Pages - Menu

Tuesday, August 13, 2013

အစိုးရက 1500 နဲ့ရောင်းတဲ့ SIM Card ကို 120000 တစ်သိန်းလေးသောင်းရောင်းသူ ၀ယ်သူတို့ကို မိုးကောင်းကင် ပြောပြီ..

အစိုးရက ဖုန်းတစ်လုံး 1500 ကျပ်နဲ့ ရောင်းတာကို အပြင်မှာ 120000 တစ်သိန်းနှစ်သောင်းတဲ့ကွာ အော်ကြပါ လား လူ့အခွင့်အရေးသမားတွေ..။ အော်ကြပါလား..ကုန်ဈေးနှုန်း ကျဆင်းရေးသမားတွေနိုင်ငံရေးသမားတွေ လုပ်ကြလေ..။ အော်..လူတွေ လူတွေနော်...ငါ သမ္မတ မဟုတ်လို့ပေါ့ကွာ သမ္မတတာဆို ဖုန်းဆိုင်တွေတော့ နာတော့မှာဘဲ...ဒဏ်ပေးသင့်ပါတယ်ကွာ...ဒီလောက် 1500 လေးနဲ့ ရောင်းတာကို တစ်သိန်းနှစ်သောင်း
120000 ကျပ်ဆိုတော့ လွန်လွန်းအားကြီးပါတယ်..တစ်ကယ် မဖြစ်သင့်တဲ့အရာပါ....ချမ်းသာတဲ့ သူတွေက လူလတ်တန်းစား လူဆင်းရဲတွေကို ညှင်းပန်း နှိပ်စက်နေသလိုဘဲနော်...ဒါဖြစ်သင့်ရဲ့လားဗျာ..ဘာလုပ်နေတာလဲ လူရွှင်တော်တွေ ပြက်လုံး မထုတ်ကြတော့ဘူးလား...သတင်းစာ ဆရာတွေ အော်ကြလေ...ဘာလုပ်နေတာလဲ
ခင်းဗျာတို့ ကျုပ်တို့ဘဲ 5000 တန် ရရှိဖို့အရေး ဒို့အရေးနဲ့ အော်ခဲ့ကြတာလေ... ခုတော့ကွာ ဖြစ်ချင်တိုင်း ဖြစ်နေ ကြပြီ....တော်တော် လွန်နေပြီနော်.....အမြတ်ကြီးစားတာက အဆ တစ်ရာလောက်ဖြစ်နေတော့....ဒါလား 

 
တန်းတူညီမျှ စီးပွါးရေး တိုးတက်ဖို့....မေးလိုက်ချင်တယ်.။ တစ်ကယ် မသုံးလိုဘဲနဲ့လည်း ၀ယ်ယူတဲ့သူတွေဟာ
ဘယ်လိုပုဂ္ဂိုလ်တွေလဲ အိမ်ထောင်စုဇယားတွေနဲ့ လုပ်ပါလျှက်နဲ့ ဘာလို့ ဆိုင်တွေကို ရောက်နေတာလဲ..အစိုးရ
က တစ်ကယ် အသုံးလိုသူတွေကို ရောင်းတာ။ တစ်ကယ် အသုံးလိုတဲ့သူတွေက မရဘူးနော်..။ ရပ်ကွက်ထဲမှာ
တစ်ကယ်လိုချင်တဲ့သူတွေ အများကြီးဘဲ ပြန်ရောင်းစားတဲ့သူတွေမှာလည်း..မပြောဘဲနဲ့ သိသင့်တယ်..။ ဘယ်
သူတွေက ဖျက်နေတာလဲ ဒါထိုင်ကြည့်နေရမယ့်ဟာလား..

မပြောရင်မပြီးမို့ ပြောနေရတယ်..။ ခုချိန်ထိ ဖောင်းပြင်မှာ GSM WCDMA CDMA ဘာဖုန်းမှ မရှိဘူး တစ်လုံးမှ
မရောက်သေးဘူး..။ ဒါတွေက ဘာလုပ်လို့လဲ..အဲဒါတွေ မဖြစ်သင့်ဘူးနော်..ဒို့ထက် အထက်ကျတဲ့ ဟုမ္မလင်းတို့
ခန္တီးတို့တောင် ရနေပြီ..ဘာလို့ ဖောင်းပြင်ကို ချန်ထားခဲ့တာလဲ..ဒါတွေက ဘာကြောင့်လဲ စနစ်ကြောင့်လား..လူ
ကြောင့်လား..တန်းတူညီမျှ လုပ်သင့်ပါတယ်..။

ဒါတွေဟာ ခေတ်စနစ်ကို ပြောနေတာဘဲလို့ တစ်နေ့မှာ သိလာကြလိမ့်မယ်..။ ဒီနေ့ 13.8.2013 နေ့မှာတော့ ဒီလို
တွေ တိုင်းပြည်မှာ ဖြစ်နေပါလားဆိုတာ နောင်တစ်ချိန်မှာ သိကြလိမ့်မယ်..။ မီးမောင်းထိုးပြခဲ့တယ်ဆိုတာ သိကြ
လိမ့်မယ်..။ ခေတ်စနစ်ရဲ့ အကောင်းအဆိုးတွေ ဘယ်လိုဖြစ်နေတယ်ဆိုတာ သမိုင်းကို လေ့လာကြတဲ့ လူငယ်
တွေ ဖတ်ကြမှတ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်..။ ကျုပ်အတွက်တော့ ဘ၀မှာ အမှတ်တရတွေပါဘဲ...
ထိတဲ့သူလည်း ထိမှာပေါ့..။ မတတ်နိုင်ဘူး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အနဲစုထက် အများစုကို လူနဲစုချမ်း
သာခြင်းထက် လူအများ စိတ်ချမ်းသာမှု စီးပွါးရေး တိုးတက်မှုကိုဘဲ ကြည့်ရမယ်...ကြည့်တယ်လို့ သဘောထား
ပေါ့...
ကဲ ဒီနေ့တော့ ဒီလောက်ပါဘဲ..လူအများက အစိုးရ မကောင်းကြောင်းဘဲ ရေးသားလိုကြတယ် ဒါကြောင့်လည်း
သတင်းစာဆရာတွေ သတင်းသမားတွေက မရေးကြတာပေါ့..။ ဒါရေးပြ ချပြရမယ့်ဟာတွေဘဲ...ဖုန်းဆိုင်တွေက
လည်း မလုပ်သင့်ပါဘူး..ကိုယ်သုံးဖို့လို့ ၀ယ်ပြီးတော့မှလည်း မရောင်းစားသင့်ဘူး...ဒါစီးပွါးရေးကို ကမှောက်ကမ
ဖြစ်အောင်လုပ်တာဘဲ..။ မလုပ်သင့်တာတွေ မလုပ်ကြပါနဲ့ဗျာ..။

No comments:

Post a Comment