Pages - Menu

Tuesday, June 18, 2013

အင်တာနက် ထုတ်လွှင့်ပေးမည့် Google ၏ မိုးပျံပူဖောင်းကြီးများ

ယနေ့အချိန်မှာ လူသားတွေအတွက် မရှိမဖြစ် အရာတစ်ခုကို ပြပါဆိုရင် အင်တာနက်ကို ပြရပါလိမ့်မယ်။ ရှုပ်ထွေးပွေလီလှတဲ့ ကွန်ယက်တွေနဲ့ အင်တာနက်ကို ချိတ်ဆက်ထားတဲ့ ခေတ်ကြီးမှာ ဈေးနှုန်းချိုသာပြီး မြန် ဆန်သွက်လက်တဲ့ အင်တာနက် ချိတ်ဆက်မှုမျိုး မရရှိနိုင်တဲ့ ဒေသရှိတွေလဲ ရှိနေပါသေးတယ်။ ဝေးလံခေါင် ပါးတဲ့ ဒေသတွေ၊ သစ်တောတွေ၊ တောင်ပေါ်ဒေသတွေမှာ နေထိုင်နေကြတဲ့ လူအများအနေနဲ့ (မြန်မာနိုင်ငံ မှ ပြည်သူအများ အပါအဝင်) ဒီပြဿနာကို ရင်ဆိုင်နေရစဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာကို ဖြေ ရှင်းပေးနိုင်မယ့် နည်းလမ်းကို Google က တီထွင်လိုက်ပြီ ဖြစ်ပါတယ်။ Google ရဲ့ အင်ဂျင်နီယာတွေကို အရူးတွေလို့ ခေါ်ချင်ခေါ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစီအစဉ်က လက်တွေ့မှာ အလုပ်ဖြစ်နိုင်ဖွယ် ရှိနေပါတယ်။ ဒီပရောဂျက်ရဲ့ အမည်ကတော့ Project Loon ဖြစ်ပါတယ်။ ပြုလုပ်မယ့် အစီအစဉ်ကတော့ ကမ္ဘာ့လေထုထဲမှာ ဝဲပျံသွားလာနေတဲ့ မိုးပျံပူဖောင်းကြီးများကနေ အင်တာနက် ထုတ်လွှင့်ပေးမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

Google ရဲ့ အဆိုအရတော့ ဒီအစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ မခက်ခဲကြောင်း၊ ဤမိုးပျံ ပူဖောင်းကြီးများသည် ကမ္ဘာ့လေထုတွင်း လွတ်လပ်စွာ ပျံသန်းနေမှာဖြစ်ကြောင်း၊ လေတိုက်နှုန်း၊ လေတိုက် ရာအရပ်နှင့် နေရောင်ခြည် စွမ်းအင်တို့အား အသုံးပြုပြီး လမ်းကြောင်းကို ထိန်းချုပ်ပေး နိုင်မှာဖြစ်ကြောင်း သိရှိရသည်။

ပူဖောင်းများကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိုးပျံပူဖောင်းများသည် လေယာဉ်များထက် အမြင့် ၂ ဆခန့်ကို လွယ်ကူစွာ ရောက်ရှိနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ပိုမိုကြီးများကျယ်ပြန့်သည့် ဧရိယာပမာ ဏကို လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း၊ ထိုနည်းတူ မြေပြင်ပေါ်၌ ကွန်ယက်ချိတ်ဆက်မှုအတွက် လိုအပ်သည့် အဆောက်အဦများ တည်ဆောက်ခြင်းထက် ကုန်ကျစရိတ် များစွာသက်သာကြောင်း သိရှိရသည်။

ဤပူဖောင်းများမှ ထုတ်လွှင့်ပေးသည့် အင်တာနက်ကွန်ယက်နှင့် ချိတ်ဆက်ရန် အထူးပြုလုပ်ထားသည့် အင်တာနာတိုင်များကို အသုံးပြုရမည်ဖြစ်ပြီး ယင်းမှတဆင့် အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ က ပြည်သူများထံ ထပ်ဆင့်ထုတ်လွှင့်ပေးမည်ဟု သိရှိရသည်။

Google အနေဖြင့် ပြီးခဲ့သည့် သတင်းပတ်အတွင်းက ဤပရော်ဂျက်၏ ပထမဆုံး စမ်းသပ်မှုအစီအစဉ် အဖြစ် နူးဇီလန်နိုင်ငံတွင် မိုးပျံပူဖောင်ကြီးပေါင်း ၃၀ အား လွှင့်တင်ခဲ့ပြီး စမ်းသပ်သူပေါင်း ၅၀ ခန့်က အင်တာနက်နှင့် ချိတ်ဆက်မှုအား စမ်းသပ်ခဲ့ကြသည်။ ယင်းစမ်းသပ်မှုများမှ ရရှိလာသည့် အချက်အလက် များအပေါ် မူတည်ပြီး နည်းပညာမြှင့်တင်မှုများနှင့် မိုးပျံပူဖောင်း၏ ပုံစံဒီဇိုင်းအား ပြုပြင်ပြောင်းလဲမှုများ ပြု လုပ်ပေးမည်ဟု သိရှိရသည်။  ထို့အပြင် Google အနေဖြင့် Project Loom အား အခြားနိုင်ငံများတွင် စမ်းသပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
Myanmar Consumer Guide မှ
 

No comments:

Post a Comment