Pages - Menu

Wednesday, April 3, 2013

သင်္ကြန်အကြို ဇော်ဝမ်းရဲ့ အပျိုပန်းနဲ့ ကြီးတော်ပန်း သီချင်းလေးနဲ့ ဖွင့်လိုက်ပါရစေ အိုမိတ်ဆွေ..

 အို..ရပ်ဝေးရပ်နှီးမှ မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းတို့ရေ နှစ်ဟောင်းက အညစ်အကြေးတွေကိုသာ
ဆေးကြောလို့တာရမယ် အကုသိုလ်လို့ခေါ်တဲ့ အညစ်အကြေးကိုတော့ ရေနဲ့ဆေးကြောလို့ မရဘူးဆိုတာ
လူတိုင်းအသိပါဘဲ။ နှစ်ဟောင်းက ဖြစ်ပျက်ခဲ့တဲ့ ရခိုင်အရေးအခင်း လက်ပန်းတောင်းတောင် အရေးအခင်း
ကချင်စစ်ဘေး မိတ္ထီလာမြို့တွင်ဖြစ်ပွါးခဲ့တဲ့အရာတွေဟာလည်း ရေနဲ့ဆေးလို့ မပြောက်နိုင်ဘူး သို့သော် 
ရှေ့လာမယ့်နှစ်မှာ ဒီလိုအဖြစ်ဆိုးတွေနဲ့ မကြုံရပါစေနဲ့လို့ဘဲ ဆုတောင်းထားရတော့မှာပေါ့ဗျာ။ တင်တာက
သင်္ကြန်သီချင်း ရေးလိုက်တာက စတ်စလန်နန်ပေါင်း တစ်နည်းအားဖြင့် စုပေါင်းစပ်ပေါင်းပေါ့နော်။ ဒါက နှစ်
သစ်ကို ကူးတော့မှာဆိုတော့ ဂျာနယ်တွေ သတင်းစာတွေကလည်း ရေးကြတော့မယ်လေ နှစ်ဟောင်းမှာ ဘာတွေဖြစ်ခဲ့တယ် ဘာညာ စသဖြင့်ပေါ့ သူတို့မရေးခင် ကိုယ်ကလက်ဦးအောင် ရေးထားလိုက်ရတာပေါ့။
 နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နာမည်ကြီးအရေးအခင်း လေးခုဟာ နိုင်ငံရေးလှည့်ကွက်တွေလား ဘာလား
ဆိုတာ မသိပေမယ့် ဒါဟာ ကောင်းတဲ့အရာတော့မဟုတ်ဘူး ဒါမျိုးတွေ နောက်နောင်မဖြစ်ပါစေနဲ့ ဖြစ်ပေါ်
လာအောင်လည်း မဖန်တီးကြပါနဲ့လို့ တိုက်တွန်းရင်းဖြင့် နှစ်သစ်ကို ကြိုဆိုလိုက်ရအောင်လား ရောင်းရင်း
တို့ရေ...။



သီချင်းကတော့ အပျိုပန်းနဲ့ ကြီးတော် ဘွားတော်ပန်းပေါ့။ အပျိုပေးတဲ့ ပန်းကိုယူမယ် ကြီးတော်ပေးတဲ့ ပန်းကို ပယ်မယ်ဆိုတဲ့ အဆိုတော် ဇော်ဝမ်းရဲ့သီချင်းလေးကို ခံစားရင်း ပျော်ရွှင်နိုင်ပါစေဗျာ....။ ကျုပ်တော့
အတော်လေး သဘောကျလို့ နှစ်ကူးခါနီးရင် ဒါလေးတွေနဲ့ အပျင်းဖြေရတာပေါ့ဗျာ...။ ဒို့လိုဘဲ အပျင်းပြေ
နားသောတဆင်မြန်းလိုရင်တော့ ဒေါင်းလော့ချပြီး နားဆင်လိုက်ပါ။ မရှိသေးဘူးဆိုရင်ပေါ့ဗျာ...။ ဒါက နည်းပညာတော့ မဟုတ်ပါဘူး အခါအားလျော်စွာ သူ့အချိန်နှင့် သူ့အခါဆိုသလိုပေါ့ဗျာ..ဒါလေးတွေလည်း
သင်္ကြန်အမှတ်တရ သဘောပါဘဲ။ ကိုယ်က ရွာပြန်နေတာဆိုတော့ နည်းပညာပိုင်းကို ပြန်မလေ့လာရသေး
ဘူးဗျာ..။ ဒါကြောင့် ဆော့ဝဲအသစ်အဆန်းလေးတွေတော့ မတင်ပေးနိုင်သေးတာ ခွင့်လွတ်ပါဦးနော်..။
အားလုံးကို ကျေးဇူး အထူးတင်လျက် မိုးကောင်းကင် အညာသား....

No comments:

Post a Comment