Pages - Menu

Thursday, August 22, 2013

သူဌေးဖြစ်ကြောင်း နည်းလမ်းကောင်း ( ရနံ့စံအိမ် )

သမဇီဝိတာ။ ။ ဗျဂ္ဃပဇ္ဇ …အမျိုးသားသည် မိမိမှာရှိသော စည်းစိမ်တို့၏ ဝင်လာသော အရဘက်ကို လည်းကောင်း၊ ထွက်သွားသော အကုန်အကျ ဘက်ကိုလည်းကောင်း သိ၍ ကြီးကြီး ကျယ်ကျယ်လည်း မဖြစ်စေ၊ သိမ်သိမ်ငယ်ငယ်လည်း မဖြစ်စေဘဲ အကုန် နှင့် အရ မျှတအောင် အသက်မွေးမှုကို ’’သမဇီဝိ တာ’’ဟု ခေါ်သည်။ ထိုသို့ အသက်မွေးလျှင် ဝင်လာသော အရဘက်က များ၍ ထွက်သွားသော အကုန် အကျ ဘက်ကို လွှမ်းနိုင်လိမ့်မည်။ ထို့ကြောင့် အကုန် နှင့် အရ မျှတ မမျှတကို သိတတ်ရသည်။ ဥပမာ ချိန်ခွင်ကြီးကို ကိုင်ဆောင်ထားသူသည် ချိန်ခွင်ကြီးကို မြှောက်လိုက်သောအခါ ’’မည်ရွေ့ မည်မျှ နိမ့်ကျနေ သည်၊ (သို့မဟုတ်) မည်ရွေ့မည်မျှ အထက်ထောင်နေသည်’’ဟု သေချာစွာ သိသကဲ့သို့တည်း။ ထိုသို့ သိအောင် အလုပ်အကိုင်များ၌ အကုန်နှင့်အရကိုပြသော စာရင်းစာအုပ် ရှိကြရပေသည်။

ဆောင်။ ။ စား ဝတ် နေပုံ၊ နေ့စဉ်ခြုံလျက်၊ အကုန် အရ၊ နှိုင်းချိန်ဆသော်၊ အရဘက်က၊ သာစေမှ၊ သမဇီဝိတာခေါ်။

ဗျဂ္ဃပဇ္ဇ … အမျိုးသားသည် အရဘက်က နည်းနေပါလျက် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ဟန်ကြီးပန်ကြီး အသက်မွေးနေမှုကြောင့် အကုန်ဘက်က များနေလျှင် “ သဖန်းသီးစားတဲ့ လူလိုပဲ ’’ ဟု အပြောအဆို ခံရတတ်၏။


(သဖန်းသီး စားလိုသူသည် သဖန်းပင်မှ အသီးတွေကို လှုပ်ချ၍ မိမိစားလိုရာ အနည်းငယ်ကို စားပြီးလျှင် ကျန်သမျှအသီးတွေကို အချည်းနှီးဖြစ်၍ ကျန်ရစ်စေသည်။)
အကယ်၍ အရဘက်က များပါလျက် ဆင်းတောင့်ဆင်းရဲ အသက်မွေးကာ နှမြောစေးကပ်နေပြန်လျှင် “ ကိုယ့်လုပ်စာ ကိုယ်မစားရဘဲ ကိုးကွယ်ရာမဲ့ သေရမယ့်လူစား ’’ ဟု အပြောအဆို ခံရတတ်၏။ ထို့ကြောင့် အရဘက်နှင့် အကုန်ဘက်ကို နှိုင်းချိန်ကာ မျှမျှတတ စားသောက်နေထိုင်တတ်ရသည်။

ပျက်စီးကြောင်း လေးပေါက်။ ။ ဗျဂ္ဃပဇ္ဇ …ဤသို့ ဥဋ္ဌာနသမ္ပဒါစသော အကြောင်းတရား လေးပါး နှင့်အညီ စုဆောင်းရှာဖွေ၍ ရအပ်သော စည်းစိမ်ဥစ္စာတို့အတွက် ပျက်စီးဖို့ရာ ထွက်ပေါက်လေးပေါက် ရှိ နေသည်ကို နားလည်ရမည်။
၁- ဣတ္ထိဓုတ္တ=(မိန်းမလိုက်စားခြင်း)၊
၂- သုရာဓုတ္တ=(သေရည်အရက် ဘိန်းကစော် သောက်စားခြင်း)၊
၃- အက္ခဓုတ္တ=(အလောင်းအစား ကစားခြင်း)
၎- ပါပမိတ္တ=(အပေါင်းအသင်း မိတ်ဆွေ မကောင်းခြင်း)။ ဤလေးပါးတည်း။

ဝင်လာကြောင်း လေးပေါက်။ ။ ဗျဂ္ဃပဇ္ဇ … ဤလေးပါး၏ ပြောင်းပြန်ဖြစ်သော
၁- မိန်းမ မလိုက်စားခြင်း၊
၂- သေရည်အရက် ဘိန်းကစော် မသောက်မစားခြင်း၊
၃- အလောင်းအစား ကစားမှု မရှိခြင်း၊
၎- မကောင်းသော အပေါင်းအသင်းမိတ်ဆွေ မရှိခြင်း၊
ဤလေးပါးကား စီးပွားဥစ္စာ၏ ဝင်လာဖို့အကြောင်း ကောင်းသော လမ်းပေါက်များ ဖြစ်ကြသည်။

အမျိုးကောင်းသားသည် ပျက်စီးကြောင်း အပေါက်လေးပေါက်ကို ပိတ်၍ ဝင်လာကြောင်း အပေါက်လေးပေါက်ကို အမြဲဖွင့်ထားမှသာ ဥဋ္ဌာနသမ္ပဒါစသော အကြောင်းလေးပါးဖြင့် ရှာမှီးအပ်သော စည်းစိမ်ဥစ္စာများသည် မပျက်မစီးဘဲ တည်တံ့ တိုးပွားဖွယ် ရှိကြပေသည်။

http://www.ganadharama969.com/2013/08/blog-post_22.html

ဒီဆိုက်လေးက ကူးလာတာ ရနံ့တွေသင်းတဲ့ လှိုင်နေတဲ့ ရနံ့စံအိမ်လေးပေါ့ကွယ်..ကောင်းသတင်း ကောင်း
ခြင်း တရားတွေ ရှိတဲ့ နေရာလေးတစ်ခု ဆိုရင်လည်း မှားမယ် မထင်...တော်ကီလေးတွေ ထည့်ကြည့်ရသေး
တာ..ဘီအီးအောင်သိုက်တို့လိုများ ပြောတတ်လေမလားလို့ စာရေးပြီး အလွတ်ကျက်ထားမှ ရမှာပါ..။
သူ့တို့နည်းတွေက မလွယ်ဘူးကွယ့် မှတ်ရတာလေ....ဒါပါဘဲ အောင်မြင်ပါစေ......

No comments:

Post a Comment