Pages - Menu

Friday, May 17, 2013

ကျုပ် Google Drive တွင် တင်ထားသမျှ စာအုပ်များ ဒေါင်းရန်..

ကဲဗျာ ကျုပ်အနေနဲ့ စုဆောင်းလာသမျှ စာအုပ်လေးတွေကို Googel Drive မှာတင်ထားပါတယ် အောက်က ပို့စ်မှာလည်း လင့်လေးတွေ ထည့်သွင်းပေးထားပါတယ် ခုပို့စ်ကတော့ အဲဒီမှာ ဘာတွေတင်ထားတယ်ဆိုတာကို မသိမှာစိုးလို့ပေါ့ဗျာ. ကိုယ်တင်ထားတာလေးတွေကို ရစေချင်လို့ပေါ့.။ မည်သူမဆိုပေါ့ဗျာ. ရချင်တဲ့သူအားလုံး အရယူနိုင်ဖို့ ဖတ်ရှုဖို့အတွက် တင်ပေးတာပါ နာမည်ရချင်လို့ မဟုတ်ပါဘူး.။ ကျုပ်တင်ထားတဲ့ စာအုပ်တွေကို ဘယ်သူဘဲဖြစ်ဖြစ် ရှယ်ချင်လည်း ရှယ်နိုင်ပါတယ် ယူငင်သုံးချင်တယ်ဆိုလည်း သုံးနိုင်ပါတယ်.။ ရှင်းရှင်းပြောရ ရင် ဒီတင်ထားတာတွေ အားလုံးက ရစေချင်လို့ တင်တာပါ..။ ကဲဗျာ လိုရင်းမရောက်သေးဘူး ကျုပ်တင်ထား တာလေးတွေကို floder နှစ်ခုခွဲခြားပြီးတော့ ထားထားပါတယ် ။ ပထမ တစ်ခုကတော့ ကွန်ပျူတာနှင့်ဆိုင်ရာ စာအုပ်များပေါ့.။ ကွန်ပျူတာ Hard Ware နှင့် ဆိုင်တဲ့ စာအုပ်တွေ.။ Net Work နှင့် ဆိုင်တဲ့ စာအုပ်တွေ.။


  နောက်ပြီး အင်တာနက် အသုံးပြုနည်း. စာအုပ်တွေ facebook အသုံးပြုနည်း ပရိုဂရမ်တွေ ရေးသားနိုင်ဖို့ အတွက်  ရေးသားထားတဲ့ C++ ဆိုတဲ့ စာအုပ်တွေ စသဖြင့် စသဖြင့် ကွန်ပျူတာနှင့် ပါတ်သက်သမျှ Windows တင်နည်းက အစ အင်တာနက် အသုံးပြုနည်းအဆုံး ဘလော့တည်ဆောက်နည်း မိုဘိုင်းဖုန်းဆော့ဝဲရေးသား နည်း Root ဖောက်နည်း မိုဘိုင်းဖုန်းနှင့် ပါတ်သက်သမျှတွေပါ မကျန်ရလေအောင် အနှစ်နှစ် အလလ စုဆောင်း လာခဲ့သမျှကို ဒီနေရာမှာ တင်ပေးထားပါပြီ. ကျန်ရှိနေသေးတဲ့ နည်းပညာ စာအုပ်များကိုလည်း အဲဒီနေရာလေး မှာဘဲ ထပ်ဖြည့်ပြီးတော့ တင်ပေးသွားမှာပါ..ကဲ ဒါက ပထမ floder အတွင်းမှာ ထည့်သွင်းထားတဲ့ စာအုပ်တွေ အကြောင်းပေါ့...

ကဲ ဒုတိယ floder ထဲမှာကတော့ ဘာတွေထည့်သွင်းထားသလဲဆိုရင်တော့ ဘာသာရေး စာအုပ်များရယ် ဟာသစာအုပ်များ ကဗျာစာအုပ်များ ၀တ္ထုစာအုပ်များကို ထည့်သွင်းပြီးတော့ ပြုလုပ်ထားပါတယ်..။ အခုလောလောဆယ်မှာတော့ အဲဒီမှာ စာအုပ်ပေါင်း 80 လောက်တော့ ရှိမယ် ထင်ပါတယ်.။ ကျန်နေသေးတဲ့ ဗဟုသုတစာအုပ်တွေကို အဒီမှာဘဲ တင်ပေးမှာပါ.။ မိမိတို့အနေနဲ့ စာအုပ်များလိုချင်တဲ့အခါ ယူနိုင်အောင်
လင့်လေး ကူးသွားမယ်ဆိုလည်း ကူးသွားနိုင်တယ် ကူးထားနိုင်တယ်ပေါ့ဗျာ..။ ကျုပ်စုဆောင်းထားတဲ့ စာအုပ်တွေ အတော်များများရှိပါသေးတယ်.. ခုလောလောဆယ်မှာတော့ UPS က ဒုက္ခပေးနေလို့ များများ မတင်နိုင်သေးတာပါ..။ နောက်ပိုင်းမှာ အားရင် အားသလို ထပ်ဖြည့်ပြီးတော့ တင်ပေးသွားမယ်ဆိုတဲ့အကြောင်း ဒီဆိုက်လေးသို့ ရောက်ရှိလာကြတဲ့ မိတ်ဆွေအပေါင်း သိဖို့အတွက် အသိပေးစာလေး ရေးသားလိုက်ရပါကြောင်း
သတင်းကောင်းပါလိုက်ပါတယ်..။ မိမိတို့ရဲ့ မိတ်ဆွေများကိုလည်း ဒီနေရာလေးမှာ ရှာကြည့်ကြဖို့ အသိပေးလိုက အသိပေးနိုင်ကြောင်း ရစေချင်လို့ တင်ထားတာတွေ ဖြစ်တဲ့အတွက် မည်သူမဆို အချိန်အခါမရွေး ဒေါင်းလို က ဒေါင်း ယူလိုက ယူနိုင်ကြောင်း ။ ဘလော့ကာ ဆရာသမားများလည်း မိမိတို့ရဲ့ ဘလော့မှာ အသိပေးစရာ မလိုဘဲ ယူလိုကယူနိုင်ကြောင်း ဒေါင်းရတာလည်း အဆင်ပြေကြောင်း မိမိဒေါင်းလိုတဲ့ စာအုပ်ကိုတစ်ချက်ကလစ်
လိုက်ရင် အောက်မှာ Download ဆိုပြီး ပေါ်လာမယ် အဲဒါလေးကို ကလစ်ပေးလိုက်ရင် ဒေါင်းပြီ.။

