခြေအနေတွေလိုမျိုးမှာ ဒီကောင်လေးက မိတ်ဆွေကို တစ်နည်းနည်းနဲ့ ကူညီပေးပါလိမ့်မယ် ဒီ App လေးနာမည်က Spy Video Recorder Pro လို့ခေါ်ပါတယ် မိတ်ဆွေ ဒီကောင်လေး ဖုန်းမှာ သွင်းထားလိုက်ရင် ဘာမှ သိပ်လိုက်လုပ်စရာလဲ မလိုပါဘူး App icon ကိုတစ်ချက်နှိပ်ပေးလိုက်တာနဲ့ စပြီး Record လုပ်ပေးပါလိမ့်မယ် အသံလဲ ကြည်ကြည်လင်ကြင်ရပါတယ် တကယ်လို့များ ဘေးနားကလေသံတွေပါတာတွေကိုတော့ song force ဆိုတဲ့ ဆိုနီက ထုတ်တဲ့ ကွန်ပျူတာ ဆော့ဝဲလ်လေးနဲ့ တွဲသုံးလိုက်ပါ အဲဒါကနေ သင်ဖမ်းယူထားတဲ့ ဖွိုင်က မလိုအပ်တဲ့ အသံတွေ ကို ဖယ်ထုတ်ပစ်လို့ရပါတယ် လုပ်ရလွယ်တာလေးပဲ ညွန်ပေးလိုက်ပါတယ် သင်သာ Music ဖန်တီးသူ Pro တစ်ယောက်ဆိုရင်တော့ အခြားနာမည်ကြီးဆော့ဝဲလ်တွေ သုံးနိုင်ပါတယ် ကိုယ်ကျွမ်းကျင်ရာပေါ့ဗျာ အခုကျွန်တော် ညွန်ပေးတဲ့ ကောင်လေးကလဲ ညံ့သလားဆို မညံ့ပါဘူး မြန်မာတွေ အသုံးနည်းတာပဲရှိပါတယ် အချို့ မြန်မာ့တေးထုတ်လုပ်ရေးတွေမှာ သုံးတာ မြင်ဖူးပါတယ် ကဲ ဒီလောက်ဆို အဆင်ပြေလောက်ပြီ နော်အသံရှင်းဖို့အတွက် နောက်ထပ် အခုပေးတဲ့ App လေးကလုပ်ပေးနိုင်တာကိုလဲ ပြောပေးပါမယ် ရှင်းပါအာင်နံပါတ်တပ်ပြီးပြောပေးပါ့မယ်

၁။ ဒီကောင်လေးက သင်ဖမ်းယူ Record လုပ်နေတာကို အခြားသူမသိပါဘူး နောက်ကွယ်ကနေ ဖမ်းယူနေတာပါ သင်ကိုယ်တိုင်လဲမမြင်ပါဘူး သင်Record လုပ်ထားတယ်လို့ သိနေလို့သာ သင်သိနိုင်ပါတယ်

၂။ သင်ဖုန်းပြောနေစဉ်မှာလဲ ဖမ်းယူထားနိုင်ပါတယ်

၃။radio နဲ့ media players တွေ အားလုံး ဖွင့်ထားစဉ်မှာလဲ ဖမ်းယူထားနိုင်ပါတယ်

၎။ ဒီကောင်လေးဖွင့်ထားလို့ ဘာအသံမှလဲ မထွက်ပါဘူး

၅။ screen display ကိုလဲ ဖမ်းယူနိုင်ပါတယ်

၆။ camera resolution ကလဲ အမြင်ဆုံးအထိ ရွေးချယ်နိုင်ပါတယ်

၇။ Recorder ကိုဖွင့်ထားရင် အချိန် နှစ်နာရီ အထိ ဖမ်းပေးပါတယ်

နောက်ကျန်တာတွေကို တော့ သင်ကိုယ်တိုင် လုပ်ကြည့်လိုက်ပါတော့

ဒီလောက်လေးပဲပြောတော့မယ် အောက်မှာ ဒေါင်းလိုက်ပါဦး

No comments:

Post a Comment