Pages - Menu

Friday, August 2, 2013

မြန်မာ့တပ်မတော် ခေတ်မီရေး အမေရိကန်ကူညီမည် (The Voice )

မြန်မာ့တပ်မတော်ကို ခေတ်မီကျွမ်းကျင် တပ်မတော် ဖြစ်လာစေရေးအတွက် အမေရိကန် အစိုးရက စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ် မစ်ချဲလ်က ပြောကြားသည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ ရောက်ရှိနေသော အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးအရာရှိ Ben Rhodes နှင့် သတင်းမီဒီယာအချို့ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ပြော ကြားလိုက်ခြင်း ဖြစ်သည်။ အမေရိကန်အစိုးရ၏ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုဆိုရာ၌ လူသားချင်း စာနာ   ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေး ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ့တပ်မတော် အနေနှင့်   ခေတ်မီ ကျွမ်းကျင်သော တပ်မတော်အဖြစ် ရပ်တည်နိုင်စေရန် ရည်ရွယ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် ရှိ အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးနှင့် ပတ်သက်သည့် ဥပဒေပညာဆိုင်ရာ အဖွဲ့အစည်းမှတစ်ဆင့် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အမေရိကန်ပြည်ထောင်စုက မြန်မာ့တပ်မတော် ခေတ်မီကျွမ်းကျင် ဖြစ်ရေးကို အားပေးသလို မြန်မာ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ နေရာယူထားတာကိုလည်း စွန့်လွှတ်စေချင်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေးအရာရှိ Ben Rhodes က ပြောကြားသည်။
ယင်းသို့ နှစ်နိုင်ငံစစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံသို့ လက်နက် ရောင်း ချခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများ လုံးဝပြုလုပ်မည် မဟုတ်ကြောင်း အမေရိကန် သံအမတ်ကြီးက ငြင်းဆို ပြော ကြားသွားသည်။ အလားတူပင် ဗြိတိန်အစိုးရကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန် ခရီးစဉ်အတွင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး Phillip Hmmond နှင့် တွေ့ဆုံရာတွင် သဘောတူညီခဲ့ကြသည့်အတိုင်း မြန်မာ့ တပ်မတော်အတွက် လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုင်ရာ သင်တန်းကို ပေးအပ်သွားမည် ဖြစ်ကြောင်း   မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးထံမှ သိရသည်။
The Voice  က သတင်းလေးပါ..ဒီသတင်းလေးကတော့ တိုင်းပြည်အတွက် ကောင်းတဲ့သတင်းမို့ပါ..။
ဒါကလည်း နည်းပညာတစ်မျိုးပါ..လူတွေ သေစေနိုင်တဲ့ နည်းပညာလေ..။ ဟုတ်တယ်နော် စစ်ဆိုတာ မဖြစ်တာ
အကောင်းဆုံးပါ..ဖြစ်လာရင်တော့ လူပေါင်းမြှောက်များစွာ သေကြေပျက်စီးကြရတာ အားလုံး အသိဘဲ...။

No comments:

Post a Comment