မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Tuesday, September 3, 2013

First Eleven Sports Journal အတွဲ(၁၄) အမှတ်(၁၄)

ဘောလုံး အားကစားကတော့ လူအတော်များများ စိတ်ဝင်စားကြတဲ့ အားကစားနည်းပညာတစ်ခုပါ။ ဟာ ဘာကြောင့် နည်းပညာ ပြောရတာလဲ မောင်မိုးရဲ့ ဒါက အားကစားလေ။ ဟုတ် ဘယ်သို့ဘယ်ပုံ ကန်ရတယ် ။ ဘယ်လို ဂိုးသွင်းရတယ် ဘယ်လို ဂိုးဖမ်းရတယ်ဆိုတာတွေဟာ နည်းပညာတွေဘဲ မဟုတ်လား နောက်ပြီးတော့
နည်းပြတွေကို တစ်နှစ်စာ လစာပေးငှါးရမ်းကြတာတွေကြည့်ရင် ဒါ ဘောလုံးနည်းပညာပေါ့။ လူအများစုက
IT နှင့် ပါတ်သက်တာကိုမှ နည်းပညာထင်လို့ ရေးလိုက်တာပါ။ တစ်ကယ်တော့ အရာအားလုံးဟာ သို့မဟုတ် လူအတော်များပြုလုပ်နေတဲ့ အရာတွေဟာ နည်းပညာတွေပါဘဲ။ ခြင်းတောင်းရက်တာလည်း နည်းပညာပါဘဲ။
ငါးဖမ်းတာလည်း နည်းပညာလိုတာဘဲ။ စပါးစိုက်တာတောင်မှ နည်းပညာလိုတာဘဲလေ။ နည်းပညာပါဘဲ စပါး မစိုက်ဖူးတဲ့သူ စပါးဘယ်လိုစိုက်ရမယ် မသိပါ။ စသဖြင့်2 သူ့နည်းသူ့ဟန်နဲ့ လုပ်နေရတာတွေလည်း နည်းပညာပါ။ နောက်
ပြီးတော့ နိုင်ငံရေးမှာလည်း နည်းပညာတွေ လိုအပ်ပါတယ်။ သူ့ကတော့ နည်းပရိရယ်လို့ ပြောတာပေါ့ သို့သော်
လည်း ဒါလည်း နည်းပညာပါဘဲ နိုင်ငံရေး ဥပဒေရေးရာတွေ မသိဘဲနဲ့ သွားလုပ်ရင် ကမောက်ကမတွေ ဖြစ်ကုန်
မှာပေါ့။ ဒါကြောင့် ကျုပ်အမြင်ပြောရရင်တော့ နည်းပညာဆိုတာ အများကြီး အကြုံးဝင်တယ်ဆိုတာပါဘဲ..။ ဒီလောက်ဆို နည်းပညာဆိုတာ သိလောက်ရောပေါ့ကွယ်..။ ခုဟာကတော့ အားကစားနည်းပညာလေးတစ်ခုပေါ့
ဗျာ.။ အသိပညာ ဗဟုသုတ ရကြပါစေ...။ နည်းတဲ့ ပညာတဲ့နော် နည်းက နည်းစနစ် ပညာကတော့ အသိလို့ ပြော
ရမလား အတတ်ပညာလို့ ပြောရမလား..အဲဒါပါဘဲ...။

0 comments:

Post a Comment