မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Monday, September 16, 2013

Mobile Guide Issue 120 AND INETERNET JOURNAL

ကဲ Mobile Guide ဖုန်းနည်းပညာ ဂျာနယ်လေးတွေ့လို့ တင်ပေးလိုက်တယ်။ ဒီနေ့တော့ မိုးမိထားတာ ဆေးရုံမှာ
တစ်နေ့ကုန်သွားတယ်။ ဘာမှတာ မလုပ်ရတာ အတော်ညှောင်းသကိုးကွယ်။ နပ်စမလေးတွေကြည့်ပြီး သနားမိ
တာတော့ အမှန်ဘဲ။ ဘာလို့လဲဆိုတော့ သူတို့ခမျာ မနက် ၆ နာရီကတည်းက စပြီးအလုပ်ဆင်းရတယ်လေ။ ည
၆ နာရီလောက်မှ ပြန်ရတယ်။ ဒီတော့ သူတို့ လူပျို အပျို သဘာဝ လည်ချင်ပတ်ချင်ကြမှာဘဲ ပျော်ချိန်တောင် မရှိ
သလို ဖြစ်နေလို့ သနားမိတာပါ။ ကိုယ့်မှာ တစ်နေ့နေရတာတောင် အတော့်ကို ပျင်းနေတယ်။ လူလည်း လူနာ
တွေနားနေလို့လား မသိ ဖျားချင်သလို နာချင်သလိုဖြစ်နေတယ်ဗျာ။ ဆေးရုံသွားတော့လည်း ဆေးရုံ ဗဟုသုတ
ရပါတယ်။ ကောင်းတာရော ဆိုးတာရောပေါ့. အဲဒီအကြောင်းတွေတော့ လောလောဆယ် မပြောသေးပါဘူးဗျာ။
အလျင်းသင့်မှပေါ့ မပြောတာကတော့ ကောင်းပါတယ်။ သို့သော်လည်း အကြောင်းတိုက်ဆိုင်ရင်တော့ ပြောရဦး
မှာပေါ့။ ကဲ ဒီနေ့တော့ မိုးအေးအေးနဲ့ နက်ပေါ်တက်လာတာ သြော် ကိုယ် တစ်ပို့စ်မှ မတင်ရင် ဘယ်သူမှ တင်မှာ
မဟုတ်တာကြောင့် အပျင်းပြေ ဖတ်ရအောင် ဗဟုသုတလေး ရအောင်ဆိုပြီး တွေ့တဲ့ ဂျာနယ်လေး တင်လိုက်တာ
ပါဘဲ.။ အဆင်ပြေကြပါစေ...iPhone 5s နှင့် iPhone 5c အကြောင်းကတော့ ငြီးငွေ့အောင် ဖတ်ရမယ်တာ ပြင်
ထားပေတော့..။

0 comments:

Post a Comment