Pages - Menu

Friday, June 7, 2013

နည်းပညာဆိုက်တွေကို ဖုန်းထဲကကြည့်သလို မြန်မြန်လေးကြည့်ရအောင်

ကဲဗျာ ဒါလေးကတော့ ဘာရယ်မဟုတ်ပါဘူး လင့်လေးပါဘဲ သိတဲ့သူများကတော့ သိပါလိမ့်မယ် မသိသေး
တဲ့ သူတွေအတွက်ပေါ့ နည်းပညာဆိုက်တွေ ဖွင့်တဲ့အခါ လိုင်းမကောင်းရင် ကြာတယ် လိုင်းကောင်းသော်
လည်း ဆိုက်အပြင်အဆင်တွေ လင့်တွေကြောင့်မို့ Loading တက်နေတာနဲ့ မပြီးတော့ဘူး အဲလိုမျိုးဆိုရင်
တော့ ဒီနည်းလေးက မိတ်ဆွေတို့အတွက် လျှင်မြန်လွယ်ကူစေမှာပါ..။ ကျုပ်အတော်များများဆိုက်တွေ စမ်း
ကြည့်တာ အဆင်ပြေတယ် သမ္မတရုံးဆိုက်နဲ့ သီချင်းဆိုက်လေးတစ်ခုတာ အဆင်မပြေတာ.။ကျန်တာ အား
လုံး ဂွတ်ရှယ်ဘဲ မြန်တာပေါ့ဗျာ..။ ကဲစစို့ ဥပမာ ohnthar.blogspot.com ပေါ့ဗျာ သူ့နောက်မှာ ထည့်ရမှာက /?m=1 ဒါလေးပါဘဲနော် စမ်းကြည့်မယ် http://ohnthar.blogspot.com/?m=1 ကိုနှိပ်ကြည့် ဘာမှ ဘေးကလင့်
တွေ Flash တွေ Cboxတွေ စသဖြင့် စသဖြင့် မပါတော့  မြန်တာပေါ့ ဟုတ်ဘူးလား တစ်ကယ်ပြောတာ လွယ်
ကူ လျှင်မြန်စွာအသုံးပြုချင်တယ်ဆိုရင်တော့ ဒီနည်းလေးနဲ့ လေ့လာကြပါ.။ ဒီနည်းသုံးတာမကြိုက်ရင်တော့
ဥပမာ အနေနဲ့ http://ohnthar.blogspot.com/?m=1 ဖြစ်နေရင် /?m=1 ဒါလေးဖြက်ထုတ်လိုက်ပေါ့ ကဲမိတ်ဆွေ
များ ဒီလောက်ဆို အဆင်ပြေလောက်ပြီးနော်. .COM ဘဲဖြစ်ဖြစ် .NET ဘဲဖြစ်ဖြစ် အဆင်ပြေတယ်. ကဲ စမ်း
ကြည့်ကြစို့... အထူးသတိပေးရန်မှာ Computer နဲ့ သုံးသူများအတွက် မြင်ကွင်းကျယ်ချင်ရင် Ctrl နှင့် + ကိုနှိပ်
ပြီး ကြည့်နိုင်သည်..။ မြင်ကွင်းကျဉ်းချင်ရင်တော့ Ctrl and -ကိုနှိပ်ပြီး ကြည့်ပါ...။

No comments:

Post a Comment