Pages - Menu

Sunday, October 13, 2013

Picasa 3.9 ဓါတ်ပုံကြည့်ဖို့ အကောင်းဆုံး Software

ဒီ Picasa ဆိုတဲ့ကောင်လေးကတော့ အတော်များများ သုံးဖူးမှာပါ။ ကျုပ်လည်း ပို့စ်အနေနဲ့ တစ်ခါမှ မတင်ဖူး
သေးလို့ တင်လိုက်တာ။ ပို့စ်အနေနဲ့ပါ Software ကတော့ မတင်ပါဘူး ဘာကြောင့်လည်းဆိုတော့ ကျုပ်တင်
နေရင် နောက်ထပ် Update ဆို ပြန်တင်နေရဦးမှာလေ အဲဒီတော့ မူရင်း Google လင့်လေးကိုဘဲ ထည့်ပေး
လိုက်မှာပါ။ ဒါလေးကတော့ အချစ်တော်ကြီး Google ရဲ့ ထုတ်ကုန်လေးပေါ့ဗျာ။ အသစ်လေးမို့ပါ ဒီကောင်က
တော့ အတော်အသုံးဝင်ပါတယ်။ Blog ရေးနေတဲ့သူတွေလည်း Blog ပေါ်ကို ဓါတ်ပုံတွေ လျှင်မြန်လွယ်ကူစွာ
တင်နိုင်ပါတယ်။ Gmail အကောင့်နဲ့ ၀င်ထားရင်ပေါ့လေ။ ဓါတ်ပုံလေးတွေလည်း အနဲအကျဉ်း ပြင်နိုင်တယ်။
အထူးသဖြင့်တော့ ဓါတ်ပုံကြည့်ရတာ အတော်ကောင်းတယ်။ Resolution ကောင်းတဲ့ ဓါတ်ပုံတွေဆို ပိုပြီး
ကြည့်ကောင်းတယ် အများကြီး ချဲ့ကြည့်လို့ ရတယ်လေ.။ ကဲ သုံးဖူးပြီးသားတွေချည်းနေမှာပါ။ သို့သော်
အသစ်ကိုမှ ချစ်သူများအတွက် အသစ်လေးပါဘဲ...။ ကျုပ်ရဲ့ ဆိုက်လေးကို Google မှာ ရှာချင်တယ်ဆိုရင်
တော့ (  အုန်းသာ  ) လို့​ ရိုက်လိုက်ရင် ပေါ်လာပါလိမ့်မယ်။ နောက်ပြီး( မိုးကောင်းကင် ဖောင်းပြင် )ဆိုလည်း
ပေါ်လာမှာပါဘဲ။ ohnthar.blogspot.com ဆိုတာလေးကို လိုက်ရှာပြီး လာရုံပါဘဲ..အဆင်ပြေပါစေ...

No comments:

Post a Comment