မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Sunday, September 8, 2013

Mobile Guide Issue 119 ဒေါင်းပြီး ဖတ်ရန်

ကဲဗျာ ဒီနေ့လည်း ထွက်လာပြန်ပြီ ဘာတဲ့ Mobile Guide တဲ့ဂျာနယ်လေးပါ။ ဖုန်းသတင်းတွေကြည့်ရတာလည်း
မ၀ယ်နိုင်တော့ ပြောတာပြောရတယ် သိပ်မကြည့်ချင်ဘူး မျက်မွှေးစူးလာသလိုဘဲ။ ဘာလို့ဆို ကိုယ်မှ မ၀ယ်နိုင်
တာ လက်ဆောင်ပေးမယ့်သူလည်း မရှိနဲ့ သြော် ငါ့ဘ၀ တယ်လည်းခက်ပါလားကွယ်.။ ခေတ်က ဖုန်းခေတ်ထ
နေတယ်လို့ ပြောရမယ် ။ ဘာကြောင့်ဆို ကလေးကအစ ဖုန်းလေးတွေနဲ့ ဆော့တဲ့ခေတ် ဖြစ်လာပြီကိုးဗျ။ မြို့ပေါ်
မှာတော့ ကလေးတွေ ဖုန်းနဲ့ ဂိမ်းဆော့နေတာတွေ အများကြီးတွေ့လာရတယ်။ လူကြီးလူငယ် အရွယ်မရွေး လူ
တိုင်းနီးပါး ဖုန်းတွေနဲ့ ဖြစ်ကုန်ကြပြီလေ။ ဒါကြောင့် နည်းပညာနှင့် ပါတ်သက်တဲ့ဆိုက်တွေဟာလည်း ဖုန်းလိုင်း
ဘက်ကို ရောက်ကုန်တာများလာပြီ။ ကွန်ပျူတာအတွက်ကတော့ နဲနဲပါးလာပြီလို့ ဆိုရင်မှားမည်မထင်။ ကွန်ပျူ
တာတွေက ရောင်းအား အတော့်ကို ကျလာတယ်။ ဖုန်းကတော့ ရောင်းအားကောင်းတယ်။ ဘာလို့ဆို သူက ကွန်ပျူတာအသေးစား တစ်လုံးလိုဘဲ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အလွယ်တစ်ကူ ကြည့်လိုရတာ
ကိုက တစ်ပန်းသာတယ်လေ။ မီးမလာလည်း ဓါတ်ခဲနှစ်လုံးလောက်ဆောင်ပြီး လုပ်ရှားနေလို့ ရတာကိုးဗျ။ ကဲ
ဘာပဲဆိုဆို ဘာတွေထွက်တယ် ဘာတွေကောင်းလာတယ်ဆိုတာ သိရအောင် အသိနောက်မကျရလေအောင်
ဖတ်ထားမှ တော်မယ်.။ ဒါပါဘဲ..

0 comments:

Post a Comment