Pages - Menu

Sunday, September 1, 2013

One Click Recovery ၀င်တဲ့ဆော့ဝဲ (Mobile House)

အခုပြောပြပေးမှာကတော့ Android ဖုန်း အားလုံးအတွက် Recovery Mode ၀င်နည်း ဖြစ်ပါတယ်။ အရင်က Recovery mode ကို ၀င်ဖို့ဆိုရင် ဖုန်းအမျိုးအစားပေါ်လိုက်၍ သက်ဆိုင်ရာ ခလုပ်များကိုနှိပ်ရပါတယ်။ အခုပြောမည့် နည်းကတော့ ဘာခလုပ်မှ နှိပ်စရာမလိုတော့ပါဘူး။ လိုအပ်သော One Click Recovery ဖိုင်ကိုဒေါင်းပါ။ One Click Recovery ကို ဒီမှာဒေါင်းပါ ။ DOWNLOAD MDF  OR DOWNLOAD DROBOX
phone ရဲ့ Setting > apps > development > debugging mode ကို အမှန် ခြစ် ပါ ။ ics မှာ တော့ setting ထဲမှာ development ဆိုတဲ့ ထဲ မှာ ၀င် ရမှာ ပါ ။ Driver မသိရင် မရ တာ မလို့ Driver သွင်းထားပါ ။ဒေါင်း၍ရလာသော One Click Recovery.rar ကို ဖြေချလိုက်ပါ။ အဲဒီထဲမှာ ပါလာတဲ့ One Click Recovery.exe ကို ကွန်ပျူတာပေါ်မှာ install လုပ်လိုက်ပါ။ desktop ပေါ်မှာ One Click Recovery ဆိုတဲ့ Icon လေး တွေ့ရပါလိမ့်မယ်။Recovery mode ၀င်ချင်တဲ့ ဖုန်းကို power ဖွင့်ပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ပြီးလျှင် desktop ပေါ်က One Click Recovery ကို run လိုက်ပါ။ အောက်ပါပုံက box ကလေး တွေ့ရပါလိ့မ်မယ်။

Click To Enter Recovery ကို နှိပ်လိုက်ပါ။ ကဲ အခု ဖုန်းလေးကို ကြည့်လိုက်ပါ Recovery mode ထဲ ရောက်သွားတာ တွေ့ရပါလိ့မ်မယ်။

အားလုံးပဲအဆင်ပြေကြပါစေ....... ။

မှတ်ချက် - သွင်းထား သော recovery ထဲ သာ ရောက် မယ် ။ ဘာ မှ မသွင်း ထား ပါ က နဂို recovery ထဲ သာ ရောက် ရှိ ပါ မယ် ။ ခေါ် မရ ပါ က မူရင်း recovery ပျက် နေ ခြင်း ၊မပါ ခြင်း ကြောင့် ဖြစ် တက် ပါ တယ် ။


adb နဲ့ cmd သုံးခေါ် ချင် ရင် တော့ adb devices ဆို ရိုက် ပြီး enter ခေါက် လိုက်ပါ ။။ သိ ရင် a2012vae01e0a device ဆို ပြီး ပေါ် ပါ မယ် ။ ရှေ့ က ပေါ်ချင်တာ ပေါ် ပါမယ် ။

ပြီးရင် adb reboot recovery ဆို ရိုက် ပြီး enter ခေါက် လိုက်ပါ ။ခဏ စောင့်ပါ ။သူဘာ သူ reboot ကျ ပြီါ် ၀င်သွားပါမယ် ။
 MOBILE HOUSE ဖေ့ဘုတ်မှ ကူးယူဖော်ပြထား
https://www.facebook.com/MobileHouseServiceCentre?ref=stream&hc_location=stream

No comments:

Post a Comment