Pages - Menu

Thursday, April 11, 2013

Wallpaper အလန်းစားများ စုစည်းမှုပေါ့ဗျာ..

ကဲဘော်ဒါတို့ရေ Wallpaper အလန်းစားလေးတွေ မနေ့တစ်နေ့က တစ်ခုချင်းလိုက်ဒေါင်းထားတာလေးကို
စုစည်းပြီးတော့ တင်ပေးလိုက်ပါတယ်ဗျာ..။ လိုအပ်ချက်တွေကတော့ အများကြီးပေါ့ကွယ်..။ ခေတ်ပေါ်နည်း
ပညာလေးတွေကို ခေတ်မမှီတောင် ခေတ်ရေစီးကြောင်းအရပေါ့..သူများသုံးရင် ကိုယ်လည်း စမ်းသုံးကြည့်
ချင်တာကတော့ လူ့သဘာဝဘဲမဟုတ်လား..။ မိုဘိုင်းဖုန်းလေး သူများကြည့်တာနဲ့ မမြင်ဖူးရင် မူးကိုမြစ်ထင်
သွားအောင်ပေါ့ကွာ..။ ဟာ မင်းဟန်းဆက်က အတော်မိုက်ပါလားဆိုတဲ့ စကားသံလေးလည်း ကြားချင်ကြ
တယ်မဟုတ်လား..။ ကဲ အဲဒီတော့ ဒီမှာ ကျုပ်တစ်နေ့က လိုက်စုပြီးဒေါင်းလိုက်တာ 3:00 AM လောက်ကြာ
သွားတယ်..။ ကိုယ်စုထားတာလေးကို လိုင်းပေါ်ရောက်အောင် တင်ပေးလိုက်နိုင်တာကိုဘဲ ကိုယ့်ဟာနဲ့ကို
ဝမ်းသာနေသူပါကွယ်..။ ဘာလို့လဲဆိုတော့ ဖိုင်ဆိုက်ကတော့ 33 MB ဆိုတော့ မကြီးဘူးလားမကြီးဘူး ကြီး
သလားဆိုတော့လဲ ကြီးတယ်ပေါ့..တင်ရတာကမလွယ်ဘူးလေ. ဆွဲရတာကလွယ်တယ်..ဆွဲလက်စ လိုင်းမ
ကောင်းလို့ ပစ်ချထားရင် နောက်ထပ်ရောက်တဲ့နေရာကနေ ပြန်ဆွဲလို့ရတယ် လိုင်းပေါ်တင်တာက အဲလို
မဟုတ်ဘူး ဒါကြောင့် နည်းနည်း ဘုရားတရတာပေါ့ဗျာ..။ ကဲကဲ လေမရှည်တော့ဘူး လိုအပ်ရင် ဒေါင်းသွား
တော့ဗျာ အကောင်းလေးတွေဘဲ...
۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

۩۩۩۩  DOWNLOAD MDF   ۩۩۩۩

No comments:

Post a Comment