Pages - Menu

Friday, August 2, 2013

ဘာသာစကား ၂၄ မျိုးမှ မြန်မာသို့ တိုက်ရိုက်ပြန်ဆိုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင်ထား

ဘာသာစကား ၂၄ မျိုးမှ မြန်မာဘာသာသို့ ပြောင်းလဲ ဘာသာပြန်ပေးနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင် ထားပြီးဖြစ်၍ မြန်မာဘာသာ ပြန်ဆိုမည့် သူများအတွက် လွယ်ကူအဆင်ပြေစေကြောင်း သိရသည်။ ယင်းဘာ သာစကား ၂၄ မျိုးမှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား ၊ ဂျပန်၊
တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကားများဖြစ်ပြီး အဆိုပါ ဘာသာစကား၂၄ မျိုးကို မြန်မာဘာသာသို့ ပြန်ဆိုရန်
http://www.myordbok.com/ သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ “ဝင်ပုံက လွယ်ပါတယ်။ ဒီဝက်ဘ် ဆိုက်ထဲကို ဝင်လိုက်ပြီးရင် Search Box ထဲမှာ ဘာသာပြန်ချင်တဲ့ စာပိုဒ်၊ စာကြောင်းကို Copy၊ Pasteလုပ်လိုက် ရုံပဲ။ ပြီးရင် Enter ခေါက်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း လိုသလို ဘာသာပြန်ပေးပါတယ်” ဟု အဆိုပါ ဝက်ဘ် ဆိုက်ကို လတ်တလော သုံးစွဲနေသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ http://www.myordbok.com/ သို့ ဝင်ရောက်လေ့လာကာ ဘာသာပြန်လိုသူများအနေဖြင့် ဘာသာ မပြန်မီ အဆိုပါဆိုက်၏ လုပ်ဆောင်ချက်များကို ကြိုတင်လေ့လာသင့်ကြောင်း သိရပြီး အဆိုပါ ဆိုက်မှာလည်း အင်တာနက် သုံးစွဲသူများအကြား မေလ နောက်ဆုံးပတ်အတွင်းနှင့် ဇွန်လ ပထမပတ်အတွင်းမှာပင်
အသုံးပြုမှု များပြားလာကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်နေ့ထုတ်ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""
စိတ်ကူးပျော်ရာက တွေ့လို့ ကောင်းတဲ့ သတင်းလေးဆိုပြီး မှတ်စုထဲ ထည့်ထားလိုက်တယ်..

No comments:

Post a Comment