Pages - Menu

Monday, May 13, 2013

ကောင်းမယ်ထင်တာလေး ကောက်သင်းကောက် စုထားပြန်တဲ့ မိုဘိုင်းဆော့ဝဲလေးများ

ကောင်းမယ်ထင်တာလေးပေါ့ဗျာ ကျုပ်လည်း မနေ့က SystemApp Remover ဆိုတဲ့ဆော့ဝဲလေးနဲ့ ဖုန်းကို
ကလိလိုက်တာ မထင်မရှားဖြစ်နေတဲ့ ဆော့ဝဲလေး ဘာဖြစ်မလဲဆိုပြီး ကောက်ဖျက်လိုက်တာ အတော်လေး
ဟန်ကျသွားတယ်.။ အင်တာနက်တို့ ဖုန်းဘက်ထရီ အားပြည့်မပြည့်ကြည့်တဲ့ကောင်လေးတွေရော ဖုန်းလိုင်း
မိမမိ မြင်ရတဲ့ကောင်လေးတွေရော စသဖြင့် အပေါ်ဘားတန်းကကောင်လေး ပျက်သွားလို့လေ ။ အဲဒါ ကျုပ်
ကလည်း ကိုယ့်ဖုန်းကိုယ်တောင် မလေ့လာထားမိဘူး ကိုယ့်ဘော်ဒါကြီးကိုဘဲ အားကိုးလိုက်ရတယ် သူဆွဲထား
တဲ့ ဖန်းဝဲဆိုလားဘဲကွာ အဲ့ဒီကောင်လေးတောင်းရသေးတာ.။ ဖန်းဝဲဆိုတာက ကျုပ်တို့ကွန်ပျူတာ ၀င်းဒိုးတင်
သလိုပါဘဲ.။ စက်လည်ပတ်မှု စနစ်ပေါ့ အဲဒါလေး ပြန်ထည့်ရတယ်.။ ခုလောလောဆယ်တော့ ရုရုလို့ပြောနေ
(Root) လို့ပြောနေကြတဲ့ကောင် မလုပ်ရသေးတော့ ဇော်ဂျီကလည်း အလုပ်မလုပ်သေးဘူးဗျာ။ မနက်ဖြန်မှ


ဆက်ကလိရဦးမှာပါ..။ ဒီလိုပါဘဲဗျာ ဘ၀ဆိုတာ ကြွေတစ်လှည့် ကြက်တစ်ခုံပေါ့ ကောင်းတဲ့အခါကောင်း မကောင်းတဲ့အခါ မကောင်းနဲ့ နေကြရတာဘဲမဟုတ်လား..။ ကဲဗျာ ခုလည်း ကြိုက်ရင်ကောင်း မကြိုက်ရင် မကောင်းတဲ့ဆော့ဝဲလေးတွေ တင်လိုက်တယ်..။ ကျုပ်လာလည်တဲ့သူတွေကို အတော်လေး အားနာတယ်ဗျာ
ကိုယ်က ဘာမတတ်ညာမတတ်နဲ့ အပျင်းပြေ မတောက်တစ်ခေါက်လုပ်နေတာကို Like တွေလုပ်ကြပြုကြဆို
တော့ ကိုယ့်ဟာနဲ့ကို အားငယ်လာတယ် ကိုယ့်ဘက်က များများဖြည့်ဆည်းမှု မပေးနိုင်ဘူးလေ.။ ဘ၀သမား
ဆိုတော့လည်း ဒီလိုပါဘဲဗျာ..။ တစ်ရက်တစ်ပို့စ်တောင် အနိုင်နိုင်ဘ၀ရယ်ပါဗျာ..။ မကောင်းမကန်းဆိုက်လေး
သို့ လာရောက် အားပေးကြတဲ့ မိတ်ဆွေအပေါင်း ကျန်းမာချမ်းသာစေကြောင်း ဆုတောင်းရင်းဖြင့်..

အပေါ်မှာ ပြထားတဲ့ ဆော့ဝဲထဲမှ facebook ဆော့ဝဲက 17 MB တောင်ရှိတဲ့အတွက် အဲဒီကောင်းလေးတော့
ဖြုတ်ထားလိုက်တယ်ဗျာ...။ ဒီဖေ့ဘုတ်ဆော့ဝဲကတော့ ပေါ်ပါတယ်နော်..
မိုးကောင်းကင် ဖောင်းပြင်.. 14.5.2013 အမှတ်တရပေါ့ဗျာ..

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

۩۩۩۩   DOWNLOAD SOLIDFILE.COM  ۩۩۩۩

No comments:

Post a Comment