Pages - Menu

Saturday, June 15, 2013

Notepad လို့ခေါ်တဲ့ Text Document မှာ မြန်မာလို အမြဲမြင်နိုင်အောင် ရေးနည်း

ကဲဒီနည်းလေးလည်း လွယ်မရောင်နဲ့ ခက်ပါတယ် သိသူများအတွက်တော့ လွယ်တာပေါ့ဗျာ.။ မသိဘူးဆိုရင်
သူများကို လိုက်မေးရတာ နဲနဲအောက်ကျသလိုဖြစ်တယ်ဗျ။ အဲဒီတော့ ကျုပ်ရေးလို့ သိသွားတယ်ဆိုရင်ဖြင့်
ဘယ်သူပြောလို့ ဆိုတာ မသိတော့ဘူးလေ။ အင်တာနက်မှာ ဖတ်တာဆိုတော့ ဘယ်သိပါ့မလဲနော်.။ စကား
လုံးလေးတွေက ရေးရတာသိပ်အံမကျဘူးဗျာ.။ ကဲဒါတွေထားပါ.။ အဓိကကတော့ သူ့မှာရေးနည်းက အားလုံး
သိတယ်.။ သို့သော် Save တဲ့အခါမှာ နဲနဲလေးပြောင်းပေးရတာလေးပါဘဲ..။ ကဲစမယ်.Desktop>>Right Click
>> New>>Text Document>> နှိပ်ပြီး Notepad တည်ဆောက်မယ်.။ ပြီးရင်ဖွင့်မယ်ဗျာ.ပြီးရင် format>>ထဲက
font မှာ Zawgyi One ရွေးပေးပါ။ နောက်ပြီး Ctrl+Shift နှိပ်ပြီး မြန်မာဘာသာကိုပြောင်းပါ Notepad ထဲမှာ ရေး
ချင်တဲ့စာရေးပါ..။ သို့မဟုတ် အင်တာနက်ပေါ်မှ မိမိကြိုက်နှစ်သက်ရာ ကဗျာများ စာများကူးထည့်ပါ..။ ဒါက
တော့ လူတိုင်းတတ်တယ်.။ သို့သော် ခုနပြောခဲ့သလို Save As..ကိုနှိပ်ပါ  Save as Type နေရာမှာ All file 
ပြောင်းပါ.။ Encoding နောက်မှာ Unicode ဆိုတာလေးပြောင်းပေးပါ..။ အဲဒါဆို မြန်မာစာကို ဘယ်အချိန်ဖွင့်
ဖွင့် အဆင်ပြေပါပြီ.။ Windows အသစ်တင်ပြီးရင်တော့ ခုနပြောခဲ့တဲ့ format>>font>>Zawgyi One ကိုရွေး
ပေးရုံပါဘဲ..။ ဒါလေးတွေက သင်တန်းမှာ မပါဘူးဗျာ.။ ဘာမှတာမဟုတ်တယ်.ကိုယ်တောင် လွန်ခဲ့တဲ့တစ်နှစ်
လောက်မှ သူငယ်ချင်းကပြလို့ သိတာလေးပါ.။ မရှင်းရင် အောက်မှာ ပုံလေးတွေ ထည့်ပေးထားတယ်..။










1 comment:

  1. ကျေးဇူးပြုပြီးတော့ အဲဒီ့app software linkလေးပေးပါအုံးဗျာ

    ReplyDelete