Pages - Menu

Wednesday, June 5, 2013

ငရဲအကြောင်း ဗွီဒီယိုလေးပေါ့ဗျာ..ငရဲနဲ့ခြောက်တာမဟုတ်ဘူး တစ်ကယ်လို့ခံရရင် ဘယ်သူခံရမလဲ ကိုယ်ကိုတိုင်ဘဲခံရပါလိမ့်မယ်

သိဉ္ဖိုး ကာလ သင်္ဃာဋနှင့် ရောရုဝနှစ် တာပန်နှစ် တွက်ဆစ်အ၀ိစိ။ ဆိုပြီး ဆောင်ပုဒ်လေးရရင် ငရဲကြီးရှစ်
ထပ်ကို သိပြီ။ မရှင်းမှာကြောင့် ရောရုဝနှစ်ဆိုတာ ရောရုဝနှင့် မဟာရောရုဝဆိုပြီးနှစ်မျိုး တာပန်နှစ်ဆိုတာ
လည်း ထိုနည်းတူစွာဘဲဗျာ..တာပန္နငရဲ နှင့် မဟာတာပန္နငရဲဆိုပြီး နှစ်မျိုးပေါ့..။ နောက်တစ်ခုကတော့..

အထပ်တိုင်းမှာ ဘင်,ပြာ,လက်.သန်,ကြိမ်ပိုက်ရန် ငါးတန် ဥဿဒရှိတဲ့ဗျာ..။ ဘင်ဆိုတာက (၁) ဘင်ပုတ်ငရဲ
(၂) ပြာပူငရဲ (၃) လက်ပန်တောငရဲ (၄) သန်လျှက်တောငရဲ (၅) ကြိမ်ပိုက်တောငရဲ ဆိုပြီး ငရဲကြီးရှစ်ထပ်ရဲ့
အထပ်တိုင်းမှာ ငါးထပ်စီရှိတယ်လို့ ပြောတာပါ..။ အဲဒီထဲကမှ ခုဗွီဒီယိုလေးကတော့ ဘာငရဲမှန်းတော့ အတိ
အကျမပြောတတ်ဘူး ပန်းချီတွေမှာ မြင်ဖူးသလိုဘဲ အရက်သောက်တဲ့သူ သံရေပူအလောင်းခံရသလိုဘဲ.
အဒါလေးတွေရော လက်ပန်တောငရဲနဲ့တူတယ်ဗျာ လက်ပန်ပင်ကြီးပေါ်ပြေးတက်ကြတော့ ဆူးတွေစူးပြီး.
သေကြရတာ..အကုသိုလ်မကုန်သမျှ ရှင်လိုက်သေလိုက်နဲ့ ငရဲမှာ နှစ်ပေါင်းများစွာခံကြရတာ ငရဲသက်ဟာ
အတော်ကြပါတယ်..ပြောရင်ရှည်တော့မယ် ဒါကြောင့် ငရဲရက် တစ်ရက်ဟာ လူ့အသက်နဲ့ဆိုရင် နှစ်ပေါင်း
တစ်သိန်းကြော်ရှိတယ်ဗျာ...အဲဒါလေးဘဲမှတ်လိုက်တော့ အရှည်ကိုသိချင်ရင် လယ်တီပဏ္ဍိတ ဦးမောင်ကြီး
ရဲ့ ပရမတ္ထသံခိပ်ကို ၀ယ်ယူဖတ်ကြပါလေ.... 5.6.2013 အမှတ်တရ

No comments:

Post a Comment