အဲဒီမှာတင်ထားတဲ့ စာအုပ်တွေကိုတော့ firefox သုံးသူများက မူရင်းပါတဲ့ firefox Download နဲ့သာ   ဒေါင်းကြောင်းစာအုပ်ကြီးတာတွေကို Internet Download Manager နှင့် လင့်ကူးပြီး ဒေါင်းလိုက
ဒေါင်းနိုင်ကြောင်း..။ သို့မဟုတ် Orbit Downloader နှင့် ပြောင်းလို့ ဒေါင်းမယ်ဆိုလဲ ရကြောင်း အသိပေးလိုက်ပါတယ်..။ အားလုံးစမ်းသပ် ဒေါင်းလော့ ချနိုင်ကြပါစေ...နည်းပညာခေတ်မှာ နည်းပညာတွေနဲ့ ယဉ်ပါးနေကြပြီထင်လို့ အကျယ်မရေးတော့ပြီ..။ ဟုတ်တယ်နော် ကျုပ်သိသမျှတော့ ရေးတာဘဲဗျာ လိုအပ်တာ ရှိရင် အကြံပေးပါ..။ လိုအပ်နေတာတွေကို ပြောပြပေးပါ မိမိတို့မှာ လိုအပ်နေတာလေးတွေကိုလည်း ပြောကြပါ ကိုယ်မတတ်ရင်တောင် အင်တာနက်မှာ ရှာလို့ ရနိုင်တာတွေကို ရှာပေးပါ့မယ် အားရင်ပေါ့ ။ မအားရင်တော့ မတတ်နိုင်ဘူးဗျ. မိမိတို့ ကိုယ်တိုင်လည်း ရှာတတ်အောင် လေ့ကျင့်ကြစေလိုပါတယ်. သူများအားကိုး ကိုယ့်အားညိုး မဖြစ်အောင်ပေါ့ဗျာ..။

ကဲ အားလုံးဘဲ ရေးလိုက်ရင်တော့ အရှည်ကြီးဘဲဗျာ..။ ဒါတွေဟာ အမှတ်တရ ရေးသားထားတဲ့ စာတွေပါ..။ ကိုယ်ဘယ်နေ့က ဘာတွေရေးတယ်ဆိုတာ ဒီ ဘလော့လေး မပျက်စီးသမျှတော့ မြင်ရအောင် နောက်ပြီး အမှတ်တရလေးဖြစ်အောင်လို့ပါ..။ လူ့လောကကြီးက ဆိုင်းမဆင့် ဗုံမဆင့် ထွက်ခွါသွားရမယ်ဆိုလည်း မိုးကောင်းကင် ဖောင်းပြင်သား ဆိုတာလေး နာမည်လေးတော့ ကျန်ရစ်နေအောင် စသဖြင့်ပေါ့ဗျာ.. အဲဒီအတွက်လေး လုပ်တာပါ..။ ကိုယ်ဟာ လောကကြီးမှာ နေစဉ်ခဏ လူတွေအကျိုးရှိမယ် ထင်တာလေးတွေ ကို တတ်စွမ်းသမျှ တစ်ဖက်တစ်လမ်းက လုပ်နေတယ်လို့တော့ ခံယူထားပါတယ်..။ ကဲ အားလုံးဘဲ စာဖတ်ရတာ ပျင်းရောပေါ့ဗျာ..။ ဒါကြောင့် စာရှည်သွားတာကို သီးခံပေးကြပါ..နော်...
18.5.2013 အမှတ်တရ ည 12 ကျော်မှာ စာရေးသားမှု ပြီးတယ်...
ဒေါင်းရန် လင့်များကတော့ အောက်မှာပါဗျာ

နည်းပညာနှင့် ပါတ်သက်သမျှ စာအုပ်များ ဒေါင်းရန်

ဗဟုသုတ စာအုပ်များ ဒေါင်းရန်
DOWNLOAD ALL CONVERSANT EBOOK                                                                                                         

1 comment:

  1. ကျုပ် Google Drive တွင် တင်ထားသမျှ စာအုပ်များ ဒေါင်းရန်.. ~ Myanmar >>>>> Download Now

    >>>>> Download Full

    ကျုပ် Google Drive တွင် တင်ထားသမျှ စာအုပ်များ ဒေါင်းရန်.. ~ Myanmar >>>>> Download LINK

    >>>>> Download Now

    ကျုပ် Google Drive တွင် တင်ထားသမျှ စာအုပ်များ ဒေါင်းရန်.. ~ Myanmar >>>>> Download Full

    >>>>> Download LINK

    ReplyDelete