မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Saturday, August 10, 2013

IP Hide ချင်သူများအတွက် ဆိုက်ကောင်း

ကဲ Aung MyoKyaw ရှာထား ရေးထားတာလေးတွေ့လို့ လင့်ယူလာတယ်.။ ကျုပ်လည်း ဘလော့ရေးရတာ နဲနဲ
ပျင်းလာပြီ.။ မတတ်တဲ့ပညာလေးတွေလည်း ကုန်သလောက်ရှိနေလေတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်.။ ခု
က တစ်ဦးတစ်ယောက် တစ်ကိုယ်ကောင်း ခေတ်မဟုတ်တော့ဘူး။ ၀ိုင်းဝန်းညီညာအောင်ကြောင်းဖြာ ဆိုသလို
ဘဲ ဆိုက်တွေလည်း မန်ဘာတွေနဲ့ ရေးနေကြတဲ့ ခေတ်လို့တောင် ပြောရမလိုဘဲ.။ ကျုပ်လည်း ကျုပ်ညီလေးကို
တောင်းဆိုထားပါတယ် ရေးကူဖို့ပေါ့ သို့သော်လည်း သူကလည်း သုံးလနေလို့ တစ်ပို့စ်မတင်နိုင်ဖြစ်နေလေတော့
ကျုပ်စခဲ့တဲ့အလုပ် ကိုယ်တိုင်ဘဲ မတောက်တစ်ခေါက် ရေးနေရတာပါဗျာ.။ ကျုပ်က သူများတွေလောက် ဗဟုသု
တ မပြည့်စုံပါဘူး ဒါကြောင့်လည်း ဟိုဆိုက်ကြည့်ဒီဆိုက်ကြည့်နဲ့ ပါတ်ရှာနေရတာပါဘဲ.။ ငယ်တုန်းကကျွဲကျောင်း
ခဲ့ရသလိုဘဲ ကျွဲပြောက်လို့လိုက်ရှာရရင် ငိုချင်သလိုကို ဖြစ်လို့ ဟိုတောမှာ ဒီရှိုမှာရှာရ ချောင်းဘေးတွေ လိုက်ရှာ
ရ မြောက်တောဘဲ သွားသလား မန်တော့ပင် ဇရစ်ချောင်း ရေတံခွန်ကျောက်ခွက်များ ရောက်သွားသလား အဲလို
ကျွဲလိုက်ရှာခဲ့ရတဲ့ ကျွဲကျောင်းသားပါ။ ခုတော့ ကျွဲမရှာဘဲ တောင်ရောင်ရောင်မြောက်ရောင် လုပ်နေတဲ့ အညာ
သား တောသားပါ.။ ကဲ လိုရင်းကို မရောက်သေးဘူး..ဘာဆော့ဝဲမှ ထည့်စရာမလိုပါဘူး. ဆိုက်လင့်လေးတစ်ခု
ကြောင့်မို့ ရေးနေတာပါ။ ကိုယ့် IP လေးကို တောင်ရွေ့မြောက်ရွေ့နဲ့ ပြောင်းလည်း ရုံလေးပါ တောသူတောင်သား
ဆိုတော့လည်း အရေးအသားက ကလေး ကစားသလိုပါဘဲ မှားနေရင်လည်း ပြင်ဖတ်ပေးပေါ့..။

0 comments:

Post a Comment