မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Sunday, September 8, 2013

နည်းပညာ စာအုပ်များ ဥပဒေစာအုပ်များ ဖတ်လိုရင် ဒေါင်းလိုရင်

ကဲ ကျုပ်အနေနဲ့ ကျုပ်ဆိုက် ညာဖက်ခြမ်းလေးမှာ လင့်လေးထည့်ပေးထားပါတယ်။ သို့သော်လည်း အသိမပေး
ဖြစ်ပါဘူး။ ဒီနေ့တော့ အသိပေးလိုက်တယ်နော်။ အဲဒီမှာ စာအုပ်တွေဘဲ တင်မယ်လို့ စိတ်ကူးထားတယ် ရတတ်
သမျှလေးပေါ့ဗျာ။ လွယ်လင့်တစ်ကူ ဒေါင်းလော့ချနိုင်ဖို့အတွက်ပါ။ မိမိမှာ လိုအပ်နေတာလေးတွေကိုလည်း ယူ
သွားကြပေါ့။ ကျုပ်ကတော့ တစ်ခါတည်း တစ်ပါတည်း ရစေချင်လို့ တင်လိုက်တာဘဲ။ အဲတော့ ဘယ်သူ ဒေါင်း
လော့ချချ သဘောကျပါတယ်။ အသိပညာ အတတ်ပညာတွေ များများ ရဖို့ပါဘဲ ပညာပါရမီဖြည့်ရာများ ရောက်
လေမလားလို့ပေါ့ဗျာ။ ဥာဏ်ကသိပ်မကောင်းတော့ ဒါလေးတွေလည်း လုပ်ပေးရသေးတယ်ဗျ။ သို့မဟုတ်လျှင်
ဒီဘ၀မှာပင် ဥာဏ်မကောင်း နောက်ဘ၀လည်း မကောင်းဆိုရင် မဟုတ်သေးဘူးလေ။ အဲတော့ တတ်နိုင်သမျှ
လေး လုပ်ဖို့ အချိန်ရတုန်းလေ အခွင့်ပေးတုန်းလေး လုပ်ထားရတာပေါ့ဗျာ။ အခွင့်လည်း မပေးဘူး အချိန်လည်း
မပေးနိုင်တော့ဘူးဆိုရင် စိတ်ကူးထဲမှာဘဲ အိမ်ဆောက်သလို ဖြစ်နေမှာပေါ့။ ကျန်းမာရေးကောင်းဖို့ကလည်း အရေးကြီးတယ်နော်။ ကျန်းမာရေးလည်း ဂရုစိုက်ကြဦး မိုးတစ်ပြက်လေတစ်ပြက်နဲ့ ရာသီဥတု မကောင်းဘူးဗျာ။
ကဲအဆင်ပြေကြပါစေနော်..။ ငမိုးလည်း ကံကြမ္မာက ကိုယ့်ကိုမျှက်နှာသာပေးတုန်း လုပ်ရတာပါ။ မပေးတော့ဘူး
ဆိုရင်တော့ သိတဲ့အတိုင်းပါဘဲ။

0 comments:

Post a Comment